Breaking News

နွေဦးမြား - အနာတရလမ်း

Art - Aung Htet
အနာတရလမ်း
နွေဦးမြား 
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၅

ဒီလမ်းက
ဒီအတိုင်းလှမ်းကြည့်ရင်
ဘာဒဏ်ရာမှခင်းမထားဘူး။

လမ်းတိုင်းဟာ
နှင်းဆီပန်းရနံ့တွေနဲ့။

လမ်းတိုင်းဟာ
အလွမ်းနုနုတွေနဲ့။

လမ်းတိုင်းကို
အနမ်းနဲ့ခင်းထားတယ်။

တကယ်တော့
တချိန်ကစိုင်းတောင်ကြားလိုပဲ
ရင်ထဲမှာပြိုနေတာ
အိပ်မက်တွေချည်းပါပဲ။

ဒီလမ်းကို
တစ်ခါမျှ
စိတ်လိုလက်ရလေးစာနာကြည့်ပေးပါ။

တိတ်ဆိတ်သွားခဲ့ရတာတွေ
အကုန်လုံးဟာ
ရင်ခုန်သံတွေပါဆို
မင်း ဘယ်လိုချိုမြိန်နေနိုင်ဦးမှာလဲ။

၂၉.၉.၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar