အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၈ )

(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၅
6/10/25 Monday
Diary in the darkness
မနက် ၇ နာရီကျော်မှ အိပ်ယာထတယ်။ ရာသီဥတုက သာယာတယ်။ အိမ်ရှေ့လမ်းနဲ့သစ်ပင်တွေမှာ မိုးရေတွေစိုရွှဲနေတယ်။
ညကမိုးတော်တော်ရွာထားပုံရတယ်။ ညကကျန်တဲ့ ကြက်ဥမွှေကျော်ကို ထမင်းပူပူနဲ့ နယ်စားတယ်။ ပဲပြုတ်သည်ကိုမစောင့်တော့ဘူး။ သူငယ်ချင်း အင်္ဂလိပ်စာကျူရှင်ဆရာဆီ ဖုန်းဆက်တယ်။ လက်ရည်ဆိုင်ထိုင်ဖို့ပါ။ ဆရာက သူတပည့်တွေ လာကန်တော့မယ်ဆိုလို့ စောင့်နေရတယ်တဲ့။ သီတင်းကျွတ်လပြည့်နေမို့ လူကြီးသူမတွေ၊ ဆရာမိဘတွေကို အစဉ်အလာမပျက်ကန်တော့ နေကြတာ ကြားရမြင်တော့ ဝမ်းသာမိတယ်။ အခုလို အစ စ အရာရာ ရှားပါးခက်ခဲနေချိန်မှာ အစဉ်အလာယဉ်ကျေးမှုကိုထိမ်းထားရတာ မလွယ်ပါဘူး။
သမိုင်းဆရာဟောင်း တစ်ယောက်ဆီ ဖုန်းဆက်တယ်။ လမ်းလျှောက်၊ လက်ဖက်ရည်သောက်၊ အာလာပသလ္လာပ ပြောကြမယ်ပေါ့။ သူက မငြင်းဘူး။ နာရီဝက် ခရီးလောက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်တယ်။ လက်ဖက်ရည်နှစ်ခွက်၊ ပဲပလာတာတစ်ချပ်ကို ခြောက်ထောင်ငါးရာကျပ် ကျတယ်။ လက်ဖက်ရည်တစ်ခွက် နှစ်ထောင်ကျပ်ပါ။
ဆရာနဲ့ အာလာပသလ္လာပ ပြောရင်း နောက်ဆုံးတော့ နိုင်ငံရေးဖက်ရောက်သွားပါတယ်။ အေအေဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဧရာဝတီသတင်းဌာန အင်တာဗျူးကို သူတော်တော် အားရကျေနပ်ကြောင်းပြောပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မော်၊ ကရင်ဗိုလ်မှူး မာဝီ တို့ကို တပြည်လုံးမှာရှိတဲ့ တော်လှန်ရေးထောက်ခံသူ လူကြီးလူငယ်အားလုံးက လေးစားအားကျနေကြတာ တွေ့ရတယ်။
ကျောက်မဲကို အစိုးရတပ်တွေက ပြန်ရသွားတဲ့အကြောင်းလဲ ပြောဖြစ်ကြသေးတယ်။ နောက်ပြီးထရမ်နဲ့ ပူတင်တို့ အကြောင်းနဲ့ အမျိုးသားရေးဝါဒ ပြန်လည် ခေါင်းထောင် လာတဲ့အကြောင်း ပြောဖြစ်ကြတယ်။ အသက် ခွန်နှစ်ဆယ် ရှစ်ဆယ်အရွယ်တွေ ဆိုတော့ ပြောရုံသာပြောနိုင်ကြပါတော့တယ်။ ဘဝတလျှောက်လုံး အမှောင်ထဲမှာ နေ နေရပေမယ့် သေးငယ်တဲ့ အလင်းရောင်ကလေးကို ကို ကြည့်ရင်း အသက်ရှင်သန်နေရသူတွေပါ။
အန်ကယ်တူမီး
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar

(တက်ပလက် ပျက်သွားလို့ ဆိုင်ပို့ထားရတာကြောင့် ဒိုင်ယာရီ မရေးနိုင်တာ နှစ်လလောက်ရှိပြီ ထင်တယ်။ ရေးချင်တာတွေ ရင်နဲ့မဆန့်။ ခုအချိန်မှာ အီလက်ထရွန်နစ်ပစ္စည်းပျက်ရင် ပြင်တာမလွယ်။ အပိုစ္စည်းတွေ အလွန်ရှားကုန်ပြီ။)