ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကြင်စိုးရဲ့ မြောက်ကွီးယားအိပ်မက်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကြင်စိုးရဲ့ မြောက်ကွီးယားအိပ်မက်
မိုးမခ ၊ အောက်တိုဘာ ၂၁ ၊ ၂၀၂၅
ကြင်စိုးက အခွီကောင်။ သူက အခွီတော့ အခွီ၊ အင်တာနရှင်နယ် အခွီ။ ဟစ်တလာဇယားနဲ့အခွီ။ မြောက်ကွီးယား ဝက်ပုတ်ဒီဇိုင်းနဲ့ အခွီ။ မြောက်ကိုရီးယားက သူ့အကြိုက်ဆုံး စတိုင်။ သူ့အန္တိမရည်မှန်းချက်။
ခုကြည့် ကိုယ့်ဘာသာ ထင်ရာလုပ်တဲ့သေးပေါက်ပွဲမှာ ကော်မရှင်ကို အချော်ကင်လောက်သဘောထားတာ။ မဲစာရင်းကို သူကြိုက်သလိုသွင်းခိုင်းတဲ့အပြင် ခု အမတ်လောင်းစာရင်းပါ သူက ဝင်စိစစ်တော့ ကော်အုပ်က ကလော်တုတ်နေသတဲ့။ အသံတော့မထွက်ရဲဘူးပေါ့။ သူ့သိက္ခာကလဲ ငါးပြားစေ့ဆယ့်နှစ်တွန့် တတွန့်မှမကျန်တော့ဘူးလေ။ အာ့ကြောင့် ကြင်စိုးကို အသံလုံခန်းထဲဝင်ဝင်ဆဲနေသတဲ့။
ဟော ခု ရွက်ဆစ်ကလဲ ငါကိုင်တုတ်ပြီ။
အကြမ်းဖက်စစ်တပ်က တိုင်းပြည်အာဏာငတ်ကြီးကျလို့ သူတို့အဆဲခံလုပ်ထားရတဲ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပျက်သွားရတယ်ပေါ့။ ခုစိတ်ဆိုးပြီးရွက်ဆစ်က ပွဲမလာတော့ဘူး။ ခွန်ပြိတ္တာတို့လို ကျောရိုးမဲ့တွေနဲ့ ဘောမတွေလောက်လာတော့တာ။ သူပြောတာကတော့ စစ်တပ်ဟာ ဘာယုံကြည်စရာမှ မရှိတော့တာ၊ တိုင်းပြည် ကောင်းစားဖို့ ဘာမှမလုပ်ချင်တော့တာမို့ ဘာမှ အလုပ်မဖြစ်အ တူတူ မလာတော့ဘူးပေါ့လေ။ ပြီးရင် ERO တွေကို နှိမ်ချိုးဆက်ဆံတာလဲ တစက်မှမလျှော့ဘူးပေါ့။ စောက်ကြောလျေဗာ့ချိန်ရောက်နေတာကို အတည်ပေါက်တင်းနေတယ်ပေါ့။
ရွက်ဆစ်လို အသံသာ မထွက်ရဲတာ၊ စိတ်ထဲက ငါကိုင်တုတ်တာကတော့ အမတ်လောင်းငါးထောင်ကျော်ရောဘဲလေ။ စောက်ဂျပုလို ဉာဏ်စဉ်မမီကောင်က သူတို့ရဲ့ပညာရေးကို စစ်မယ်၊ နိမ့်တဲ့ကောင်တွေများနေတယ်ဆိုတော့ ဆဲပြီပေါ့။ သူ့မိန်းမသခေါရဲ့ လက်ကိုင်အိတ်နဲ့ လူနဲ့ မတန်တဲ့အကြောင်းတွေ အတင်းချထားတဲ့ အမတ်မတွေကို လဲ ဖြုတ်မယ်ပေါ့။ တပ်မတော်ကို ထိခိုက်ပြောခဲ့တဲ့သူတွေကိုလဲ ကိုင်မယ်ပေါ့။ ခုဆို တရုတ်ခုံရုံးရောက် ကျားဖြန့်တွေက ဖော်ပြီလေ။ စစ်ခေါင်းဆောင်တွေ ကျောထောက်နောက်ခံပေးမှုနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ရာဇဝတ်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားခဲ့တာလို့ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်းက ထွက်ဆိုထားတာကို တရုတ်က တမင်ဖောက်ချလိုက်တာကိုး။ တရုတ်က အဲလို ထုတ်ရှိုးလိုက်တော့ ကြင်စိုးက ဖျင်ကြောတွေ စိမ့်လာပြီး မဆီမဆိုင် အမတ်လောင်းကလေးတွေကိုဖြဲတာ။ ပြီးတော့ ထရန့်ဘောငုံဖို့ ကြိုးစားနေတာ ငါ သိတယ် မိလှိုင်နော်ဆိုတဲ့အထာဆိုတော့ ဖျင်ကြောတင်မက ရင်ကြောတွေပါ စိမ့်လာတာလေ။
အေးလေ သူ့အဖို့ရာလဲ အာသာပြေဟောက်စရာဆိုလို့ သူ့ဘောလျက် အမတ်လောင်းလေးတွေဘဲရှိတာကိုး။ ကျန်တာကတော့ သူ့ဟောက်နေတဲ့သူချည်း၊ သူ့ကြိုးစင်တင်မယ့်သူချည်း၊ ချောင်ရင် အချင်းချင်းလဲ ဗျင်းမယ့်ကောင်ချည်းမဟုတ်လား။
ကြင်စိုး သွေးပျက်ပြီး ပြောချင်ရာပြောတာလဲ မပြောနဲ့လေ။ "ဝေ" မိသားစုက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ သက်ဆိုင်ရာနိုင်ငံက ခွင့်ပြုချက်နဲ့ လုပ်ပိုင်ခွင့်ပေးခဲ့တာလို့ ပြောထားတာလေ။၂၀၀၉ မှာ မြန်မာစစ်တပ်က ကိုးကန့်တွေကို BGF လုပ်ပြီး စစ်တပ်အောက်မှာ အလုပ်လုပ်ဖို့သဘောတူခဲ့တာတဲ့။ ဒီကောင်တွေက ၂၀၁၇ မှာ အွန်လိုင်းကျားဖြန့်လိမ်လည်မှု စခဲ့တယ်။ လူသတ်မှု၊ လိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ လောင်းကစားလုပ်ငန်းများ လည်ပတ်မှု၊ မိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ငန်းတွင်း သွတ်သွင်းမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှု စလို့ အမှုတွေမှ အများကြီး။
ဒါတွေက ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ရှင်းပစ်နိုင်ခဲ့တာ။ ရာဇဝတ်ဂိုဏ်းပေါင်းစုံနဲ့ မဟုတ်တရုတ် လုပ်နေတဲ့ တရုတ်ခြောက်သောင်းလောက် ဖမ်းနိုင်ခဲ့တာလေ။ သူ့အစွမ်းအစ ဘာမှမပါခဲ့ဘူး မဟုတ်လား။
သူ့ဟာသူလဲ လက်လွန် ကြက်သွန် ဖြုတ်ချွတ်ပို့လုပ်ထားတာတွေကလဲ ဗိုလ်ချုပ်ပြုတ်တွေမှ ဘုရားပွဲမှာ လမ်းဘေးအရုပ်တွေ ဖြန့်ခင်းထားသလိုဘဲ။ ခုဆို ကြံ့ဖွတ်နဲ့ နေရာမလောက်လို့ တစညဆီတောင်ခွဲပို့ပြီ။ ဒါပေမယ့် မအလရဲ့တကယ့်အကြံက နိုင်ငံတော်ပိုင်အဆောက်အဦနဲ့မြေတွေကို လက်ဝါးကြီးအုပ်ထားတဲ့ နေဝင်းပါတီဖြစ်ခဲ့တဲ့တစညရဲ့ပိုင်ဆိုင်မှုတွေကို မျက်စောင်းထိုးလာတဲ့အဆင့်မက သိမ်းပိုက်ဖို့လုပ်လာတာ။ အဲဒါ ဗိုလ်ပြုတ်တွေကို ကော်ကြေးနဲနဲပေးပြီး ခိုင်းချင်တာလေ။ တစညအဖိုးကြီးတွေ ခု ပြာတောက်နေသတဲ့။ ၈၈အရေးအခင်းကြီးနဲ့ဖြုတ်ချခံလိုက်ရတဲ့ ဗိုလ်နေဝင်းရဲ့မဆလပါတီဟာ အဲဒီခေတ်အဲဒီအခါက မြို့တိုင်းနယ်တိုင်းမှာ လမ်းစဉ်ပါတီရုံးနေရာတွေ အချက်မချာကျတဲ့နေရာတွေမှာ စိတ်ကြိုက်ယူပြီး နိုင်ငံတော်ဘတ်ဂျက်နဲ့ဘဲ ဆောက်ခဲ့တာတွေလေ။ အဲဒါတွေက မဆလပါတီပြုတ်ပြီး သူ့တပဲ့စစ်တပ်ကဝင်အာဏာသိမ်းလိုက်တော့ ခပ်တည်တည်ဘဲ တစညပါတီပိုင်အဖြစ်လွဲပြောင်းယူခဲ့တာ၊ ခုချိန်ကာလတန်ဖိုးနဲ့တွက်ရင် ကယ်ကူလေတာပြာသွားမယ်။ ခု ကြံဖွတ်ပိုင်ထားတဲ့မြေနေရာနဲ့အဆောက်အဦဆိုတာ တစညနဲ့ယှဉ်လိုက်ရင် တဲကုတ်နဲ့နန်းတော်ဘဲ။ အဲတော့ တစညအဖိုးကြီးတွေနဲ့သူတို့မျိုးဆက်တွေဟာ ဒါတွေကို ငှားစား ဖြောင်စား ဘုန်းစားနဲ့ အလုပ်ဖြစ်နေကြတာကို မင်းအောင်လှိုင်က သူ့ကောင်တွေထည့်ပြီး ထိန်းချုပ်ပြီ။ ဖြုတ်ခံရတဲ့ကောင်တွေကို နှစ်သီးစားခိုင်းတဲ့အကွက်။ အဲတော့ မအလက အရင်စစ်မင်းနှစ်ဆက် နေဝင်းနဲ့သန်းရွေဖန်တည်းထားခဲ့တာတွေအကုန်လုံး ဘောဘဲ။ နောင်မှာ စစ်မှုထမ်းဥပဒေနဲ့ တနိုင်ငံလုံးကို စစ်သားလုပ်ခိုင်းပြီး ပါတီနိုင်ငံရေးကို အပြီးသတ်ရှင်းလင်းပစ်ဖို့ထိရည်ရွယ်ထားတာလေ။ အဲဒီအချိန် တစညနဲ့ ကြံ့ဖွတ်ပိုင်တွေအကုန်လုံး အော်တိုမစ်တစ်တပ်ပိုင်ပြန်ဖြစ်မှာ။ သိမ်းပြီးသားဖြစ်နေရမှာ။ တချို့လဲ ကြားထဲ သူရောင်းစားမှာ။
ခုကို စစ်သင်တန်းကျောင်းတွေ တိုးဖွင့်နေတာ ၂၇ ကျောင်းတောင် ရှိပတဲ့။ စစ်မှုထမ်းအတွက် ဖမ်းခံရတဲ့လူငယ်ဆိုတာ ဘယ်လောက်ရှိမှန်း ဘယ်သူမှမသိဘူး။ တနိုင်ငံလုံးက ဆန္ဒမဲပေးနိုင်တဲ့ အသက် ၁၈ နှစ်နဲ့ အထက် လူငယ်တွေ ခရီးလွန် ပျောက်ဆုံးနေတာဟာ နေပြည်တော်ထဲက မြို့နယ် ၂ ခုမှာတင် ခရီးလွန်ပျောက်ဆုံးလူဦးရေ ၂ သောင်းခွဲကျော်ရှိနေတယ်လို့ လဝကရဲ့ ဌာနတွင်း တင်ပြစာတွေအရ သိရတာတဲ့။ တခြားမြို့နယ်တွေဆို စဉ်းစားသာကြည့်တော့။ ဖမ်းထားတာ သိန်းချီနေပြီလေ။ တသိန်းမဟုတ်၊ နှစ်သိန်း သုံးသိန်း။ မရပ်မနား နည်းမျိုးစုံနဲ့လိုက်ဆွဲနေတာလေ။ ပြီးတော့ စစ်မှုထမ်းဥပဒေက အရွယ်အလိုက် ကျားမပုံစံမျိုးစုံနဲ့ စစ်မှုထမ်းကြရမယ့်အစီအစဉ်ဆိုတော့ အချိန်တခုမှာ အားလုံး စစ်သားဖြစ်သွားမယ်။ တိုင်းပြည်မှာ တော်လှန်သူရဲဘော်နဲ့ အာဏာသိမ်းစစ်တပ် လူတန်းသားနှစ်ရပ်ဘဲရှိတော့မှာ။ အဲဒါကို စစ်တပ်ကကြံစည်နေတာ။ လုပ်လို့ရတဲ့ ERO တွေနဲ့ မဟာမိတ်လုပ်မယ်၊ တဖြည်းဖြည်းပြန်သိမ်းမယ်၊ စစ်နိုင်ငံထူမယ်၊ ဘာဖက်ဒရယ်မှ မလုပ်တော့ဘူး၊ အဲဒါမျိုး သွားမယ်။ တရုတ်နဲ့ အကုန်တွဲမယ်ဆို အဆင်ပြေပြီလေ။ ဒါက အခွီကြင်စိုးရဲ့ အခွီစိတ်ကူးတွေပေါ့။ ဒါမျိုးကျ တပ်သေနာကျတွေကလဲ သဘောတူပါတယ်။ အဲဒါကြောင့် အားကြိုးမန်တက် လူသတ်နေကြတာပေါ့။ ကြင်စိုးကတော့ အရူးချေးပန်းစိတ်ကူးတွေနဲ့ ရူးနှမ်းနေပြီလေ။ ဘီလူးသဘက်တွေနဲ့ သူ့အရူးကွက်တွေ အလုပ်မဖြစ်ဖို့ အဓိကအချက်ကတော့ ကပစတွေ ကိုယ့်လက်ထဲ မြန်မြန်ရောက်ဖို့ပါဘဲ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar