Breaking News

လင်းလက်နွေဦး - သေကြောင်းကြံတဲ့ မြစ်

 
 Art- SKB
သေကြောင်းကြံတဲ့ မြစ်
လင်းလက်နွေဦး
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၅


ရေဆာတိုင်း
လက်မောင်းသွေး ဖောက်တိုက်ခဲ့ပြီးပြီ။

တောဖြတ်
တောင်ဖြတ်
လျှိုမြှောင်အထပ်ထပ်
ချောက်နက်နက်ထဲ မဆိုင်းမတွ
ခုန်ချလာခဲ့တယ်။

ငြိမ့်ငြိမ့်‌လေး
သင်ပြူးခင်းမယ့်အစား
ခွဲထွက်တော့မတဲ့လား
တသက်လုံးချိုခဲ့သမျှ
ဒုတိယအကြိမ်ခုန်ချပစ်လိုက်တယ်
ပင်လယ်ငန်ငန်ထဲ။

၂၆.၉.၂၀၂၅ 
ည ၈:၄၅
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar