အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၃ )

(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၅
15/10/25 - Diary in the darkness - Wednesday
သဘာဝကြီးက ခန်းနားကြီကျယ်သလောက် လူသားက သေးငယ်လွန်းတယ်
အန်ကယ်တူမီး
15/10/25
အခန်းဆက်တွေ ဖတ်ချင်ရင်တော့ -
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၅
15/10/25 - Diary in the darkness - Wednesday
သဘာဝကြီးက ခန်းနားကြီကျယ်သလောက် လူသားက သေးငယ်လွန်းတယ်
ရွှေဈေး ၈၅ သိန်းကျော်သွားပြီလို့ သူငယ်ချင်းက စောစောစီးစီးဖုန်းဆက်တယ်။ မနက် ၇ နာရီမထိုးသေးဘူး။ သူ့စီးပွားရေးတွေ အားလုံးရပ်ကုန်တဲ့အကြောင်းပြောတယ်။ သူ ညက အိပ်မပျော်လို့ ခုလို စောစောစီးစီး ဖုန်းဆက် ရင်ဖွင့်ရတာ စိတ်မကောင်း ကြောင်းပြောတယ်။ ခုလိုအချိန်မှာ တစ်ယောက်ရဲ့ ရင်ဖွင့်စကားတွေကို နားထောင်ပေးရတာ မိတ်ဆွေကောင်းတွေရဲ့ ဝတ္တရားတခုအဖြစ် အားလုံးက လက်ခံထားကြပြီလေ။
ခုအချိန်ဟာ အမှောင်ထဲမှာ တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ရင်း အားပေး။ ဗုံးကျဉ်ပေါက်ကွဲသံနဲ့အတူ လင်းလက်လာတဲ့အလင်းကို အားပြု။ စမ်းတဝါးဝါး ခရီးဆက်။ သန်းခေါင်ယံထက် နက်တဲ့ညတွေ ကြုံဖူးပြီ။
ဒီနေ့တော့ ပုန်းရည်ကြီးသုတ်နဲ့ မနက်စာစား။ စားလို့မိန်ပ။ ဘယ်သူ့ဆီမှ ဖုန်းမဆက်။ လက်ဖက်ရည်ဆိုင်မထိုင်။ လမ်းမလျှောက်။ အိမ်မှာပဲ ရေဆေးပန်းချီကားလေးတွေ ရေး။ စိတ်ပြေလက်ပျောက်။
တရုတ်ရိုးရာရှုခင်းပန်းချီကားကလေးတွေ ကူးရေး။ မြင့်မားတဲ့ တောင်စဉ်အထပ်ထပ်၊ တိမ်လှိုင်းတွေက တလွင့်လွင့်၊ မှိုင်းညို့ညို့ တောအုပ်၊ တဟုန်ထိုးစီးဆင်းနေတဲ့ ရေတံခွန်အသွယ်သွယ်၊ သေးငယ်တဲ့ တဲအိမ်ကလေးနဲ့ လူတစ်ယောက်။ သဘာဝကြီးက ခန်းနားကြီကျယ်သလောက် လူသားက သေးငယ်လွန်းတယ်။ တရုတ်အနုပညာသည်တို့ရဲ့ အတွေး။
သူတို့ကိုယ် သူတို့ သေးငယ်မှန်းသိတဲ့ တရုတ်တို့ဟာ ယခုအခါ ကမ္ဘာမှာ ဒုတိယ အင်အားအကြီးဆုံးဖြစ်နေပြီ။ ပြည်သူကို ဖိနှိပ်သော စစ်အာဏာရှင်ကို ကျားကန်ပေးနေပြီ။ သူတို့ရဲ့ ဗျူဟာက တိမ်တွေလိုအုပ်မိုး၊ တောင်တန်းကြီတွေလို ခိုင်ခန့် ၊ ရေလို စိမ့်ဝင်၊ မြစ် ကြောင်းလိုကွေ့ကောက်၊ ရေတံခွန်လို အားပြင်းပြင်းနဲ့ တိုက်စား လေ့ရှိတယ်။ သမိုင်းက သက်သေ။
တရုတ်ရေဆေးအကြည်လေးကို ကူးရေးရင်း စိတ်တွေ နောက်ကျိသွားသည်။ တရုတ်၏အင်အားနှင့် စစ်ကောင်စီ၏ ကောက်ကျစ်ယုတ်မာမှုတို့ ပေါင်းစည်းခိုင်မာသွားလျှင် အဘယ်သို့ရှိမည်နည်း။
သူငယ်ချင်းစီးပွားရေးသမား ရွှေဈေးတက်လို့ အိပ်မပျော်။
ဒီည ကျွန်တော် ရော အိပ်ပျော်ပါမလား။
ဘာကြောင့်မှန်းမသိ။ ဘယ်သူဆီဖုန်းဆက် ရင်ဖွင့်ရမလဲ။

.jpg)