ကပ္ပိ - တိုတို ယောက်ျား မဟုတ်ဘူး
ကပ္ပိ - တိုတို ယောက်ျား မဟုတ်ဘူး
မိုးမခ ၊ အောက်တိုဘာ ၂၈ ၊ ၂၀၂၅
'ပသုံးလုံး ' ပါတီဋ္ဌာနချုပ်တွင် ပါတီဥသျှောင် ဒေါက်တာရမ်းကု သွက်သွက်ခါတစ်ယောက် စိတ်တွေဖောက်ပြန်ကာ မြင်မြင်သမျှကို ရန်လုပ်ရင်း မြန်မာဆဲ နည်းပေါင်းစုံနှင့်သာမက တရုတ်ဆဲနည်းများကိုပါ ချေးငှား၍ ပတ်ကြမ်းတိုက်နသည်မှာ ကမ္ဘာပျက်သလိုပင် ဖြစ်သည်။
အဆိုပါ 'ပသုံးလုံး ' အမည်ရ ' ပိပိပြာ' ပါတီ၏ဦးသျှောင် သွက်သွက်ခါမှာ မူလပထမ လက်မွန်မဆွ နဂိုမိခင်ပါတီခေါင်းဆောင်များကို မဟုတ်တန်းလျားတွေ ပြောကာ သူ ကိုယ်းကွယ်တော်မူနေသည့် ကြင်စိုး သာဝ မအလ၏အကြိုက်များကို လိုက်လျောလျက် ရွေးကောက်ပွဲဝင်ကာ ဝန်ကြီး ပြန်လုပ်ရင်း ကြင်စိုးနှင့် နှစ်ပါးသွားမည်ဟု အကြံကြီးထားသူ ဖြစ်၏။
ယခုအခါမတော့ မအလက သူ၏နှုတ်သီးချွန်ချွန်ကို ဖြတ်ရိုက်ပြီး 'အကျင့်ပျက်ယွင်းသူ ' ဟု နာမပြုလျက် အမတ်လောင်းအဖြစ်ကနေ ပယ်ဖျက်လိုက်လေရာ သွက်သွက်ခါမှာ သွက်သွက်ခါလျက်ရှိပြီး မီးကုန်ယမ်းကုန် ဆဲဆိုတိုင်းထွာလက် ရှိလေပြီ။
" သေချင်းဆိုးကြီး၊ ကာလနာကြီး၊ မြွေပွေးကိုက်ကြီး . . ရှင် ယောကျ်ားမဟုတ်ဘူး၊ ရှင် ယောက်ျားမဟုတ်ဘူး . . . ရှင် ယောကျ်ား မဟုတ်ဘူး "
ထိုအချိန်တွင် သူ့အခန်းထဲသို့ သူ၏လင်တော် 'ဘောပြားမောင်မောင် ' ရောက်ရှိလာကာ တော်ကီလွှတ်ပါလေတော့၏။
"မင်း ဒို့များကို ဒီလိုကြီးတော့ မပြောပါနဲ့ကွာ၊ အခြားသူတွေ ဘယ်လိုပြောပြော "
" ဘာတွေ လာပြောနေတာလဲ "
"ခါပဲ ၇ အိမ်ကြား ၈ အိမ်ကြား ဒို့များကို 'ယောက်ျားမဟုတ်ဘူး၊ ယောက်ျား မဟုတ်ဘူး ' လို့ အော်ဟစ်ပြောဆိုနေပြီး ဒို့ ၂ ဦးရဲ့ လွမ်းမောဖွယ်ရာ ' စလောင်း ဖုံး ၂ ချပ် ' ဇာတ်လမ်းလေးကို လူစည်စည်မှာ အထုပ်ဖြည်မပြပါနဲ့ကွာ "
"ဘာတွေလာပြောနေတာလဲ ဒေါ်ဘောပြား၊ အခု ကျမပြောနေတာ ဟိုသေချင်းဆိုး ကြင်စိုး မသာကောင်ကြီးကို ရှင့် "
"အမလေးတော့ . . . . . "
" ဒီသေနာကြီးဟာ ယောက်ျားမဟုတ်ဘူး၊ လုံးဝ ယောက်ျားအစစ် မဟုတ်ဘူး "
" ဟယ် . . . အဲဒါ တကယ်လား "
" တကယ်ပေါ့ . . . . . "
" ခါ . . . ဘယ်လိုလုပ် သိတာလဲဟယ် "
" ဘယ်လိုလုပ်သိရမှာလဲ . . သူနဲ့ပေါင်း
လာတာ ကြာပြီပဲ၊ တကယ့်ယောက်ျားမဟုတ်ဘူး "
" သူလည်း ဒို့များလိုပဲကိုး၊ ဟိုး ဟိုး ဟိုး "
"ရှင် ယောကျ်ားမဟုတ်ဘူး၊ ရှင် ယောက်ျားမဟုတ်ဘူး၊ ရှင် ယောကျ်ားမဟုတ်ဘူး၊ ရှင် ယောက်ျားမဟုတ်ဘူး၊ ရှင် ယောကျ်ားမဟုတ်ဘူး "
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar