၂၀၂၅ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ အကြီးအကျယ် အောင်ပွဲခံလိုက်ပြီ

အမေရိကန်သာဂိ (မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၅
ရွေးကောက်ပွဲက ပြနေတဲ့ ထင်ရှားတဲ့ အချက် ၅ ခုက ဘာလဲ။
နိုဝင်ဘာ ၄ရက်က ကျင်းပသော ပြည်နယ်များ၏ အထွေထွေရွေးကောက်ပွဲဦးစာရင်းများတွင် ဒီမိုကရက်များက အနိုင်ရရှိခဲ့ကြသည်။ ဗာဂျီးနီးယားနှင့် နျူးဂျာစီတို့ရှိ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများမှစ၍ ပင်ဆယ်လေးဗေးနီးယား ပြည်နယ်တရားလွှတ်တော် ရွေးကောက်ပွဲ၊ ဂျော်ဂျီယား ပြည်သူ့ဝန်ဆောင်မှုကော်မရှင် ရွေးပွဲအထိ အောင်မြင်ခဲ့ကြသည်။
အဆိုပါ ရလဒ်များသည် ဖက်ဒရယ်အစိုးရ ပိတ်သိမ်းမှုအပေါ် လူထု၏ တုန့်ပြန်မှုအပြင် ၂၀၂၆ တွင်လာမည့် ကြားကာလရွေးကောက်ပွဲ၊ နှင့် ၂၀၂၈ နှစ် သမ္မတရွေးကောက်ပွဲများအတွက် နမိတ်များ ပြသနေသည်။
၁။ အဓိကအချက်မှာ စားဝတ်နေရေးပြသနာ ဖြစ်သည်
ဘီလ်ကလင်တန်၏ အကြံပေး ဂျိမ်းစ်ကာဗီးလ်၏ နာမည်ကြီး စကားလုံး “It’s the economy, stupid.” ဟု ဆိုခဲ့သည်။
ဒါပေမဲ့ နောက်နှစ်အနည်းငယ်အတွင်းမှာတော့ “It’s the cost of living, stupid.” ဟု ပြင်သုံးသင့်သည်။ "ပြောချင်တာက ဘာမှမဟုတ်ဘူး ၊ လူတွေ ငတ်နေကြလို့ ၊ ရှင်းလား … ငတုံးတွေ” ဟု မှတ်ချက်စကားကို ပြန်သုံးရန် ဖြစ်သည်။
ပြည်သူများအတွက် ကုန် ဈေးနှုန်းကြီးမြင့်နေခြင်း၊ အသက်မွေးဝမ်းကြောင်းအခက်အခဲများ ကြုံတွေ့နေရခြင်းများသည် မဲပေးရာတွင် အဓိက အကျိုးသက်ရောက်မှုရှိခဲ့ကြသည်။
ဒေါ်နယ်ထရမ့် သမ္မတသည် ယင်းအကြောင်းများကို ဥပက္ခာပြုထားခဲ့သည်။ ၎င်းကြောင့် ပြည်သူတွေ၏ မဲများက ၎င်း၏ပါတီကို နောက်တန်းသို့ ပို့လိုက်သည်။
အထွေထွေ မဲဆန္ဒရှင်စစ်တမ်းများတွင် ဗာဂျီးနီးယားနှင့် နျူးဂျာစီတို့ရှိ အထွေထွေရွေးကောက်ပွဲများအပါအဝင် စားဝတ်နေရေးကိစ္စကို အဓိက အရေးကြီးဆုံး ဟု ပြောကြပြီး ဒီမိုကရက်များအတွက် အောင်မြင်မှုကို ရစေခဲ့သည်။
ထို့အပြင် ထိုမဲပေးသည့် အဆုံးအဖြတ်ညမှာ ရီပတ်ဗလစ်ကန်များသည် ရာဇဝတ်မှုများနှင့် လူဝင်မှုကြည့်ကြပ်ရေးရာနှိမ်နင်းမှုများဖြင့် အမှတ်ကောင်းရရန် ကြိုးစားခဲ့ကြသော်လည်း ဒီမိုကရက်များသည် စီးပွားရေးအပေါ်အခြေခံ၍ အနိုင်ရခဲ့သည်။
၂။ ထရမ့်သည် ရီပတ်ဗလစ်ကန်များအတွက် ပြသနာအဖြစ် ဆက်ရှိနေသည်
ထရမ့်သမ္မတကို လူကြိုက်များမှု ကျဆင်းနေသည်အတွက် ၎င်း၏ပါတီကိုလည်း မဲဆန္ဒရှင် များ က မထောက်ခံတော့ချေ။
ထရမ့်၏ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကို တိုးတက်သည့်အမြင်ရှိသူများ (လစ်ဘရယ်များက) မကျေနပ်ကြသကဲ့သို့ ပါတီစွဲမရှိသူများကလည်း ထရန့်ပါတီ၏ အလွန်အကျွံ ဖြစ်မှုများကို မထောက်ခံကြသည်မှာ သေချာသည်။
ဗာဂျီးနီးယား အစိုးရအဖွဲ့ ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီ၏ အဘိဂေးလ် စပန်ဘားဂါ သည် လွတ်လပ်သော ပါတီမစွဲ မဲဆန္ဒရှင်များထံမှ ၁၉ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ပြီး နျူးဂျာစီတွင်လည်း မီကီရှဲရီလ် သည် ပါတီစွဲမထားသူ အလယ်အလတ်မဲဆန္ဒရှင် ၁၃ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ထိုအရာသည် ရီပတ်ဗလစ်ကန်များအတွက် အပြင်းအထန် ပြဿနာတစ်ခု ဖြစ်နေသည်။
၃။ ထရမ့်အပေါ် လက်တီနို မဲဆန္ဒရှင်များ၏ ထောက်ခံမှု ကျဆင်းလာသည်
၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ထရမ့်သည် လက်တီနို (တောင်အမေရိကား၊ မက္ကစီကိုနဲ့ စပိန်စကားပြောသူ) မဲဆန္ဒရှင်များထံက ထောက်ခံမှုများ တိုးရခဲ့သော်လည်း ၂၀၂၅ ရွေးကောက်ပွဲတွင် ပြောင်းပြန်ဖြစ်သွားပါသည်။
ဗာဂျီးနီးယားနှင့် နျူးဂျာစီတို့ရှိ ဒီမိုကရက်အနိုင်ရသူများသည် လက်တီနို မဲဆန္ဒရှင်များထံမှ မဲ ၂ဆတိုး ထောက်ခံမှု ရခဲ့ကြသည်။
နျူးဂျာစီတွင် လက်တီနို မျိုးနွယ်သားများ နေထိုင်သော ခရိုင်များက ဒီမိုကရက်ကို မဲပေးမှုတွေ ပိုမိုတိုးလာခဲ့သည်။ ထို့ကြောင့် ရီပတ်ဗလစ်ကန်များအတွက် လာမယ့်နှစ် ကြားကာလရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အုပ်စုများ ဆုံးရှုံးမှုကို စိုးရိမ်နေကြရပြီ ဖြစ်သည်။
၄။ ကယ်လီဖိုးနီးယားပြည်နယ် ၏ ဒီမိုကရက်အလေးသာသောမဲဆန္ဒနယ်နမိတ်များ ပြန်ဆွဲရေး ဆန္ဒခံယူပွဲ Prop 50 က အပြတ်အသတ်နိုင်သွားသည်
ကယ်လီဖိုးနီးယားတွင် အရေးကြီးဆုံးရွေးကောက်ပွဲမှာ Proposition 50 ဖြစ်သည်။
ဒီမိုကရက်ပြည်နယ်အစိုးရခေါင်းဆောင ဂါဗင် နယူးဆမ် သည် ထရမ့်၏ အနီပြည်နယ်များတွင် သူတို့ပါတီအမတ်များချည်း မဲအသာရရေးမဟာဗျူဟာကို တုံ့ပြန်ရန်အနေနဲ့ ဤဥပဒေကို အဆိုပြုလိုက်ခြင်းဖြစ်သည်။
မဲပေးသူများအနေနဲ့ “Yes” မဲပေးခြင်းဖြင့် ကယ်လီဖိုးနီးယားတွင် လွတ်လပ်သောမဲကော်မရှင်ဖြင့် မဲဆန္ဒနယ် မဆွဲတော့ပဲ ဒီမိုကရက်များ မဲအသာရအောင် နယ်မြေများပြန်ဆွဲနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဒီမိုကရက်များအတွက် မဲနယ်အသစ်များ ပြန်လည်ရရှိလာမည် ဖြစ်ပြီး နယူးဆမ်အတွက် နိုင်ငံရေးအောင်မြင်မှုအနေနဲ့လည်း အသိအမှတ်ပြုခံလိုက်ရပြီ ဖြစ်သည်။
၅။ ဒီမိုကရက်ပါတီအတွက် စိတ်သစ် လူသစ် အမြင်သစ် ပြောင်းလဲရေး အလားအလာ
ဒီမိုကရက်များအနေနဲ့ ပါတီအတွင်း မတူညီသော ထင်မြင်ချက်များရှိနေသော်လည်း မိမိတို့အတူတကွ လက်တွဲတည်ဆောက်ရန် လိုအပ်နေသည်။
အငြင်းအခုံများ အငြင်းပွားမှုများ ကြားထဲက နျူးယောက်မြို့ မြို့တော်အဖြစ် အပြတ်အသတ် ရွေးကောက်ခံမှု ရရှိလာသူ ဇိုဟရန် မမ်ဒါနီ ကို နမူနာထား စံပြုကြရန်ဖြစ်သည်။ ၎င်းသည် ၁ နှစ် ကြာသက်တမ်းအတွင်း နျူးယောက်မြို့၏ အသက်အရွယ်အနည်းဆုံး မြို့တော်အဖြစ် ရွေးကောက်ခံခြင်းခံရသူ ဖြစ်သည့်အပြင် ပထမဆုံး မူစလင်မြို့တော်ဝန်လည်း ဖြစ်သည်။
မမ်ဒါနီသည် တိုးတက်သော လစ်ဘရက်ဆန်သူများအတွက် ရှေ့ဆောင်တစ်ဦးဖြစ်သော်လည်း ရှေးရိုးစွဲများ လက်ယာစွန်းများနဲ့ ထရန့်အတွက်တော့ လူဆိုးလူမိုက်တဦးဖြစ်နေသည်။
ထိုသို့သော လက်ယာယိမ်းသတင်းမီဒီယာနှင့် လူမျိုးစွဲ ဘာသာစွဲကြီးသူ အုပ်စုများက မမ်ဒါနီကို “ကွန်မြူနစ်မြို့တော်ဝန်” ဟု ခေါ်ပြီး ဆန့်ကျင်ရေးရှုံချသည့် သတင်းအဖြစ် ပြသခဲ့ကြသည်။
သို့သော်လည်း မမ်ဒါနီသည် မိမိ၏ မဲဆွယ်စကားများတွင် လူငယ်များနှင့် သက်ဆိုင်သော စီးပွားရေးအခက်အခဲများကို ရိုးရှင်းစွာ ပြောနိုင်ခဲ့သည်။
အချို့က မမ်ဒါနီကို ဒီမိုကရက်ပါတီ၏ သစ်လွင်သောအသံ သို့မဟုတ် အနာဂတ်အတွက်စိတ်သဘောထား အဖြစ် သတ်မှတ်ကြသော်လည်း သည်လိုမျိုး မျိုးဆက်သစ်များ၏ ရွေးချယ်မှုကို တပြည်လုံးအတိုင်းအတာနဲ့ ပြောင်းလဲလက်ခံလာကြမလားက မေးခွန်းဖြစ်သည်။ သည်လိုမေးခွန်းမျိုးကို အိုဘာမား၊ နယူးယောက်အမတ် အမျိုးသမီး ကိုတက်ဇ် နဲ့ ဗားမောင့်ဆီနိတ်တာ ဘာနီဆင်းဒါးတို့၏ ဘ၀အစမှာလည်း အလားတူ စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရသည်ကို မမေ့သင့်ပေ။
အနှစ်ချုပ် –
ဒီမိုကရက်များအတွက် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲသည် အောင်မြင်မှုကြီးတစ်ခု ဖြစ်ခဲ့သည်။
လာမယ့် နှစ်ကြားကာလ အမတ်များအတွက် အထွေထွေရွေးကောက်ပွဲများတွက် စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်းကိစ္စများက မဲပေးသူများအတွက် သဘောထားအဓိက ဖြစ်လာမည်။
ဒီမိုကရက်များသည် ထရမ့်နှင့် ရှေးရိုးစွဲများကို အပေါ် အနိုင်ရလိုရင် သည်ထက်ပိုပြီး စည်းလုံးရမည် ဖြစ်သည်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar