မင်းညွန့်လှိုင် - ယနေ့မနက်တိုင်းထွာချက်များအရ
မင်းညွန့်လှိုင် - ယနေ့မနက်တိုင်းထွာချက်များအရ
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၅
အစိမ်းရောင်လှောင်ချိုင့်ထဲမှာ
ငှက်ရုပ်ဟာ အသက်ငင်နေတယ်။
အလှမွေးမှန်ကန်ထဲမှာ
ရာသီမေ့ငါးတွေက
အချင်းချင်း တိုးခွေ့နေကြတယ်။
တိုက်ခိုက်ဖို့ကောင်းတဲ့ ရာသီပဲ
တံစက်မြိတ်အောက်က ထွက်ကာမှ
မိုးက ထရွာတယ်။
ဟော
ဘုရားတွေ ကြွလာပြီ
ကြက်ခြေနီများ လမ်းရှင်းပေးကြပါ။
မြေအောက်စီမံကိန်းများနဲ့ မြို့ဟာ
ရေအောက်မှာ ခြေကုန်လက်ပန်းကျ။
မိုးမိထားတဲ့
နွေဦးကြိုကဗျာတပုဒ်က
နှင်းဆွတ်မြောက်ပြန်လေကို
သွေးရူးသွေးတမ်း စုပ်ယူနေပါတယ်။ ။
မင်းညွန့်လှိုင်
၄ နိုဝင်ဘာ ၂၀၂၅
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
