သောမတ်စ် ဖရီးဒ်မန်း - ကျနော်တို့၏ခေတ်သစ် ဘာလဲ ဘယ်လဲ
သောမတ်စ် ဖရီးဒ်မန်း - ကျနော်တို့၏ခေတ်သစ် ဘာလဲ ဘယ်လဲ
အမေရိကန်သာဂိ ဘာသာပြန်၊ နယူးယောက်တိုင်းသတင်းစာ သူ့အာဘော်ကဏ္ဍ
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၅
လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ကျွန်တော် တစ်သက်လုံး တစ်ခါမှ မမေးဖူးသော မေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကို မေးခဲ့ရပါသည်။ ယနေ့ ကျွန်ုပ်တို့ နေထိုင်နေရသည့် ခေတ်ကို ဘယ်လိုခေါ်သင့်ပါသနည်း။
ကျွန်တော် မွေးဖွားလာချိန်သည် “စစ်အေးခေတ်” ဖြစ်ပြီး၊ ကော်လံနစ်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည့် ကာလအများစုမှာ “စစ်အေးခေတ်ပြီးဆုံးချိန်” ဖြစ်ပါသည်။ ထိုနောက်ဆုံး ခေတ်ကာလ — ၁၉၈၉ ခုနှစ်မှစ၍ အမေရိကန် တစ်ဖက်စီး လွှမ်းမိုးမှုရှိခဲ့သည့် ဆယ်စုနှစ်များ — သည် ၂၀၂၀ ခုနှစ်များတွင် အဖဂန်နစ္စတန်မှ အမေရိကန် ရုပ်ပျက်ဆင်းပျက် ဆုတ်ခွာခြင်း၊ ထို့နောက် ရုရှား၏ ယူကရိန်းကို တဖက်သတ်ကျူးကျော်ခြင်း (ဥရောပ၏ စစ်အေးခေတ်နှင့် စစ်အေးပြီးခေတ် လုံခြုံရေးဖွဲ့စည်းပုံကို ပြိုလဲစေခဲ့သည်)၊ ထို့နောက် တရုတ်နိုင်ငံ၏ အမေရိကန်နှင့် စီးပွားရေး၊ စစ်ရေး အမှန်တကယ် တန်းတူပြိုင်ဘက်အဖြစ် ထွက်ပေါ်လာခြင်းတို့ဖြင့် အဆုံးသတ်သွားခဲ့ပါသည်။
ကျွန်တော်၏ ပထမဆုံး အတွေးမှာ ဤခေတ်သစ်ကို “စစ်အေးပြီးအလွန့် အလွန်ခေတ်” ဟု ခေါ်သင့်သည်ဟု ထင် ခဲ့သော်လည်း အဓိပ္ပာယ် မရှိခဲ့ပါ။ မဟုတ်ပါ။ ကျွန်ုပ်တို့ ရောက်ရှိလာခဲ့သည်မှာ ၁၉၄၀ နှောင်းပိုင်းနှင့် နှစ်ဆယ်ရာစု အလယ်ပိုင်းတွင် မွေးဖွားခဲ့သည့် အဓိကအားဖြင့် နှစ်ဖက်စွန်းရောက် စူပါအင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်မှု၏ နောက်ဆက်တွဲထက် များစွာ ပိုမြင့်မားသည့် အခိုက်အတန့်တစ်ခုဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့ အားလုံး လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်ရမည့် လုံးဝအသစ်အဆန်းနှင့် အလွန်ရှုပ်ထွေးသည့် အရာတစ်ခု၏ မွေးဖွားခြင်းဖြစ်ပါသည် — သို့သော် ဘယ်လိုခေါ်မည်နည်း။
များစွာသော ရာသီဥတုသိပ္ပံပညာရှင်များက ကျွန်ုပ်တို့၏ လက်ရှိခေတ်ကို “လူသား(တို့၏ပယောဂ)ခေတ် (Anthropocene)” ဟု ခေါ်ဆိုကြပါသည် — ပထမဆုံး လူသားများ စွက်ဖက် ဖန်တီး (ဖျက်ဆီး) ခဲ့သည့် ရာသီဥတု(ပျက်) ခေတ်။ များစွာသော နည်းပညာပညာရှင်များက ယင်းကို “သတင်းအချက်အလက်ခေတ်” သို့မဟုတ် ယခု “ဉာဏ်ရည်တု ခေတ်” ဟု ခေါ်ဆိုကြပါသည်။ အချို့ မဟာဗျူဟာပညာရှင်များက ယင်းကို “တွင်းထွက်များရာအားသာည့် (ဘူမိ) နိုင်ငံရေး ပြန်လည်ရောက်ရှိခြင်း” သို့မဟုတ် သမိုင်းပညာရှင် Robert Kagan ပြောသည့်အတိုင်း “တောဘုရင်စနစ်ပြန်လည်ကြီးထွားလာခြင်း” ဟု ခေါ်ဆိုကြပါသည်။
သို့သော် ဤအမည်များတွင် မည်သည့်တစ်ခုမျှ လျင်မြန်စွာ တိုးတက်နေသော ရာသီဥတုပြောင်းလဲမှုနှင့် နည်းပညာ၊ ဇီဝဗေဒ၊ အသိဉာဏ်၊ ချိတ်ဆက်မှု၊ ပစ္စည်းသိပ္ပံ၊ တွင်းထွက်နိုင်ငံရေးနှင့် တွင်းထွက်အဓိကစီးပွားရေးတို့၏ လျင်မြန်စွာ ပြောင်းလဲမှုများအကြား ဖြစ်ပေါ်နေသော အပြည့်အဝ ပေါင်းစည်းမှုကို ဖမ်းစားနိုင်ခြင်း မရှိပါ။ ယင်းတို့သည် အမျိုးမျိုးသော အရာများနှင့် အမျိုးမျိုးသော အရာများ ပေါင်းစပ်ဖောက်ထွင်းမှု ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့ပြီး၊ ယနေ့ခေတ်တွင် သင်ဘယ်နေရာသို့ လှည့်ကြည့်ကြည့် နှစ်ဖက်တည်းရှိသည့်စနစ်များ (binary systems) သည် အများအပြား(ဗဟု)စနစ်များ (poly systems) သို့ လမ်းဖွင့်ပေးနေသည်ကို တွေ့ရှိရပါသည်။

ဉာဏ်ရည်တုသည် “အလုံးစုံသော(ဗဟုစုံ) ပညာရပ်ဆိုင်ရာ အထွေထွေ ဉာဏ်ရည်တု (polymathic artificial general intelligence)” ဆီသို့ အလျင်အမြန် ဦးတည်နေပါသည်။
ရာသီဥတုပြောင်းလဲမှုသည် “အများအပြား(အထွေထွေ) အကျပ်အတည်း (poly-crisis)” အဖြစ်သို့ တွန်းပို့နေပါသည်။
ပထဝီနိုင်ငံရေးသည် “ဗဟုချုပ်ကိုင်မှု (polycentric)” နှင့် “မျက်နှာများမှု (မယားပြိုင် လင်ပြိုင်စနစ်မျိုး) (polyamorous)” မဟာမိတ်စုံထားရှိခြင်း များအဖြစ်သို့ ပြောင်းလဲလျက်ရှိပါသည်။
တစ်ချိန်က နှစ်ဖက်သွားသော ကုန်သွယ်ရေးသည် “ဘက်စုံနှင့်ကုန်သွယ်သည့်စီးပွားရေး (poly-economic)” ဗဟုအားကိုးသည့် ထောက်ပံ့ရေးကွန်ရက်များအဖြစ်သို့ ပြန့်ကျဲလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းများသည် ပိုမို၍ “ပုံစံမျိုးစုံ (polymorphic)” မျက်နှာပြင်များအဖြစ်သို့ ကွဲပြားလျက်ရှိပါသည်။
နိုင်ငံခြားရေးရာ ကော်လံနစ်တစ်ဦးအနေဖြင့် ယခုအခါ ကျွန်တော်သည် စူပါအင်အားကြီးနိုင်ငံများတင်မကဘဲ၊ အလွန်ဉာဏ်ရည်ထက်မြက်သည့် စက်များ၊ နည်းပညာကို အသုံးချ၍ သူတို့၏ လွှမ်းမိုးနိုင်စွမ်းကို တိုးချဲ့ထားသည့် စူပါအာဏာ (ဩဇာကြီး) ပိုင် တစ်ဦးချင်းများ၊ စူပါကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းများ၊ စူပါမုန်တိုင်းများနှင့် လစ်ဗျားနှင့် ဆူဒန်ကဲ့သို့ စူပါပျက်သုဉ်းနေသော နိုင်ငံများ၏ သက်ရောက်မှုနှင့် အပြန်အလှန်ဆက်နွယ်မှုများကို ဆင်ခြင်ကြည့်နေရပါသည်။
တစ်နေ့တွင် ကျွန်တော် ဤအားလုံးကို တွေးတောနေစဉ် Microsoft သုတေသနနှင့် မဟာဗျူဟာဌာန အကြီးအကဲ ဟောင်း Craig Mundie နှင့် ဆွေးနွေးခဲ့ပါသည်။ မကြာသေးမီက ကျွန်တော် ရေးသားနေသည့် နယ်ပယ်တိုင်းတွင် ရှေးဟောင်း ဘယ်-ညာ (လက်ဝဲသို့မဟုတ် လက်ယာစွဲ) စနစ်များသည် အချင်းချင်း ရောနှောဆက်စပ်မှုများစွာ ရှိသော စနစ်များအဖြစ်သို့ ပြောင်းလဲလျက်ရှိပြီး၊ ထိုအခါ စစ်အေးခေတ်နှင့် စစ်အေးပြီးခေတ် ပုံစံများ၏ တည်ဆောက်ပုံကို ပြောင်းလဲပစ်နေသည်ဟု ကျွန်တော် သူ့အား ပြောကြားခဲ့ပါသည်။
တစ်ခါတွင် Mundie က ကျွန်တော့်အား “ဒီခေတ်သစ်ကို ဘယ်လိုခေါ်သင့်တယ်ဆိုတာ ငါသိတယ်။ Polycene (ဝိရောဓိစုံခေတ်) လို့ ခေါ်ပါ” ဟု ပြောကြားခဲ့ပါသည်။

ဤသည်မှာ သူ ချက်ချင်း ဖန်တီးလိုက်သော အသစ်စက်စက် စကားလုံးတစ်လုံး (neologism) ဖြစ်ပြီး အဘိဓာန်တွင် မရှိသေးပါ။ အမှန်တကယ် နည်းပညာဆန်သော်လည်း၊ ဂရိစကားလုံး “poly” (များစွာ၊ ဗဟု) မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ သို့သော် ချက်ချင်း ကျွန်တော့်အား ဤခေတ်သစ်အတွက် မှန်ကန်သော အမည်ဟု ထင်မှတ်စေခဲ့ပါသည်။ ဤနေရာတွင် — စမတ်ဖုန်းများ၊ ကွန်ပျူတာများနှင့် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုများကြောင့် — လူတိုင်းနှင့် စက်တိုင်းသည် ယခင်က မယဉ်ပါးနိုင်ခဲ့သည့် အမြန်နှုန်းနှင့် အတိုင်းအတာဖြင့် ကြားနိုင်ရန် အသံရှိလာပြီး၊ တစ်ဦးနှင့်တစ်ဦး၊ ကမ္ဘာဂြိုဟ်ကို သက်ရောက်မှုရှိစေမည့် အစွမ်းများ ရှိလာပါသည်။
ထို့ကြောင့်၊ Polycene ခေတ်သို့ ကြိုဆိုပါသည်။ ဤနေရာသို့ ရောက်ရှိလာခြင်းသည် စိတ်ဝင်စားဖွယ်ရာ ခရီးတစ်ခုဖြစ်ခဲ့ပါသည်။
စက်တွေက လူသားစွမ်းရည်ထက် ပိုသာလွန်လာခြင်း
Polycene ခေတ်သို့ ပို့ဆောင်ပေးခဲ့သည့် အဆင့်ပြောင်းလဲမှုများမှတစ်ဆင့် ကျွန်တော်၏ ခရီးစဉ်သည် ၂၀၂၄ နွေရာသီတွင် စတင်ခဲ့ပါသည်။ ChatGPT ပထမဆုံး ထွက်ရှိပြီး နှစ်နှစ် အကြာတွင် ကျွန်တော် Mundie နှင့် ဉာဏ်ရည်တု ဆိုင်ရာ သင်ခန်းစာများ စတင် လေ့လာခဲ့ပါသည်။ နှစ်များတစ်လျှောက် ကျွန်တော် မတူညီသော အကြောင်းအရာများတွင် ကျွမ်းကျင် သူများနှင့် ဆက်သွယ်ချိတ်ဆက်ခဲ့ပြီး သူတို့ကို “ဆရာ” တင်ခဲ့ပါသည်။ Mundie သည် ၂၀၀၄ ခုနှစ်မှစ၍ ကျွန်တော်၏ ကွန်ပျူတာဆိုင်ရာ အဓိက ဆရာဖြစ်ခဲ့ပါသည်။
သူ ပထမဆုံး ရှင်းပြခဲ့သည်မှာ A.I. တော်လှန်ရေး၏ အန္တိမရည်မှန်းချက်မှာ “အလုံးစုံသော ဘာသာရပ်ပေါင်းစုံသည့်ပညာဆိုင်ရာ အထွေထွေ ဉာဏ်ရည်တု (polymathic artificial general intelligence)” ကို ဖန်တီးနိုင်ရန် ဖြစ်ပါသည်။ ဤစက်သည် ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ကွန်ပျူတာသိပ္ပံ၊ ဒဿနိကဗေဒ၊ မိုဇတ်၊ ရှိတ်စပီးယား နှင့် ဘေ့စ်ဘောတို့ကို မည်သည့် လူသားထက်မဆို ပိုမို ကျွမ်းကျင်နိုင်မည်ဖြစ်ပြီး၊ ထိုပညာရပ်များအားလုံးကို လူသားတစ်ဦး မည်သည့်အခါမျှ မရောက်နိုင်သော အတိုင်းအတာ မြင့်မားသည့် အဆင့်တွင် ဆင်ခြင်တုံတရား ပြုနိုင်ကာ၊ လူသားများ ဘယ်တော့မှ မတွေ့နိုင်သော အသစ်အဆန်း ရှာဖွေတွေ့ရှိမှုများကို ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။
သံသယရှိသူ အချို့က ကျွန်ုပ်တို့ အမှန်တကယ် polymathic A.G.I. ရှိသော စက်ကို ဘယ်တော့မှ မတည်ဆောက်နိုင်ဟု ယုံကြည်ကြသေ်လည်း၊ Mundie အပါအဝင် အများစုက ဤသည်မှာ မည်သည့်အချိန်တွင် ဖြစ်မည်နည်း ဆိုသည့် ပြဿနာသာဖြစ်ပြီး ဖြစ်နိုင်/မဖြစ်နိုင် ဆိုသည့် ပြဿနာ မဟုတ်တော့ဟု ယုံကြည်ကြပါသည်။
ဤသည်မှာ ကျွန်ုပ်တို့ ဖြတ်သန်းနေရသည့် အသိဉာဏ်ဆိုင်ရာ အဆင့်ပြောင်းလဲမှု ထူးကဲလှပါသည်။ ကျွန်ုပ်တို့သည် ပရိုဂရမ်ထည့်သွင်းနိုင်သော ကွန်ပျူတာမှ — ကွန်ပျူတာတစ်လုံးသည် ပရိုဂရမ်ရေးသူ၏ ဉာဏ်ရည်နှင့် ထိုးထွင်းသိမြင်မှုကိုသာ ထင်ဟပ်နိုင်သည့် အခြေအနေမှ — polymathic A.G.I. ဆီသို့ ရွေ့လျားနေပါသည်။ ထိုနေရာတွင် သင်လိုချင်သော ရလဒ်ကို အခြေခံအားဖြင့် ဖော်ပြရုံမျှဖြင့် A.I. က ထိုးထွင်းသိမြင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ကျယ်ပြန့်သော အသိပညာကို ပေါင်းစပ်၍ ကျန်ရှိသမျှကို ဖန်တီးပေးပါသည်။ Mundie က အသိဉာဏ်၏ နယ်နိမိတ်ကို လူသားများ စိတ်ကူးနိုင်၍ ပရိုဂရမ်ရေးနိုင်သည့် အဆင့်ကနေ ကွန်ပျူတာများကိုယ်တိုင် ရှာဖွေတွေ့ရှိ၍ စိတ်ကူးနိုင်၍ ဒီဇိုင်းဆွဲနိုင်သည့် အရာဆီသို့ ရွှေ့ပြောင်းနေသည်ဟု ဆိုပါသည်။ ဤသည်မှာ ကွန်ပျူတာဆိုင်ရာ အဆင့်ပြောင်းလဲမှုများအားလုံး၏ မိခင်ဖြစ်ပြီး တက္ကဇီ၀မျိုးနွယ်အဆင့် နောက်ခြေလှမ်းတခုလည်း ဖြစ်နိုင်ပါသည်။
မိုက်ခရိုချစ်ပ် ဆင့်ကဲပြောင်းလဲမှု
ဤအရာအားလုံးကို ဖြစ်နိုင်စေခဲ့သည်မှာ မိုက်ခရိုချစ်ပ်များ နှစ်ခုတည်း (binary) မှ အများအပြား (poly) သို့ ဆင့်ကဲပြောင်းလဲလာခြင်းပင် ဖြစ်ပါသည်။ binary ခေတ်တွင် ချစ်ပ်များသည် ဒေတာကို အစဉ်လိုက် (serially) လုပ်ဆောင်ခဲ့သည် — ၀ နှင့် ၁ ကြားတွင် အလှည့်ကျ လှန်ပြီး ညွှန်ကြားချက်တစ်ခုချင်းစီကို လုပ်ဆောင်ခဲ့သည်။ poly ခေတ်တွင်မူ ချစ်ပ်များသည် တပြိုင်နက် (parallel) တွက်ချက်နိုင်သည် — ထောင်ပေါင်းများစွာသော အလုပ်ငယ်များကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်ပြီး၊ တစ်ခုချင်းစီသည် အချင်းချင်း သိရှိ၍ အပြန်အလှန် ဆက်သွယ်နိုင်သည်။
၂၀၀၀ ခုနှစ်များ အစောပိုင်းက တပြိုင်တည်း လုပ်ဆောင်နိုင်မှု၏ ကြီးမားသော တိုးတက်မှုသည်ပင် ယနေ့၏ A.I. ကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းက ကွန်ပျူတာများအား ၎င်းတို့၏ “ဦးနှောက်” ဖြစ်သည့် အာရုံကြောကွန်ရက် (neural networks) ထဲသို့ ဒေတာပမာဏ အလွန်ကြီးမားစွာ ထည့်သွင်းနိုင်စေခဲ့ပြီး၊ ဘီလီယံချီသော အသေးစား ဆက်တင်များ (parameters) ကို အသုံးပြု၍ ကိုယ်တိုင် လေ့လာသင်ယူနိုင်စေခဲ့သည်။ A.I. စနစ်တစ်ခု သင်ယူလာသည်နှင့်အမျှ ထိုဆက်တင်များကို ဆက်လက် ချိန်ညှိသွားသည် — အသေးစား ခလုတ်များကို လှည့်သလို — ပုံစံများကို မှတ်မိရန်၊ ရွေးချယ်စရာများကို ချိန်ဆရန်နှင့် အချိန်ကြာလာသည်နှင့်အမျှ ပိုမို ဉာဏ်ရည်ထက်မြက်လာရန် ဖြစ်သည်။
ကျွန်တော် ဤကွန်ပျူတာပြောင်းလဲမှုကို နှစ်များစွာ ခြေရာခံခဲ့သည့် အကြိုက်ဆုံး နေရာတစ်ခုမှာ Silicon Valley ရှိ Applied Materials ဖြစ်ပါသည်။ ကမ္ဘာ့အင်အားများ ဘယ်လို ပြောင်းလဲနေသလဲ နားလည်ချင်လျှင် ကျွန်တော် ပထမဆုံး ဆက်သွယ်သည့် ဌာနမှာ ပါတဂွန် သို့မဟုတ် နိုင်ငံခြားရေးဌာန မဟုတ်ပါ။ Applied Materials ကို သွားရောက်လည်ပတ်ပါသည်။ Applied သည် Nvidia၊ TSMC၊ Intel နှင့် Samsung ကဲ့သို့ ကုမ္ပဏီများအား နောက်ဆုံးပေါ် မိုက်ခရိုချစ်ပ်များ ထုတ်လုပ်နိုင်ရန် တိကျမှုမြင့် စက်ပစ္စည်းများနှင့် ပစ္စည်းများ ထုတ်လုပ်ပေးသည့် ကုမ္ပဏီဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် ကုမ္ပဏီ သို့မဟုတ် နိုင်ငံများ နည်းပညာနယ်နိမိတ်ကို ဦးဆောင်နေပြီး မည်သည့်နိုင်ငံများ နောက်ကျကျန်ရစ်နေသလဲ ဆိုသည်ကို Applied သည် မည်သူမျှ မမြင်နိုင်ခင် အရင်မြင်နိုင်ပါသည်။
ရာသီဥတုပြောင်းလဲမှုမှ Polycrisis သို့
၂၀၂၄ ခုနှစ်တွင် Mundie နှင့် A.I. သင်ခန်းစာ ပြီးဆုံးပြီး တစ်ပတ်ခန့်အကြာတွင်၊ ကျွန်တော်၏ အကြိုက်ဆုံး ပတ်ဝန်းကျင်ဆိုင်ရာ ဆရာ Johan Rockström (Potsdam Institute for Climate Impact Research ညွှန်ကြားရေးမှူး) ထံမှ အီးမေးလ်တစ်စောင် ရောက်ရှိလာပါသည်။ သူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် Thomas Homer-Dixon (ကနေဒါ Royal Roads University ရှိ Cascade Institute အမှုဆောင်ညွှန်ကြားရေးမှူး) တို့သည် နယူးယောက်တွင် Climate Week အတွက် ဆွေးနွေးပွဲတစ်ခု ကျင်းပမည်ဖြစ်ပြီး ကျွန်တော်ကို ဆွေးနွေးပွဲ ကြီးကြပ်သူ လုပ်ပေးနိုင်မလားဟု မေးပါသည်။
ကျွန်တော် “ဝမ်းသာပါတယ်၊ ဒါပေမဲ့ ဘာအကြောင်းလဲ?” ဟု ပြန်မေးခဲ့ပါသည်။
Rockström က “polycrisis အကြောင်းပါ” ဟု ဖြေပါသည်။
ကျွန်တော် တွေးမိပါသည်။ “စိတ်ဝင်စားဖို့ကောင်းတယ်။ ငါ့ရဲ့ A.I. ဆရာက polymathic artificial general intelligence အကြောင်း ပြောနေတယ်၊ ငါ့ရဲ့ ချစ်ပ်ဆရာတွေက poly chips အကြောင်း ပြောနေတယ်၊ အခုတော့ ငါ့ရဲ့ ပတ်ဝန်းကျင်ဆရာက polycrisis အကြောင်း ပြောနေတယ်။ poly တွေ ဘာဖြစ်နေတာလဲ?”
“polycrisis” ဆိုသည့် စကားလုံးသည် ဆယ်စုနှစ်များစွာကတည်းက ရှိနှင့်ပြီးသား ဖြစ်သေ်လည်း၊ Columbia တက္ကသိုလ် သမိုင်းပညာရှင် Adam Tooze က မကြာသေးမီက လူသိများစေခဲ့ခြင်း ဖြစ်ပါသည်။ Covid သို့မဟုတ် ယူကရိန်း စစ်ပွဲကဲ့သို့ အကျပ်အတည်းတစ်ခုသည် ကမ္ဘာတစ်ဝှမ်းတွင် အကျပ်အတည်းများစွာ ဖြစ်ပေါ်လာစေနိုင်သည်ကို မီးမောင်းထိုးပြရန် ဖြစ်သည်။
Rockström နှင့် Homer-Dixon တို့သည်လည်း အလားတူ အယူအဆကို တူးဆွေးနေကြသေ်လည်း၊ အထူးသဖြင့် ရာသီဥတုအကျပ်အတည်းများ ဆက်စပ်ဖြစ်ပွားလာပုံကို Rockström ခေါ်သည့် “ကမ္ဘာ့နယ်နိမိတ်များ (planetary boundaries)” ကို ချိုးဖောက်လာပုံကို အာရုံစိုက်ထားပါသည်။ ဤနယ်နိမိတ်များမှာ ကျွန်ုပ်တို့၏ ရာသီဥတု တည်ငြိမ်မှု၊ သမုဒ္ဒရာ၊ သစ်တော၊ မြေဆီလွှာ ကျန်းမာရေး စသည့် အချင်းချင်း ဆက်စပ်နေသော အသက်ရှင်သန်ရေး ပံ့ပိုးစနစ်များ ဖြစ်ပါသည်။
ဆယ်စုနှစ်များစွာကြာ ရာသီဥတုပြောင်းလဲမှုအကြောင်း ပြောဆိုခဲ့စဉ်က ဇာတ်ကြောင်းသည် ရိုးရှင်းပြီး နှစ်ခုတည်း ဖြစ်ခဲ့သည်။ ပိုပူလာရင် မကောင်းဘူး၊ နည်းပူလာရင် ကောင်းတယ်။
သို့သော် ယခုအခါ ရာသီဥတုပြောင်းလဲမှုအကြောင်း တွေးခေါ်ပုံသည် ကိုယ်တိုင် အဆင့်ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပါသည်။ Rockström အမြင်အရ ရာသီဥတုပြောင်းလဲမှုသည် ဆက်စပ်ဂယက် အကျပ်အတည်းများ ဖြစ်ပေါ်စေသည့် မီးပွားဖြစ်လာပါသည်။ ထိုအရာများသည် ကမ္ဘာတစ်ခုလုံးကို polycrisis (အထွေထွေ မျက်နှာစုံ အကြပ်အတည်း) အခြေအနေသို့ တွန်းပို့ပါသည် — ကိုယ်တိုင် လူ၏ပယောဂကြောင့် ပိုဆိုးလာသော ဖြစ်ရပ်များ၊ ဥပမာ ပိုလာရေခဲများ အရည်ပျော်ခြင်း၊ အမေဇုန် သစ်တောများ ပျက်စီးခြင်း (ကမ္ဘာ့အပူချိန်ကို ထိန်းညှိပေးသည့် ဧရာမ စည်းမျဉ်းသတ်မှတ်သူ နှစ်ခု) တို့က လူတွေက အလွန်အကျုး တွင်းထွက် ဖြုံးတီးပစ်ခြင်းကြောင့် အပူချိန်ကို ဆက်လက်ပြီး ပိုမြင့်တက်စေပါသည်။ ထို့နောက် မိုးခေါင်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မီးလောင်ကျွမ်းခြင်း၊ သီးနှံပျက်စီးခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေပြီး၊ စီးပွားရေးအပေါ်သက်ရောက်မှု၊ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှု၊ အားနည်းသော နိုင်ငံများ ပြိုလဲခြင်း၊ ကမ္ဘာတစ်ဝှမ်း စိတ်ချယုံကြည်မှု ပျက်ပြားခြင်း စသည်တို့ကို ဖြစ်ပေါ်စေပါသည်။
ပထဝီနိုင်ငံရေး အသွင်ပြောင်းမှု
ပြိုလဲနေသော နိုင်ငံများနှင့် ပြိုလဲနေသော စစ်အေးခေတ် မဟာမိတ်များ ပေါင်းစပ်လာခြင်းကြောင့် ဘူမိနိုင်ငံရေးတစ်ခုလုံး ပိုမို polyamorous (မျက်နှာများသောကာလ) ဖြစ်လာပါသည်။
၂၀၁၁ ခုနှစ်တွင် သမိုင်းပညာရှင် Walter Russell Mead က ဆိုဗီယက်ပြည်ထောင်စု ပြိုလဲစေခဲ့သော ၁၉၉၀ ခုနှစ်များ တော်လှန်ရေးပြီးနောက် ရုရှားလူမျိုးများတွင် စကားတစ်ခွန်းရှိခဲ့သည်ဟု ဖော်ပြခဲ့ပါသည်။ ယနေ့ အခြားနိုင်ငံများစွာကိုလည်း သက်ဆိုင်ပါသည်။ “ငါးကန်ကို ငါးဟင်းချိုအဖြစ် ပြောင်းလဲရတာ လွယ်တယ်၊ ဒါပေမဲ့ ငါးဟင်းချိုကို ငါးကန်အဖြစ် ပြန်ပြောင်းရတာ ခက်တယ်။”
ဥရောပမှ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ လက်တင်အမေရိကအထိ ငါးကန်များစွာ ငါးဟင်းချိုအဖြစ် ပြောင်းလဲခံနေရပါသည်။ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ရိုးရှင်းစေရန် သမ္မတထရမ့် အချိန်နှင့် အင်အားများစွာ ဖြုံးတီးပစ်ခဲ့ရသည်မှာ တိုက်ဆိုင်မှု မဟုတ်ပါ။ ရက်စက်ကြမ်းကြုတ်သော လက်နက်ကိုင်အဖွဲ့များ၊ လူမျိုးစု သို့မဟုတ် အုပ်စုဖွဲ့ စူပါအာဏာပိုင် သူပုန်များဖြင့် ပြည့်နှက်နေသည်။ သူ ရာထူးကာလ ကျန်ရှိသမျှတွင် ငြိမ်းချမ်းရေးအဖြစ် ပြန်လည်စုစည်းရန် လိုအပ်နိုင်ပါသည် — (ဖြစ်နိုင်လျှင်)
ကျွန်တော် သတင်းထောက်အဖြစ် ၁၉၇၈ ခုနှစ်တွင် စတင်ချိန်က ကမ္ဘာ့အခြေအနေကို အဓိကအားဖြင့် နှစ်ခုတည်း အဖွဲ့များဖြင့် သတ်မှတ်ခဲ့ပါသည် — အရှေ့-အနောက်၊ ကွန်မြူနစ်-ကပ်ပစ်တယ်လစ်၊ မြောက်-တောင်။ ထိုအချိန်က နိုင်ငံအများစုသည် ထိုအဖွဲ့များထဲမှ တစ်ခုမဟုတ် တခုထဲသို့ အကြုံးဝင်ခဲ့ပါသည်။ ယနေ့မူ လူတိုင်းပါဝင်သည့် အုပ်စုပေါင်းစုံအဖြစ်သို့ ပြောင်းလဲနေပါသည်။ အီရန်သည် ယူကရိန်းကို ဆန့်ကျင်သည့် ရုရှားနှင့် ပူးပေါင်းထားသည်။ တရုတ်သည် ရုရှားနှင့် ယူကရိန်းနှစ်ဖက်လုံးသို့ ဒရုန်းနည်းပညာ ပေးဝေနေသည်။ အစ္စရေးသည် မွတ်စလင် အဇာဘိုင်ဂျန်နှင့် ပိုတည့်ပြီး ခရစ်ယာန် အာမေးနီးယားကို ဆန့်ကျင်သည်။
“အင်အားများသည် ဖြန့်ကျက်ကုန်ကြသည်၊ အမေရိကန်၊ ဥရောပ၊ တရုတ် သို့မဟုတ် ရုရှား တို့အုပ်စုတွေအတွင်းမှာတင် မဟုတ်တော့ပါ” ဟု SecDev လုံခြုံရေးဆိုင်ရာ ကျွမ်းကျင် သူများ Robert Muggah နှင့် Mark Medish တို့က ရေးသားခဲ့ပါသည်။ “အလယ်အလတ် အင်အားကြီးနိုင်ငံများ — ဘရာဇီး၊ အိန္ဒိယ၊ တူရကီ၊ ပင်လယ်ကွေ့်နိုင်ငံများ၊ တောင်အာဖရိကတိုက်နိုင်ငံများ စသည်ဖြင့် ကြီးထွားလာကြသည်။ — သံတမန်များ ယခု ခေါ်သည့် ‘multialignment’ (ထောင့်ပေါင်းစုံကနေ ဟန်ချက်ညီခြင်း) ကို ကျင့်သုံးနေကြပါသည်။ သူတို့သည် တစ်ဖွဲ့တည်းနှင့် ချည်နှောင်မည့်အစား အကြောင်းအရာတစ်ခုချင်းစီတွင် သီးခြားအကျိုးစီးပွားကို ရှာဖွေနေကြပါသည်။”
ယနေ့ စစ်ပွဲများသည်လည်း နှစ်ဖက်တည်း မဟုတ်တော့ပါ — သင်၏ ရှေ့တန်းနှင့် ကျွန်တော်၏ ရှေ့တန်း ဟု၍ မရှိပါ။ ရှေ့တန်းစစ်မျက်နှာ နေရာအနှံ့မှ “ ရှုပ်ထွေးသော hybrid” တိုက်ခိုက်မှုများ ပိုမိုများပြားလာပါသည်။ အကြောင်းမှာ ရှေ့တန်းသည် poly ဖြစ်သွားပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။
ဗလာဒီမီယာ ပူတင်သည် ယူကရိန်းနယ်မြေပေါ်တွင် တိုက်ခိုက်နေသကဲ့သို့၊ တစ်ချိန်တည်းမှာပင် အနောက်ဥရောပကို ဆိုက်ဘာစစ်ဖြင့် တိုက်ခိုက်နေပါသည်။ ထိုနေရာတွင် လူတိုင်းကို ထိခိုက်စေသော်လည်း မည်သူမျှ တာဝန်မယူပါ (ဝန်မခံကြပါ)။ ထိုရှေ့တန်းတွင် ပူတင်၏ မြေအောက်စစ်သည်များသည် EU ရွေးကောက်ပွဲများတွင် သတင်းမှား လှုံ့ဆော်မှုများ၊ အနောက်ဥရောပ လေပြင်ထဲသို့ ဒရုန်း ဝင်ရောက်မှုများ၊ သြဂုတ်လတွင် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen စီးနင်းလာသည့် လေယာဉ်၏ GPS ကို ပိတ်ဆို့ခဲ့သည်ဟု ယူဆရသည့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် လေယာဉ်မှူးသည် စက္ကူမြေပုံများကို ထုတ်ယူ၍ ဘူဂေးရီးယားပေါ်တွင် လုံခြုံစွာ ဆင်းသက်ခဲ့ရပါသည်။
တခုမဟုတ် တခုဆိုသည့် ၂ခုတည်းစနစ်မှ ပုံစံမျိုးစုံ (ဝိရောဓိ) အသိုင်းအဝိုင်းသို့
၁၉၅၀ ခုနှစ်များက မင်နီဆိုတာပြည်နယ်တွင် ကျွန်တော် ကြီးပြင်းလာချိန်၊ လူမှုအခင်းအကျင်းသည် နှစ်ခုတည်း ဖြစ်ခဲ့ပါသည်။ ယေဘုယျအားဖြင့် သင်သည် အဖြူ သို့မဟုတ် အမည်း၊ ယောက်ျား သို့မဟုတ် မိန်းမ၊ ဖြောင့်သူ သို့မဟုတ် လိင်တူချစ်သူ၊ ခရစ်ယာန် သို့မဟုတ် ဂျူး ဖြစ်ရပါသည်။ အလုပ်မှာ ရှိသည်၊ မရှိရင် အိမ်မှာ ရှိသည်၊ မရှိရင် ကျောင်းမှာ ရှိသည် ဆိုသည့် နှစ်ခုတည်းသာ ရှိခဲ့ပါသည်။
ကျွန်တော့် ကွန်ဂရက်လွှတ်တော်အမတ်များသည် ဟိုတုန်းကဆိုရင် ဒီမိုကရက်တစ်မဲဆန္ဒနယ်အတွင်း လစ်ဘရယ်ဆန်သည့် ရီပတ်ဘလစ်ကန်လူဖြူအမတ် တဦး ဖြစ်သည်။ ထိုပုံစံခွက်သည် အတော်လေး ခိုင်မာခဲ့ပြီး၊ သာမန်ရိုးကျ ပုံစံခွက်တွင်းက ယဉ်ကျေးမှု၊ ဥပဒေ၊ ဘက်လိုက်မှု၊ ဝင်ငွေနှင့် အလေ့အထဖြင့် ဟန်ချက်ညီမှု နယ်နိမိတ်များကို ထိန်းသိမ်းခဲ့ပါသည်။ မတူကွဲပြားမှုဆိုတာ ရှိသော်လည်းအကန့်အသတ်ရှိပြီး ရှားရှားပါးပါးသာ ဖြစ်သည်။ ဘယ်သူကမှ ဒါကို ပြသနာမလုပ်ကြချေ။
ယခု မရှိတော့ပါ။
ယခု ကျွန်တော်၏ မွေးရပ်မြေ St. Louis Park — တစ်ချိန်က မင်နီဆိုးတားသည် ဂျူးယဉ်ကျေးမှု၏ နှလုံးသားဖြစ်ခဲ့သည့် ဘုရားကျောင်းများနှင့် ဘာသာရေးအစွဲများနှင့် ပြည့်နှက်ခဲ့ရာ — အခုအခါတွင် အသက် ၂၉ နှစ်အရွယ် ဆိုမာလီ မွတ်စလင်အမျိုးသမီး Nadia Mohamed က မြို့တော်ဝန် ဖြစ်နေပါသည်။ သူမသည် ကျွန်တော် တက်ခဲ့သည့် အထက်တန်းကျောင်းမှ ဘွဲ့ရပြီး၊ ရာသီဥတုမှာ နှင်းတို့ဖြင့် အေးခဲနေသော မင်နီဆိုတားပြည်နယ်သို့ ဆိုမာလီများ ပြောင်းရွှေ့နေရာချထားခံရပြီးနောက် လူဦးရေ တိုးပွားလာမှု၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။
အရင် အိမ်ဟောင်းဒေသတွင် ယခု ကွန်ဂရက်လွှတ်တော်အမတ်မှာ ကွန်ဂရက်တွင်ပထမဆုံး မွတ်စလင် အမျိုးသမီး နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် Ilhan Omar ဖြစ်သည်။
အိမ်ဟောင်းဒေသအနီးရှိ မူလတန်းကျောင်းတွင် ဘာသာစကား ၃၀ ကျော် ပြောဆိုနေသည်ဟု ကြားသိရပါသည် — ကျွန်တော် ကြီးပြင်းချိန်က ထက် အဆ ၂၉ ဆ ပိုများပါသည်။
ပြီးခဲ့သည့်အပတ်က St. Paul မြို့တွင် လာအို့ရှ် မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူ Kaohly Her သည် မြို့၏ ပထမဆုံး မွတ်စလင် အမေရိကန်နှင့် အမျိုးသမီး မြို့တော်ဝန် အဖြစ် ရွေးကောက်ခံရခဲ့ပါသည် — မြို့၏ ပထမဆုံး လူမည်းမြို့တော်ဝန် Melvin Carter ကို အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။
အံ့သြစရာ မဟုတ်ပါ။
ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်မှု သည် ၁၉၉၀ ခုနှစ်ကတည်းက အဆ နှစ်ဆ တိုးလာခဲ့ပါသည်။
၎င်းသည် ဦးတည်ချက် အမျိုးမျိုး ရှိလာပါသည် — တောင်အာရှမှ ပါရှားပင်လယ်ကွေ့သို့ လာသည့် အလုပ်သမားများ၊ အာဖရိကမှ တရုတ်သို့ သွားသည့် ကျောင်းသားများ၊ ဆူဒန်နှင့် အီရစ်ထရီးယားမှ ဒုက္ခသည်များ သည် အစ္စရေးသို့လာနေကြပါည်။ ပိုလန်အလုပ်သမားများ ဗြိတိန်သို့ သွားကြပြီး ဆီးရီးယား၊ ဗင်နီဇွဲလားနှင့် ယူကရိန်းမှ ဒုက္ခသည်များ က ကမ္ဘာနရာအနှံ့သို့ ထွက်ခွာနေကြပါပြီ။ — တစ်ချိန်က လူမျိုးတစ်မျိုး သို့မဟုတ် ဘာသာတစ်ခုတည်းဖြင့် သတ်မှတ်ခံရသည့် အသိုင်းအဝိုင်းများသည် ယခု ဘာသာစကား အမျိုးမျိုး၊ အသားအရောင် အမျိုးမျိုး၊ ဘာသာတရား အမျိုးမျိုးရှိသည့် အသိုင်းအဝိုင်းများ ဖြစ်လာပါသည်။
Poly-Economic ဗဟုစီးပွားရေးကွန်ရက်များ
၁၈ ရာစုတွင် Adam Smith က ကုန်သွယ်ရေး၏ အခြေခံမူများကို ချမှတ်ချိန်က သူ စိတ်ကူးထားသည်မှာ နှစ်ဖက်ဆက်ဆံရေး ရိုးရှင်းသော ကမ္ဘာ ဖြစ်ပါသည်။ ငါ ချိစ် လုပ်တယ်၊ မင်း စပျစ်ရည် လုပ်တယ်၊ ငါတို့ တစ်ယောက်ချင်းစီ အကောင်းဆုံး လုပ်နိုင်တာကို အားစိုက်ပြီး ပြုလုပ်ကြရင် နှစ်ယောက်စလုံး ပိုကောင်းလာမယ်။
ထိုအမြင်သည် တော်လှန်ရေးဆန်ခဲ့ပြီး ယနေ့တိုင် (သမ္မတ ထရမ့်မှလွဲ၍) ကုန်သွယ်ရေးသည် အနိုင်အရှုံး နှစ်ဖက်စလုံး အကျိုးရှိနိုင်သည်ဟု ကျွန်ုပ်တို့ အမြင်ကို အခြေခံပေးနေဆဲ ဖြစ်ပါသည်။
သို့သော် Adam Smith ယနေ့ အသက်ရှင်နေလျှင် iPhone၊ mRNA ကာကွယ်ဆေး၊ လျှပ်စစ်ကား သို့မဟုတ် အဆင့်မြင့် မိုက်ခရိုချစ်ပ်များ မည်သို့ ထုတ်လုပ်သည်ကို မြင်ရလျှင် သူ၏ သီအိုရီများကို အဆင့်မြှင့်ရုံမျှ မဟုတ်တော့ဘဲ စာအုပ်အသစ်တစ်အုပ် ရေးရလိမ့်မည်။
ဘာပြောင်းသွားသနည်း။ တစ်ခွန်းတည်း ဆိုရသော် — ရှုပ်ထွေးမှု။
ယနေ့ စီးပွားရေးသည် နယ်နိမိတ်များ ပျောက်ကုန်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများရှိသည့် နိုင်ငံများအကြား နှစ်ဖက်သဘောတူ ကုန်စည်ကုန်သွယ်ရေးဖြင့် အဓိက တည်ဆောက်တော့မည် မဟုတ်ပါ။
Oxford Martin School ရှိ Institute for New Economic Thinking ၏ အမှုဆောင်ညွှန်ကြားရေးမှူး Eric Beinhocker (ကျွန်တော်၏ နောက်ထပ် ဆရာ) က ကျွန်ုပ်တို့ ယခု ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်များ အတွင်းတွင် ပိုမို လည်ပတ်နေပြီး၊ အသိပညာ၊ ကျွမ်းကျင်မှု၊ နည်းပညာ နှင့် ယုံကြည်မှု၏ “အချင်းချင်း မှီတည်နေသည့် ကွန်ရက်များ” ဟု သူ ခေါ်ဆိုပါသည်။
ထို့ကြောင့် ယနေ့ ကုန်သွယ်ရေး အများစုသည် နိုင်ငံ နှစ်ခုထက် ပိုပါဝင်ပါသည်။
OECD က ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာကို အကျဉ်းချုပ်ရာတွင် ကမ္ဘာ့ ကုန်သွယ်မှု ထောက်ပံ့ရေးကွင်းဆက်များသည် နိုင်ငံတကာ ကုန်သွယ်ရေး၏ ၇၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ထားပြီး၊ ဝန်ဆောင်မှု၊ ကုန်ကြမ်းများ၊ အစိတ်အပိုင်းများသည် နယ်စပ်များကို ဖြတ်ကျော်လေ့ ရှိသည် — မကြာခဏ အကြိမ်ပေါင်းများစွာ ဖြစ်သည်။
ထိုကွန်ရက်သည် ရှုပ်ထွေးလှပါသည်။ ထုတ်ကုန်တစ်ခုကို နိုင်ငံတစ်ခုတွင် ဒီဇိုင်းဆွဲ၊ အစိတ်အပိုင်းများကို အခြားနိုင်ငံများစွာမှ ရရှိ၊ နောက်ထပ်နေရာတွင် ထုတ်လုပ်၊ နောက်ထပ်နိုင်ငံတွင် တပ်ဆင်၊ နောက်ဆုံးနိုင်ငံတွင် စမ်းသပ်ပါသည်။
Smith က အလုပ်ခွဲဝေမှုသည် ထုတ်လုပ်မှု အလွန်မြင့်မားစေသည်ဟု နာမည်ကြီးစွာ ဖော်ပြခဲ့ပါသည် — အလုပ်ကို မှန်ကန်စွာ ခွဲဝေရင် အလုပ်သမား နည်းနည်းနှင့် ပိုမိုထုတ်လုပ်နိုင်သည်။
“အဲဒါ တော်တော်ကောင်းတယ်” ဟု Beinhocker က ဖေဖော်ဝါရီလ ကော်လံတွင် ကျွန်တော့်အား ပြောကြားခဲ့ပါသည်။ သို့သော် Polycene ခေတ်တွင် “အသိပညာ ခွဲဝေမှု” သည် ပိုမို အားကောင်းသည့် အင်ဂျင် ဖြစ်လာပါသည်။
အသိပညာနှင့် စွမ်းရည်များကို စုပေါင်းလျှင် မည်သည့်နိုင်ငံတစ်ခုတည်းမှ တစ်ယောက်တည်း မလုပ်နိုင်သည့် ရှုပ်ထွေးသော ပြဿနာများကို ဖြေရှင်းနိုင်သည့် ရှုပ်ထွေးသော အရာများကို ပိုမိုစျေးသက်သာစွာ၊ ပိုမိုမြန်ဆန်စွာ ဖန်တီးနိုင်ပါသည်။
သင်၏ စမတ်ဖုန်းထဲက ချစ်ပ်ကို စဉ်းစားကြည့်ပါ။
ကယ်လီဖိုးနီးယားတွင် စိတ်ကူးရခဲ့သည်၊ အမေရိကန်နှင့် ဥရောပ ဆော့ဖ်ဝဲဖြင့် ဒီဇိုင်းဆွဲသည်၊ တိုင်ဝမ်တွင် ထုတ်လုပ်သည်၊ နယ်သာလန် လီသိုဂရဖီ စက်များနှင့် ဂျပန်၊ ဆီလီကွန်ချိုင့်ဝှမ်း ပစ္စည်းသိပ္ပံ ဆန်းသစ်တီထွင်မှုများဖြင့် ထုတ်လုပ်သည်၊ တရုတ်တွင် တပ်ဆင်ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်ဖြင့် ပို့ဆောင်ပေးသည်။
Qualcomm ၏ ဟောင်း ဥပဒေအကြံပေး Don Rosenberg က တစ်ခါက ကျွန်တော့်အား ပြောဖူးသည့် စကားကို အမြဲ ရယ်မောမိပါသည်။ တရုတ် နည်းပညာဧရာမ Huawei နှင့် Qualcomm ၏ ဆက်ဆံရေးကို ပြီးပြည့်စုံစွာ အကျဉ်းချုပ်ထားသောကြောင့် ဖြစ်ပါသည်။
“Huawei ဟာ ကျွန်တော်တို့ရဲ့ ဖောက်သည်၊ လိုင်စင်ရယူသူ၊ ပြိုင်ဘက်၊ စံနှုန်းတူ ချမှတ်သူ ဖြစ်ပြီး၊ ကျွန်တော်တို့ အချင်းချင်း တရားစွဲနေကြတယ်။”
အကောင်းဆုံး အခြေအနေတွင် ကမ္ဘာသည် “ငါ့ရဲ့ ထုတ်ကုန်ကို မင်းနဲ့ လဲလှယ်” ဟူသော ညီမျှမှုဖြင့် မလည်ပတ်တော့ပါ။
၎င်းသည် ယုံကြည်မှုပေါ်တွင် တည်ဆောက်ထားသည့် ၂၁ ရာစု ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်များဖြင့် လည်ပတ်နေပါသည်။ အနိုင်ကျင့်မှု မဟုတ်ပါ။
Polycene တွင် မည်သို့ အုပ်ချုပ်မည်နည်း
အကြံအစည် အမျိုးအစား အသစ်များ၊ ဩဇာရှင်အသစ်များ ပေါက်ကွဲထွက်ပေါ်လာခြင်းသည် ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ် သမိုင်းတွင် လုံးဝ မရှိဖူးသော အရာ မဟုတ်ပါ။
ဆင့်ကဲပြောင်းလဲမှုကို ဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်း ဖြစ်သည်ဟု ကျွန်ုပ်တို့ မကြာခဏ တွေးထင်လေ့ရှိသေ်လည်း၊ အမှန်တကယ်မှာ ကမ္ဘာ့သမိုင်းသည် မျိုးစိတ်အသစ်များနှင့် ဒီဇိုင်းအသစ်များ အလွန်ကြီးမားစွာ ပေါက်ကွဲထွက်ပေါ်သည့်အချိန်များဖြင့် အမှတ်အသားပြုခံရပါသည်။
Beinhocker က ပြောသည်မှာ သဘာဝတွင်သာ မဟုတ်ဘဲ လူ့ယဉ်ကျေးမှုတွင်လည်း အလားတူ ဖြစ်သည်ဟု ဆိုပါသည်။ လူ့ယဉ်ကျေးမှုသည် ကြီးမားသော ပေါက်ကွဲမှု (big bang) များ၏ ပုံစံကို လိုက်နာခဲ့ပြီး၊ တစ်ခုချင်းစီသည် လူ့ဘဝ၏ ရှုပ်ထွေးမှုကို မယုံနိုင်လောက်အောင် ချဲ့ထွင်ခဲ့ပါသည်။
အုပ်စုဖွဲ့အမဲလိုက်ကြသည့် ခရိးသွားလူမျိုးများမှ နေရာတကျ အခြေချနေထိုင်သည့် ယဉ်ကျေးမှုသို့ ပြောင်းလဲခြင်း (လယ်သမား၊ တောင်သူ၊ လက်မှုပညာသည်၊ ဘုရင်များ ပေါ်ပေါက်လာခြင်း) ကို စဉ်းစားကြည့်ပါ။
ပုံနှိပ်စက်ပေါ်လာသည့် စာအုပ်တော်လှန်ရေးသည် ဘာသာရေး၊ ဘုရင်စနစ် လက်ဝါးကြီးအုပ်ထားသည့် သတင်းအချက်အလက်များကို ချိုးဖျက်ခဲ့သည်။
စက်မှုတော်လှန်ရေးသည် လူနှင့် စက်အင်အားကို ချဲ့ထွင်ကာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ချိတ်ဆက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ယခု ဉာဏ်ရည်တု စက်များနှင့် စက်ရုပ်များ ပါဝင်လာပြီး ဩဇာရှင်များ၊ ကွန် ရက်သစ်များ၊ မျက်နှာမျိုးစုံ ပေါင်းစပ်မှုများကို အဆမတန် ထပ်မံ တိုးပွားစေနေပါသည်။
စက်မှုဒီမိုကရေစီ နိုင်ငံများစွာသည် စက်မှုခေတ်တွင် အုပ်ချုပ်ရန် အကောင်းဆုံးနည်းလမ်းမှာ ဈေးသက်သာသည့် နိုင်ငံတော်တစ်ခုနှင့် လက်ဝဲ သို့မဟုတ် လက်ယာစွဲ ပုံသေ နှစ်ပါတီ စနစ်ဟုသဘောထားခဲ့ကြရာမှ ယခုတွင် နိဂုံးချုပ်နေပြီ ဖြစ်သည်။
ကျွန်ုပ်တို့ ရင်ဆိုင်နေရသည့် ပြဿနာအများစုတွင် “တစ်ခုနှင့် အခြားတစ်ခု” အဖြေများ မရှိတော့ပါ။ “တစ်ခုနှင့်တစ်ခု နှစ်ခုစလုံးမက” အကျုံးဝင်နေသည့် အဖြေများသာ ရှိပါသည်။
အဓိက ခေါင်းဆောင်သူများ၊ ဩဇာရှင်များသည် တစ်ပြိုင်နက် အခြေအနေ အမျိုးမျိုးကို သိမ်းပိုက်နိုင်ရမည်၊ ဆန့်ကျင်ဘက် အတွေးအခေါ်များကို တစ်ပြိုင်နက် ထိန်းသိမ်းနိုင်ရမည်။
ကျွန်တော်သည် သဘာဝအလျောက် “နှစ်ခုစလုံးပါဝင်နေသည့်" လူတစ်ယောက် ဖြစ်ပါသည်။
- လူဝင်မှုကြီးကြပ်ရေး၌ — အလွန်မြင့်မားသောနံရံတစ်ခုနှင့် အလွန်ကြီးမားသောတံခါး — လုံခြုံသော နယ်နိမိတ်နှင့် တားဆီးထားသော်လည်း၊ အားအင်ကြီးမားပြီး ကျွမ်းကျင်မှုရှိသော တရားဝင်ရွှေ့ပြောင်းသူများကို ကြိုဆိုခြင်း ရှိနေရပါသည်။
- ရဲတပ်ဖွဲ့၌ — ရဲ ပိုမိုများပြားရေးနှင့် ပိုမိုကောင်းမွန်သော ရဲ။
- စီးပွားရေး၌ — ကိတ်မုန့်ကို ကြီးကြီးဖုတ်ပြီး ရောင်းခြင်း၊ နောက်တော့ သေးသေးစိတ်ပြီး ပြန်ခွဲဝေခြင်း။
- ပညာရေး၌ — ရန်ပုံငွေ ကောင်းမွန်သော အများပြည်သူ ကျောင်းများနှင့် ချားတား၊ သီးသန့် ကျောင်းများ။ အချင်းချင်း ပြိုင်ဆိုင်မှုက လူတိုင်းကို ပိုကောင်းစေသည်။
- နိုင်ငံခြားရေး၌ — ခိုင်မာသော စစ်တပ်ဖြင့် အင်အားပြနေသော်လည်း အမြဲအလုပ်လုပ်နေသည့် သံတမန်ရေးက အဓိကဖြစ်နေခြင်း။
- ကုန်သွယ်ရေး၌ — ဖောက်ထွင်းမြင်သာ၍ လွတ်လပ်သော စည်းမျဉ်းများဖြင့် လွတ်လပ်သော ကုန်သွယ်ရေး — သို့သော် အပြန်အလှန် အတွင်းကျကျ ဇာတ်ခုံနောက်ဖက်က ဆက်ဆံရေး။ တရုတ်က ကျွန်ုပ်တို့အပေါ် ဘာချမှတ်ထားသလဲ၊ ကျွန်ုပ် တို့လည်း အတူတူ ပြန်တုန့်ပြန်မည်။
- စွမ်းအင်၌ — ကာဗွန်/မီသိန်း ဖမ်းယူမှုနှင့် သဘာဝဓာတ်ငွေ့၊ လေ၊ နေရောင်၊ နျူကလီးယား၊ ဂျီအိုသယ်မား၊ ဖူးရှင်း၊ ဖီရှင်း —စမ်းအင်မျိုးစုံ ထုတ်လုပ်ခြင်း၊ ယုံကြည်နိုင်၍ စျေးသက်သာပြီး ရာသီဥတု polycrisis ထဲ ဝင်ရောက်နိုင်ခြေကို လျှော့ချနိုင်သမျှ အားလုံးကို သုံးစွဲခြင်း။
- Covid ကာလတွင် — အသက်ကို ကယ်တင်ခြင်းနှင့် အလုပ်အကိုင်ကို ကယ်တင်ခြင်း နှစ်ခုစလုံး ဟန်ချက်ညီအောင် လုပ်ဆောင်ခြင်း။
ဆုံးဖြတ်လို့ မရလို့ မဟုတ်ပါ။
ကျွန်တော် ဆုံးဖြတ်ပြီးသားပါ — Polycene တွင် အကောင်းဆုံး အဖြေများသည် ပေါင်းစပ်မှု (synthesis) ထဲတွင် ရှိပြီး အစွန်းထွက်ခြင်းကို ရှောင်ရှားရမည် ဖြစ်သည်။
သို့သော် ရိုးရာ လက်ဝဲ လက်ယာစွဲ ပါတီများစွာသည် တစ်ပြိုင်နက် အမျိုးအစား များစွာ လည်ပတ်နိုင်ခြင်း မရှိတော့သည့် နိုင်ငံရေး အထီးကျန်မှုများ ဖြစ်လာခဲ့ပြီး၊ လက်တွေ့၏ ဖိအားကြောင့် ကွဲထွက်နေသည် သို့မဟုတ် အချင်းချင်း မကျေနပ်မှု၊ လူမျိုးစု၊ စီးပွားရေး အိပ်မက်များဖြင့် ချည်နှောင်ထားသည့် ရှေးဆန်သည့် ခေတ်နောက်ပြန်သော လူမျိုးစုများအဖြစ် ပြောင်းလဲနေပြီး လက်တွေ့ ပြဿနာဖြေရှင်းမှုနှင့် ပိုမို ဆီလျော်မှု မရှိတော့ပါ။
ဤသည်မှာ ရေရှည် တည်တံ့နိုင်မည် မဟုတ်ပါ။
Polycene တွင် အလိုအလျောက် လိုက်လျောညီထွေရှိခြင်း၊ ခုခံနိုင် စွမ်းရှိခြင်း၊ အကျိုးဖြစ်ထွန်းမှု အားပေးသည့် အဆင်မြင့်အသိုင်းအဝိုင်းများသည် အကြောင်းတစ်ခုချင်းစီတွင် အလျင်အမြန် စုစည်းနိုင်သည့် မဟာမိတ်များ ဖြစ်လာမည် — ကျွန်တော် ခေါ်သည့် “ရှုပ်ထွေးသော လိုက်လျောညီထွေရှိသည့် မဟာမိတ်များ” (complex adaptive coalitions)။
စီးပွားရေး၊ အလုပ်သမား၊ အစိုးရ၊ လူမှုရေး စွန့်ဦးတီထွင်သူများ၊ အလှူရှင်များ၊ တီထွင်သူများ၊ စည်းမျဉ်းသတ်မှတ်သူများ၊ ပညာပေးသူများကို စုစည်းပြီး နှစ်ဖက်အပြန်အလှန် ဗီတိုအာဏာဖြင့် ရွှေ့ဆိုင်းမည့်အစား ပေါင်းစပ်မှုဖြင့် ပြဿနာများကို ဖြေရှင်းမည်။ အလျင်အမြန် ရွေ့လျားပြီး အရာများ ဖန်တီးနိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။
“ကျွန်ုပ်တို့၏ အတူတကွ ဆက်နွယ်မှု၏ အခြေခံဟောင်းသည် (သဟဇာတ အညမညဖြစ်မှု) ထပ်မံ အလုပ်မဖြစ်တော့ပါ” ဟု HOW Institute for Society တည်ထောင်သူ၊ စီးပွားရေး ဒဿနပညာရှင် Dov Seidman က ဆိုပါသည်။
“သို့သော် အတူတကွ နေထိုင်ရန်၊ အတူတကွ လုပ်ကိုင်ရန်၊ ဂေဟစနစ်များအတွင်း အချင်းချင်း ပူးပေါင်းရန်၊ အချင်းချင်း သက်ဆိုက်ကြောင်း၊ တွဲဘက် ပိုင်ဆိုင်ကြောင်း ခံစားရန် မဖြစ်မနေ လိုအပ်ချက်များသည် ပိုမို ပြင်းထန်လာခဲ့ပါသည်။”
“အချင်းချင်း မှီတည်နေရမှုသည် ကျွန်ုပ်တို့၏ ရွေးချယ်မှု မဟုတ်တော့ပါ။ ၎င်းသည် ကျွန်ုပ်တို့၏ လက်တွေ့ အခြေအနေ ဖြစ်လာပါသည်။
ကျွန်ုပ်တို့သည် ကျန်းမာသော အချင်းချင်း မှီတည်မှုများကို တည်ဆောက်ပြီး အတူတကွ တိုးတက်မည် သို့မဟုတ် မကျန်းမာသော မှီတည်မှုများကို တွယ်ဖက်ပြီး အတူတကွ ပြိုလဲ သေဆုံးမည့်လမ်းကို ရွေးချယ်ကြမလား၊
မည်သို့ပင် ဖြစ်စေ၊ ကျွန်ုပ်တို့ သည်ခေတ်သစ်သို့ အတူတကွသို့ ရောက်ရှိနေကြပါသည်။
ဤသည်မှာ Polycene ၏ မလွဲမသွေ အမှန်တရားဖြစ်ပါသည်။ ဝါရှင်တန်၊ ဘေဂျင်း၊ မော်စကို ခေါင်းဆောင်များစွာသည် ယနေ့တိုင် နားမလည်ကြသေးပါ။
ဤသည်မှာ လူသားမျိုး ကြီးထွားရန် နိုင်ငံနယ်နမိတ်ကို ကျော်လွန်၍ ဂြိုဟ်ကမ္ဘာအဆင့် အုပ်ချုပ်မှု၊ တီထွင်မှု၊ ပူးပေါင်းမှု၊ အတူယှဉ်တွဲ နေထိုင်မှု ပထမဆုံး ခေတ်ဖြစ်ပါသည်။
A.I. မှ နျူကလီးယား စွမ်းအင်၊ ရာသီဥတုပြောင်းလဲမှုအထိ အကောင်းဆုံးကို တအိပ်ယာတည်းသို့ ဆွဲယူသိမ်းသွင်းပြီး အဆိုးဆုံးကို အိပ်ယာခွဲအိပ်ကြရန် ဤနည်းဖြင့်သာ ဖြစ်နိုင်ပါသည်။
နေရာတိုင်း၊ လူတိုင်းကို လိုအပ်ပါသည်။ တစ်ယောက်တည်း လှော်ခတ်နေခြင်း မဟုတ်ပါ။
“ကျွန်ုပ်တို့ ခေတ်ကာလ၏ အဆုံးအဖြတ်စမ်းသပ်မှုမှာ ဤစိန်ခေါ်မှုကို အချိန်မီရိပ်မိပြီး (နောက်မကျမီ) လက်ခံကျင့်သုံးနိုင်ပါ့မလား” ဟု Beinhocker က ကျွန်တော့်အား ပြောကြားခဲ့ပါသည်။
**နိဂုံး**
ထို့ကြောင့်၊ ကျွန်ုပ်တို့၏ ခေတ်သစ်သို့ ကြိုဆိုပါသည်။
၎င်းကို Polycene ဟု ခေါ်ဆိုပါ။
ဤနေရာသို့ ရောက်ရှိလာခြင်းသည် အလွန် စိတ်ဝင်စားဖွယ်ရာ ဖြတ်သန်းမှုတစ်ခု ဖြစ်ခဲ့ပါသည်။
ယခုမှစ၍ ကျွန်ုပ်တို့ အတူတကွ လှော်ခတ်ရမည့် ခရီးကား စတင်တော့မည် ဖြစ်ပါသည်။
Thomas L. Friedman

https://www.nytimes.com/2025/11/10/opinion/era-technology-poly-epoch.html
နိုဝင်ဘာ ၁၀၊ ၂၀၂၅ (ဘာသာပြန်ပြီးစီး)
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar