Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ထွက်ချက်အားလုံး မင်းအောင်လှိုင်ဆီ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ထွက်ချက်အားလုံး မင်းအောင်လှိုင်ဆီ

မိုးမခ ၊ နိုဝင်ဘာ ၉ ၊ ၂၀၂၅


တော်လှန်သူက နေရာတိုင်းမှာ ရှိတယ်။ မာရဝိဇယဘုရားပေါ်မှာ တောင်ရှိတာ။ မအလကြင်စိုး ပလ္လင်သူခိုးက သူ့ဘုရား ဆိုပြီး အတည်ကြီးနဲ့ သွားနေတာ၊ အဲဒါ အစောင့်တွေ အများကြီးကြားထဲမှာကို "မအေးလိုး အဘ" လာပြီဆိုပြီး အသံကျယ်ကျယ်ပြောတဲ့သူ ရှိတယ်နော်။ ပြည်သူကိုတော့ တစက်မှ လျှော့မတွက်နဲ့။ ကြုံရင် ကြုံသလို ကစ်တာ။ ပြည်တွင်းက လူတွေကို ကမ်ပိန်းတွေ လုပ်တဲ့အခါ လက်ခုပ်တီးပေးပြီး မလုပ်သာတဲ့အချိန် ဓားသွားအောက် ကြောက်နေရချိန်တွေမှာ ဖိအားပေးတာတွေ လုပ်စရာမလိုပါဘူး။ လုပ်လိုက်မှ ဟိုကောင်တွေက ထပ်ဆင့်တင်းကျပ်မှုတွေ လုပ်လာတာ၊ သူတို့ဘက် လုံးလုံးပါသူတွေကို ကာကွယ်ပေးဖို့တွေ လုပ်လာတာတွေ ဖြစ်လာတယ်။

တကယ်တော့ ပြည်သူက သားစဉ်မြေးဆက် စစ်ဖိနပ်အောက် နေခဲ့ရတာမို့ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ပြည်သူဟာ သူတို့ ပါဝင်ဆုံးဖြတ်ရတဲ့ပွဲတိုင်း တမုန်းဆွဲခဲ့ကြတာချည်းပါပဲ။  အဲဒါကြောင့်လည်း စစ်အုပ်စုက နည်းလမ်းသစ်ရှာဖိနှိပ် ကွပ်ညှပ်နေတာပါပဲ။ ဒီတလမှာ အခံရဆုံးကတော့ အနုပညာရှင်တွေပေါ့။ ဘယ်သူဘာလဲ ပြည်သူက သိပါတယ်။ ပြည်သူက သူတို့အဖက်မလုပ်ရမယ့်သူ လုံးဝမလုပ်ပါဘူး။ ပြည်သူ့ရင်ထဲ ဒေါ်စု ရှိနေသ၍ ပြည်သူရဲ့နိုးကြားမှုက ရှိနေပါတယ်။ ဒုက္ခဆင်းရဲမျိုးစုံကြား နေထိုင်ရင်း ပွဲငတ်လာတဲ့ပြည်သူကို အပြင်မှာပွဲတကာလုပ် ပွဲတကာတက်နေသူတွေက အပစ်တင်တာတွေလဲ လျှော့သင့်ပါတယ်။ ရိုးရာပွဲလမ်းဆိုတာ ဘယ်အခြေအနေမှာမဆို ဘယ်ခေတ်မှာမဆို ရှိနေမှာပါ။ ERO နယ်မြေတွေမှာလဲ ရိုးရာပွဲက မပြတ်ပါဘူး။ အကြီးအသေးဘဲကွာတာပါ။

ဟောင်ကောင်က ဒီရက်ပိုင်း သွေးပျက်နေလို့ ဘုရားပြေးပြေးတက်တာ။ သူ့ သီရိသုဓမ္မ ကြံ့ဖွတ်အမတ် ကိုးကန့်တွေ တရုတ်ပြည်မှာ ဟောတယောက် ဟောတယောက် သေဒဏ်ပေးခံနေရတော့ သွေးတက် သွေးပျက်နေပြီလေ။ သူ့လည်း တရုတ်ပြည် ဖိတ်ခေါ် ထောင်သွင်း အချိန်မရွေး သေဒဏ်စာရင်း သွင်းလိုက်လို့ရတယ် မဟုတ်လား။ တရုတ်က ခေါ်ရင်လည်း မသွားဘဲ မနေရဲ၊ သွားပြန်ရင်လည်း လျှိုအုပ်စုကို ကုန်စည်ပြပွဲခေါ် သေဒဏ်ဆော်ပစ်ခံရမှာလိုလည်း ကြောက်၊ အထောက်အထားကလည်း ခိုင်လုံ ထွက်ချက်အားလုံး မင်းအောင်လှိုင်ဆီချည်း မဟုတ်လား။

အဲဒါနဲ့ပဲ ဝဘက်လည်း ဆက်မနှိုက်ရဲ၊ မိုင်းလားကတော့ ဘယ်တရုတ်မှ ဝင်မအုပ်ခင် မအလတပ် ရွှီရှောင်ရှမ် လာမလုပ်ခင် သူ့ဘာသာ အဖျက်ပြ၊ အကွက်ချလိုက်တယ်။ ဒါလည်း ကျားဖြန့်ရုံတွေအဖျက်မပြ ကျားဖြန့်ကောင်တွေ အဖမ်းမပြတော့ တရုတ်က ကျေနပ်ဦးမယ် မဟုတ်။ မအလ ဝင်မရှုပ်နိုင်ရုံ လုပ်ထားတာ။ မအလလည်း ဝ နားမကပ်ရဲ၊ မိုင်းလားတွေနား ကပ်မရတော့ KK Parkသွား ယမ်းထုတ်ကလေးတကိုင်ကိုင် မီးတုတ်ကလေးတပင့်ပင့်လုပ်ပြရတာ။ စောချစ်သူကလဲ ရွှေကုက္ကိုလ်လိုဟာတွေထိတော့ အဝင်မခံ၊ နိုင်ငံတကာကလူစုံ လိမ်ခေါ်နှိပ်စက်သတ်ဖြတ်ထားမှုတွေ ငွေကြေးလိမ်လည်မှုတွေနဲ့ ကျားဖြန့်ကုပ်စည်း လုပ်နေတဲ့သူ့အဖို့ကလည်း ပြေးစရာမြေမရှိတော့ ရှိတာလေးထဲဝပ်ကျင်းတူး ကိုယ့်တပ်လေးနဲ့ကိုယ် နှပ်ဖို့ ကြံစည်ရပြီ။ သူ့မှာကလဲ ကရင်ပြည်ကလွဲ ဘယ်မှသွားလို့ မရတော့ဘူးလေ။ ခုတော့ သူလည်း ကတုန်ကယင် ဖြစ်နေပြီ။ ရိုးရိုးကရင် မဟုတ်တော့။ အင်တာနေရှင်နယ်လိုချင် ရွှေကရင်လေးပေါ့။ သူ့ဆီမှာ နိုင်ငံတကာက လူကုန်ကူးခံထားရတဲ့သူတွေကလည်း သိန်းဂဏန်းနီးနီး ရှိနေတုန်း ဘယ်နေ့ တဆုံးကြိတ်ခံရမယ်မသိ။ သိပ်တော့ ကြာစရာမမြင်တော့ဘူး။ တကမ္ဘာလုံးက တမုန်းကြိတ်ရမယ့်ကောင်တွေ ဖြစ်လာပကိုး။

သူ အားကိုးနေရတဲ့ စစ်တပ် အခြေအနေကလည်း "အိမ်ထောင်ရှိတဲ့ ရဲမေတွေတောင် ဖောက်ပြန်နေကြတာ ကတုံးတုံးပြန်လွှတ်ရတာနဲ့၊ မူရင်းစစ်သားတွေက ရှမ်းမြောက်နဲ့ ရခိုင်မှာ သေကုန်ကြပြီ၊ မိန်းမတွေကရော ဖောက်ပြန်ကြတာ ပြောမနေနဲ့၊ ပစတွေက စစ်သားဟောင်းမယားခိုးလာတဲ့ သူနဲ့၊ လမ်းကြုံယူလာကြတာတွေက ပါသေး" တဲ့။

အဲဒီလိုနော်။ သေဆုံး ဗိုလ်တွေ စစ်သားတွေရဲ့မိန်းမတွေတင်မက အရွယ်မရောက်သေးတဲ့သမီးလေးတွေပါ ပစတွေနဲ့ မဲဖောက်ပေးစားပြီး စစ်သားထိန်းအစီအမံဆိုးတွေ အမျိုးမျိုးကြံလုပ်နေရတာ။ အဲဒီလိုတွေအပြင် တပ်ထဲမှာ ဆေးပါချခွင့်ပေးထားရတော့တာ။ ရှေ့တန်းထွက်ရရင်လည်း ပြေးမယ် ဆိုတာချည်းဘဲမို့ မုဆိုးမဘဝကနေ ထပ်ပြီး တခုလပ် ဖြစ်ရဦးမှာလို့လည်း ပြောနေကြရဲ့။ အတော်ကို သပွတ်အူလည်နေပြီလေ။ စစ်သားမယား သားသမီးဆိုတာကလဲ ရွာပြန်မရ ရပ်ပြန်မရတဲ့ကြား တပ်ပြင်မထွက်ရပါ လုပ်ထားတာဆိုတော့ အတွင်းထဲတင် လိင်ကိစ္စတွေ ရှုပ်ထွေးကုန်တော့တာပေါ့။ ဒါကလဲ တမင်ရှုပ်အောင်ကို လုပ်ထားတာပဲလေ။ တပ်ထဲမှာက ဘယ်သူ့ဘယ်သူမှလဲ ကိုယ့်အသက်ရင်းပြီး အမိန့်မလိုက်နာကြတော့ဘူး။ တပ်မိသားစုတွေ ထိန်းမထားနိုင်ရင်လည်း တပ်သားက ပျောက်သွားမှာ၊ ထိန်းထားပြန်ရင်လည်း ကိုယ်မွှေးတဲ့မီး ကိုယ့်ပြန်လောင်တဲ့အထိ ဖြစ်လာတဲ့ စောက်ပြဿနာတွေနဲ့ ချည်ခင်ထွေးနဲ့ သပွတ်အူပေါင်းလာတော့တာ။

အသေခံတပ်သား လူသားဒိုင်းအဖြစ် အဓမ္မစုစည်းပြီး သူတို့ သားမယားပျော်ပါးဖို့ အင်တာနေရှင်နယ်စကူး ထားဖို့ နိုင်ငံခြားကျောင်းသွားဖို့ ကုမ္ပဏီထောင်ဖို့ အသုံးချနေတဲ့ စစ်မှုထမ်း လူသစ်တွေကို မိန်းမ ပေးစားတဲ့နည်းနဲ့တင် မသေချာလို့ ဒုတပ်ကြပ်အဆင့်ကနေ တပ်ကြပ်၊ တပ်ကြပ်ကြီး အဆင့်အထိ ရာထူးပေးပြီး အမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ်ပါ ဝေ့လည်ကြောင်ပတ်လုပ် စည်းရုံးနေရတယ်။ အမှန်က ၂ နှစ်ပြည့်ရင် ထွက်ရမှာ၊ ဒီလက်မှတ်နဲ့ နိုင်ငံခြားထွက်လို့ရတယ် ပြောထားခဲ့တာ။ ခု ၂-နှစ်ပြည့်တော့ တိုင်ပတ်လာပလေ။ 

“စစ်ဗိုလ်ပေးလည်း မိသားစုက လက်မခံဘူး၊ သေရွာ သွားနေရတာကို အိမ်မှာ နေ့တိုင်း ဆုတောင်းနေရတာ။ မသေလို့ သေတွင်းက ထွက်လာမှာကို စောင့်နေတာ၊ ကလေးတွေဆို အဖေပဲ မေးနေကြတာ။” လို့ပြောလာကြပလေ။ အကုန်လုံးက မိအိုဖအိုပစ်၊ သားမယားပစ်၊ အလုပ်အကိုင်ပစ် လိုက်ခဲ့ကြရတာ မဟုတ်လား။ မသေလို့ ပြန်တွေ့ရမယ့်ဟာကို မပြတ်မသေ တပ်ထဲနေ လုပ်ချင်တာ။

ဒီကောင်တွေရဲ့ ပစ သင်တန်းအပတ်စဉ် (၁) က ၂၀၂၄  ဧပြီက စခဲ့တာ၊ ခု အပတ်စဥ် (၁၉) ပြီးပြီ။ (၁) ဆင်းတွေက ၂၀၂၆၊ ဧပြီမှာ ၂ နှစ်ပြည့်ပြီလေ။ တပတ်ချင်း ပြန်ထွက်ကြတော့မှာဆိုတော့ သွေးပျက်ပြီပေါ့။ အပတ်စဥ် (၂၀) အထိဆို လူသစ် တစ်သိန်း ရှိလာပေမယ့် အထွက်တွေက လာတော့မယ်။ အဲဒီအတွက် ကလိမ်စေ့ငြမ်းဆင်နေတာ။ 


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar