Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၈ )


Art Than Htay Maung

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၈ )

(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၂၅

1/11/25 Saturday Diary in the darkness


ဒီရက်ပိုင်း ညတိုင်းလိုလိုမိုးရွာတယ်။ ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်တဲ့သတင်းတွေတွေ့လိုက်တယ်။ နေခင်းဘက်တော့ ပူတယ်။

စစ်တပ်ဝါဒဖြန့်ချိရေးဇတ်လမ်းတို ခေတ်သမိုင်းကို ဒုန်းဆိုင်းမယ့်သူများ မှာပါဝင်သရုပ်ဆောင်သူတွေကို လူထုကလူမှုရေး အပြစ်ဒဏ်ခတ်တယ်။ သူတို့ရုပ်ရှင်တွေကိုမကြည့်ဘူး။ သူတို့စင်တင်ဖျော်ဖြေပွဲတွေကို မသွားဘူး။ သူတို့ကြော်ငြာတဲ့ပစ္စည်းတွေကို မသုံးဘူး။ အင်တာနက်ပေါ်က သူတို့ရဲ့ပရိတ်သတ်တွေ (follower, fan) ထက်ဝက်ကျော်လျှော့ကျသွားတယ်။ ထိုင်းမှာလုပ်တဲ့ သူတို့ စင်တင်ပွဲတွေ ပိတ်လိုက်ရတယ်။ တချို့သရုပ်ဆောင်တွေရဲ့ အိမ်နားမှာ ဗုံးတွေဖေါက်ကြတယ်။ 

စစ်အစိုးရက အရေးပေါ် ဖိအားပေး အစည်းဝေးခေါ်တယ်။ သူတို့ရဲ့ ဝါဒဖြန်ချိရေး ရုပ်ရှင်မှာပါတဲ့ သရုပ်ဆောင်တွေကို ဝေဖန်တဲ့သူတွေကို ဖမ်းတယ်။ နှစ် နှစ် မှ သေဒဏ်ထိကျနိုင်တဲ့ ပုဒ်မတွေနဲ့ တရားဆွဲတယ်။ ဒါရိုက်တာ မိုက်တီးနဲ့ နှစ်ယောက်တော့ ဈေးဦးပေါက်အဖမ်းခံလိုက်ရတယ်။ စကမ ရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မဲလုံးရဲ့ မျက်နှာကြီး တီဗီမှာ ပြန်ပေါ်လာပြီး ဒေါသတကြီးနဲ့ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ရွေးကောက်ပွဲကို နှောက်ယှက်သူတွေကို အပြစ်ကြီးကြီးပေးမယ်လို့ ချိန်းခြောက်တယ်။ အဖမ်းခံထားရတဲ့ ဒါရိုက်တာ မိုက်တီးကတော့ လက်ထိပ်တန်းလန်းနဲ့ ပြုံးပြုံးကြီး  

အာစီယံကလဲ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်းသတင်းထုတ်ပြန်တယ်။ အစည်းဝေးပွဲတက်ဖို့ မင်းအောင်လှိုင်ကို မဖိတ်။ လူရာဝင်ဖို့ ခွေးတိုးပေါက်ရှာတာလဲ မအောင်မြင်။ ကွဲစရာ အရှက်လဲ မကျန်တော့။

မိုးကုတ်နဲ့မဘိန်းကို စကမ က TNLA လက်က ပြန်ရ။ စစ်တိုက်တာနိုင်လို့မဟုတ်။ တရုတ်ဖိအားနဲ့ ပြန်ရတာ။ မန္တလေး PDF တွေနဲ့ တော်လှန်ရေးအင်အားစုတွေက မိုးကုတ်နဲ့မဘိန်းကို စကမ လက်ထဲပြန်မကျရေး ဆက်လက်တိုက်ပွဲဝင်မယ်လို့ ကြေငြာချက်တွေထုတ်ပြန်။

ထရမ်နဲ့ ရှီကျင်ဖင်တို့ တောင်ကိုရီးယားမှာ လက်ဆွဲနှုတ်ဆက်။ သူတို့နောက်ခံမှာ အင်အားတွေရှိတယ်။ လက်နက်အင်အား၊ စီးပွားရေးအင်အား၊ နည်ပညာအင်အား။ ထို့အတူ သဲသယတွေ၊ စိုးရိမ်မှုတွေ၊ နောက်ကျောကိုစိုက်မယ့်ဒါးတွေ။ 

သူတို့ဆွေးနွေးပွဲမှာ မြန်မာပြည်အကြောင်း အရေးလုပ်ပြောမလားလို့ နားစွင့်မိ။ ဘာမှမကြား။ ငါတို့မှာ ငါတို့ရှိတယ်။ ကိုယ်အရေးကိုယ်ဖြေရှင်း။ 

အင်အားကြီးသူတွေက ငါတို့ကို ချိုးဖဲ့ဖျက်စီးကြတယ်။ 

ရရှိခဲ့တဲ့ကျိုးပဲ့ဒဏ်ရာတွေကပဲ ငါတို့ကိုသန်မာစေတယ်။ ဒါဟာ သမိုင်းကငါတို့ကိုပေးတဲ့လက်ဆောင်ပဲ။


အန်ကယ် တူမီး

1/11/25



အခန်းဆက်တွေ ဖတ်ချင်ရင်တော့

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar