Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငပေချိနနဲ့ အမေရိက၊ ဘာရွေးမလဲ စောငနဲတို့

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ငပေချိနနဲ့ အမေရိက၊ ဘာရွေးမလဲ စောငနဲတို့

မိုးမခ ၊ နိုဝင်ဘာ ၁၆ ၊ ၂၀၂၅


မအလကတော့ စံမြင့်ကို အတန်အသင့်တောင် စောက်ဖက်မလုပ်တော့။ သူ ဘားအံလာတာ BGFရော DKBA ရော PC ရော ဇာတ်တောက် ဇတ်တောက်နဲ့ ဖြတ်လျှောက်တောင် မလုပ်ရဆိုပြီး စစ်ထောက်သွားရအောင် ဝစ်သောက်ကားပါ‌ ရောဖမ်းသွားတယ်။ မင်းတို့လို ကျားဖြန့်ရာဇဝတ်ကောင်တွေနဲ့ပေါင်းရင် ငါပါ ရောထောင်းခံရမယ်လို့ အတည်ပေါက်ပြောနေသယောင်။

စံမြင့် ခေါ် စောချစ်သူရေ၊ မပြောင်‌ရဲတော့တဲ့ စောစတီးရေ၊ အပြောဗရမ်းကောင် စောဆန်းအောင် အဲလေ ဖောတုပ်တဲ့ စောငရုပ်ရေ၊ မအလတို့ ခွေးတသိုက်ကတော့ နင်တို့ကို တရုတ်လက်အပ်  သတ်မလား၊ အမေရိကန်ဆီပို့ ဂို့စ်လုပ်ပစ်မလား၊ သူ့ဘာသာ သတ်စားမလား၊ ဒီသုံးခုထဲက တခုခုဘဲ။ သူ့လမ်းသူရှာထားပြီးပြီဆိုတာ အားလုံးသိနေကြပါပြီ။

နင်တို့ ဘာလုပ်မလဲ။ သူ ဖွင့်မချခင် ကိုယ်ဖွင့်ချမလား။  ထိုင်း၊ အမေရိကန်နဲ့ပေါင်း ကရင်ပြည်ထဲရှိသမျှ ကျားဖြန့်ကောင်တွေ အကုန်ဖမ်း၊ တရုတ် အပါအဝင် သက်ဆိုင်ရာနိုင်ငံတွေ ချိတ်ဆက်ပြန်ပို့၊ သိသမျှ အကုန်ဖွင့်ချ၊ ကျားဖြန့်ရုံတွေ အကုန်ပိတ်သိမ်း၊ တော်လှန်ရေးထဲ ပြန်ကရင် ဒုံးယိမ်းဝင်က၊ နန်းနှင်းနန္ဒာချစ်သူ ထောင်ထားတဲ့ သင်းပျံ့ပွင့်လန်း နယ်စပ်ပန်း ဒုံးအဖွဲ့နာမည်လေးအတိုင်း လုပ်မလားပေါ့။

မအလကတော့ ကျားဖြန့်မူပိုင် တရုတ်ဆီ ပို့နိုင်ရင်လဲ တရုတ်အတွက် သက်သေရော့မယ်။ ကျားဖြန့်နဲ့ ခါးပတ်တစင်းစီမံကိန်း ရောသမထားတဲ့ သက်သေတွေ ပျောက်နိုင်တယ်လေ။ သူ့အတွက်လည်း အိုကေတယ်၊ ပေပေကြီးကို ချစ်တယ် အာဘွားပေါ့။ ထိုင်းနဲ့ အမေရိကန်ဆီ ပို့နိုင်ရင်လဲ အမေရိကန် အာဆီယံ အပါအဝင် လူရာပြန်ဝင်ရာဝင်ကြောင်းတွေ ပေါ်လာမယ်။ သူ့ဘာသာ အကုန်ရှင်းပြီး တနိုင်ငံချင်း ချိတ်ဆက်ပြန်ပို့လိုက်ရင်လဲ တကမ္ဘာလုံးနဲ့ ဆက်ဆံရေး ပွင့်လာနိုင်တယ်။ အကြမ်းဖျင်းကတော့ သားရွှေအိုးထမ်းကိန်းပေါ့လေ။ ပထမ ကျားဖြန့်တိုက်ဖျက်ရေး ၁၀၂၇ ပွဲမှာ ရင်ကွဲဒူးကွဲ ဖင်ပါ ကွဲခဲ့တာ ခုထိတောင် အနာမပျောက်သေးဘူး မဟုတ်လား။ စစ်တိုင်းတတိုင်းလဲ ဒေးဗစ်ကိုပါဖီး ရထားကြီးတစင်းလုံး ဖျောက်ပြသလို ပျောက်သွားတာလေ။ အဲဒီကနေ ကနေ့ထိ တရုတ်ကို တရက်မပြတ် အဖေခေါ်နေရတာသာကြည့်ပေါ့။ အဲဒါကြောင့် ဒီတခါတော့ ကျားဖြန့်နောက်တလှိုင်းကို သူပါဝင်စီးဖို့ကြံပြီပေါ့။ ဒီတခါ ပယ်တွေလို တွယ်ခံရမှာက စောတွေဘဲ။ နောက်ဆုံး စောတို့ အားကိုးရာက ပြည်သူဘဲ။ ပြည်သူကို တိုင်တည်ပြီး တရုတ်တွေနဲ့ စစ်ခွေးတွေ ပေါင်းခင်းတဲ့ခွေးဇာတ်ကို တဖြတ်ချင်း ရှင်းပြ ကရင်တနယ်လုံး သန့်ရှင်းပြပြီး ရိုးရိုးသားသား ဖိုးသခွားအဖြစ် ကိုယ့်ပြည်နယ်က အဖွဲ့အစည်းတွေနဲ့ ပြန်လည်တည်ဆောက်မှသာ သားစဉ်မြေးဆက် လိပ်ပြာလုံလုံ အသက်လုံလုံနေရတော့မှာလေ။ မဟုတ်ရင် မင်းတို့တင်မက မင်းတို့သားသမီးမြေးမြစ်တွေပါ တကမ္ဘာလုံးရဲ့ ရွံစရာ ရာဇဝတ်ကောင်တွေ ဖြစ်ကြရမှာနော်။ 

မအလ ဘားအံလာချိန်က တရုတ်က အရေးပေါ်ခေါ်တဲ့ ခြောက်နိုင်ငံ ကျားဖြန့်တိုက်ဖျက်ရေးဆွေးနွေးပွဲ သူ့လူတွေ ပြေးတက်ချိန်နော်။ ပြီးတော့ ခု ကျားဖြန့်နေရာတွေကို ပူးတွဲထိန်းချုပ်ဖို့သဘောတူခဲ့တယ်လို့ ပြောထားတော့ တရုတ်ပါ ကရင်ထဲ ဝင်လာတော့မယ့်သဘော။ ဝါးတားတားလုပ်နေရင်တော့ တံကျင်လျှိုခံရဖို့သာပြင်၊ မကင်ဘဲ အစိမ်းသုတ် မသုတ်တာ ကံကောင်းလို့ ပြောနေရမယ်။ မင်းတို့ဘာသာ ဘယ်ကရင်မှ မပါဘဲ ကမ္ဘာ့ပြဿနာကြီးကို ဝင်ကစားနိုင်တယ် ထင်ရင်တော့ မကင်ဘဲ အစိမ်းသုပ် သုပ်ခံရမယ်။ ကရင်အမျိုးသားအားလုံးနဲ့ပေါင်းပြီး ကရင့်တမျိုးသားလုံးရဲ့ ဂုဏ်သိက္ခာ ပြဿနာအဖြစ်နဲ့ရှင်းကြမှရတော့မယ်။ ခုက ကရင်နဲ့ ကျားဖြန့်၊ ကျားဖြန့်နဲ့ ကရင် တွဲမြင်နေကြပြီ။ စောတို့က ရှင်းရှင်းလင်းလင်းရှိမှ ရတော့မယ်။ လူလည်ကျတာမျိုး လုပ်နေဖို့တော့ အခြေအနေရော အချိန်ရော မရှိတော့ဘူး။ မိခင် KNU နဲ့ အမြန်ဆုံးပေါင်းပြီး အစီအစဉ်ဆွဲမှရတော့မယ်။ ကရင်ပြည်သူကတဆင့် တခြားပြည်သူတွေလည်း ဝန်းရံလာဖို့ကတော့ လုပ်ထားသမျှအမှား အားလုံးဝန်ခံ၊ သိထားသမျှ မြင်ထားသမျှ ဖွင့်ချ၊ ငွေလိမ်ဖို့ လိမ်ခေါ်ခံထားရသမျှလူတွေကို ကျကျနန ပြန်အပ်ဖို့ပါဘဲ။ စစ်တပ်က ဝင်မစီးခင် အမြန်လုပ်မှရမှာဘဲ။ ဒီကောင်တွေ ပလီတိခြောက်ချက် မက်လုံးပေးတာ ယုံပြီး မြုံနေရင်တော့ ပွဲသိမ်းပြီသာမှတ်ပေတော့။ ဘယ်အခွင့်အရေးမှ နှစ်ခါ မရဘူးလေ။ အဲဒီမှာ လုပ်ထားသမျှတွေ မြင်ရရင် တကမ္ဘာလုံးကတော့ ချေမှုန်းဖို့ တောင်းဆိုကြမှာဘဲ။ မြင်ရအောင်လည်း မအလအုပ်စုက လိုအပ်တဲ့အချိန် ဗီဒီယိုဖိုင်တွေ တဖိုင်ချင်း ချပြမှာပဲ။ အဲဒီကျမှ ခွေးအ လှည်းနင်းထားသလို တအင်အင် လုပ်နေလို့မရတော့ပါ။

လုပ်ရမှာကတော့ ကျားဖြန့် တရုတ်တွေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အချိတ်အဆက်တွေကို သက်သေနဲ့ အမေရိကန်ကို အပ်နိုင်ရင် စောတို့အတွက် အန္တရာယ်လျော့ပါးသက်သာမယ်။ အမေရိကန်နဲ့ပေါင်းတာက သက်သာရာရနိုင်တယ်။ ထွက်ပေါက်တွေ့နိုင်တယ်။ တရုတ်နဲ့ကတော့ မသက်သာဘူး။ သားသမီးထိ လွတ်ဖို့ မသေချာဘူး။ မအလက ဘားအံကို လာတာဟာ သီးခြားအမိန့်တခု လာပေးတာပဲလေ။ အဲဒီမှာ ကရင်ထဲက လက်နက်ကိုင်မှန်သမျှ အကုန်ရှင်းမယ်၊ KK Park အပြတ်ရှင်းမယ်ပြောသွားတယ်။ တခြားအစီအစဉ်တွေ ရှိမယ်။ သူဦးသူ ကိုယ်ဦးကိုယ်ခြေနေပဲ။ အ သူခံ လည်သူစားပဲ။

တရုတ်တွေဟာ မအလနဲ့ ပတ်သက်တဲ့ မြောက်ပိုင်းကျားဖြန့်သက်သေတွေက ကိုးကန့်ကျားဖြန့်တွေဆီက အကုန်ရထားပြီးသား။ ခု ရှိကျင့်ကျန်ဆီက တောင်ပိုင်းကျားဖြန့်သတင်းတွေ အကုန်ရမယ်။ အဲတော့ တရုတ်အတွက် စောတို့က ဘာတန်ဖိုးမှမရှိဘူး။ မရသေးတာက အမေရိကန်၊ အဲလိုဆိုတော့ စောတို့က တန်ကြေးရှိသေးတယ်။ မအလက နှစ်သိမ့်ပေးထားတာယုံပြီးငြိမ်နေရင်တော့ နာမယ်။ အဲကောင် ဝင်မတွယ်ခင် ပြင်စရာပြင်ရမယ်။ ပြေးစရာတော့ မရှိတော့ဘူး။ ရွေးစရာပဲကျန်တာ။ ရွေးကောက်တာမှန်ဖို့လိုတယ်။ စောတို့အတွက် ရွေးကောက်ပွဲသက်သက်ဘဲ။ ငပေချိနကိုရွေးမလား၊ အမေရိကကိုရွေးမလား။ မအလရဲ့ရွေးကောက်ပွဲကိုထောက်ခံတယ်တွေ ဘာတွေနဲ့ သွားပြီး ဖင်ယားမနေနဲ့။ ဟိုကောင်က သံဘရပ်နဲ့ကို မဟုတ်ဘူး၊ ပုလင်းကွဲနဲ့ ဖြဲသွားမှာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar