Breaking News

အမေရိကန်တွေအစိုးရိမ်ဆုံးက ငွေကြေးဖောင်းပွမှု



အမေရိကန်တွေအစိုးရိမ်ဆုံးက ငွေကြေးဖောင်းပွမှု

ရေးသားသူ - Anna Fleck   ဘာသာပြန် - အမေရိကန်သာဂိ

(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၂၅


Statista ရဲ့ Consumer Insights စစ်တမ်းအရ အမေရိကန်နိုင်ငံသားများက လက်ရှိအချိန်မှာ နိုင်ငံအတွက် အရေးကြီးဆုံးပြဿနာဟာ ဘာဖြစ်တယ်လို့ ယူဆထားသလဲ၊ အချိန်ကြာလာတာနဲ့အမျှ ဘယ်လိုပြောင်းလဲလာသလဲ ဆိုတာကို စောင့်ကြည့်လေ့လာနေပါတယ်။ အောက်ပါဇယားမှာတော့ နောက်ဆုံးစစ်တမ်း - (၂၀၂၄/၂၅) နဲ့ ကိုဗစ်ကပ်ဘေးစတင်ချိန်က စစ်တမ်းမှာ အရေးပါတဲ့ပြဿနာ ၂၀ ခုထဲက ထိပ်တန်း ခုကိုပဲ နှိုင်းယှဉ်ပြထားပါတယ်။  


ကိုဗစ်ကပ်ဘေးစဖြစ်ချိန်က ကျန်းမာရေးနဲ့ လူမှုဖူလုံရေး က ပထမနေရာမှာ ရှိခဲ့ပေမယ့် (ဖြစ်နိုင်တာက ကိုဗစ်ကြောင့်ပဲ ဖြစ်မှာပါ) ၂၀၂၄/၂၅ မှာတော့ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှုနဲ့ လူနေမှုစရိတ်ကြီးမြင့်လာမှု က အရင်က တတိယနေရာကနေ ပထမနေရာကို တက်လှမ်းလာခဲ့ပြီး အဖြေပေးသူရာခိုင်နှုန်း ၁၂ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။  


ထင်ရှားတဲ့ အပြောင်းအလဲတွေထဲမှာ -  

- လူဝင်မှုအရေး (immigration) ကို ရွေးချယ်သူ ရာခိုင်နှုန်း လျော့ကျသွားခြင်း  

- ရာဇဝတ်မှု (crime) ကို ရွေးချယ်သူ အနည်းငယ် တိုးလာခြင်း တို့ ပါဝင်ပါတယ်။  


နောက်ဆုံး ထိပ်တန်း ခုထဲမှာ ခုဟာ လူမှုရေးဆိုင်ရာ ပြဿနာတွေဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ - ရာသီဥတုပြောင်းလဲမှု (climate change) ကတော့ ထိပ်တန်းစာရင်းကနေ ကျဆင်းသွားခဲ့ပြီး ၁၁ နေရာမှာ (၂၆%) ရောက်ရှိနေပါတယ်။ အဲဒီနေရာမှာ ပညာရေး (၃၂%) နဲ့ စားနပ်ရိက္ခာ-သောက်ရေဖူလုံရေး (၂၈%) တို့က ရှေ့က ရပ်တည်နေပါတယ်။  


ဒီဇယားက ပြသနေသလိုပဲ၊ ဆင်းရဲမွဲတေမှုနဲ့ အိုးမဲ့အိမ်မဲ့ပြဿနာ တွေဟာ အမေရိကန်များအတွက် အရင်ကထက် ပိုမိုအရေးတကြီး စိုးရိမ်စရာဖြစ်လာနေပါတယ်။ 


- ဆင်းရဲမွဲတေမှု (poverty) ဟာ ၂၀၁၉/၂၀ မှာ ပညာရေးနဲ့ တန်းတူ နေရာမှာ (၃၂%) ရှိခဲ့ရာကနေ နောက်ဆုံးစစ်တမ်းမှာ ၃၅% အထိ တက်လာခဲ့ပါတယ်။  

- အိမ်ရာပြဿနာ (housing) ဟာ အရင်က ၁၁ နေရာမှာ (၂၂%) ရှိခဲ့ရာကနေ အခုတော့ နေရာမြောက်ကို ရောက်ရှိလာပြီး ရွေးချယ်သူ ၃၉% အထိ ရှိလာခဲ့ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar