နှင်းခါးမိုး - နေပြည်တော်မီးလောင်တဲ့နေ့
Art - Than Htay Maung
နေပြည်တော်မီးလောင်တဲ့နေ့
နှင်းခါးမိုး
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၂၅
အာဏာသိမ်းမယ်
ရွေးကောက်ပွဲလုပ်မယ်
မနိုင်ရင် အာဏာထပ်သိမ်းမယ်
မင်းတို့လုပ်တတ်တာဒါပဲ
အနှစ်လေးငါးဆယ်ကြာလည်း မင်းတို့လုပ်တတ်တာဒါပဲ။
ယူနီဖောင်းဝတ်လိုက် တိုက်ပုံဝတ်လိုက်
သေနတ်ကြီးကိုင်ပြီး ပါတီထောင်လိုက် ဘုရားတည်လိုက်
လိုချင်တာတွေတန်းစီရေးပြီး အခြေခံဥပဒေလို့ခေါ်လိုက်
တရားဥပဒေဆိုတာ အမိန့်အရပဲ
နိုင်ငံတော်ဆိုတာ တပ်ပိုင်မြေပဲ
ရာစုနှစ်တွေသာပြောင်းသွားတယ် မင်းတို့လုပ်တတ်တာဒါပဲ။
ပြောင်းလဲတာဆိုလို့ ပိုပြီးလူစိတ်ကင်းမဲ့လာတာပဲ
တိုးတက်တာဆိုလို့ ဒီထက်ပိုကောက်ကျစ်ယုတ်မာလာတတ်တာပဲ
ရှုံးရင်လည်း မင်းတို့လုပ်တတ်တာဒါပဲ
နိုင်ရင်လည်း မင်းတို့လုပ်တတ်တာဒါပဲ။
မင်းတို့ထောင်တဲ့မဲပုံးထဲမှာ
ပြည်သူတွေက ဘာတွေထည့်လိုက်မယ်ထင်လဲ
မဲပုံးထဲကဖောက်ထွက်ရင် မင်းတို့တတွေ လွတ်မြောက်မယ်လို့ထင်လား
မဲပုံးထဲမှာထောင်ဖမ်းရင် ပြည်သူတွေလည်စင်းသွားမယ်ထင်လား
သူတို့လိုချင်တာရဖို့ လက်သန်းကိုမင်စွန်းခဲ့တဲ့ပြည်သူတွေဟာ
သူတို့ဆုံးရှုံးတာတွေပြန်ရဖို့ ဘဝကိုသွေးစွန်းခဲ့ကြပြီးပြီ
လူတွေကိုမဲရုံထဲမောင်းသွင်းလိုက်ရုံနဲ့
အရသာရှိတဲ့စည်သွပ်ဗူးတွေထွက်လာတဲ့ခေတ်ကကုန်သွားပြီ
ရွေးကောက်ပွဲကြီး အောင်မြင်စွာပြီးဆုံးသွားတဲ့အခါ
လွှတ်တော်ခန်းမထဲ လိင်တံကြီးထမ်းဝင်လာပြီး မားသားဖပ်ကာသဘာပတိကြီးကို ဘောပြိုင်တူစုတ်လိုက်ကြပေတော့
မင်းတို့လုပ်တတ်တာကဒါပဲ။
နှင်းခါးမိုး
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
