Breaking News

မောင်လွမ်းဏီ - မန်းရှာရေ


မန်းရှာရေ
မောင်လွမ်းဏီ
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆

မန်းရှာရေ
မြစ်ဝကျွန်းပေါ်က
တို့ဘဝတွေ ယူခဲ့ …

မန်းရှာရေ
ပဲခူးရိုးမက
အချစ်ညတွေ ယူခဲ့ …

မန်းရှာရေ
ဒေါနတောင်တန်းက
တောပန်းတွေယူခဲ့ …

မန်းရှာရေ
နင့်သေနတ်ကို
နင်သယ်လာခဲ့ …

မန်းရှာရေ
သွေးစွန်းနေတဲ့
သင်တိုင်းတွေဝတ်ခဲ့ …

မန်းရှာရေ
အမျိုးသားရေး
လွတ်မြောက်ရေးတွေကျောပိုးခဲ့ …

မန်းရှာရေ
နင့်ရဲဘော် နင့်သားသမီး
စူးနစ်ယုံကြည်ထားရစ်ခဲ့ …

အဆိပ်လူးထား
ကျည်ဖူးတစုံ ရင်အုံနဲ့လဲ
မကြေကွဲနဲ့ နမ့်ကျင်ရွှေ
နင်မှာတာတွေ
ကမ္ဘာမြေပေါ် ကျန်ခဲ့ပြီ …။ ။

(၁၅-၂-၂၀၀၈)
(ဆရာမန်းရှာနှင့် အမနမ့်ကျင်ရွှေသို့ …)

( ၁၈ နှစ်ဆိုတာလည်း ဘဝ)
-
t.me@moemaka
#MoeMaKaMedia 
#WhatsHappeningInMyanmar