Breaking News

ခန့်ဝါငြိမ်း - နေပူတော်

Art- KT# 
နေပူတော်
ခန့်ဝါငြိမ်း
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၂၆


လူတွေဟာ
ဘီလူးကြီးရဲ့
အမွှေးတွေကြားကသန်းတွေ။

လူတွေဟာ
ဘီလူးကြီးရဲ့သွားနဲ့တူတဲ့
ကွန်ကရစ်လမ်းတွေကြားမှာ
အသားစလိုညှပ်လို့။

မနက်မှာ
ရုံးသွားပွဲကြီးတစ်ကြိမ်ကျင်းပပြီး
ညနေရောက်ရင်
ရုံးပြန်ပွဲကြီးတစ်ကြိမ်ကျင်းပကြ။

မီးမပြတ်ဘူး
ဘဝတွေလည်းမလင်းဘူး။

စနေ၊တနင်္ဂနွေတွေမှာ
အဝတ်လျှော်သံတွေညံနေတတ်ရဲ့။

စျေးတွေ၊ပန်းခြံတွေဟာ
ရုံးတက်ချိန်မှာအိပ်ပျော်နေ။

လစာဆိုတာ
ဒီနေ့ထုတ်ပြီးမနက်ဖြန်ကုန်သွားတဲ့
ပရုတ်လုံးသေးသေးလေး။

ဘီလူးကြီးရဲ့
အမွှေးတွေကြားမှာနေတဲ့
သန်းတွေဟာ
ပြည်သူဆီကသွေးကိုစုပ်ပြီး
ဘီလူးကြီးဟာ
သန်းတွေဆီကသွေးကိုပြန်စုပ်တယ်။    ။

      -