Breaking News

ဖလော်ဒါဟန် - ၂၀၂၆ ငါ့ကတိ


ဖလော်ဒါဟန် - ၂၀၂၆ ငါ့ကတိ

မိုးမခ ၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၂၆


အသက်ရှူသံတွေနဲ့အတူ

ကလေးတွေကို ငေးမောမိတယ်

စာအုပ်တအုပ် ၁၆၀၀ ကျပ်

ခဲတံတချောင်း ၅၀၀

ခဲဖျက်တတုံး ၆၀၀

ပေတံတချောင်း ၁၀၀၀


ပေတံတချောင်း

ဘယ်လောက်လဲ

ကျောင်းပြန်ကလေးတယောက်ရဲ့ ‌အမေး

ဖြေသံသဲ့သဲ့

ကြားပါလေစွ

‌မနက် ကျောင်းသွားချိန်

ပေတံတချောင်းလာယူလှည့်ပါ သားရယ်


အိပ်မရဘူး

ညတာကရှည်

သက်ပြင်းရှိူက်ရင်း

ကျောင်းလွယ်အိတ်လေးကို အိပ်မက်ထိခေါ်

နွေဦးအရောက်

ဆောင်းလည်းမကင်း

ရှေ့ခရီးမှာ

သူတို့လေးတွေအတွက် ငါ ကြိုးစားရင်း


၅ နှစ်သက်တမ်း

ကလေးတွေဘဝ

ပိုပြီးယိုယွင်း

ငါ မြင်သော်လည်း

ငါ တိတ်ဆိတ်ခဲ့သည်။


ဒီနှစ်ရာသီ

ပန်းတခင်းတော့

သူတို့လမ်းမှာ

ပညာကိုယ်စီ ဖူးပွင့်နိုင်ဖို့

ငါ ကြိုးစားမည်

၂၀၂၆ ခရီးငါ့ပန်းလေးတွေ

လန်းဆန်းစေကြောင်း ဆုမွန်တောင်းသည်။


ဖလော်ဒါဟန်

၁.၂.၂၀၂၆

19:33pm



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar