မောင်လူမွှေး - ပြည်သူတွေရဲ့ အသက်ရှုသံ
မောင်လူမွှေး - ပြည်သူတွေရဲ့ အသက်ရှုသံ
(မိုးမခ) မတ် ၁၇၊ ၂၀၂၆
" ငါ့ညီ … ငါတို့မလဲ ကျည်ဖိုးထည့်ရတာကလည်းလောတော့ လောပြီ။ ငါတို့တင်လားဆိုတော့ တိုက်နေတဲ့ ရဲဘော်တွေလည်း လောတာပဲ။ အားလုံးလောနေကြတာပဲ" လို့ မောင်လူမွှေး အစ်ကိုဝမ်းကွဲက တော်လှန်ရေးကာလမှာ ပင်ပန်းမှုတွေကို ရင်ဖွင့်ပါတယ်။ ပညာမတတ်ရှာတဲ့ မောင်လူမွှေးအစ်ကိုဟာ .ပင်ပန်းနေကြပြီဆိုတာပဲ ပြောပြနိုင်ပြီး ကျန်တာတွေမပြောပြတတ်ရှာပါဘူး။" ဒါတော်လှန်ရေးပဲလို့ " မောင်လူမွှေးက ပြောတော့ " အေး..ဟုတ်တယ်နော" လို့ သူက ပြုံးပြီးပြန်ပြောပါတယ်။
ရဲဘော်တွေဆီကို ထမင်းထုပ်ကိုယ်တိုင်သွားပို့ခဲ့ရတဲ့ မောင်လူမွှေး ဝမ်းကွဲညီတော်မောင်ကလည်း " ရှေ့တန်းအထိ ထမင်းသွားပို့ရတာ အန္တရာယ်တော့ များတယ်။ ကိုယ်က အန္တရာယ်များတဲ့နေရာ ထမင်းပို့တဲ့ရက်၊ ထမင်းပို့တဲ့အချိန်ပဲရောက်တာ။ ရဲဘော်တွေဆို အမြဲနေကြရတာ" လို့ ဆိုတယ်။ သူတို့နှစ်ယောက်လုံးရဲ့ စကားသံတွေမှာ စစ်အာဏာရှင် လက်ကိုင်တုတ် စစ်တပ်ကို အသက်စွန့် တိုက်ခိုက်နေကြတဲ့ ရဲဘော်တွေကို ကိုယ်ချင်းစာတဲ့ အသံတွေပါနေတာ သတိထားမိပါတယ်။
ကျေးရွာတစ်ရွာမှာ တော်လှန်ရေးရန်ပုံငွေအတွက် အစည်းအဝေးလုပ်တယ်။ အစည်းအဝေးမှာ အမျိုးသမီးတစ်ဦးက တော်လှန်ရေးရန်ပုံငွေ ခွဲတန်းစနစ်နဲ့ ပတ်သက်ပြီး ဝေဖန်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးက အိမ်ထောင်စုတွေကို တော်လှန်ရေးရန်ပုံငွေအတွက် ခွဲတန်းခွဲရာမှာ မမျှတဘူးလို့ ခံစားရလို့ ဝေဖန်တာပါ။ ဘယ်လိုတွေကြောင့် ဒီလို မမျှတတဲ့ ခွဲတန်းကို ခွဲရတာလဲ၊ မျှမျှတတ ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုတယ်။
အမျိုးသမီးရဲ့ စကားအဆုံးမှာ ကျေးရွာ တာဝန်ရှိသူတစ်ယောက်က ထပြီးပြောတယ်။ ရဲဘော်တွေတောင် အသက်ကို စွန့်ပြီးတိုက်နေတာ၊ ကိုယ်တွေက ဒီလောက်တော့ ထည့်ရမှာဖြစ်တယ်လို့ ဒေါနဲ့မောနဲ့ ပြန်ဖြေရှင်းတယ်။ သူ့စကားအဆုံးမှာ အမျိုးသမီးတစ်ယောက်မက အသံတွေထွက်လာကြတယ်။ " ထည့်ရမယ်ဆိုတာ သိတယ်။ နားလည်တယ်။ ထည့်လည်းထည့်မှာ။ မမျှတတာကို ပြင်ဆင်ပေးဖို့ပြောနေတာ" ဆိုတဲ့သဘော ဝိုင်းပြောကြလို့ ဆူညံသွားတယ်။
တကယ်တော့ ပြည်သူတွေဟာ တော်လှန်ရေးအတွက် တတ်နိုင်သမျှ ရုန်းကန်ပေးရမယ်ဆိုတာ နားလည်ကြပါတယ်။ ဒီနွေဦးတော်လှန်ရေးဆိုတာလည်း စစ်တပ်က အာဏာသိမ်းတာကို သူတို့ကိုယ်တိုင် လက်မခံတာကြောင့် ဖြစ်ပေါ်လာရတာပါ။ ပြည်သူဟာ တော်လှန်ရေးအတွက် သူတို့ ရင်သွေး လူငယ်တွေကို ပေးခဲ့တယ်။ သူတို့ချွေးနှဲစာတွေကို ပေးခဲ့၊ ပေးနေဆဲလည်းဖြစ်တယ်။ ဒီလို စွန့်လွတ်ထားတဲ့ ပြည်သူတွေကို "ရဲဘော်တွေကို ကိုယ်ချင်းစာဖို့ဆိုတဲ့" တော်လှန်ရေးတရားဟောစရာလိုသလား ဆိုတာက စဥ်းစားရမှာဖြစ်တယ်။ ပြည်သူဟာ တော်လှန်ရေးနဲ့ ပတ်သက်ပြီး မရှင်းပြတတ်ပေမယ့် ခံစားသိ သိကြတယ်။
" မနှစ်က စပါးတစ်ရာ့ငါးဆယ်ရတာ။ ရဲဘော်တွေအမြဲဝင်ထွက်စားနေတော့ ဆန်ကိုနောက်ထပ် တစ်ဆယ်လောက်ဝယ်ခဲ့ရတယ်။ ဒီနှစ်တော့ စပါးကတရာ့နှစ်ဆယ်။ ဆန်တစ်ဆယ်လောက်တောင် ပိုသေးတယ်ကွာ။ ရဲဘော်တွေမလာကြတော့ ရင်ထဲ အူတွေမရှိတော့သလို ဟာတာတာကြီး။ ငါ့မိန်းမက ပိုဆိုးတယ်၊ သူ့ခမျာခံစားရရှာတယ်" လို့ တော်လှန်ရေးရဲဘော်တွေ သွားလာရင်း အမြဲဝင်ထွက် ထမင်းစားလေ့ရှိတဲ့ တောတိုက်ထဲက တဲပိုင်ရှင် အမျိုးသားတစ်ဦးက မောင်လူမွှေးကို ရင်ဖွင့်တယ်။
သူ့တဲကို လမ်းကြုံဝင်ထွက်စားသောက်ခဲ့တဲ့ထဲမှာ မောင်လူမွှေးလည်း ရံဖန်ရံခါ ပါတတ်ပါတယ်။ သူ့တဲကိုအမြဲဝင်ထွက်ခဲ့တဲ့ ရဲဘော်တွေဟာ တော်လှန်ရေးမှာ လက်တွေ့ တိုက်ပွဲဝင်နေသူတွေဖြစ်တာ၊ အဂတိကင်းကြတာကို သူတို့တွေသိကြတော့ ရဲဘော်တွေကို ကျွေးမွေးရတာကို ဂုဏ်ယူကြသလို တပ်အပြောင်းအရွေ့ကြောင့် သူ့တဲကို ရဲဘော်တွေမလာနိုင်ကြတဲ့အခါမှာ သူတို့လင်မယားနှစ်ယောက်လုံး ခံစားကြရရှာတာပါ။
တော်လှန်နယ်မြေက တောင်သူလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ပြည်သူတွေ၊ လက်လုပ်လက်စားလုပ်ကိုင်နေကြရတဲ့ ပြည်သူတွေ၊ စစ်ဘေးရှောင်ရင်း ဘဝကို ခက်ခက်ခဲခဲ ရှင်သန်နေကြရတဲ့ ပြည်သူတွေ အားလုံးရဲ့ အသက်ရှုသံမှာ တော်လှန်ရေးဆိုတဲ့ အသံထွက်ပါတယ်။ ဒီအသံကို မောင်လူမွှေးဟာ သွားလာနေရင်း ကြားနေရပါတယ်။
ပြည်သူတွေရဲ့ အသက်ရှုသံကို ကြားနိုင်ဖို့ အပေါ်ယံပျော်ပါးနေတဲ့ လူတစ်စုကို ကျော်ပြီး နားထောင်ဖို့ လိုပါလိမ့်မယ်။ စနစ်မကျတဲ့ စီမံခန့်ခွဲမှုတွေ၊ တော်လှန်ရေးရန်ပုံငွေရှာဖွေတာကို အရောင်းမြှင့်တင်ရေးနည်းလမ်းလို ပြောဆိုလုပ်ကိုင်တာတွေကို တတ်နိုင်မျှ ပြုပြင်ပြီး ပြည်သူ့အသက်ရှုသံကို နားထောင်ကြဖို့ လိုပါတယ်။ ပြည်သူတွေဟာ မောဟိုက်ပြီး အသက်ပြင်းပြင်းရှုနေရတာတောင် တော်လှန်ရေး ဆိုတဲ့ အသံဟာ သူတို့ ဝင်သက်ထွက်သက်တိုင်းမှာ ကျယ်လောင်နေဆဲပါ။ ပြည်သူရဲ့ အသက်ရှုသံမှာ တော်လှန်ရေး အသံမထွက်တော့အောင် ပြည်သူကို စိတ်ပျက်စေခဲ့ရင်၊ ပြည်သူ့အသက်ရှုသံမှာ တော်လှန်အသံတိတ်သွားခဲ့ရင် ...အကျိုးဆက်ဟာ တွေးရဲစရာမရှိဘူးဆိုတာကို သဘောပေါက်ကြဖို့ လိုပါတယ်ခင်မျာ....။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar