Breaking News

ဖလော်ဒါဟန် - နွေဦးပုံရိပ်မှ မမိုးရင်ရဲ့ အလှ

ဖလော်ဒါဟန် - နွေဦးပုံရိပ်မှ မမိုးရင်ရဲ့ အလှ

မိုးမခ ၊ မတ် ၂၃ ၊ ၂၀၂၆


မမိုးရင် ကလေးတွေ စာသင်ဖို့ အလုပ်ရှုပ်နေသည်။ စားပွဲမဟုတ်တဲ့ သစ်မြစ်တုံးပေါ်မှာ အနှစ်နှစ်အလလက အင်္ဂလိပ်စာအုပ်လေးတွေ အထပ်လိုက်လေးက ၁၀ အုပ်လောက် ရှိမယ်ထင်ရဲ့။

ကျွန်မလည်း မိုးရင် ဘာတွေလုပ်နေလဲပေါ့။ မနက်ဖြန် ကလေးတွေ စာသင်မလို့ စာနည်းနည်း ဖတ်နေတာပါတဲ့။

မိုးရင်မှာက ၅ နှစ်တာခရီးကို အိုးတစ်လုံး၊ ဖျာတစ်ချပ်နဲ့ နေနေရတဲ့ဘဝက အဘယ်မှာ စာအုပ်ဆိုတာ ရှိပါ့မလဲလေ။

မိုးရင်က စကားဆက်လိုက်သေးတယ်၊ "ကျွန်မ ဒီမနက် မိုးမခမဂ္ဂဇင်း ဖတ်လိုက်ရတယ်။ မိုးရင့်မိတ်ဆွေရဲ့ စာမူလေး ပါလာတယ်။ ကျွန်မဖြင့် ဝမ်းသာလိုက်တာဆို မပြောပါနဲ့တော့။ မိုးရင်ကို စာမူလေး ဖတ်နိုင်အောင် ပို့ပေးတဲ့ အသိမိတ်ဆွေကိုလည်း ကျေးဇူးတင်ရပါတယ်။"

မိုးရင်တို့ ဘဝတွေက အခုလို မြေပြင်မှာရှိနေတဲ့ ပြည်သူတွေရဲ့ ဘဝအမှန်ကို မီးမောင်းထိုးပြဖို့ဆိုတာ မလွယ်ကူဘူးလေ။

လူတိုင်း အဆင်မပြေကြတဲ့ ခေတ်စနစ်ကြီးမှာ အချို့က မိုးရင်တို့ကိုဆို ပိုအထင်အမြင်သေးချင်ကြသေးတယ်။ အခု မိုးရင်နေတဲ့ရွာက ပညာရေးနဲ့ပတ်သက်ပြီး အားမထားကြဘူး။

အခုက တခြားရွာက မိသားစုတွေက မိုးရင်ကို အသိအမှတ်ပြုပြီး ကလေးတွေကို စာပေသင်ကြားခြင်းထက် အသိပညာ၊ စာပေ၊ ဗဟုသုတ၊ အလိမ္မာ တိုးချင်ကြတဲ့စိတ်က ပိုကြတယ်။ သွားရမယ့်ရွာနဲ့တော့ အတော်လေး လှမ်းတယ်။

ဒါပေမဲ့ မိုးရင် ပျော်ပါတယ်။ မိုးရင်ရဲ့ စာပေဗဟုသုတတွေကို သူတို့လေးတွေကို မျှဝေခွင့်ရတော့မယ်ဆိုသည့် စကားလေးကိုလည်း အပြုံးမပျက် ပြောနေလေရဲ့။

သူမရဲ့စာအုပ်တွေကို နွမ်းနေတဲ့ ကျောပိုးအိတ်လေးထဲကို ထည့်ရင်း "မိုးရင် အဆင်ပြေရင် မိုးမခမဂ္ဂဇင်းက စာမူလေးတွေ ပေးဖတ်ဦးမယ်။"

ကျွန်မလည်း မနက်ဖြန်ဆိုတဲ့ နေ့ရက်လေးမှာ မိုးရင်တစ်ယောက် စက်ဘီးလေးစီးပြီး မမောနိုင်မပန်းနိုင် နွေအပူမှာ သူမ ဘယ်အချိန်ထိ ခရီးဆက်နေဦးမလဲဆိုတာ တွေးရင်း၊ ကျွန်မသည် မရေရာလှတဲ့ နွေဦးပုံရိပ်တွေကို ငေးမောနေမိပါတယ်။


၂၂.၃.၂၀၂၆

19;58pm



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar