ဆန်ဖရန်ဘေးဧရိယာက နွေဦးလဘက်ရည်ဝိုင်း လစဉ်ဟင်းချက်လှူ ရန်ပုံငွေပွဲ ရပ်နားပြီ

ဆန်ဖရန်ဘေးဧရိယာက နွေဦးလဘက်ရည်ဝိုင်း လစဉ်ဟင်းချက်လှူ ရန်ပုံငွေပွဲ ရပ်နားပြီ
(မိုးမခ) မတ် ၂၅၊ ၂၀၂၆
နွေဦးတော်လှန်ရေးမှာ လစဉ်မပျက် အကြိမ် ၅၀ အထိ ကိုယ်ထူကိုယ်ထ အရင်းကော အမြတ်ကောပါ ဟင်းလျာများ ချက်ပြုတ်လှူဒါန်း လုပ်အားပေးကြတဲ့ နွေဦးလဘက်ရည်ဝိုင်းမိသားစု၏ ရန်ပုံငွေပွဲ လှုပ်ရှားမှု ရပ်နားလိုက်ပြီ လို့ သိရပါတယ်။ မတ်လကနေစတင်ပြီး ရပ်နားလိုက်တာလို့ ဆိုပါတယ်။
နွေဦးလဘက်ရည် မိသားစုဝိုင်းကရရှိတဲ့ အလှူရန်ပုံငွေများကို ပြည်တွင်းရှိ မြေပြင်က ဒေသခံ PDF များ၊ NUG MoD ၏ တပ်ရင်း တပ်ဖွဲ့ PDF များ၊ တိုင်းရင်းသားအဖွဲ့အစည်းများစတဲ့ အဖွဲ့အစည်း ၂၅ ခုကနေ ၃၀ အထိကို လစဉ်မပျက် ထောက်ပို့ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
အလှူရှင်များ ၊လုပ်အားပေးများ၊ အားပေးဝယ်ယူကြသူများနဲ့ မြေပြင်မှာ အသက်တွေရင်းပြီး ပေးဆပ်နေကြတဲ့ ရဲဘော်များအားလုံးကို များစွာ ကျေးဇူးတင်ကြောင်း၊ ဂုဏ်ယူကြောင်း မှတ်တမ်းပြုအပ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar