ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဝီ အာ ဿဒေါင်းဈား
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဝီ အာ ဿဒေါင်းဈား
မိုးမခ ၊ မတ် ၃၁ ၊ ၂၀၂၆
ဒေါက်လုတဲ့ စောက်ပုဟာ အလိုင်းမင်းချိန်ပြီး ပြန်လာဦးတော့ ထော့ကွထော့ကွနဲ့ အပေါက်ဝက လှည့်ပြန်ရကိန်း။ နောက်က ပလ္လင်လုမဲ့ကောင်ရော ဖျင်ဘုမဲ့ကောင်ရော တန်းစီနေပြီ။ လင်လုမဲ့ဟာတွေနဲ့အပြိုင် ရင်ထုဖို့သာ ပြင်တော့ ခေါသနီ။
ကြည်းချုပ်အသစ်က လိင်တူသားမှ ကြိုက်တာ။ ဒီကောင့်ကို နင့်လင်က ရာထူးပေးထားကတည်းက ဘာအထာလဲဆို အချော်ရထာလေ။ နင်စိတ်ကူးယဉ်နေတဲ့ အနော်ရထာတော့ မဟုတ်။ နင့်ကောင် အလိုင်းမင့်ပြန်ချိန်ရတာပဲ ကြည့်ပေါ့။ ဘယ်ကောင်က အက်တစ်၊ ဘယ်ကောင်က ပက်ဆစ်မှန်းလည်း မကွဲ၊ နှစ်ယောက်လုံး ဂျယ်အရွှဲသားနဲ့။ အစဉ်အလာ ဒေါ်စိန်အေးရာထူးကို အောက်တန်းစားပေးကတည်းက သဘောပေါက်။ နင်ကလည်း သားတွေတစ်ထွေးကြီးနဲ့ဆိုတော့ တမင်တကာ သဘောမပေါက်ချင်ယောင် ဆောင်နေတာမဟုတ်လား။ နင်တို့သားအမိကလည်း ကိုယ့်အဆင်နဲ့ကိုယ်။ ဟိုသားအဖကလည်း ကိုယ့်လင်နဲ့ကိုယ်။ နင်တို့တစ်အိမ်လုံး တောက်မည့် အဲ... အဲ... ချောက်မည့် မီးခဲ တဟဲဟဲတွေချည်း။ နင့်သားတွေနဲ့ နင့်သမီးရဲ့အဆင်တွေကလည်း တချို့ တူး အင် ဝမ်း၊ နင့်လင် နင့်သားနဲ့ပါတွက်ရင် တချို့ သရီး အင် ဝမ်း။ တစ်တိုင်းပြည်လုံး ပြာနှမ်းနေတာလည်း မပြောနဲ့။ အပြာသန်းတဲ့ ဖာတန်းက မိသားစုတွေ တိုင်းပြည်တက်လုပ်ကြတာကိုး။
ဟော... ခုပဲကြည့်၊ မအလ ဖြတ်၊ ဖောက်၊ ချုပ် လုပ်တဲ့သတင်းကို ဇော်မဲလုံးက ချပြလိုက်လို့ ဇမလကို ရှင်းလိုက်ပြီ။ ဖရိန်စောင်းတာကို ဝရိန်ကောင်းတာ ရှာမပေးဘဲ နွားပိန်ချောင်းဟန့်ပြီးဖွတော့ ဂိန်ကောရောပေါ့။ ခုတော့ ဇမလလည်း ကလူကျီစယ်၊ မအလလည်း အပူမလည်။
ဒီကြားထဲ ၈၁ နှစ်မြောက် တပ်မတော်နေ့က ၂၇ ရက်နေ့ဆိုတော့ စိုးဝင်းက ကိုးနဝင်းကွဆိုပြီး ထ၊ လက်မောင်းခတ်လို့ တစ်ဇတ်ဇတ် တုန်နေရတဲ့ကြားထဲ၊ မဲလုံးက အပွင့်ကွဆိုပြီး ဖွင့်ချတော့ တင်းပြီ၊ ဗျင်းပြီပေါ့။ စိုးဝင်းဆိုတဲ့ကောင်က ကိုးကွင်းဆိုတာနဲ့ မဆီမဆိုင် ကိုးနဝင်းကို ရောသိမ်းတာ။ ၈ နဲ့ ၁ ပေါင်း ၉၊ ၂ နဲ့ ၇ ပေါင်း ၉ ဆိုတော့ ဒီတစ်ချီ ကိုးကွင်း စိုးဝင်းတို့အလှည့်ဆိုပြီး ချဲ့တာ။ အဲဒီတော့ မအလက ဇမလကို ဝထကလသ သင်လိုက်ရော။ ဇမလခမျာ မျောက်သစ်ကိုင်းလွတ်၊ ဖွတ်မချမ်းသာဖြစ်။ ဒီအချိန်မှာ ကိုးနဝင်း ကိုးကွင်းက ဗိုလ်သိန်းစိန်ကိုလည်း သွားကပ်၊ ဇာတ်ထုတ်သစ်ကချင်လို့ ခါးတောင်းကျိုက် တစ်ပြင်ပြင် ထပ်လုပ်။ အဲဒီတော့ မအလ အဆီဘူးခါပလေ။ သိန်းစိန်က အမေဒီးကနဲ့ ပါတနာကျ။ တရုတ်ဖင်ပေါက် သံချောင်းထောက်သူ။ မြစ်ဆုံကို အရစ်ကုန်အောင် ကျပ်ခဲ့သူ။ အဲဒီလိုအချိန်မှာ မဲလုံးက ခွဲစိတ်သတင်းတင်ပြီး ကိုးကွင်းအုပ်စုကို လေလံပစ်တာ။ ခုတော့ မအလခမျာ တပ်မတော်နေ့အခမ်းအနားကို ရေကြီးသုတ်ပျာလာပြီး "ဝီ အာ ဿဒေါင်းဈား" တွေ ဘာတွေ ဖုတ်ရပြီ။ ဒါပေမဲ့ ကိုးနဝင်းပိုင်ရှင်ပီပီ စိုးဝင်းကလည်း ခြေလှမ်းကျဲတယ်။ စန္ဒာဝင်းဆီသွား၊ အေးနေဝင်းဒူးကြားဝင်လုံး၊ နေဝင်းအုပ်စုထိ စည်းရုံးရေးဆင်းလို့ ကာချုပ်ယာယီမှာ ဖာလုပ်ပြီး အသာတကြည်နေမယ်မဟုတ်ဘူးလို့ ပြတာပေါ့။
ခုတော့ မအလက သိပ်စောက်မြင်ကပ်ပြီး မနှပ်ဘဲ တစ်ဆုံးသွင်း၊ တစ်မုန်းဗျင်းလိုက်ပြီလေ။ ဖာချုပ် အဲ... အဲ... ကာချုပ်က ရဲဝင်းဦး၊ ဒုကာချုပ် အဲလေ... ဒုဖာချုပ်က ကျော်စွာလင်းတဲ့။ အခုမှ တပ်ထဲက ပြောင်းလာတဲ့ကောင်တွေချည်း နေရာပေးထားလို့ မကျေမနပ်ဖြစ်နေတဲ့ ကြံ့ဖွတ်တွေကို တိတ်တိတ်ကြိတ် စုံစမ်းပြီး နားအုံ ဖုန်ခါဖို့ကလည်း တစ်ဖက်က လုပ်နေရ။ တပ်ထဲကလည်း အမြီးနှံ့ရကျိုးမနပ်လို့ မကျေမချမ်းဖြစ်နေတဲ့ကောင်တွေကိုလည်း တစ်ဆက်တည်းကိုင်ဖို့ လုပ်နေရချိန်။ အကျော်အခွဇယားတွေနဲ့ မှော်ပြသွားသလို လုပ်ထားတဲ့မအလကို ချောင်းနေတဲ့ကျားတွေကလည်း များသားမဟုတ်လား။ မအလကလည်း တပ်မှာ ကျားမရှိ၊ ခွေးပဲရှိတယ်လို့ ဗြောင်ထုတ်ပြောထားတဲ့ကောင်။ အင်း... ခွေးချင်းကိုက်တဲ့ပွဲ ကြည့်ရတော့မှာပေါ့။ ပြီးတော့ ခွေးနဲ့ဖွတ် ဒွတ်ကြမယ့်ပွဲလည်း ရှိသေးလေ။ ပလ္လင်ပိုင်ရဲဝင်းဦးကလည်း အဆင်မွေးနေပြီဆိုတော့ အဆီပါခြောက်နေတဲ့မအလကို ဘယ်လိုသမမလဲဆိုတာလည်း ကြည့်ရဦးမယ်လေ။ ခွေးအို ခွေးဝဲစားဆိုတော့ ခွေးပျိုတွေကလည်း အထာမထားတော့။ တပ်ထုံးစံကတော့ အရင်လူခင်းထားခဲ့တဲ့ နင်းမိုင်းတွေ အကုန်ရှင်း။ မရှင်းနိုင်ရင် ခြေပြတ်မယ်၊ ဒုက္ခိတဖြစ်ရင် ကံကောင်း၊ ငရဲတွင်းဂျောင်းရဖို့များမဟုတ်လား။ မရှင်းလို့က မရဆိုတော့ မအလနဲ့ အောင်ပြည့်စုံ အရိပ်ခိုလှုံနေသူတွေတောင် စိတ်ခုန်နေပြီ။ ရဲဝင်းဦး ကြည်းချုပ်ဖြစ်သွားလို့ ဓာတ်ချုပ်သွားသူတွေလည်း ဝမ်းနှုတ်ဆေးသောက်နေရပြီ။ ခရိုနီ ခရိုပြာ ခရိုဝါ ခရိုစိမ်း ခရိုနက် ခရိုညိုတွေလည်း ရဲဝင်းဦးအိမ်ပေါက် အကုန်ဒူးထောက်၊ ရဲဝင်းဦး သားလည်း လက်ပန်းပေါက်ခတ်နေပြီ။ သမ္မတရာထူးထက် တပ်မင်းပြောင်းမင်းလွှဲက ပိုအရေးကြီးတာ မဟုတ်လား။ တကယ်တော့ စစ်တပ်သည်သာ အခရာလုပ်ထားရတဲ့ခေတ်မှာ သမ္မတ ဆိုတာ မြို့နယ်အုပ်ချုပ်ရေးမှူးရှေ့ရောက်နေတဲ့ ဆယ်အိမ်ခေါင်းအဆင့်။ မျက်လုံးဘယ်ဝင့်မလဲ စောင့်၊ ကြောင့်ကြောင့်ကြကြနဲ့ ဖနောင့်မချရဲသူလေ။
ခုပဲကြည့်၊ ကြင်စိုး ဆိုတဲ့ကောင် ကာချုပ် ပြုတ်တော့ မျက်ရည်ပဲ သုတ်နေရှာလို့ ကာချုပ်ဘဝ နောက်ဆုံးဓာတ်ပုံလေးတောင် မရိုက်လိုက်ရဘူး ဆိုကတည်းကပဲ။ မလွှဲရင်လည်း အမြီးဆွဲပစ်ခံရတော့မှာမို့သာ လွှဲလိုက်ရတယ်ဆိုတာ ပြတာပေါ့လေ။ ပြိတ္တာမျက်ရည် မြေကျ၊ ကျတဲ့နေရာ ခွေးသေးပန်းတောင် မပွင့်တော့ဘူးတဲ့။ အင်း... ခုတော့ ယူကျုံးမရ၊ အပူလုံးကြွ။ သတ်ထားတဲ့ပြည်သူကလည်း ကလေး၊ လူကြီး၊ ဘုန်းကြီး၊ မယ်သီ သောင်းသိန်းချီ၊ ဒုက္ခပေးထားခံရသူပေါင်းလည်း သန်းချီ၊ တပ်တွင်းက သေပေးထားရတာကိုက သောင်းချီဆိုတော့ တပ်မဲ့ချိန် တပ်ပျောက်ချိန် စိုးရိမ်သောက ဇာတ်လမ်းစရပြီ မဟုတ်လား။ ညည အိပ်မပျော်ဇာတ် ကရတော့မယ်လေ။ မီးတိုက်ထားတာ အကုန်လောင်ချိန်ရောက်ပလေ။ ဖြိုထားတဲ့အရာတွေ ပြိုချိန်ကျပလေ။ မျက်ရည်စမ်းစမ်း ကျင်းနှုတ်ခမ်း ဖြစ်ပြီပေါ့။ မျက်ရည်တွေတွေ လောင်မီးမြေလယ် မီးကျွန်းမျောက်သောက်ခွက်နဲ့ ကတောက်ကယက် ဖြစ်ပြီပေါ့။ မကြာခင် အရူးဖျင်လိုးတာ ခံရကိန်းဆိုက်တော့မယ်လေ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar