အခရာ - ရင်တွင်းပွဲတော်
Art- Aung Htet
ရင်တွင်းပွဲတော်
အခရာ
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၆
နှစ်ကူး သွေးခုန်နှုန်း မိုးတမှုန်ရနံ့ ။
ရင်ခုန်သံတဒိန်းဒိန်း အနှေး အပြေး အိန္ဒြေသိမ်း သင်္ကြန် ။
မတည်ငြိမ်မီးခိုး ရွက်ခြောက်မီးတိုးသလို ပွဲတော် ။
ဝမ်းနည်းဖွယ် အပျော်ငတ်မွတ် ရူးသွပ်မှုပါးလှပ်လှပ် ။
ရွှေ့ပြောင်းငှက်တို့ ပိတောက်ရနံ့ငတ် ပန်းအတုနဲ့ မလတ်ဆတ်ချင် ။
ဂိမ္မာန်ချိန်ရေဝတ်ရုံ ငါးကြိမ်ထဲပြုတ်ကျ ခုချိန်ထိ ရှာမရသေး ။
ရှူး တိုး တိုး နှစ်သစ်!
အကြောက်တရားမြစ်မှာ သူရဲကောင်းတွေ ထပ်မနစ်ပါစေနဲ့ ။
လူယုံတော် အတာ!
ပန်းသခင်မအတွက် အဓမ္မကို သုတ်သင်ပေးပါ။
လွတ်လပ်မှု လုံလောက်တဲ့ အနာဂတ်
လူ့နှလုံးသားရှိသူ အရပ်ရပ်သို့ မင်္ဂလာပါ ။
11.4.2026
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
