Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂)



ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂)

မိုးမခ ၊ မေ ၆ ၊ ၂၀၂၆


သူ့ဘာသာ ကိုက်ချင်သလို ကိုက်ထားတဲ့ နှစ်တွေထဲကနေ ဒေါ်စုကို ရက်ကလေးနည်းနည်းလျှော့ပြီး အိမ်လေးတစ်အိမ် ပြောင်းပို့တာကို ဘုရားဆုပန် ကုသိုလ်ထူးကြီးသဏ္ဌာန်လုပ် အူနေတဲ့ လူမင်းရယ်၊ ရန်အောင်ရယ်၊ နန္ဒာလှိုင်ရယ် စပ်ကျထားတဲ့ကောင်။ စဉ်းစားသာကြည့်၊ ဒူးရင်းသီးနဲ့ အီးရောနယ်ထားတဲ့အနံ့။ သင်းပျံ့မဟုတ်၊ ဟင်းနံ့မဟုတ်၊ အင်းနံ့ရဲ့ အဲ့အဲ့ဖြစ်နေတဲ့ အခြေအနေ၊ လောက်တွေ ငါးပိအိုး ထုံးမနိုင်၊ အက်စစ်မနိုင်၊ လှိုင်ဘောလည်။

ဆင်ဖြူမျက်နှာ ခွေးဝဲစားမကြည့်ဝံ့တော့ ဒေါ်စုကိုလွှတ်ရမှာ တွန့်ဆုတ်၊ ယုတ်နိုင်သမျှမင်း၊ ညှဉ်းနိုင်သမျှဗိုလ်၊ အမယ်မင်း စစ်သားရင့်မကြီးတွေရယ်ပါ့ ဆိုပြီး ငိုချင်းတောင် ချရမလို။ ဖမ်းကတည်းက သေနတ်ပြ အာဏာလုပြီး မတရားအမှုဆင် ဖမ်းထားတာ၊ ရက်ကလေးနည်းနည်းလျှော့တာကို နိဗ္ဗာန်ရောက်ကြောင်း လုပ်နေသလိုလိုနဲ့ အူသေးတာ။ တရုတ်ကလည်း ဒေါ်စုက မိတ်ဆွေပါဆိုပြီး တိုင်ပင်ကိုက် အူပေးလိုက်သေးတယ်။ ဝမ်ရွဲ့ အဲလေ ဟုတ်ပေါင် ဝမ်ယိဆိုတဲ့ကောင်တောင် ဒေါ်စုနဲ့ တွေ့သွားသလိုလို၊ သတင်းတော့ အတိအလင်း ထုတ်တာမျိုးမဟုတ်။ တရုတ်နဲ့ စစ်တပ်ထုံးစံအတိုင်း မတင်မကျပေါ့။ ဒါပေလို့ ကုလတို့၊ ဥရောပတို့၊ အမေရိကတို့၊ ဂျပန်တို့၊ အာဆီယံတို့က ဒီလိုလေး ရှိုးပြရုံနဲ့မရ၊ လွှတ်ကိုလွှတ်ပေးရမယ်လို့ ပြောနေကြပြီ။ ပြည်တွင်းကလည်း ဝါးတားတား အလုပ်မခံတော့၊ အပြုတ်နှံရေးဘက် တက်လာပြီ။ အင်း ခက်တာက ဒီအမြီးတိုကလည်း ဒေါ်စုမပြောနဲ့၊ ဒေါ်စု ကိုယ်ရံတော်မလေးတောင် မလွှတ်ရဲတဲ့ ဟောင်ကောင်။

သရေကြိုးက ရုပ်ကသာ မသေခင်ကတည်းက ပုတ်နေတာ၊ ကမ္ဘာအေးလိုဏ်ဂူထဲဝင်ပြီး ချေးပီးတဲ့ပါးစပ်နဲ့ ဓမ္မတွေ အဓမ္မတွေကဆိုပြီးလည်း အူသေးတာရယ်။ ရှေးလူကြီးတွေပြောတဲ့ ခွေးပါးစပ်က နတ်စကားထွက်ဆိုတာပေါ့။ ဓားပြသူခိုး မအေလိုးက ကိုယ့်သရေကြိုးကို ကိုယ်ကိုက်နေတာမဟုတ်ဘဲ ပိဋကတ်ကျမ်းစာကို ဗရမ်းဗတာဖြစ်အောင် ရမ်းခါကိုက်ဖြဲသေးတာနော်။ ခွေး ခွေးနေရာမနေဆိုသလို ဆရာ ဒကာ လက်တွဲညီရင်တဲ့၊ သာသနာ ကမ္ဘာတည်သရွေ့ တည်မယ်လို့ ခွေးမျက်နှာနောက်ထားပြီး အူတာ အူတာများ ဈေးခွေးတွေတောင် သူ့လောက် မခွေးတော့ဘူး။ သာသနာ ရောင်ဝါနေသို့ ထွန်းအောင် ဘုရားကျောင်းကန်တွေ ဗုံးကြဲ၊ ဆရာတော် သံဃာတော်တွေ၊ ကိုရင်ငယ်၊ ဦးပဉ္ဇင်းငယ်တွေ မီးလောင်တိုက်သွင်း၊ မြေသိမ်းဖို့ ဘုရားကျောင်းကန်တွေ ဘူဒိုဇာနဲ့ ဗျင်းနေတဲ့ အမှောင့်ကျနေတဲ့ကောင်က။

အဲဒီ မအေလိုးကောင်က ခွေးဘဝရက်ကျန် နည်းလာတာမို့ အဆက်မပြတ်ကို လှည့်ပတ်အူနေတော့တာရယ်။ ဘုရားလိုဏ်ခေါင်း အောင်းပြီးမာန်သွေး ဟောင်တဲ့ခွေးဆိုတဲ့အတိုင်း မဟာပါသာနလိုဏ်ဂူကနေ ဟောင်ပြီး အူပြီးထွက်လာ၊ လမ်းမပေါ်မှာ လာအူပြန်ရော။

မေဒေးအူသံပေါ့လကွယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာတဲ့၊ ဆိုင်ရာနိုင်ငံတွေရဲ့ ဥပဒေအောက်မှာ နေထိုင်ကြရပြီးတဲ့၊ မတရား ဖိနှိပ်ခံရတာတွေ ရှိနေတယ်တဲ့။ ဒါကြောင့် ပြည်ပကို သွားရောက်လုပ်ကိုင်မဲ့အစား ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာပဲ အလုပ်လုပ်ကိုင်မယ် ဆိုရင်တဲ့၊ ကြီးပွားတိုးတက်နိုင်မဲ့ အခွင့်အလမ်းတွေ ရှိနေပြီတဲ့။ အဲဒီလို ဖင်ကို ကတ္တရာလမ်းနဲ့ တရွတ်ဆွဲပြီး အူတာအူတာဆိုတာ ကားသွားကားလာတွေတောင် ရပ်ကုန်တဲ့အထိတဲ့နော်။ ဒီလောက် တွေ့သမျှလူငယ် ဆွဲဖမ်း၊ စစ်ထဲပို့၊ တရစပ် သတ်ဖြတ်နေတဲ့ကောင်က "ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ" ဆိုတဲ့ အူလုံးသုံးရဲတာကို အံ့ဩမဆုံးတာ။ အခုဆို နေ့ခင်းကြောင်တောင်မှာကို လိုက်ဆွဲနေလို့ ပြည်တွင်းလက်ကျန်လူငယ်တွေဟာ အပြင်တောင် မထွက်ရဲတော့လို့ မိန်းကလေးတွေ ထွက်ပြီး အလုပ်လုပ်နေကြရပြီ။ 

မတရားအာဏာသိမ်းတာ မခံနိုင်လို့ တစ်ပြည်လုံးက တော်လှန်နေတဲ့နိုင်ငံမှာ လျှပ်စစ်မရှိ၊ ရင်းနှီးမြှုပ်နှံသူမရှိလို့ ဘယ်နေရာ ဘာသွားလုပ်ရမှာမို့ ကြီးပွားတိုးတက်မှာပါလိမ့်။ မအေလိုးက သူ့သားလို အသက်အာမခံကုမ္ပဏီထောင်ပြီး ဘယ်စစ်သားသေတာမှ အသက်အာမခံကြေး ထုတ်မပေးဘဲ နေလို့ရတယ် ထင်နေလားမသိ။ မအေဘေးက ပြည်ပမှာ မတရားဖိနှိပ်ခံနေရတယ်လို့ ခပ်တည်တည်အူပြီး ပြည်တွင်းရှိသမျှ တရုတ်အလုပ်ရုံတွေက လုပ်ခကောင်းကောင်းမပေးဘဲ အလုပ်ချိန် ၁၂ နာရီကျော် ခိုင်းနေတာကျ ဘာမှ မဟရဲ။ မဟဆို တရုတ်ကုမ္ပဏီတွေဘောကို တစ်ရက် ၁၈ နာရီလောက် ငုံနေရတာကိုး။

အခုဆို တရုတ်ကြီးနဲ့တင် အားမရလို့ အဖြူကောင်ကို ကူဟောင်ပေးဖို့ဆိုပြီး တစ်လ ဒေါ်လာငါးသောင်း အမ်းထားတယ်။

ရော်ဂျာစတုန်း လော်ပါဦးပေါ့ကွယ်။ ဟိုကောင်တွေကလည်း လော်ပေးသလိုလိုနဲ့ ဆော်နေကြတာလည်း များလှပြီ။ မအလကလည်း အဖြူဆော်ရင်ကို ပျော်ပါတယ်ဆိုတဲ့ကောင်ဆိုတော့ ဆော်လေကြိုက်လေ အော်လိုက်ပါလေ ဖြစ်နေပေါ့။ မကြိုက်လို့ကလည်းမရ၊ ကျားဖြန့်ကိစ္စနဲ့ အမေရိကန်က အမြီးချိုးတော့မှာ သိတယ်။ မြန်မာပြည်ထဲရှိတဲ့ကောင်တွေကို ဆုငွေတောင် ထုတ်ထားတာ။ တရုတ်ကလည်း သူ စောက်သုံးမကျလို့ အဲဒီကျားဖြန့်တရားခံတွေ လင်းယုန်သုတ်သွားရင် လားစီးခိုင်းတော့မှာ မဟုတ်လား။ 

ဝမ်ယိ လာတော့ ရှီကျင့်ဖျင်က လားနှစ်ကောင်ပါတဲ့ အဝတ်စကလေး ပေးသွားတာ မင်းမစွန်ရင် လားစီးရမယ်ကွာပေါ့လေ၊ အဲဒီအထာ။ အရင်လို မရုံ၊ ပွတ်ရုံ၊ ငုံရုံနဲ့မရ။ စီးကို စီးရမှာ။ လော်ဘီဆိုတာ ဖာသည်မနဲ့ ဖာခေါင်း ရောထားတာလေ။ ရော်ဂျာစတုန်း ဆိုတဲ့ လော်ဘီငတုံးလည်း ဖာခေါင်းလည်း ဟုတ်၊ ယောက်ျားဖာသည်လည်း ဟုတ်ပေါ့။ မအလကလည်း ဂေးတစ်ဝက်၊ မေးလ်တဝက်။ ရဲဝင်းဦးကလည်း လိင်တူကြိုက်၊ ဘယ်နိုက်တွေကို ဘယ်သူတွေနဲ့ ဘယ်လိုဖိုက်ကြမလဲ၊ စဉ်းစားသာကြည့်ပေါ့။ ဝမ်ယိကလည်း ကုန်းကုန်း၊ ဒီကောင်တွေ လုံးနေကြပုံတွေ မြင်ယောင်သာ ကြည့်ပေတော့။


👉 အူတော့သည်လည်း ခွေးစကား (၁)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar