Breaking News

ခန့်ဝါငြိမ်း - လမင်းမျှော်တေး

Art- Aung Htet 
လမင်းမျှော်တေး
ခန့်ဝါငြိမ်း

(မိုးမခ) မေ ၄၊ ၂၀၂၆


တိမ်မည်းပုပ်တွေနောက်မှာ
လမင်းကြီးရှိသေးတယ်ဆိုတာသိရရုံနဲ့
ငါတို့ဟာ
ပြာပုံပေါ်မှာပျော်နေတတ်ပြီ။

ငါတို့ဟာ
လထွက်လာတာကိုမျှော်နေတဲ့
ဒီမိုကရေစီကုမုဒြာကြာဖူးတွေ။

ငါတို့ဟာ
နောက်ဆုံးသစ်ရွက်ကိုငေးနေတဲ့
စစ်ခုတင်ပေါ်ကလူနာတွေ။

ငါတို့အတွက်
လပေါ်ကအရိပ်တွေဟာ
ယုန်လေးနဲ့ဆန်ဖွတ်တဲ့အဘိုးအိုမဟုတ်ဘူး
ခွေးလေးနဲ့ဒီမိုကရေစီဖွတ်တဲ့အဘွားအို။

ပန်းပန်လို့
လမင်းကြီးသာနေတာသာတွေ့ရရင်
ငါတို့ဟာ
ပြာပုံကိုရွှေပုံထင်ပြီး
ထခုန်နေအုံးမှာ။     ။

                         
 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar