ခိုင်မျိုး - ရွာထဲမှာ
Art - Than Htay Maung
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) မေ ၅၊ ၂၀၂၆
လောက်တဖွားဖွားကျနေတဲ့
အနာကြီးတလုံးပေါ်
ကျွန်တော်ရောက်တုန်းကပေါ့
ဒါဘယ်လိုကမ္ဘာပါလိမ့်
လှသောပန်းတွေဟာပွင့်လို့ ....
မြစ်ရေတသွင်သွင်စီးမှုထဲ
လှေကလေးတစင်းဟာ
လှော်ခတ်လို့......
ကျွန်တော်မသိသောအဆင်တန်ဆာများနဲ့
ကျွန်တော်နားမလည်သောဘာသာစကားများ
ရွေ့လျားလို့.....
ရေတံခွန်ကတဝေါဝေါကျနေတဲ့
သူ့ရေဝတ်စုံကိုဝတ်လို့.....
ကျောက်တုံးတွေနဲ့မီးကိုခတ်နေသူတွေထဲမှာ
ကျွန်တော်အဘိုးနံအဘွားများပါလေမလား....
မိုးစက်ဝတ်မှုန်အကနဲ့လေဟာ
အနောက်တောင်အရပ်ကလာနေလေရဲ့
ရောင်စုံလိပ်ပြာအုပ်ကြီးတအုပ်က
မိန်းမပျိုလေးတယောက်ရဲ့ဖွံထွားတဲ့ရင်သားတွေပေါ်နားနေပုံဟာလှရဲ့
ညင်သာသောအသက်ရှုသံကအစ
သူမဆီကအော်ငြီးသံအဆုံးကျွန်တော်ကြားရရဲ့
ကျွန်တော်ဟာဘာလဲ
လောက်တကောင်လား
သုညတွေထဲကသုညတလုံးလား
ယာဉ်တစင်းဟာကောင်းကင်ပေါ်ကဖြတ်ပျံသန်းသွားပေါ့
အဝေးကမီးတောက်မီးလျံတွေကို
လှမ်းမြင်ရတယ်
ရှို့မီးလား
သဘာဝအလျောက်လောင်တဲ့မီးလား
မပြောနိူင်ပါဘူး
သည်ဘက်မှာလူဟာကျောက်လက်နက်တခုနဲ့
သားကောင်တကောင်ကိုပစ်ခတ်လိုက်တယ်
ဝမ်းစာအတွက်
တိုက်ပွဲကတော့စပြီ
ဂူတခုထဲမှာလူလို့ထင်ရတဲ့သတ္တဝါတွေ
ရွာထဲမှာ....
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
