ဇွန် ၁၇ မှာ စတော့ဈေးတွေ မနက်အတက်ကြမ်းပြီး နေ့ခင်းဘာလို့ ပြုတ်ကျတာလဲ
ဇွန် ၁၇ မှာ စတော့ဈေးတွေ မနက်အတက်ကြမ်းပြီး
နေ့ခင်းဘာလို့ ပြုတ်ကျတာလဲ
ပဲခူးဆား သာဂိ
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၆
ဒီနေ့ (၂၀၂၆ ဇွန်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့) ဈေးကွက်ဖြစ်စဉ်
မနက်ပိုင်းမှာတော့ စတော့ကစားသူတွေရဲ့ လက်လီဝယ်လိုအား (Retail Sales) အချက်အလက်ကောင်းတာတွေနဲ့ နိုင်ငံတကာ ကုန်သွယ်ရေး သတင်းအကောင်းတွေကြောင့် Dow Jones အညွှန်းကိန်း ၂၈၀ ပွိုင့်ကျော် တက်ပြီး စိမ်းလန်းနေခဲ့ပါတယ်။
ဒါပေမဲ့ နယူးယောက်စံတော်ချိန် မွန်းလွဲ ၂:၀၀ နာရီ (နယူးယောက်စတော့အိတ်ချိန်း ပိတ်ခါနီး ၂ နာရီအလို) မှာတော့ တံတိုင်းကို ခေါင်းနဲ့ဆောင့်သလို ဈေးကွက်တစ်ခုလုံး ရုတ်တရက် အောက်ကို ထိုးဆင်းသွားပါတယ်။
ဒီနေ့ မနက်ပိုင်း အတက်ကနေ မွန်းလွဲပိုင်းမှာ ရုတ်တရက် အကျဘက်ကို ဦးတည်သွားစေခဲ့တဲ့ အဓိက အကြောင်းရင်း ၃ ခုကတော့-
၁။ ဗဟိုဘဏ် (Fed) ရဲ့ မျှော်မှန်းချက် (Dot Plot) က ဈေးကွက်ကို လန့်သွားစေခြင်း
ဒီနေ့မှာ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းကို မပြောင်းလဲဘဲ ဒီအတိုင်းပဲ ထားရှိခဲ့ပါတယ်။ ဒါကတော့ လူတိုင်း မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ သူတို့ ထုတ်ပြန်လိုက်တဲ့ အနာဂတ် စီးပွားရေး မျှော်မှန်းချက် "Dot Plot" ဇယားမှာ ဗဟိုဘဏ် တာဝန်ရှိသူ ၁၈ ဦးအနက် ၉ ဦးအထိက ၂၀၂၆ မကုန်ခင် အတိုးနှုန်းကို အနည်းဆုံး တစ်ကြိမ် ပြန်တိုးမြှင့်ဖို့ လိုအပ်မယ်လို့ သဘောထား ပေးခဲ့ကြပါတယ်။ ဒါဟာ ဗဟိုဘဏ်က အတိုးနှုန်းကို လျှော့ချပေးတော့မယ်လို့ မျှော်လင့်ထားတဲ့ ဝေါစထရိ (လက်ကားစတော့ကုန်သည်ကြီးများ) (Wall Street) အတွက် လုံးဝ မျှော်လင့်မထားတဲ့ အကြပ်ရိုက်စရာ သတင်းဖြစ်သွားပါတယ်။
၂။ ဗဟိုဘဏ်ဥက္ကဋ္ဌသစ် Kevin Warsh ရဲ့ သတင်းစာရှင်းလင်းပွဲ
ဒါ့အပြင် ဗဟိုဘဏ်ဥက္ကဋ္ဌအသစ် Kevin Warsh ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ သူက ကမ္ဘာ့ဈေးကွက်ကို ပိုပြီး တုန်လှုပ်သွားစေခဲ့ပါတယ်။ သူက ဗဟိုဘဏ်အနေနဲ့ ရှေ့ဆက် ဘာလုပ်မယ်ဆိုတာကို ကြိုတင် အရိပ်အမြွက်ပြတဲ့ စနစ် (Forward Guidance) ကို ဖျက်သိမ်းချင်တယ်လို့ ပြောလိုက်ပါတယ်။ ဝေါစထရီး အနေနဲ့ ဗဟိုဘဏ်ရဲ့ အရိပ်အခြေကို ကြည့်နေမယ့်အစား ထွက်လာတဲ့ စီးပွားရေး ကိန်းဂဏန်း အချက်အလက်အစစ်အမှန်တွေကိုပဲ ကြည့်ပြီး ကိုယ့်ဘာသာ ဆုံးဖြတ်ကြဖို့ သူက ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ အဖွဲ့အစည်းကြီးတွေရဲ့ ကွန်ပျူတာတွက်ကိန်းထုတ်စနစ်တွေ (Algorithms) က "မရေရာမှု" ကို အမုန်းဆုံး ဖြစ်တဲ့အတွက် မွန်းလွဲပိုင်းမှာ အကြီးအကျယ် ဈေးလန့်ပြီး အစုလိုက်အပြုံလိုက် အသည်းအသန် ထုတ် ရောင်းကြပါတော့တယ်။
၃။ အစိုးရငွေချေးစာချုပ် အတိုးနှုန်း (Treasury Yields) များ ရုတ်တရက် တက်လာခြင်း
မွန်းလွဲ ၂:၀၀ နာရီ ထုတ်ပြန်ချက် ထွက်လာတာနဲ့ တစ်ပြိုင်နက် Bond Market (ငွေချေးစာချုပ် ရောင်းဝယ်) ကုန်သည်တွေ ချက်ချင်း တုံ့ပြန်ခဲ့ကြပါတယ်။ ဗဟိုဘဏ်ရဲ့ အတိုးနှုန်း လမ်းကြောင်းကို အဓိက ထင်ဟပ်တဲ့ 2-year Treasury yield ဟာ 4.05% ကနေ 4.20% အထိ ရုတ်တရက် ခုန်တက်သွားပါတယ်။ Bond yield တွေ အခုလို မွန်းလွဲပိုင်းမှာ ရုတ်တရက် မြင့်တက်လာတဲ့အခါမှာတော့ ကွန်ပျူတာစက်မောင်းစနစ် (Algorithms) က စတော့ရှယ်ယာတွေကို အလိုအလျောက် ထုတ်ရောင်းပြီး ငွေသားကို ဆွဲထုတ်ပစ်လေ့ ရှိပါတယ်။
မွန်းလွဲပိုင်း ဈေးကွက်ရလဒ်
ဒီအချက်တွေကြောင့် မနက်ပိုင်းမှာ Dow Jones အညွှန်းကိန်း ၂၈၁ ပွိုင့် တက်ခဲ့သမျှ အကုန်ပြန်ကျရုံတင်မကဘဲ မွန်းလွဲပိုင်း အပိတ်မှာ ၄၃၈ ပွိုင့်အထိ အနုတ်ပြပြီး ပြုတ်ကျသွားခဲ့ပါတယ်။ S&P 500 နဲ့ Nasdaq ကဲ့သို့ အဓိက အညွှန်းကိန်းကြီးတွေလည်း မနက်ပိုင်းက အစိမ်းရောင်တွေ အကုန်ပျောက်ပြီး ၁% ကျော်စီ အသီးသီး ပြန်ကျသွားခဲ့ပါတယ်။ မနက်ပိုင်းက အားကောင်းမောင်းသန် တက်နေခဲ့တဲ့ နည်းပညာ ရှယ်ယာကြီးတွေအပြင် မကြာသေးခင်ကမှ ဈေးကွက်ထဲ ဝင်ထားတဲ့ SpaceX လို ရှယ်ယာတွေပါ မွန်းလွဲပိုင်း ဈေးကွက်အလှည့်မှာ အားလုံး အနီရောင်ပြပြီး လိုက်ကျသွားခဲ့ရတာ ဖြစ်ပါတယ်။
ကဲ ပရိသတ်ကြီး - သာဂိကို စတော့အကြောင်းရေးခိုင်းလို့ ဟိုဖတ်သည်ဖတ်နဲ့ ရေးပေးလိုက်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
