Breaking News

ဝင်းမင်းခိုင် - ခေါင်းလောင်းသံ

Art- Aung Htet 
ခေါင်းလောင်းသံ
ဝင်းမင်းခိုင်
(မိုးမခ) ဇွန် ၁၀၊ ၂၀၂၆


သေအတူရှင်မကွာရဲဘော်ရဲဘက်အဖြစ်
ပွေ့ဖက်ထားမှုကနေရုပ်သိမ်းသွားတဲ့အခါ
ဆိုးတိုင်ပင်ကောင်းတိုင်ပင်မိတ်ဆွေအဆင့်
လက်တွဲနိုင်တဲ့အခွင့်ရေး
ငါတို့ကြားမှာရှိနေနိုင်သေးတယ်

မိတ်ဆွေတွေကြား
နွေးထွေးတဲ့ချိတ်ဆက်မှုကိုထပ်ဖြုတ်ပစ်လိုက်ရင်
ကြားထားရမယ့်ဆက်ဆံရေးအထိ
လျှောကျသွားနိုင်ရဲ့

ဟိုဘက်လွန်ပြီးဆက်လျှောက်မိရင်တော့
ငါတို့သတ်မှတ်ခဲ့ကြတဲ့အနီရောင်မျဉ်း(Red Line)ကို
မင်းကျော်သွားလိမ့်မယ်

သတိပေးခေါင်းလောင်းသံတွေ
အရပ်ရှစ်မျက်နှာအနှံ့
ပွက်ပွက်ညံအောင်မြည်ဟိန်းလာလိမ့်မယ်

၁၃.၅.၂၆
 -
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar