Breaking News

အမေရိကားက ဘာလို့ ကြီးကျယ်တဲ့ နိုင်ငံ (great nation)ဖြစ်နေရတာလဲ



အမေရိကားက ဘာလို့ ကြီးကျယ်တဲ့ နိုင်ငံ (great nation) ဖြစ်နေရတာလဲ

ပဲခူးဆား သာဂိ (မိုးမခ) ဇွန် ၁၇၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စု ထူထောင်တာ အနှစ် ၂၅၀ ရှိပါြပီ။ အမေရိကန်ဟာ ကမ္ဘာမှာ အကြီးကျယ်ဆုံးတိုင်းပြည်လို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သည်နိုင်ငံဟာ နိုင်ငံတကာက ပြောင်းရွေ့လာကြသူတွေ အတူတကွ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံ ဖြစ်လို့ပါပဲ။

ဒါကို အမေရိကန်နိုင်ငံရဲ့ သမ္မတ ရော်နယ်ရီဂင်က သူ၏မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒီစကားကို ရော်နယ် ရီဂင် (Ronald Reagan) က သမ္မတသက်တမ်း ၈ နှစ်အပြီး နိုင်ငံတော်သို့ နောက်ဆုံးနှုတ်ဆက်မိန့်ခွန်း (Farewell Address to the Nation) ပြောကြားစဉ် ၁၉၈၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက် မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ([Reagan Foundation][1])

ရီဂင်က အဲဒီအပိုဒ်မှာ အမေရိကန်နိုင်ငံရဲ့ ထူးခြားချက်ကို ရှင်းခဲ့တာ ဖြစ်ပါတယ်။

"လူတစ်ယောက်ဟာ ပြင်သစ်မှာ သွားနေထိုင်နိုင်ပေမယ့် ပြင်သစ်လူမျိုး ဖြစ်လာဖို့ မလွယ်ဘူး။
ဂျာမနီ၊ တူရကီ၊ ဂျပန်မှာလည်း အလားတူပဲ။
ဒါပေမယ့် ကမ္ဘာ့ဘယ်အရပ်ကလာလာ အမေရိကန်ကို လာပြီး အမေရိကန်နိုင်ငံသား ဖြစ်လာနိုင်တယ်။ ဖြစ်ခွင့်လည်း ရှိတယ်။ ..."

ဆိုတဲ့ “America as a nation of immigrants” (ရွှေ့ပြောင်းအခြေချသူများနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံ) ဆိုတဲ့ ရပ်တည်ချက်ကို ပြောတာ ဖြစ်ပါတယ်။

အခု ၂၀၂၆ ခုနှစ်မှာ ကျင်းပနေတဲ့ အမေရိကန်နိုင်ငံ တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့် (America 250) အထိမ်းအမှတ် အခမ်းအနားတွေမှာလည်း ဒီရီဂင်ရဲ့ စကားကို မကြာခဏ ပြန်လည် ကိုးကားကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ အမေရိကန်ရဲ့ အမျိုးသားအမှတ်သညာ (national identity) ကို ဖော်ပြတဲ့ နာမည်ကြီး စာပိုဒ်တစ်ခု ဖြစ်လို့ပါ။

လက်ရှိ သမ္မတထရန့်ကတော့ အမေရိကားကို လာရောက်အခြေချဖို့ အသာထား၊ သည်မြေမှာ မွေးရင်တောင်မှ အမေရိကန်နိုင်ငံသား အလိုအလျောက် ဖြစ်ခွင့်ကို ကန့်သတ်ဖို့ ကြိုးစားနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

အမေရိကန်ကို ထူးခြားသော ကြီးကျယ်သော နိုင်ငံလို့ သတ်မှတ်ချက်မှာ သည်အချက်က နံပတ် ၁ ဖြစ်ပါတယ်။ လူတိုင်း နိုင်ငံသားဖြစ်ခွင့် ရှိတယ်ဆိုတာ မရှိတော့ရင် အမေရိကန်လည်း great မဖြစ်နိုင်တော့ပါဘူး။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar