Breaking News

မောင်လွမ်းဏီ - သွေးကို ဆေးကြောလို့ မရတဲ့နေ့

သွေးကို ဆေးကြောလို့ မရတဲ့နေ့
မောင်လွမ်းဏီ
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၆


၇ - ၇ - ၆၂ မမေ့နဲ့တဲ့
တက္ကသိုလ်ကျောင်းတော်သားတဦးရဲ့  
အင်းလျားမှာတော်ပုံပါ
ဘယ် တပ်ဦးသမိုင်းစာမျက်နှာကမှ
မမေ့ဘူးဆိုပါတော့။

ဆဲဗင်းဇူလိုင်၊ ဇူလိုင် ၇ ရက်  
အဓိပတိလမ်းမထက်မှာ 
စိန်ပန်းရဲနီ၊ ကံ့ကော်သီမွှေး၊ သွေးရိပ်ထင်ဟပ် 
ကဗျာမရေးစပ်လိုဘူး 
ချစ်သောကျောင်းသွားဖော်။

နွေဦးရေ ….. 
ဇူလိုင်မိုးတွေ ,,,,, စွေနေပြီကော
ရေလှိုင်းခတ်သံ၊ သစ်ရွက်ကြွေသံ၊ 
ကြားပြန်တော့လည်း
သူ့ကိုပဲ သတိရနေ တဲ့
ငွေလမင်းရေ …..
မင်းတယောက်ကော ဘယ်ဆီရောက်နေလဲ။

ဟိုစဉ်က … သမဂ္ဂကို ဖြိုဖျက်ခဲ့ကြ၊ 
ဒီကနေ့ …
ဖခင်ဗိုလ်ချုပ်ကြေးရုပ်ကို 
ဖြိုလှဲဖျက်ဆီးကြပြန်ပြီ။

ဖခင်ဗိုလ်ချုပ် 
ကျောင်းသားသမဂ္ဂ
ဆဲဗင်းဇူလိုင်စိတ်ဓာတ်
ဖြိုဖျက်လို့မရ၊ ဒါ တပ်ဦးမဟာ 
သမိုင်းကဗျာ အမွန်အမြတ်။ 

၅ ဇူလိုင် ၂၀၂၆
 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar