ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၆)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၆)
မိုးမခ ၊ ဇူလိုင် ၈ ၊ ၂၀၂၆
ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်းပျက်တယ်ဆိုတဲ့ စကားပုံနဲ့ ပြောမိပြန်ရင်လည်း ဟင်္သာတွေကို အတင်းအဝှာကျင့်သလို ဖြစ်တော့မယ်။ ခုဟာက ခွေးဇာတ်ခင်းတယ်လို့ဘဲ ပြောစရာရှိတာ။
သိတယ်ဟုတ်၊ ခွေးဇာတ်ခင်းတယ်ဆိုတာ၊ ခွေးဆိုတာ အရွယ်ကလေးရောက်လာ အစွယ်ကလေးပေါက်လာရင် အမေ နှမ မရှိဘူးမဟုတ်လား။ အဖေ အစ်ကို ညီရယ်လို့လဲ ဘယ်ရှိမလဲ။ ကိုက်မယ်၊ လိုက်မယ်၊ နှိုက်မယ်၊ ဖိုက်မယ်လေ။ တော်သလင်းတဝိုက်ဆို ကိုက်ကြ နှိုက်ကြ လိုက်ကြ ဖိုက်ကြတာ မမြင်ချင်မှအဆုံး။ အူသံ ဟောင်သံ အီသံ ညှီသံတွေဆိုတာလဲ မကြားချင်မှနေရော။ ခွေးရှေ့နွားရှေ့ထားလို့ လူ့ရှေ့သူ့ရှေ့တောင် ရှောင်ရကောင်းမှန်းလဲ သိတာမဟုတ်။ အဲသလိုဆို ခွေးဇာတ်ခင်းတယ်ဆိုတာ နားလည်ရောပေါ့။
စစ်အရာရှိတွေက ရှေ့တန်းမှာ သေသွားတဲ့ စစ်မှုထမ်းတွေကို ပျောက်ဆုံးစာရင်းသွင်းပြီး နစ်နာကြေး သိန်း ၃၀ နဲ့ ခံစားခွင့်လစာတွေကို လိမ်လည်ထုတ်ယူနေသတဲ့။ ကဲ တကယ့် ခွေးဇာတ်၊ တပ်ထဲမှာခင်းနေတာ။ စမ်းရေမိုးနဲ့ အောင်ဇမ္ဗူထက်တောင် ဇာတ်ကြေးရနေတာ။ လင်တယောက်လုံး ဖခင်တယောက်လုံးအသက်ပေးလိုက်ရတဲ့ကျန်ရစ်သူ အားကိုးရာမဲ့မိသားစုတွေကို မပေးဘဲ "ပျောက်ဆုံးစာရင်း" သွင်း၊ လိမ်ထုတ်ဖြတ်တောက်ခုတ်ထစ်ယူနေကြတာလေ၊ ပါးပါးလှီးတာတောင်မဟုတ်တော့။ ဒါ မအေလိုးမင်းအောင်လှိုင်စောက်ကျင့်ကူးလာတာ။ သူတို့မိသားစုအတွက် မသေမချင်းစစ်တိုက်ပေးရတဲ့ စစ်သားတွေကို မအလက သူ့သား ငလမဆီ အသက်အာမခံကြေးသွင်းခိုင်းပြီး ပြန်ထုတ်မပေးတဲ့ ခွေးဇာတ်မျိုး လိုက်ခင်းကြတာ။ ရှေ့ဆောင်ဖွတ်ခွေး၊ ကောက်ကွေ့ပြေးသော်၊ နောက်ခွေးတသိုက်၊ ကောက်ကွေ့လိုက်၏လို့ စာက ဆိုသမို့လား။
ပေါ်တာဆွဲ၊ ဖမ်းဆီးပြီး အဓမ္မစုဆောင်းခံရတဲ့ ပစတွေဆို နှစ်သိန်းနီးပါးရှိပြီ။ သေဆုံးကလဲ မရေနိုင်တော့။ သောင်းကျော်။ ဒါပေမယ့် သူတို့အားလုံး မသေ၊ ပျောက်ဆုံးစာရင်းပြ။ ဒါက တပ်ထဲတင်ပြတာ။ မိသားစုဆီကျ လုံးဝအကြောင်းမပြန်။ ပြည်သူ့စစ်တွေအသက်နဲ့ ခွေးဘုရားပွဲတွေ့နေကြတာလေ။ ဆွဲတုန်းက တခါရ၊ သေတော့ တခါရ၊ အမယ် တခါမက လစဉ်တောင် ရကြတာ။
အဲသလို ခွေးပုတ် ခွေးယုတ် ခွေးအချင်းချင်းတောင် အမြှီးမီးဖုတ်စားနေတဲ့ကောင်တွေက ပြည်သူ့အကျိုး သယ်ပိုးမယ်၊ တိုင်းပြည်ထူထောင်ရေး လုပ်နေတယ်လို့ သံပြိုင် အူကြသေးတာ။ ခု ရက်တရာအတွင်းအူသံက ပိုဆူညံသလေ။ သူတို့တပ်တွင်းဆို ညည ခွေးအူသံတွေချည်းဘဲတဲ့။ ဘယ်လောက်အူလဲဆို ခွေးခွေးချင်းတောင် အိပ်မရတော့တဲ့အထိ၊ မခံနိုင်တော့တဲ့အထိဘဲတဲ့။ ခွေးရူးခွေးနှမ်းတွေ သွေးရူးသွေးတမ်းအူနေကြတဲ့အသံတွေ၊ ညှီနံ့ ထွီနံ့တွေ တဟောင်ဟောင်အပြင် ရိပ်ရိပ်မြင်ထိုးဟောင်နေတဲ့ ဟောင်သံတွေနဲ့ သန်းခေါင်ယံသုဿာန်တစပြင် တပ်တွင်းခြေနေကို စဉ်းစားသာကြည့်။ တိုင်းပြည်ကလဲ အဲသလို မဖွယ်မရာ ရွံစရာ စက်ဆုတ်စရာတွေနဲ့ ဇွန်ဘီတွေမင်းမူနေတဲ့ရွာကြီးပေါ့။
စစ်တပ်ဟာ သူခိုး ဂျပိုး လူလိမ် ကျော်စား ခွစား အချောင်သမား၊ လူသတ်သမား မုဒိမ်းသမား မီးရှို့ ဓမြတိုက် လူမိုက်သက်သက်တွေကို မွေးထုတ်တယ်။ အဲသလိုတပ်က မြန်မာ့နိုင်ငံရေးအိမ်ဦးခန်းမှာ ထာဝရ တက်ထိုင်ချင်သတဲ့။ ဘုရားစင်အောက် သေးပေါက်ချီးယို မိတ်လိုက်ကိုက်သတ် ခွေးဇာတ်ထုတ်သစ်တွေ တင်ဆက်ချင်သတဲ့လေ။ မအလဟာ အိမ်ဦးခန်း တက်ချီးပမ်းနေရတာကြာတော့ အိမ်တအိမ်မှာ ခွေးကတက်က ဘယ်နားရှိမှန်းတောင် မသိတော့တဲ့ခွေးတကောင်ပေါ့။ အဲဒါကြောင့် ခွေးလိုတွေပြော ခွေးလိုတွေဟောင် ခွေးလိုတွေအူ ခွေးစိတ်အလံထူပြီး အမယ် ဥပဒေအရ မင်းမူနေချင်တာ။ ဥပဒေတောင် ရိုးရိုးဥမဟုတ်၊ ခြေဥ ခြေဥ။ သန်းရွှေ လေဥ ဥပေးခဲ့တဲ့ခြေဥ။ ခု NUCC, NUG နဲ့ တော်လှန်အုပ်စုအားလုံးက အဲဒီလေဥကိုရိုက်ခွဲ ခြေဥအစစ်ကို လူထဲချပြလိုက်လို့ ရိုးရိုးမအူတော့ဘဲ သစ်ငုတ်ဖင်ဆောင့်ဆောင့်အူနေသတဲ့ကွယ်။
အဲသလို အုပ်စုဖွဲ့ ကိုက်လိုက် ဆွဲလိုက် ဗလပြလိုက် ဇပြလိုက်လုပ်ပြနေပေမယ့် အညှီခွေး ချီးစားခွေး လေးဘမ်းသေးပန်းခွေးပီပီ ပန်းကျတော့လဲ ကြောက်သေးပါ၊ ကြောက်သေးတာ။ ပန်းတင်မက ကြောင်စီစီနဲ့ အနီရောင်ကိုလဲ သွေးထဲသားထဲကကို ကြောက်သေးတာနော်။ ဘာအထာလဲဆို စစ်ခွေးအထာလို့ပဲ ပြောရမယ်။ တခြား ဘယ်ခွေးမှလဲ ဒါမျိုး မကြားဘူးဘူး။ ခွေးမျိုး၃၆၁မျိုးထဲမှာ ပန်းနဲ့အနီရောင်ကြောက်တာဆိုလို့ ဒီအစိမ်းဝတ်စစ်ခွေးမျိုးဘဲရှိတာလေ။
ပန်းနဲ့ အနီရောင်ကြောက်တဲ့စစ်အုပ်စုက ရန်ကုန်တက္ကသိုလ်ထဲက အနီရောင်စိန်ပန်းပင်တွေကို ခုတ်လှဲခိုင်းသတဲ့။ ကျောင်းဗုံးကြဲခွေးဆိုတော့လဲ "ကျောင်းဖွင့်ချိန် .. စိန်ပန်းတွေလဲ မြေမှာ ကြဲပြန့်နေ ....ကံ့ကော်ပန်းတွေနဲ့အတူ သူနဲ့တွေ့ရာနယ်မြေ .. တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းယားကန်နယ်မြေ...." ဒါမျိုး ဂီတ အနုရသ သိင်္ဂါရတွေ ဘယ်ခံစားတတ်မလဲ။ စစ်ခွေးဗီဇနဲ့ ဂီတက ခုနှစ်ဘဝခြားသမို့လား။
ဘွဲ့နှင်းသဘင်ရဲ့ ခန့်ထည်မှုကို ကနုတ်ဆင်ပေးထားတဲ့ စိန်ပန်းပင်တွေကို ခွေးစိတ် မဟုတ်ရင် ဘယ်ခုတ်လို့ရမလဲ။ စိန်ပန်းဆိုတာ အနီရောင်ပန်း ဆိုတော့ ဉာဏ်ပညာနဲ့ ရဲရင့်မှု လူ့တန်ဖိုးကို ထွန်းပြတယ် မဟုတ်လား။ ခွေးမျက်လုံးမှာ မုန်းပြီပေါ့။
ငလမ မအလက ပန်းကြောက်ခွေးဘွဲ့တင်ရတာ မဟုတ်၊ ပေါကြောင်ခွေးဘွဲ့ကလဲ ရသေးတယ်။ ကြည့် ဘယ်လောက် ပေါကြောင်တဲ့ခွေးလဲဆိုတာ။ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမတွေကော ဌာနဆိုင်တွေကောကို တစ်သျှူးငှက်ပျောစိုက်ပွဲတွေ လုပ်ခိုင်း၊ တစ်သျှူးငှက်ပျောစိုက်ခင်းတွေကို ပေါင်းနုတ်ခိုင်း၊ ရေလောင်းခိုင်း၊ မြက်နုတ်ခိုင်းနဲ့ အကုန်လျှောက်လိုက်ကိုက်နေတာ။ အဲဒါတွေကို ဆရာ၊ ဆရာမတွေကဦးစီးပြီး ကျောင်းသားကျောင်းသူတွေကို လုပ်ခိုင်းတာပေါ့။ ခုတော့ ကျောင်းဝတ်စုံအပြင် အလုပ်ဝတ်ပါ ထည့်လာရသတဲ့။ ဘာ့လို့ စိုက်ခိုင်းလဲဆိုတော့ "အစိမ်းရောင်အချောင်းကြိုက်လို့" ဆိုလား ပြောကြတယ်။ သူက ရွေးတုနဲ့ သမ်းမကြီးအတုပီပီ အတုချောင်း ငုံချင် မြုံ့ချင်လို့လို့ ခပ်ရွဲ့ရွဲ့ဆရာမတယောက်ကတော့ ပြောပြတယ်။
ဆရာ ဆရာမ ကျောင်းသူကျောင်းသားတွေတင်မက မိဘတွေပါ စိုးရိမ်နေတာတွေက တစ်သျူးငှက်ပျောမှာ သုံးမယ့်ဆေးတွေဘဲ။ အဲဒါတွေသာ နေ့တိုင်း ကိုင်တွယ်အသုံးပြုပြီး ရှူရှိုက်နေရရင် မြန်မြန်အသက်တိုမယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်မယ်။ တရုတ်မုန့် တရုတ်အစားအစာနဲ့ ကင်ဆာဖြစ်နိုင်ခြေမြင့်တက်နေရတဲ့ကြားထဲ တရုတ်အတွက် တရုတ်ဆေးနဲ့ ကင်ဆာရောဂါ ယူရမှာကို ဘယ်လူမှ မကျေနပ်ဘူးလေ။
တရုတ်တစ်သျှူးငှက်ပျောက မြေဩဇာနဲ့မြေဆီလွှာပျက်လို့ လယ်ယာပိုင်ရှင်တွေနဲ့ တောင်သူတွေဟာ တရုတ်တစ်သျှူးငှက်ပျော လက်ခံ စိုက်ပျိုးတာမလုပ်တာတောင် ကြာပြီ။ ခု ငလမ မအလ တရုတ်ငှက်ပျောသီးတောင့်ကြီး စားပြန်လာမှ မလျော်ဓာတ်မြေသြဇာတွေ သုံးစွဲပြီး မြေလွှာဘယ်လောက်ပျက်ပျက် စိုက်ရမယ်ဖြစ်လာတာ။ အေးလေ ခွေးကတော့ တိုင်းပြည်ကိုတောင် ထိုးအပ်ထားမှတော့ မြေပျက်တာ ဘာထည့်တွက်မှာလဲ။ သူတို့ဖျင်ထဲ တရုတ်ငှက်ပျောသီးကြီးထည့်ရဖို့ဘဲ လုပ်မှာပေါ့။
တစ်သျူးငှက်ပျောက သဘာဝပတ်ဝန်းကျင်ပျက်၊ ကျန်းမာရေးပြဿနာ ဖြစ်လောက်အောင် ဓာတုဗေဒပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေ အလွန်အကျွံ အသုံးပြုရတာလေ။ ပြီးတော့ အဲဒီဆေးတွေက တရုတ်ပြည်မှာဆို တားမြစ်ဆေးတွေ။ မြေဆီလွှာပျက်စီး ရေထုညစ်ညမ်းမှုတွေ ဖြစ်မယ်။ ဆေးနံ့တွေ ရှူရှိုက်နေရမယ်။ အဲဒီကဖြစ်လာတဲ့ပိုးတွေ တခြားသီးနှံခင်းတွေဆီ ကူးမယ်။
အင်း ဒါတွေ ခွေး နားမလည်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar