မင်းငြိမ်းအေး - စုဗူး
Art - Aung Htet
စုဗူး
မင်းငြိမ်းအေး
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၆
ဘယ်တုန်းက
နေလုံးကြီးကို ငါထည့်ထားတာလဲ
သိပ်အေးချမ်းလို့မရဘူး
ဖောက်ချ ။
စီးကရက်တလိပ်နဲ့
မိန်းမတယောက်ဓာတ်ပုံ
မိုမိုကိုလား
ဖိုဖီကိတ်လား
ဆက်စုထားရမယ်
လိင်စိတ်မရှိရင်
ဒီလောကပျက်လိမ့်မယ်။
ရုပ်ရှင်တကား
ကဗျာတပိုဒ်
ပူဇီဖောင်းကွန်ဒုံးတွေ
ဆက်ထားရမယ်
လိင်စိတ်ကိုထိန်းချုပ်လို့ရအောင်။
ငါ့စုဗူးထဲက
ဘာသာရေးတွေက
တရားတော်တွေထွန်းကားချင်ဟန်တူတယ်
နေ့တိုင်း
တိုးတိုးထွက်တယ်
ငါကလည်းတားထားတယ်။
ငါ့စုဗူးထဲက
စစ်ကားတွေက
ရယ်ရတယ်
ဘယ်တော့မှမနိုင်တဲ့သူတွေ
တိုက်ကြတယ်။
ငါ့စုဗူးထဲ
မရှိတာဆိုလို့
အကြွေးစာရင်းရယ်
လမ်းပြအိမ်မြှောင်ရယ်
ထောက်လှမ်းရေးအချက်အလက်တွေပဲ။
ဟေ့ကောင်
ထထ
သပြေခက်လေးခြောက်နေပြီ။
စုဗူး
မင်းငြိမ်းအေး
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၆
ဘယ်တုန်းက
နေလုံးကြီးကို ငါထည့်ထားတာလဲ
သိပ်အေးချမ်းလို့မရဘူး
ဖောက်ချ ။
စီးကရက်တလိပ်နဲ့
မိန်းမတယောက်ဓာတ်ပုံ
မိုမိုကိုလား
ဖိုဖီကိတ်လား
ဆက်စုထားရမယ်
လိင်စိတ်မရှိရင်
ဒီလောကပျက်လိမ့်မယ်။
ရုပ်ရှင်တကား
ကဗျာတပိုဒ်
ပူဇီဖောင်းကွန်ဒုံးတွေ
ဆက်ထားရမယ်
လိင်စိတ်ကိုထိန်းချုပ်လို့ရအောင်။
ငါ့စုဗူးထဲက
ဘာသာရေးတွေက
တရားတော်တွေထွန်းကားချင်ဟန်တူတယ်
နေ့တိုင်း
တိုးတိုးထွက်တယ်
ငါကလည်းတားထားတယ်။
ငါ့စုဗူးထဲက
စစ်ကားတွေက
ရယ်ရတယ်
ဘယ်တော့မှမနိုင်တဲ့သူတွေ
တိုက်ကြတယ်။
ငါ့စုဗူးထဲ
မရှိတာဆိုလို့
အကြွေးစာရင်းရယ်
လမ်းပြအိမ်မြှောင်ရယ်
ထောက်လှမ်းရေးအချက်အလက်တွေပဲ။
ဟေ့ကောင်
ထထ
သပြေခက်လေးခြောက်နေပြီ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
