Breaking News

ဝင်းမင်းခိုင် - ဆာလောင်နေတဲ့ငှက်

Art - POS
 
ဆာလောင်နေတဲ့ငှက်
ဝင်းမင်းခိုင်
(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၆


မုန့်ဆီကြော်
အနားပတ်ပတ်လည်ကစစားသလို
သူတို့စားလာခဲ့ကြတယ်

ငလျင်ကြောမှန်းမသိပဲတည်ထားတဲ့
သူတို့အတွက်မဟုတ်တဲ့ရွှေရောင်အိပ်မက်တွေကို
ခါချဖြိုဖျက်ပစ်လိုက်တယ်

လှုပ်လေမြှုပ်လေမှတ်တမ်းရုပ်ရှင်ကို
နေ့စဉ်ရက်ဆက်ရုံတင်တယ်

ပယောဂမှန်လို့တုန်ဆင်းသွားစေတဲ့
ဆေးစွမ်းကောင်းတလက်ကို
ကမ္ဘာကြီးကလက်ခံသွားအောင်စမ်းသပ်ပြသနိုင်ခဲ့တယ်

ပတ်ဝန်းကျင်ကိုကိုယ်ကပြောင်းလဲမပြစ်နိုင်ရင်
ပတ်ဝန်းကျင်ကပြောင်းလဲတာကိုယ်ခံရလိမ့်မယ်ဆိုတဲ့သင်ခန်းစာကို
သူတို့အားလုံးကြေညက်တယ်

အင်္ဂါစဉ်ထဲကတခုပြီးတခုပျောက်ကွယ်သွားအောင်
သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းဟာ
သူတို့သင်ခန်းစာသူတို့ကြေညက်ကြောင်း  ပိုမိုထင်ရှားစေခဲ့တယ်

ထူထူလှီးတယ်
ပါးပါးလှီးတယ်
ပြီးတော့ရန်သူကို
ဆာလောင်နေတဲ့ငှက်အစာကောက်သလို
သူတို့ကောက်နေခဲ့ကြတယ်

၉.၅.၂၅  
 -
Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar