Breaking News

ကိုသန်းလွင် - ရာသီဥတု ပြောင်းလဲချိန်နှင့် မပြန်လမ်း

ကိုသန်းလွင် - ရာသီဥတု ပြောင်းလဲချိန်နှင့် မပြန်လမ်း

မိုးမခ ၊ ဩဂုတ် ၂၉ ၊ ၂၀၂၆

 

(၁)

ရာသီဥတု ပြောင်းလဲခြင်း (Tipping Point) ကို စောင့်ကြည့်နေသူများက သိပ္ပံပညာရှင်များသည် ရာသီဥတု၏ အရေးကြီးသော အပြောင်းအလဲကို အမှတ်မထင်သာ ရှုမြင်ကြသည်ဟု ယူဆကြသည်။ ကမ္ဘာ၏ အရေးကြီးသောစနစ် (Earth System) တွင် ပြိုကျပျက်စီးခြင်း ဖြစ်နိုင်ပေရာ ရေခဲများ အရည်ပျော်ခြင်းနှင့် သမုဒ္ဒရာရေ စီးကြောင်းများတွင် အနှောင့်အယှက် ဖြစ်ပွားခြင်းများ ဖြစ်နိုင်သည်။ ၎င်းသည် တဖြည်းဖြည်း ပူနွေးလာသော ကမ္ဘာကြီးကို ရုတ်တရက် ပြောင်းလဲသွားပြီး ပြန်လည်ပြုပြင်၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။ ဤကဲ့သို့ မူလအခြေအနေကို မရောက်နိုင်လောက်အောင် မဖြစ်နိုင်တော့သော အခြေအနေကို (Tipping Point) ဟု ခေါ်သည်။ သို့သော် ၎င်းသည်လည်း အပြီးသတ် မဟုတ်သေးပါ။

(၂)

ဤနေရာကို ကျွန်တော်တို့ ဘယ်လိုရောက်လာကြပါသနည်း။ လုံးဝဥဿုံ ပြောင်းလဲရမည့် အခြေအနေသည် မည်သို့ ဖြစ်ပေါ်လာပါသနည်း။ ဤသည်မှာ အရေးကြီးပြီး နားလည်ရန် ခက်သည်။ လက်ရှိအနေအထားတွင် ဤသည်ကို သေချာစွာ မလေ့လာမိကြပါ။ လုံးဝ ပြောင်းလဲသွားခြင်းသည် ကြီးမားသော ရာသီဥတု၏ ပြောင်းလဲမှုကြီး ဖြစ်ပါသည်။ တခါတရံ ၎င်းသည် ဆယ်စုနှစ်မျှချီ၍ ကြာနိုင်ပါသည်။ ပြောင်းလဲခြင်းသည် မည်သည့်အခါ မှ အေးအေးဆေးဆေး ပြောင်းလဲသွားသည်ဟု မရှိ။ ပြောင်းလဲမှုသည် ပြင်းထန်၍ အေးအေးဆေးဆေးမရှိနိုင်ပါ။

ဤအခြေအနေတွင် ရာသီဥတုသည် မငြိမ်သက်မှုကို တွေ့ရပါသည်။ မူလအခြေအနေတွင် အလွန်တရာ ပြောင်းလဲသွားခြင်း (sharp change) များကို တွေ့နိုင်ပြီး တခါတရံ သီးနှံများ ပျက်စီးခြင်းတို့ ဖြစ်တတ်ပါသည်။ ရုတ်တရက် ရေကြီးခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်ခြင်းများနှင့် ရေရှည်တွင် ထင်မှတ်ထားသည်များနှင့် လွဲချော်နေတတ်သည်။ ထို့နောက် စီးပွားရေးတွင် အနှောင့်အယှက်ဖြစ်ကာ ထောက်ပံ့ရေးလမ်းကြောင်း (Supply Chain) ကိုပါ ပျက်စီးစေသည်။ ပစ္စည်းကို အာမခံထားခြင်းမှာလည်း ပျက်ပြားသွားကာ လူ့အဖွဲ့အစည်းကလည်း ကြိုတင်စီစဉ်ထားသည်များတွင် ရာသီဥတု မပါဝင်သဖြင့် ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်သည်။

ပြဿနာမှာ ဖြေရှင်းရန် အမြန်လိုအပ်သည်။ ကမ္ဘာကြီး၏စနစ်တွင် သမုဒ္ဒရာရေစီးကြောင်း ရေခဲပြင်ဆိုင်ရာ လှုပ်ရှားမှုများ၊ လေထုများအတွင်း မထင်မှတ်သော အနှောင့်အယှက်များ ပေါ်လာသည်။ ကမ္ဘာတစ်ခုလုံးသည် မထင်မှတ်ထားသော ကျရှုံးမှု (free fall) ဖြစ်နိုင်သည်။

Tipping Point ၏ အဓိပ္ပာယ်သတ်မှတ်ချက်အရ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော အပြောင်းအလဲကြီးများသည် တစ်ခုပြီးတစ်ခု ဖြစ်လာပြီး စနစ်တခုလုံး မတည်မငြိမ်ဖြစ်ကာ မူလကနှင့် မတူသောအဖြစ်သို့ ရောက်သွားနိုင်သည်။ ဝင်ရိုးစွန်းအနီးမှ ရေခဲများ အရည်ပျော်ခြင်းနှင့်အတူ ကမ္ဘာမှ နေရောင်ကို ရောင်ပြန်ဟပ်ခြင်းလည်း လျော့နည်းသွားကာ ကမ္ဘာကြီးကို ပို၍ပူပြင်းလာစေနိုင်ပါသည်။ ထိုသို့ ပူပြင်းလာခြင်းက ရေခဲပြင်မှ ရေခဲကို ပို၍ပျော်ဝင်စေပါသည်။ ထိုစက်ဝိုင်းသည် Tipping Point သို့ အလျင်အမြန် ရောက်စေပြီး ရာသီဥတုသည် မပြန်လမ်းသို့ ရောက်စေနိုင်သည်။

ထိုပွိုင့်သို့ မရောက်မီ ရာသီဥတုသည် အလွန်မတည်မငြိမ်ဖြစ်နေသည်။ အမြဲတမ်း (fluctuate) ပြောင်းလဲနေပြီး ၎င်းသည် စနစ်အတွင်းဝယ် ပိုမို၍ဆိုးဝါးကာ မမျှော်လင့်ဘဲ ဖြစ်ချင်သလို ဖြစ်သွားနိုင်ပါသည်။ လူ့အဖွဲ့အစည်းအနေဖြင့် ထိုမတည်မငြိမ်ဖြစ်သော ရာသီဥတုအကျိုးကို ခံစားနေရပြီး ပေါ်လစီ ချမှတ်သူများက လိုအပ်သလို ချမှတ်ထားရန် လိုသည်။

ကမ္ဘာကြီးသည် ပိုမိုဆိုးဝါးလာသော ရာသီဥတု၏ (erratic climate) ကို ခံနေရပြီး ရေခဲပျော်ဝင်သော ရေစီးကြောင်းလည်း ပိုမိုအင်အားကောင်းလာကာ သမုဒ္ဒရာရေစီးကြောင်းများအတွင်း စီးဝင်လာကြသည်။ ထိုအပြောင်းအလဲများကြောင့် အပူချိန်တက်လာခြင်း၊ မိုးရေချိန် ရုတ်တရက် မြင့်တက်လာခြင်းနှင့် မုန်တိုင်းများ ဖြစ်ပေါ်လာခြင်းကို ကြုံတွေ့ကြရသည်။

ထိုဖြစ်ရပ်များကြောင့် ကြုံတွေ့လာရသော အခြေအနေသည် ရုတ်တရက် မသိသာဘဲ ရှိတတ်သည်။ ရေခဲပြင်နှင့် သမုဒ္ဒရာရေစီးကြောင်းတို့သည် လွန်စွာအင်အားကြီးမားသောကြောင့် ၎င်းတို့ကြောင့် ဖြစ်ပေါ်လာသော ပူနွေးမှုသည် မသိသာဘဲ နှေးကွေးနေတတ်သည်။ သို့သော် သတ်မှတ်ထားသော အပူချိန်သို့ ရောက်သည်နှင့် စနစ်တခုလုံး ပျက်စီးရန် ဖြစ်လာသည်။

အင်တာတီးကား အနောက်ပိုင်း (West Antertica) မှ ရေခဲပြင်၊ ဂရင်းလင်းမှ ရေခဲပြင်တို့သည် သူတို့၏ ပြောင်းလဲရမည့် (Tipping Temperature) အပူချိန်သို့ ရောက်ခဲ့ကြပြီးဖြစ်သည်။ အာတိတ်ပင်လယ်ပြင်သည် နောက်နှစ်အနည်းငယ်အတွင်း ရောက်ရမည် ဖြစ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာအတွက်မူ မခန့်မှန်းနိုင်ကြသေးပါ။  ထိုသို့ (tipping temperature) နှင့် (tipping point) သို့ ရောက်ခါနီး ကြားကာလအချိန်များမှာ အပြောင်းအလဲသည် ပို၍မြန်ဆန်လာတတ်သည်။

သုတေသနလုပ်ငန်းများမှာ သိလာရသည်မှာ Tipping Point သို့ မရောက်မီ ရာသီဥတု အပြောင်းအလဲသည် မြန်ဆန်လာပြီး တည်ငြိမ်မှုနည်းပါးသောကြောင့် ထိုအဖြစ်အပျက်ကို ကြည့်ပြီး အချိန်မည်မျှကြာမည် ဆိုသည်ကို ခန့်မှန်းကြသည်။ သို့သော် မတည်ငြိမ်မှုဖြစ်ပွားသော ရာသီဥတု ပြောင်းလဲခြင်းမှာ ကျွန်တော်တို့ နားလည်နိုင်သောအဆင့်သို့ မရောက်သေးပါ။

ခေတ်သစ်စီးပွားရေးစနစ်သည် တည်ငြိမ်သော ရာသီဥတုအပေါ်တွင် အခြေခံပါသည်။ စီးပွားရေးထုတ်ကုန်များ၊ အခြေခံအဆောက်အဦတို့၏ ဒီဇိုင်းများ၊ အာမခံထားခြင်းတို့သည် ရာသီဥတုကို တည်ငြိမ်သည်ဟုသာ ယူဆ၍ တည်ဆောက်ကြသည်။ ၎င်းတို့အထဲတွင် ရာသီဥတု ပြောင်းလဲခြင်းကို ထည့်သွင်းလိုကြသော်လည်း ထိုအဖြစ်မှာ သေချာရေရာမှုနည်းပါးသည်။

လယ်သမားများသည် သီးနှံဆုံးရှုံးခြင်း၊ အာခီတက်နှင့် မြို့ပြအဆောက်အဦတို့ကို ပြင်ဆင်သူတို့အနေဖြင့် အပူချိန်၊ မိုးရေချိန်တို့ကို ကြည့်ရသလို ဘဏ္ဍာရေးထောက်ပံ့မှု အာမခံထားသူတို့အတွက်ကလည်း အပျက်အစီးများကို ခန့်မှန်းကြရသည်။ ထိုအရာများကို မခန့်မှန်းနိုင်ဘူးဟုဆိုလျှင် ထိုလူများ၏ လုပ်အားကို အသုံးချနိုင်တော့မည် မဟုတ်ပေ။ အသက်ကိုပင် အာမမခံနိုင်တော့ဘဲ နေရသည့် အခြေအနေမှာလည်း လုံခြုံမှုမရှိတော့ပေ။

လူနေမှုစနစ်သည် ရာသီဥတု ဆိုးရွားဖောက်ပြန်ခြင်းကို သိနေကြပြီ ဖြစ်သည်။ စနစ်တစ်ခုက ဖောက်ပြန်မှုကို စလိုက်သည်နှင့် နောက်တစ်ခုက လိုက်၍ ဖောက်ပြန်တော့သည်။ ဥပမာ ဂရင်းလင်း ရေခဲပြင်သည် ၎င်း၏ Tipping Point အနီးသို့ ရောက်ပြီဆိုသည်နှင့် ၎င်း၏ ရေခဲမျက်နှာပြင်သည် အရည်ပျော်ရန် ပို၍နီးစပ်လာသည်။ ဒေသဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းသည် ပိုမို၍ ဒေသဆိုင်ရာ ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်။ ထို့နောက် ပျော်ဆင်းသွားသော ရေသည် မြောက်အတ္တလန္တိတ် သမုဒ္ဒရာအတွင်းသို့ စီးဆင်းသွားမည် ဖြစ်သည်။

ထိုသို့ စီးဝင်ခြင်းက သမုဒ္ဒရာရေစီးကြောင်းတွင် အပြောင်းအလဲများကို ဖြစ်စေသည်။ သမုဒ္ဒရာအတွင်း Convection နည်းအရ အပူချိန်ပြောင်းလဲပြီး ရေပူရေအေး ပေါင်းစပ်သွားနိုင်သည်။ ၎င်းဖြစ်ရပ်များက ရေခဲရေ အပေါ်တွင် အကျိုးသက်ရောက်မှုကို ဖြစ်စေပါသည်။ ၎င်းသည် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရေမျက်နှာပြင်၏ အပူချိန် အပြောင်းအလဲကို ဖြစ်စေနိုင်ပြီး ၎င်းက သမုဒ္ဒရာပြင်ကျယ်တစ်ခုလုံး ရေစီးကြောင်းကို နှောင့်ယှက်ပါတော့သည်။ ထို့နောက် ထိုမှတဆင့် အနောက်ဥရောပ၊ မြောက်အမေရိကနှင့် အာရှတခွင်လုံး ရာသီဥတုကို ထိခိုက်စေသည်။

ဤအကျိုးသက်ရောက်မှုမှာ ကြီးမားလှသည် ဆိုစေဦး၊ ၎င်း၏ သေချာပေါက် ပမာဏကို မခန့်မှန်းနိုင်ကြပါ။ ရာသီဥတု၏ ရူပဗေဒနှင့် စီးပွားရေး အကြောင်းအရာများကို ဆိုလိုပါသည်။ ရာသီဥတုစနစ်တွင် Tipping Point ဖြစ်ပေါ်နေစဉ် ကာလ၌ မည်သို့ရှိမည်ကို မပြောနိုင်ကြပါ။ ဥပမာ- အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရေစီးကြောင်း ပြောင်းပြန် (Overturning Cirenlation) ဖြစ်သွားသော ဖြစ်ရပ်နှင့် အမေဇုန်သစ်တောကြီးအတွင်း အဖြစ်အပျက်များ အန္တာတိကအနောက်ပိုင်း ရေခဲမြစ်တို့ မည်သို့ ပြောင်းလဲမည်ကို မခန့်မှန်းနိုင်ကြပါ။ အကျိုးသက်ရောက်မှုများ၏ ရေရှည်ဖြစ်ပေါ်လာမည့် အကြောင်းအရာများမှာ ပို၍ဝေးကွာနေသည်။ ဥပမာ ရေမျက်နှာပြင်သည် အမြင့်ပေ မည်မျှမြင့်တက်လာမည်ဆိုသော ကိစ္စမျိုးကို ဥပမာထား၍စဉ်းစားနိုင်ပါသည်။ Tipping Point ကို ကျော်လွန်သွားပြီး ဖြစ်လာမည့် အဖြစ်အပျက်များမှာ အလှမ်းဝေးနေဆဲ ဖြစ်ပါသည်။

(၃)

ဤကြီးမားသော ပြောင်းလဲမှုသည် တည်ငြိမ်နေသော စနစ်တစ်ခုနှင့် ပြင်ပမှအားများ သက်ရောက်မှုတို့အကြောင်း မှန်းဆချက်များ ပါဝင်ပါသည်။ ထိုယူဆချက်မှာ ကမ္ဘာကြီး၏ ပျမ်းမျှအပူချိန်ကို စံထား၍ ဝင်ရောက်လာမည့် နေရောင်ခြည်စွမ်းအင်နှင့် ကမ္ဘာမှ ရောင်ပြန်ဟပ်မည့် နေရောင်ခြည်စွမ်းအင်တို့အကြားမှ မျှချေ အခြေအနေတစ်ခုသို့ ရောက်ရမည် ဖြစ်သည်။ သို့သော် Tipping Point ကြောင့် ဖြစ်ပေါ်လာသည့် ဒိုင်းနမစ်နှင့် ပတ်ဝန်းကျင်၏ တုံ့ပြန်မှုတို့မှာ မည်သို့ ဖြစ်မည် ဆိုသည်ကို ခန့်မှန်းရုံသာ တတ်နိုင်ကြပါသည်။

ကိုသန်းလွင်

Ref: Climate Free Fall, by Anters Levermann, Nature 16 July 2026.

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar