Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၉)

 

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၉)

မိုးမခ ၊ စက်တင်ဘာ ၈ ၊ ၂၀၂၆ 

မအလလက်ထက်မှာ ငါးနှစ်ကျော် ခြောက်နှစ်ကြာတဲ့အထိ ကျန်တာသာ ဘာမှမဖြစ်တာ၊ ကျားဖြန့်ကတော့ တစ်နိုင်တစ်ပိုင် ကျားဖြန့်လုပ်နိုင်တဲ့အဆင့် ဖြစ်သွားပြီ။ အစပထမတော့ လူမျိုးစုခေါင်းဆောင်၊ BGF၊ တိုင်းမှူး၊ ဝန်ကြီး၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီး၊ ပြည်သူ့စစ် အဲဒီလိုအကြီးကြီးတွေနဲ့ အုံနဲ့ကျင်းနဲ့၊ စီမံကိန်းနဲ့၊ နိုင်ငံတော်ဆိုတာနဲ့ လုပ်ရာကနေ တဖြည်းဖြည်းနဲ့ တစ်နိုင်တစ်ပိုင်အထိ တိုးတက်လာ။ နယ်စပ်မှသည် ရန်ကုန် နေပူတော်ထိ ဖြန့်ကျက်လာ။

ဆေးပြားထုတ်လုပ်မှုလည်း လက်နက်ကိုင်အဖွဲ့အစည်းနဲ့ စက်ရုံအလုပ်ရုံတွေမှသည် တစ်နိုင်တစ်ပိုင် မိသားစုပိုင် ဆေးပြားသန်းချီ ထုတ်နိုင်လာ။

အဲဒီလိုပဲ ခွေးမှုထမ်း လူပြန်ပေးဆွဲဆိုရင်လည်း ဗိုလ်ချုပ်မှူးကြီးကစလို့ ဝန်ကြီး၊ ညွှန်ချုပ် ဘာညာသာရကာတွေအလယ် တပ်နယ်မှူး၊ တပ်ရင်းမှူးတွေ၊ ထွေအုပ်တွေ၊ ပျူတွေ၊ လူမိုက်တွေ၊ မီးသတ်တွေအဆုံး ကိုယ်ပိုင်အချုပ်ခန်းနဲ့ အလုပ်အရမ်းဖြစ်နေကြ။ ငိုသံမစဲ ရပ်ကွက်ထဲ။ အသံမစဲ ပဋ္ဌာန်းပွဲတွေအစား အသံမစဲ ကျိန်ဆဲပွဲတွေအထိ ဖြစ်လာ။ အလှူခံမဏ္ဍပ်ကနေ တရားနာရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ပါသည်အစား စစ်မှုထမ်းမဲနှိုက်ရန် ရပ်ကွက်ဓမ္မာရုံသို့ကြွပါ ဖြစ်လာ။ ငရဲအကျိုးမျှော်၍ နှိုးဆော်ပါတယ် တစ်ချက်ထည့်မအော်တာ။

စစ်ဌာနချုပ်လိုက်၊ တပ်မလိုက်၊ ဗျူဟာလိုက်၊ ရင်းလိုက် အလံဖြူထောင် လက်နက်ချရာကနေ တစ်နိုင်တစ်ပိုင် အလံဖြူထောင်တာ၊ လက်နက်ချတာတွေအထိ ရှိလာပြီ။ တောင်ပေါ်၊ မြေပြန့်၊ ရေပြင် ကြည်းရေလေမရွေး ခွေးနဲ့ဝေးရာ ပြေးကြပြီ။ စတန်းဒတ်အာမီကနေ အရမ်းသတ်အာမီ၊ အကန်းအငတ်အာမီကနေ ရဲဝင်းအူက သတင်းတွေမယုံဖို့ပါ ပြောလာရတဲ့ ဒရမ်းခပ်အာမီအထိ ဖြစ်လာပြီ။ လူမျိုးတုံးသတ်ဖြတ်မှုကနေ ရွာတုံး ရပ်တုံးသတ်ဖြတ်မှုထိ ရှိလာပြီ။ အီတာ အူတာကစ ဟောင်တာ ဟိန်းတာအလယ် ကိုက်တာ ဆွဲတာအဆုံး တော်သလင်းမှုတွေ တရုန်းရုန်း၊ ဓားပြမှု အနုကြမ်းမှုတွေ တစ်လုန်းလုန်းနဲ့ လူလုံးပျောက် ခွေးလုံးလုံးပေါက်တဲ့အဆင့် ရောက်လာပြီ။

ပြည်တွင်းတွင်လားဆိုမဟုတ်၊ ပြည်ပမှာလည်း တပ်ခွေးပြန်ရင် ကပ်ကြွေးကျန်ရမယ် ဖြစ်လာပြီ။ ရှီကျင့်ဖျင်ဖုတ်တဲ့ တရုတ်သာကြည့်။ တစ်တိုင်းပြည်လုံး ရေစိမ်ခေါက်ဆွဲ ဖြစ်နေပြီ။ ခုကို မုန်တိုင်းက ၁၈ လုံး ရှိပြီတဲ့။ မအလ သက်စေ့လာမှာ။ အများကြီး ကျန်သေးတယ်။ ဒီလူသတ်သမား၊ မုဒိမ်းကောင်၊ ခွေးရူးပြိတ္တာနဲ့ မိစ္ဆာချင်း ရိုင်းပင်းမှတော့ မုန်တိုင်းတွေ နှိုင်းချင်းလာပြီပေါ့။ ကားတွေများ ဖားတွေလို၊ အိမ်တွေပြို ဆိုင်တွေမြုပ်၊ မှိုင်တွေကုတ်နေတဲ့ ပြည်သူတွေတော့ သနားပါတယ်။ တိဘက်ကို အနိုင်ကျင့်၊ မြန်မာကို ဒုက္ခမျိုးစုံပေး၊ ထိုင်ဝမ်ကို ခြိမ်းခြောက်၊ နိုင်ငံတကာက မြေတွေ အဆိပ်အတောက်ခပ်နေတာ ရပ်သင့်ပြီလေ။ မဟုတ်ရင် ဒီထက်နာမယ်။ ဆည်ကျိုးပြည်မှောက် အတိဒုက္ခရောက်ဖို့သာ ကျန်တော့တယ်။

ဗီယက်နမ်လည်း ကြွေးကျန်ရှိလို့ ဆက်ဆံနေတယ်ပဲဆိုဆို လေယာဉ်ဆီကိစ္စ၊ စစ်ရေးကိစ္စ၊ ပြည်သူကို နှိပ်စက်မယ့်ကိစ္စတွေ ပါနေတော့ လင်ဆိုးမယား တစ်ဖားဖားဖြစ်ဦးမယ်။ ဖြစ်တဲ့ဟာ ဖြစ်နေပြီ။ ကိုယ့်အတိတ် အာဏာရှင်တော်လှန်တဲ့သမိုင်း အရိုင်းခံပြီး ဖာခေါင်းနဲ့လာပေါင်းတာ မသာလောင်းဖြစ်ဖို့သာ ရှိတာလေ။ မအလ အမာခံ ပူတင်ဆို ဘယ်သူမှ လူမထင်တော့။ ကေဂျီဘီကို လူရွှင်တော်က ပလေးတာများ ဖင်ကြားသွေးစိမ့်ရော။ မင်္ဂလာသုတ် မသင်ဖူးတော့ မသူတော်ဘေးဆိုတာ သိကြမှာမဟုတ်။ လူမဟုတ် ခွေးစုပ်ဘေးဆိုတာ တွေးတတ်မှာမဟုတ်။ မြန်မာတွေ ကွန်မြူနစ်ဘေး နှစ်ဘေးညှပ် ထင်သလို အသတ်ခံရသလို ကွန်မြူနစ်တွေလည်း ကပ်အမျိုးမျိုးနဲ့ ထပ်တိုးခံစားနေရပြီ။ ခုနောက်ထပ် ဗီယက်နမ်ကွန်မြူနစ် ကပ်တစ်ကပ် လာဦးမယ်။ သူလည်း မသူတော်ဘေးနဲ့ အပူတော်ပေးခံရပေဦးမယ်။

လောလောဆယ် မအလကတော့ နွားပျောက်ကြီး တစ်ရှဉ်းပတ် လက်ဖွဲ့နေတာပဲ။ ဟိုနိုင်ငံသွားလည်း မြေပုံထောက်ပြီး ဒီနေရာလာ စီမံကိန်းလုပ်လိုက်ဦး၊ ဒီနိုင်ငံသွားလည်း ဟိုနေရာလာ စီမံကိန်းလုပ်လိုက်ဦး၊ ရတနာပုံဆိုက်ဘာစီတီးလည်း ကျုပ်သားနဲ့သမီးပဲ၊ လာ တီးလိုက်ဦး လုပ်နေတာ။ တကယ် သူပိုင်တဲ့နေရာ တစ်ခုမှမရှိ။ နိုင်ငံတော်ကိုလည်း ကြူကြူလှ တစ်ကွက်စာတောင် တကယ်တမ်း ကိုယ်စားပြုမှုမရှိ။ တစ်ခုမှလည်း တရားမဝင်။ ဘယ်သူကမှလည်း အသိအမှတ်မပြု။ မအလရဲ့ စီမံကိန်းဆိုတာ သူခိုးဈေးနဲ့ဝယ်ထားတဲ့ဟာ။ ကနေ့စစ်ရှုံး ကနေ့ကြိုးစင်မှာ ထမ်းပိုးတင်ခံရမှာ။ ကနေ့ အာဏာထပ်သိမ်း ကနေ့ဖင်ဝပြောင်းတေ့ပြီး ကျောင်းရွှေ့ခံရမှာ။ အောက်ခြေတွေ လက်နက်ချတာနဲ့ ပက်လက်ကျမှာ။ နောက်ဆုံး တုတ်ထိုးချမယ့် မုဆိုးမတွေနဲ့တင် ပုတ်သိုးရမှာ။ အဖမဲ့တွေ သမတဲ့ဘဝကလည်း ဆိုက်တော့မှာ။ ပြည်သူကတော့ တစ်စက်မှ မကြည်ဖြူတော့။ ဆီပူနဲ့ကြော်ဖို့အသင့်။ ခု လျှောက်သွားနေတာကလည်း ကျားဖြန့်အချင်းချင်း ရိုင်းပင်းတဲ့အဆင့်။ ကျားဖြန့်အင်ပါယာထဲပဲ ပတ်လို့ရတာလေ။ အတိုင်းတိုင်းအပြည်ပြည်ရဲ့ အမှုစုံရာဇဝတ်သား တစ်ကောင်အဖို့ ခိုးကြောင်ခိုးဝှက် ညငှက်၊ ဇီးကွက်နဲ့ လင်းနို့လို မှောင်ခိုရတဲ့နေရာပဲ သွားလို့ရတာလေ။ ဒီသောက်ခွက်နဲ့ ကမ္ဘာမပျက်ရင် ဘယ်မှထွက်ရမယ်မဟုတ်။

မအလနဲ့ ညိုစော သားအဖနှစ်ကောင်က အတည်ပေါက်တွေ၊ ပူတင်ဘောပွတ်ပြန်လာတာနဲ့ တစ်ကောင်က အာကာသစီမံချက်တဲ့၊ တစ်ကောင်က ရဟတ်ယာဉ်ထုတ်မယ်တဲ့။ ဟုတ်လည်းဟုတ် နောက်လည်းနောက်တဲ့ကောင်တွေ။ အဲ တကယ်ဂေါက်တဲ့ကောင်တွေ။ မတန်မရာတွေချည်း ဖြီးဖြီးပြတာ၊ သွားကြားမှာ ချေးလက်တစ်သစ်နဲ့။ အာကာသဌာနမှာ ရာထူးရသွားတဲ့ကောင်တွေကတော့ အချင်းချင်း စောက်ရူးတွေလို့ သမခံနေရပြီ။ အဲဒီလို စောက်ကြီးစောက်ကျယ်တွေသာ ပြောနေတာ ငွေက ပြည်ပထွက်အလုပ်လုပ်နေသူတွေဆီက အနုကြမ်းစီးနေရတာရယ်။ စစ်တပ်က ထုတ်ပြန်ထားတဲ့ စာရင်းဇယားအတိုင်းဆို ၂၀၂၅ တစ်နှစ်စာကိုက ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ရှိသတဲ့လေ။ အဲဒီငွေတွေနဲ့ပဲ အဲဒီလူတွေရဲ့ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမတွေကို ဗုံးကြဲသတ်နေတာလေ။ ခု အဲဒီငွေတွေရဖို့ ဟိုခြိမ်းခြောက် ဒီအကျပ်ကိုင်နဲ့ ညစ်နည်းမျိုးစုံသုံးနေတာ။ အဲဒီငွေတွေက နိုင်ငံခြားငွေ စီးဝင်မှုစုစုပေါင်းရဲ့ ၃၈ ရာခိုင်နှုန်းတဲ့။ အဲဒီငွေတွေနဲ့ ခွေးပါးဝလို့ရနေတာကို ပညာမတတ်လို့ နိုင်ငံခြားထွက်တယ်လိုလို အူတဲ့အပြင် လူငယ်တွေ ပြည်ပထွက်ကုန်လို့ တိုင်းပြည်ဒုက္ခရောက်တော့မလိုလိုကလည်း နှုတ်သီးမဲကြီးနဲ့ ဟောင်သေးတာ။ ဟန်ဆောင်ပန်ဆောင်နဲ့ နိုင်ငံခြားထွက်တာ ထိန်းချုပ်မယောင်ယောင်ကလည်း တစ်ချက်တစ်ချက် ထထအူသေးတယ်။ အမှန်က သူတို့ကိုရွံလို့ ထွက်ကြတာလေ။ သူတို့စောက်ခွက် ဘယ်သူမှမကြည့်ချင်လို့၊ ခွေးက လူကိုအုပ်ချုပ်တာ မခံနိုင်လို့၊ ဘောမှုမထမ်းချင်လို့ ထွက်ကြတာလေ။

အင်း အဲဒီလို စောက်ကြီးစောက်ကျယ်တွေသာ မိုးလားကဲလား၊ အာကာသလား၊ ရဟတ်ယာဉ်လား ထထအူပြီး ကြက်ဥတောင် နပ်မှန်အောင် မဥနိုင်တော့တဲ့ မအလနဲ့ သူ့စစ်တပ်ဟာ

"ဗမလည်းကုန် ပစကုန်ပြီ ကြိုးခုံပေါ်သာ တက်ပါလေ" ကိန်းက ဆိုက်တော့မှာ မကြာတော့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar