Breaking News

ဖလော်ဒါဟန် - စာပေစစ်မျက်နှာသည် ပြည်သူများ၏ အင်အားနှင့် စည်းလုံးမှု

May be a graphic of text that says 'မောင်လူမွှေး စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မရဘူး ကျည်ဆန် C စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မရဘူး ဝလ၃ုင မောင်လူမွှေး မောင်လူမွေး နစ်ကိုကျည်ဆန်နဲ့ပစ်လို့ရဘူး -မနစ်ကိုကျည်ဆန်မဲ့ပယ်လို့မဘူ - စနစ်ကို စနစ်ကို စနစ်ကိုကျည်ဆ ကျည်းဆန်နဲ့ပစ်လို့မရဘူး 1Hs #jdz မောင်လူမွှေး မကြာမီ ဖြန့်ချီမည်.... キジャウーんー'

ဖလော်ဒါဟန် - စာပေစစ်မျက်နှာသည် ပြည်သူများ၏ အင်အားနှင့် စည်းလုံးမှု

မိုးမခ ၊ စက်တင်ဘာ ၁၉ ၊ ၂၀၂၆




မိုးမခ ဆိုသည်ကို ကျွန်မ အရင်အချိန်က မရင်းနှီးခဲ့ဖူးပါ။

သို့သော် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ကိုတော့ ကျွန်မ လေးစားခဲ့ရသည်။

အင်္ဂလိပ်စာ မတော်သည့်အထဲမှာ ကျွန်မပါသည်။

နို့‌ပေမဲ့ ဆရာမကြီး အင်္ဂလိပ်လို ရးသားသည့် စာအုပ်တအုပ်မှာ မဏိစန္ဒာ ခြေချင်းသံလေးက ကျန်စစ်သားဦးခိုက်နေတဲ့ ကြမ်းပြင်ကို တုန်ခါသွားခဲ့သည်။ ဤသည်မှာ ကျွန်မ အသည်းစွဲခဲ့ရသည့် စာကြောင်းလေး ဖြစ်သည်။
လူတယောက်အတွက် ဖူးစာဆိုတာ စာပေနဲ့လည်း ဖူးစာဆုံခွင့်ရှိပါသည်။

ငယ်စဉ် စွဲလမ်းခဲ့ရသည့်အကြောင်းအရာလေးသည် အသက် ရွှေရတုတန်းမှာ ပြန်လည်ဆုံစည်းခွင့်ရခဲ့သည်။

အခုဆို တလရ ကာလမှာ ကျွန်မ လူချင်း မမြင်မတွေ့ဖူးပေမဲ့ ကျွန်မရဲ့စာများဖြင့် စာ‌ပေမိတ်ဆွေ ဆိုသည်ထက် ရင်ဘတ်ချင်းတူသူတွေနှင့် မိတ်ဆွေဖြစ်ခွင့်ရခဲ့သည်။

အခုဆို မိုးမခရဲ့ ပင်တိုင်စာရေးနေသည့်ဆရာ မောင်လူမွှေး ရဲ့စာအုပ်လေး ထွက်ရှိလာပါပြီ။
လူတယောက်မှာ အနှစ်များ ချန်ထားခဲ့ရပေမဲ့ အကာဘဝနဲ့လည်း ဘဝကို ဖြတ်သန်းကြရသည်။
ထိုအထဲမှ မောင်လူမွှေးသည် အကာဘဝဖြင့် အနှစ်တွေကို ငွေအားထက် လူအား ဉာဏ်အားကို စိုက်ပြီး ဆက်လက်‌မွေးမြူခဲ့သည်။

မောင်လူမွှေးနဲ့ ကျွန်မ မရင်းနှီးပါ။ သိုပေမဲ့ ကျွန်မတို့ လျှောက်နေသည့်လမ်းက ရင်းနှီးစရာ အဖူးအပွင့်များဖြင့် မိတ်ဆက်ခဲ့ကြသည်။

အခုဆို မောင်လူမွှေးသည် တဖက်မှာလည်း ပညာရေးနဲ့ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ စစ်ရှောင် လူမှုရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ် ဝတ္တရားဆိုသည်ထက် မည်သူမှ ‌ပေးအပ်ထားခြင်းမရှိသည် မိမိတာဝန်ကို မိမိကိုယ်တိုင် ကျရာအခန်းကဏ္ဍမှာတာဝန် ကျေပွန်လျက်ပါ။

လူတယောက်အတွက် အရေးကြီးဆုံးဖြစ်သည့် စာပေမှတ်တမ်း ပြုစုခြင်းနှင့် အာဏာရှင်လက်ထက် အမျိုးမျိုးသောဒုက္ခများအောက်မှ ဘဝမှန် သရုပ်မှန်မှန်များကို ‌စာပေအဖြစ် ပြည်သူများ သိရှိနိုင်အောင် မျှဝေခဲ့သူပါ။
အခုဆို ထိုင်းနိုင်ငံမှာ ထုတ်ဝေခဲ့သည့် #မောင်လူမွှေးရဲ့စနစ်ကို ကျည်နဲ့ ပစ်လို့မရဘူ ဆိုသည့် စာအုပ်ပါ။
ဘတ် ၅၀၀ ကျပ်ဖြင့် ဝယ်ယူဖတ်ရှုခွင့် ရကြပါပြီ။

ဒါ့အပြင် ယခုလပိုင်းမှာ မိုးမခမီဒီယာမှ စွမ်းဆောင်မှုတခု ဖြစ်သည့်အပြင် m.cdm ၏ ကြိုးပမ်းမှုဖြင့်  ယူကျုမှာ ပြည်သူထံမှ သတင်း အကြံပြုချက် ပြည်သူတို့ဘဝ အခြေအနေများကို တနေ့ကို တမျိုး မတူညီသည့် သတင်း #စစ်တမ်းကောက်ယူခြင်းကလည်း တလရ ကာလ ပြည်သူတို့ရဲ့ စာပေစစ်မျက်နှာ ဆိုလည်း မှားမည်မထင်ပါ။

အားလုံးသော ကျွန်မတို့ရဲ့ စာပေချစ်မိတ်ဆွေတွေရယ် တလရ ကို တဖက်တလမ်းမှ ဝိုင်းဝန်းကူညီလိုသူများလိုအပ်လျက်ပါ။

ယခုလို မိုးမခမီဒီယာ၏ အသစ်အသစ်သော တလရ ရေးစာပေများကို ချီးမြှင့်ခြင်းဖြင့် ပြည်သူများ၏ အခန်းကဏ္ဍသည် အားအင် ဆိုသည်ထက် စည်းလုံးမှုတခု ဖြစ်သည် ဆိုတာလေးကို မျှဝေလိုက်ရပါတယ်။

ဖလော်ဒါဟန်။
၁၄.၉.၂၀၂၆

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar