Breaking News

မင်းချောမြင့် ● ဖြစ်စဉ်အကျဉ်း

 မင်းချောမြင့် ● ဖြစ်စဉ်အကျဉ်း
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၉

အသင့်ဖျော် ကော်ဖီထဲ
အိပ်ဆေးတွေ အမျာကြီးထည့်သောက်တယ်
အိပ်မပျော်ဘူး

ကြွေဖို့ အဆင်သင့်ရှိကြရတဲ့ သစ်သီးတွေပဲ
ထဟောင်ရမလား
ရန်လိုချင်နေတဲ့ အနေအထား

မှီခိုနေရခြင်းရဲ့
ယုံကြည်ရလောက်သော အကြောင်းအရင်းတွေထဲ
မိုးမလုံဘူး

ဒါပေမယ့်
မိုးလည်း ရွာမှာ
မဟုတ်ပါဘူး

မင်းချောမြင့်