Breaking News

သန်းဝင်းလှိုင် - သူရဦးရွှေမန်း၏ ဘဝကောက်ကြောင်း


သန်းဝင်းလှိုင် - သူရဦးရွှေမန်း၏ ဘဝကောက်ကြောင်း
(မိုးမခစာအုပ်စင်၊ သန်းဝင်းလှိုင်၏ သူရရွှေမန်းကို လေ့လာခြင်း)
မိုးမခ၊ မေ ၁၊ ၂၀၁၉

အခန်း (၉)
သူရဦးရွှေမန်း၏ ဘဝကောက်ကြောင်း

မြန်မာ့နိုင်ငံရေး၌ အကောင်းဆုံး အရှုံးသမားမှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူ ဖြစ်သောကြာင့် တပ်မတော်၏ အမြင်စောင်းမှုကိုလည်း ခံခဲ့ရသူ ဖြစ်သည်။ ထို့ပြင် ၂၀၁၅ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် အပြတ် အသတ်အနိုင်ရ ရှိသော ြီူ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ တွေ့ဆုံရေးကို တိတ်တဆိတ် ဆောင်ရွက် ပေးသူ ဖြစ်သည်။ ဦးသန်းရွှေ၏ မြေး၊ နေရွှေသွေးအောင် (ဖိုးလပြည့်)ကို ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ လာလည်စေပြီး ဦးသန်းရွှေနှင့် တွေ့ဆုံနိုင် ရေးကို လျှို့ဝှက် စီစဉ်ပေးခဲ့သူလည်း ဖြစ်သည်။

သူရဦးရွှေမန်းကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့နယ်၌ ဖွားမြင်ခဲ့သူ ဖြစ်သည်။ မိဘ နှစ်ပါးမှာ ဦးဖိုးဖေနှင့် ဒေါ်ဌေးရီတို့ ဖြစ်ကြသည်။ ငယ်စဉ်က ကညွတ်ကွင်း မြို့ရှိ အခြေခံပညာ မူလတန်းကျောင်းနှင့် အထက်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် အခြေခံပညာအထက်တန်း စာမေးပွဲ အောင်မြင်ပြီးနောက် မေမြို့ (ပြင်ဦးလွင်) စစ်တက္ကသိုလ် (ီ"ှ"ဗ) ဗိုလ် သင်တန်းအပတ်စဉ် (၁၁)သို့ တက်ရောက်ခဲ့၍ ၁၉၆၉ တွင် ကျောင်းဆင်းခဲ့ သည်။ သူ၏ ဗိုလ်သင်တန်းအမှတ်မှာ ၆၇၂ ဖြစ်သည်။

သူနှင့်အတူ တစ်ပတ်စဉ်တည်း ကျောင်းဆင်းခဲ့သူများမှာ ယခင် ထောက်လှမ်းရေး ဌာနကြီးမှူးဟောင်း ဗိုလ်မှူးချုပ် ကျော်သိန်း (နောင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး)၊ အငြိမ်းစားဗိုလ်မှူးချုပ် ကျော်ဆန်း (နောင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး)နှင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း (ယခု ပြည်ခိုင်ဖြိုး ပါတီလွှတ်တော်ကိုယ်စားလှယ်)တို့ ဖြစ်သည်။ ပြန်တမ်းဝင် အရာရှိဘဝမှ တဖြည်းဖြည်း ရာထူးတိုးမြှင့်ခံရကာ ဗိုလ်ကြီးဖြစ်လာသည်။ ၁၉၈၈ တွင် ဗိုလ်မှူးအဆင့် တိုးမြှင့်ခံရပြီး ခမရ (၆)၌ ဒုတပ်ရင်းမှူး ဖြစ် လာသည်။ ၁၉၈၉ တွင် ကရင်ပြည်နယ်ကေအင်ယူ (ကရင်အမျိုးသားအစည်း အရုံး)တပ်များနှင့် မာနယ်ပလောဌာနချုပ်ကို ထိုးစစ်ဆောင်ရွက်ရာတွင် ထူးချွန်ပြောင်မြောက်စွာ တိုက်ခိုက်ခဲ့သဖြင့် 'သူရ'ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် ကရင်ပြည်နယ်သို့ ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် ခမရ (၅) တွင် တပ်ရင်း မှူး ဖြစ်လာသည်။

၁၉၉၁ တွင် ပြည်မြို့အခြေစိုက် တပ်မ (၆၆)တွင် ဗိုလ်မှူးကြီးအဆင့် ဖြင့် ဗျူဟာမှူး ဖြစ်လာခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ခံရကာ ထောက်ကြန့်ရှိ စစ်အစိုးရ အရာရှိကြီးများ၏ လုံခြုံရေးကို တာဝန်ယူရသည့် ခြေလျင်တပ်ကို ကွပ်ကဲခဲ့ရသည်။

ထို့နောက် တစ်နှစ်အကြာ ၁၉၉၇ ၌ ပုသိမ်အခြေစိုက် အနောက်တောင် တိုင်း စစ်ဌာနချုပ် (နတစ) တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်ထားခြင်း ခံရသည်။ တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ယာယီအဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။

၂၀ဝ၀ ပြည့်နှစ်တွင် ဗိုလ်ချုပ် ရာထူးသို့ တိုးမြှင့်ခံခဲ့ရပြီးနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာသည်။ ၂၀ဝ၁ တွင် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)အဆင့်သို့ တိုးမြှင့်ခံရကာ ရန်ကုန်မြို့ ကာကွယ်ရေးဝန်ကြီးရုံးသို့ ပြောင်းရွှေ့ ခဲ့ရသည်။ ယင်းရာထူးအရ ကြည်း၊ ရေ၊ လေ တပ်မတို့ကို ကြည့်ရှုစစ်ဆေး ရသည်။ ၂၀ဝ၁ ခုနှစ် နိုဝင်ဘာလတွင် အသစ်တီထွင်ထားသည့် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် အထူးစစ်ဆင်ရေးအဖွဲ့မှူး ဖြစ်လာသည်။ စစ်ဆင်ရေးဗျူဟာကိုလည်း ကြည့်ရှုတာဝန်ယူခဲ့သည်။ ၂၀ဝ၃ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးခြင်းခံရသည်။ အဆိုပါရာထူး ရပြီးနောက် အထူးစစ်ဆင်ရေးမှူးများနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူးတို့က သူ့ထံ တိုက်ရိုက် အစီရင်ခံကြရသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ပြီးလျှင် သူသည် နံပါတ် (၃)အဆင့်ရှိ စစ်တပ်အကြီးအကဲ ဖြစ်လာသည်။

သူ့စစ်မှုထမ်း ဘဝတစ်လျှောက်၌ ခြေလျင်တပ်များမှ စစ်သည်များ၏ လေးစားမှုကို ခံခဲ့ရသည်။ တပ်တွင်း၌ ပြစ်မှုတစ်စုံတစ်ရာ မရှိသော်လည်း ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ပြီး နောက် ရှေ့တန်းစစ်သည် များနှင့် ဒေသန္တရစစ်တိုင်းများရှိ တပ်ရင်း၊ တပ်မများနှင့် အလှမ်းကွာဝေး သွားသည်။

ယင်းနောက် ၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်မှ အငြိမ်းစားယူကာ ပြည်ခိုင်ဖြိုး ပါတီသို့ ဝင်ရောက်၍ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၌ ကျင်းပသော ပါတီစုံရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံရာ အနိုင်ရရှိခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီတွင် သူသည် မူလက ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ခဲ့သော်လည်း ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် သမ္မတ ဖြစ်လာပြီးနောက် တွဲဖက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ရသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရ ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ပြည်သူ့လွွှတ်တော် ဥက္ကဋ္ဌအဖြစ် ၂၀၁၁ ဇန်နဝါရီလ ၃၁ ရက်မှ ၂၀၁၆ ဇန်နဝါရီလ ၂၉ ရက်ထိ ဆောင်ရွက်ခဲ့သည်။ ပြည်သူ့လွှတ်တော် ဥပဒေအရ ရွေးကောက်ပွဲပြီးနောက် လွှတ်တော်သက်တမ်းထက်ဝက်တွင် ပြည်ထောင် စု လွှတ်တော်နာယကအဖြစ်ပါ ပူးတွဲထမ်းရွက်ရသောကြောင့် သူရဦးရွှေမန်း သည် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ် လာခဲ့သည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက် ညနေ ၄ နာရီတွင် သမ္မတဦးသိန်းစိန် သည် ဒေါ်အောင်ဆန်းစုကြည့်နှင့် သမ္မတရုံးခန်း၌ တွေ့ဆုံဆွေးနွေးပြီးနောက် ြီူ ပါတီ ပြန်လည်ရှင်သန်နိုင်စေရန် ဖြေလျှော့မှု ပြုလုပ်ပေးခဲ့သော ကြောင့် ၂၀၁၂ ဧပြီလ ၁ ရက်တွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်နိုင်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ ြီူ ပါတီသည် ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၆ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော် ၂ နေရာ စုစုပေါင်း လွှတ်တော် ၄၅ နေရာ၌ ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ရာ ၄၃ နေရာ၌ အနိုင်ရရှိခဲ့သည်။

ဤသို့ဖြင့် ြီူ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် လွှတ်တော်တွင်းသို့ ရောက်ရှိခဲ့ ပြီးနောက် သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည့်နှင့် ရင်းနှီးသော ဆက်ဆံရေး ထူထောင်နိုင်ခဲ့သည်။

သို့သော် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ၃ လအလိုတွင် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော သူရဦးရွှေမန်း နှင့် ရင်းနှီးသော ပါတီထိပ်တန်းခေါင်းဆောင် ၁၃ ဦးတို့ကို သမ္မတဦးသိန်းစိန်၊ ပါတီ ဒုဥက္ကဋ္ဌဦးဌေးဦး၊ ပါတီဗဟို အတွင်းရေးမှူးများ ဖြစ်ကြသောဦးသောင်း၊ ဦးတင်ထွဋ်နှင့် ဦးစိုးသာတို့ ဦးဆောင်သောအဖွဲ့က ညသန်းခေါင်ယံတွင် ပါတီရုံးချုပ်ကို ဝင်စီး၍ ဖြုတ်ချလိုက်ကြသည်။

သူရဦးရွှေမန်းသည် ၂၀၁၅ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား နေပြည်တော် ဇေယျာ သီရိမြို့မှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း တပ်မတော်သား ကိုယ်စားလှယ် မိသားစုဝင်များက ကန့်ကွက်ခဲ့သဖြင့် သူ၏ဇာတိမြို့ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးခဲ့ရသည်။

ယင်းနောက် ဖြူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ဘက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းညွန့် ကို ရှုံးနိမ့်ခဲ့ရသည်။ သူရဦးရွှေမန်းသည် ရှုံးနိမ့်သွားသော်လည်း စိတ်ဓာတ် မကျဘဲ သူ့အရှုံးကို ရဲဝံ့ကြည်ဖြူစွာလက်ခံကာ အနိုင်ရယူသူအား တယ်လီ ဖုန်းဖြင့် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သည်။ ထို့ပြင် သူ၏ဖေ့စ်ဘွတ်ခ် အကောင့်မှလည်း ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း မုဒိတာစကား ပါးခဲ့သည်။

သူရဦးရွှေမန်းသည် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ပြီးနောက် လပိုင်းမျှသာ ကျန်ရှိနေသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်ကို ဆက်လက်ဦးဆောင် ကျင်းပ၍ ဥပဒေရေးရာ ကိစ္စရပ်များကို အပြီးသတ် ဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် ြီူ အစိုးရ ဖြစ်လာပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒေါ်အောင်ဆန်းစုကြည့်၏ တိုက်တွန်းမှုဖြင့် သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ် တာဝန်ပေးခဲ့လေသည်။

ယခင်ဆောင်းပါးများ ဖတ်လိုရင် - သည်နေရာကို နှိပ်လိုက်ပါ