မာန်သီဟထွန်း – ဆေပီယန်စ် (၂၂) – စစ်ပွဲများ
မာန်သီဟထွန်း – ဆေပီယန်စ် (၂၂) – စစ်ပွဲများ
Sapiens – A Brief History of Humankind by Yuval Noah Harari
စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။
Sapiens -22
ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေဆိုတာ ရှာပါးပြီး နားလည်ဖို့လည်း ခက်ခဲပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းနဲ့ချီတုန်ုးက ဖြစ်ပျက်ခဲ့တဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ပုံတိုပတ်စ အကြောင်းအရာများ ကျန်ရစ်ခဲ့မှာပါလဲ။ အဲဒီအချိန်က တံတိုင်းတွေ၊ ခံတပ်တွေ မရှိခဲ့ဘူး။ အမြောက်လက်နက်ကြီးတွေ မပြောနဲ့ ဓားတွေ၊ ဒိုင်းတွေတောင် မရှိခဲ့ပါဘူး။ ရှေးဟောင်းလှံရှည်တွေကိုတော့ စစ်ပွဲတွေမှာ အသုံးပြုကောင်းပြုခဲ့ကြမယ်။ ဒါပေမယ့် အမဲလိုက်တဲ့နေရာမှာလည်း ဒါတွေကို အသုံးပြုခဲ့နိုင်တာပဲ။ ရုပ်ကြွင်းအဖြစ်ကျန်ခဲ့တဲ့ လူရိုးစုတွေဟာလည်း အဓိပ္ပါယ်ကောက်ရ ခက်ပါတယ်။

အရိုးအက်ခြင်းတစ်ခုဟာ စစ်ပွဲကဒဏ်ရာ သို့မဟုတ် မတော်တဆကြောင့်သော်လည်းကောင်း ဖြစ်နိုင်တာပဲ။ ရှေးခေတ်အရိုးစုတစ်ခုမှာ အရိုးကျိုးအက်တာ၊ ပြတ်ရှတာတွေ မရှိတာဟာ အဲဒီလူ အကြမ်းဖက်ရက်စက်ခံရပြီး သေဆုံးတာမဟုတ်ဘူးလို့ ပြောရအောင် လုံလောက်တဲ့ သက်သေအထောက်အထားတစ်ခု မဟုတ်ပါဘူး။ ကြွက်သားလွှာတွေမှာ ပြင်းထန်တဲ့ ဒဏ်ချက်တွေဖြစ်တဲ့အခါမှာလည်း အရိုးမှာဘာအမှတ်သားရာမှမကျန်ဘဲ လူကိုသေဆုံးစေနိုင်ပါတယ်။
ပိုအရေးကြီးတာက စက်မှုထုတ်လုပ်ခေတ်မတိုင်မှီ စစ်ပွဲတွေမှာ သေကျေတဲ့ ၉၀% ကျော် လူတွေဟာ လက်နက်တွေကြောင့် ဆိုတာထက် အစာငတ်မွတ်ခြင်း၊ အေးခဲခြင်း နှင့် ရောဂါဘယတွေကြောင့်သာ ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀,၀၀၀ လောက်က လူမျိုးစုတစ်ခုက သူတို့ရဲ့ အိမ်နီးချင်းလူမျိုးစုတစ်စုကို တိုက်ခိုက်အနိုင်ရပြီး အစာရေစာပေါများတဲ့ သူတို့ရဲ့နယ်မြေကနေ မောင်းထုတ်လိုက်တယ်လို့ စိတ်ကူးကြည့်ပါ။ အဲဒီအရှုံးအနိုင်ကွဲပြားသွားတဲ့ တိုက်ပွဲမှာ ရှုံးနိမ့်သွားတဲ့လူမျိုးစုဘက်က အဖွဲ့ဝင်ဆယ်ယောက်အသတ်ခံရတယ်။ နောက်နှစ်မှာတော့ အဲဒီရှုံးနိမ့်သွားတဲ့လူမျိုးစုက အဖွဲ့ဝင်တစ်ရာလောက်ဟာ အစာငတ်မွတ်တာ၊ အေးခဲတာ၊ ရောဂါဘယတွေကြောင့် အသက်ဆုံးပါးသွားကြတယ်။ အဲဒီလူတွေရဲ့အရိုးစုကို ရှာဖွေတွေ့ရှိတဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေကတော့ သူတို့ဟာ သဘာဝဘေးအန္တရာယ်တစ်ခုခုရဲ့ သားကောင်တွေဖြစ်သွားကြတယ်လို့ အလွယ်တကူသတ်မှတ်လိုက်ကြမှာပါ။ အဲဒီလူတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတစ်ခုရဲ့သားကောင်တွေဖြစ်ခဲ့ကြတယ်လို့ ကျွန်တော်တို့ ဘယ်လိုပြောနိုင်မှာလဲ။
အခုလို သတိပေးစကား အရင်ပြောပြီးတဲ့နောက် ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုတွေဆီကို ကျွန်တော်တို့သွားသွားကြမယ်။ ပေါ်တူဂီမှာ စိုက်ပျိုးရေးပြောင်းလဲမှုကြီး မတိုင်ခင်အချိန်ကာလကဖြစ်တဲ့ လူရိုးစု ၄၀၀ကို စစ်တမ်း ကောက်ခဲ့ကြတယ်။ အရိုးစု၂ခုပဲ အကြမ်းဖက်မှုခံခဲ့ရတဲ့ အမှတ်အသားတွေပြပါတယ်။ အလားတူစစ်တမ်းမျိုးကိုပဲ အစ္စရေးမှာ အဲဒီအချိန်ကာလဝန်းကျင်က လူရိုးစု၄၀၀ ကို လုပ်ကြည့်တော့ လူသားတွေရဲ့ အကြမ်းဖက်မှုကြောင့်ဖြစ်နိုင်တဲ့ အက်ကြောင်းရှိတဲ့ လူခေါင်းခွံတစ်ခုကိုပဲ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ တတိယစစ်တမ်းမှာလည်း ဒန်ယူးဘ်တောင်ကြားက(ယနေ့ခေတ် သြစတြီးယားနိုင်ငံ) နေရာအမျိုးမျိုးမှာ စိုက်ပျိုးရေးခေတ်မတိုင်မီကာလက လူရိုးစု ၄၀၀ ပါဝင်ပြီး အရိုးစု ၁၈ ခုပဲ အကြမ်းဖက်မှုခံခဲ့ရတဲ့ အထောက်အထားကိုပြတယ်။ အခု ၄၀၀ က ၁၈ ဆိုတာ များတယ်လို့ မထင်ရပေမယ့် ရာခိုင်နှုန်းအရတော့ တကယ်မြင့်မားပါတယ်။ တကယ်လို့ အဲဒီ ၁၈ ယောက်လုံး အမှန်တကယ်အကြမ်းဖက်ခံရပြီး သေဆုံးခဲ့ကြတယ်ဆိုရင် ရှေးခေတ်ဒန်ယူးဘ်တောင်ကြားမှာ သေဆုံးခဲ့ကြတဲ့လူတွေထဲမှာ ပမာဏ ၄.၅ ရာခိုင်နှုန်းဟာ လူသားတွေရဲ့အကြမ်းဖက်မှုကြောင့်ဖြစ်တယ်လို့ အဓိပ္ပါယ် ရပါတယ်။

ဒီနေ့ခေတ်မှာ စစ်ပွဲတွေ၊ ရာဇဝတ်မှုတွေအားလုံးကို ပေါင်းလိုက်ရင်တောင် တစ်ကမ္ဘာလုံးသေဆုံးသူပျမ်းမျှဟာ ၁.၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၂၀ ရာစုမှာ လူသားတွေရဲ့ အကြမ်းဖက်မှုကြောင့် ၅ ရာခိုင်နှုန်းပဲ အသက်ဆုံးကြတယ်။ ဒီကာလဟာ လူ့သမိုင်းတစ်လျှောက်မှာ သွေးစွန်းမှုအများဆုံးစစ်ပွဲတွေ၊ အင်မတန်ကြီးကျယ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်ပျက်ခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ တကယ်လို့ လူသားတွေရဲ့အကြမ်းဖက်မှုကြောင့် ၄.၅ ရာခိုင်နှုန်းသေတာဟာ ဖြစ်ရိုးထုံးစံပဲဆိုရင် ရှေးခေတ်ဒန်ယူးဘ်တောင်ကြားဟာ ၂၀ရာစုလိုပဲ ကြမ်းတမ်းခဲ့မှာပါ။
ဒန်ယူးဘ်တောင်ကြားက စိတ်မချမ်းသာစရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုတွေကို ထောက်ခံတဲ့ တခြားနေရာတွေက အတွဲလိုက်တူဖော်တွေ့ရှိမှုတွေဟာလည်း အလားတူပဲ စိတ်မချမ်းသာစရာကောင်းလှပါတယ်။ ဆူဒန်နိုင်ငံ ဂျီပယ်ဆဟားဘာ ဒေသမှာ သက်တမ်းနှစ်ပေါင်း ၁၂,၀၀၀ ရှိတဲ့ လူရိုးစု ၅၉ စုရှိတဲ့ ဂူသချႋင်းတစ်ခု ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီက အရိုးစု ၂၄စုရဲ့ ခန္ဓာကိုယ်မှာလည်းကောင်း၊ သူတို့ရဲ့ဘေးမှာလည်းကောင်း မြှားဦးတွေ၊ လှံသွှားတွေ တွေရှိခဲ့ကြတယ်။ ဒါဟာ ရှာတွေ့သမျှလူရိုးစုရဲ့ ၄၀ရာခိုင်နှုန်း ဖြစ်ပါတယ်။ မိန်းမတစ်ယောက်ရဲ့ အရိုးစုမှာဆိုရင် ဒဏ်ရာဒဏ်ချက်တွေ ၁၂ရှိတာကို တွေ့ခဲ့ရတယ်။ ဂျာမနီနိုင်ငံ ဘူဗေးရီးယားဒေသက အော့ဖ်နက်ဂူမှာ ရှေးဟောင်းသုတေသနပညာရှင်တွေက ရှာဖွေစားသောက်သူ ၃၈ဦးရဲ့ အရိုးစုအကြွင်းအကျန်တွေကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အများစုက ကလေးငယ်တွေ နှင့် မိန်းမတွေဖြစ်ပြီး အဲဒီဂူချောက်ကို ပစ်ချမြှပ်နှံတာခံခဲ့ကြရတာပါ။ မွေးကင်းစတွေ၊ ကလေးငယ်တွေ အပါအဝင် အဲဒီအရိုးစုတစ်ဝက်လောက်ဟာ တင်းပုတ်၊ ဓား စတဲ့ လက်နက်တွေနဲ့ ဒဏ်ရာရခဲ့ကြတယ်ဆိုတဲ့ ရှင်းလင်းတဲ့အမှတ်လက္ခဏတွေလည်း တွေ့ရတယ်။ နည်းနည်းအရွယ်ရောက်ပြီးသားယောကျ်ားတွေရဲ့ အရိုးစုတွေမှာတော့ အဆိုးဝါးဆုံးအကြမ်းဖက်ခံရတဲ့ အမှတ်လက္ခဏာများ တွေ့ရတယ်။ အားလုံးကို ခြုံကြည်ရင် ဖြစ်နိုင်တာက အော့ဖ်နက်ဂူက ရှာဖွေစားသောက်သူအုပ်စုတစ်စုလုံးဟာ အစုလိုက်အပြံုလိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့သာ။
ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ကမ္ဘာကို ဘယ်တစ်ခုက ပိုမိုကောင်းမွန်စွာ ကိုယ်စားပြုဖော်ပြပါသလဲ။
ရှေးခေတ်ရှာဖွေစားသောက်သူတို့ရဲ့ကမ္ဘာကို ဘယ်တစ်ခုက ပိုမိုကောင်းမွန်စွာ ကိုယ်စားပြုဖော်ပြပါသလဲ။
အစ္စရေးနှင့်ပေါ်တူဂီက ငြိမ်းချမ်းတဲ့ အရိုးစုတွေလား ဒါမှမဟုတ် အော့ဖ်နက်နှင့်ဂျီပယ်ဆဟားဘာက သားသတ်ရုံတွေများလား။ ၂ခုစလုံးဟာ အဖြေမဟုတ်ပါဘူး။ ရှာဖွေစားသောက်သူတွေမှာ ကျယ်ပြန့်များပြားလှတဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ လူမှုစနစ်တည်ဆောက်ပုံတွေ ရှိခဲ့သလို အကြမ်းဖက်မှုအမျိုးမျိုးမှာလည်း အဆင့်အနိမ့်အမြင့်ပေါင်းစုံ ရှိခဲ့မှာပါ။ တစ်ချို့နေရာ.. တစ်ချို့အချိန်တွေမှာ ငြိမ်းချမ်းသာယာတာကို ခံစားရတဲ့အချိန်တွေမှာ တစ်ခြားနေရာတွေမှာတော့ ရက်စက်ကြမ်းကြုတ်တဲ့ ပဋိပက္ခတွေနဲ့ ပြည့်နှက်နေခဲ့မှာပါ။
ဘာသာပြန် - မာန်သီဟထွန်း
ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။
https://www.pinterest.com/pin/462252349226940990/
https://www.newhistorian.com/proof-of-the-first-race-war…/…/
https://www.haaretz.com/…/.premium-fossils-offer-grim-proof…