Breaking News

စံဦး (ကျောက်တံခါး) - ''မေ့မရသောအာဇာနည်နေ့''


စံဦး (ကျောက်တံခါး) - ''မေ့မရသောအာဇာနည်နေ့ (၁၉၆၃)''

(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၉
၁၉၆၃ ဇူလိုင်၁၉ ရက်
နှစ်ပေါင်း ၅၆ နှစ်ကြာခဲ့ပြီ။ထိုစဉ်ကအကြောင်းအရာများကို ပြန်စဉ်းစားမိတိုင်း မိမိ၏ငယ်ဘဝကိုပြန်ရောက်သွားသည့် အလားရုပ်ပုံလွှာကားချပ်များသဖွယ် အစီအရီတလွှာခြင်းပုံပေါ်၍လာသည်။ အချို့ကမှုန်တရီဝိုးတဝါးမထင်မရှား။ အချို့ကပီပီပြင်ပြင် ထင်ထင်ရှားရှား ရုပ်လုံးကြွလျှက်။ ယခုပင်လျှင်ဖြတ်သန်းနေ သကဲ့သို့ မြင်ယောင်လာသည် ။
ကျွန်တော်သည် ရန်ကုန်မြို့ကန်တော်ကလေး ၉၃ လမ်းရှိ နာရီမှန်လုပ်ငန်း လုပ်၍ ကြီးပွါးနေသော အဖေ့ညီ ဦလေးတော်သူအိမ်မှာနေလျှက်။ ထိုမှ ရန်ကုန်တက္ကသိုလ်ဝင်း ပြည်လမ်းမဘက်ရှိ ပြည်ဆောင် တကေါင်း နှင့်ပုဂံ ဆောင်များ မျက်စောင်းထိုးရှိ  "လှ အလွတ် ပညာသင်ကျောင်း" ဒေါ်လှယဉ်နု၊ဒေါ်လှယဉ်မေ ၊ဒေါလှခင်မကြီး ၊ဒေါ်လှခင်မလေး ၊ဦးလှစိုးလွင် ၊ဒေါ်ယဉ်မွန် နိုင်ငံရေးစိတ်ဓါတ် ထက်သန်ကြသော 'လှ' မိသားစု ထံတက် ရောက်ပညာသင်ယူနေစဉ်ဖြစ်သည်။
၁၉၆၃ ခု ဇူလိုင် ၁၉ ရက်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီများအား ဂဠုံ ဦးစောခေါင်းဆောင်သော နယ်ချဲ့လက်ပါးစေ အာဏာရူး တစ်စု၏အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခံရသည့်( ၁၆ ) နှစ်မြောက်သောနေ့ ။
အာဇာနည် နေ့
ထိုနေ့ကမိုးလင်းပြီဆိုကတည်းက မိုးကတဖွဲဖွဲစွေနေသည် ။ ရွှဲနစ် သွားလောက် အောင် သဲသဲမဲမဲရွာသည်တော့မဟုတ် တဖျောက်ဖျောက် ပါးပါးလေး ရွာချလိုက် နေလေးပွင့်လိုက် လုပ်နေသည် ။ ချိန်းဆိုထား သောလုပ်ဖေါ်ကိုင်ဖက်သူငယ်ချင်းအား ခပ်စောစောကထဲကပင် ရေမိုးချိုးအဝတ်အစားလဲကာ စောင့်နေခြင်း
ဖြစ်သည် ။ အနီးဝန်းကျင်နေအိမ်များဆီကရေဒီယိုသံများပျံ့လွင့်၍ လာသည် ။ဒီနေ့ ဒီရက်ရောက်တိုင်း မရိုးနိုင်အောင်ဖြစ်ရသော အဆိုတော် ဒေါ်မေလှမြိုင် ၏အသံသည် ယနေ့ ပ်ို၍ ပင် လွမ်းဆွေး ဆွတ်ပျံ့ဖွယ်ရာကောင်း နေသည်ဟုထင်ပါသည် ။
"မောင်လေးဘယ်သွားမလို့လဲ"
အင်္ကျ ီလက်ရှည်အဖြူ ဂန့်ဂေါ နှစ်နံစပ်အနက်ရောင်ကွက်ဝတ် ထားသောကျွန်တော်အား အထူးအဆန်းသဖွယ် စူးစမ်းသော အကြည့်ဖြင့် မမက မေးသည် ။
" အာဇာနည်နေ့ ပန်းခွေသွားချ မလို့လေ'' မမက ကျွန်တော့ကိုနားခေါင်းရှုံ့ကာ လှည့် ထွက်သွားသည် ။ ထိုစဉ်အိမ်ရှေ့မှ "လာဟေ့ သွားမယ်"ဟုခေါ်နေသော ကျောက်တံခါး ကိုမျိုးဝင်း၏အသံကိုကြားလိုက်သည် ။ ကိုမျိုးဝင်းသည်ကျွန်တော်နှင့်ငယ်ပေါင်းကြီးဖေါ် တစ်မြို့ထဲနေ တစ်တယာက်ကို တစ်ယောက်အင်မတန် ရင်းနှီးချစ်ခင်သောအိမ် နီးနားချင်းငယ်သူငယ်ချင်းဖြစ်သည်။
ဒါကိုပင်လျင် ဦးလေးနှင့်အေဒါ်ကမကြိုက် ဒီအထဲ မမ လဲပါသည် ။သူတို့မကြိုက်ကြသည်မှာလည်းမှန်သည်။
၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေဝင်းစစ် အစိုးရအာဏာသိမ်း တက်လာပြီး နှစ်လကြာ မေလ ၉ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသက် တကသတပ်ဦးမှ ကိုမြသန်း (ကျူ ရှင်ဆရာကွယ်လွန်)၊ ကိုသာဘန်း (ကွယ်လွန်)၊ကိုဇော်ဝင်း(ဗကသ ဥက္ကဌဟောင်းကွယ်လွန်)၊စိုင်းအောင်ဝင်း (တကသ ဒုဥက္ကဌ)တို့နှင့်အတူ ဒတ်( ချ် ) သံရုံးကိုဝိုင်း၍ ဆန္ဒပြကန် ကွက်ပွဲတွင် ကိုမျိုးဝင်းပါဝင်ခဲ့သည်။ ဒါတွင်မက သံရုံးအလံတက်ဖြုတ်၍ မီးရှို့ဖျက်ဆီးလိုက်သူမှာလည်း သူနှင့် ကိုမြသန်း (ကျူရှင် ဆရာ) တို့ပင်ဖြစ်သည် ။နောက်တစ်နေ့ကြေးမုံသတင်းစာတွင် ကိုမျိုးဝင်း အလံဖြုတ်ပြေးနေပုံပါလာသည် ။ထိုဓါတ်ပုံသည် အကောင်းဆုံး ဓါတ်ပုံဆုကိုပင် ဆွတ်ခူးရရှိခဲသေးသည် ။
သိုသော် ဗကသ ဥက္ကဌ ကိုသက်၊ကိုမြသန်းနှင့်ပါဝင်သူေခါင်းဆောင်များအဖမ်းခံရပြီး ဘားလမ်းအချုပ် တွင်ထိန်းသိမ်းကါ ရုံးတင်စစ်ဆေးနေဆဲ ၁၉၆၃ ဧပြီ ၁ ရက်နေ့တွင် ပြည်တွင်ငြိမ်းချမ်းရေးစေ့စပ်ေဆွးနွေးပွဲအတွက် ဗိုလ်ချုပ်နေဝင်းအစိုးရမှှ လွတ်ငြိမ်ချမ်းသာခွင့် ကြေငြာခြင်းနှင့် အတူလွတ်မြောက်လာခဲ့သူဖြစ်သည် လွတ်လာသည်မှာသုံးလသာရှိသေးသည် ။
ယင်းဖြစ် စဉ်များကိုသိနေသော ကျွန်တော့ဦးလေးမိသားစုက သူ့ကိုမကြိုက်။
"ဒီကောင်နဲ့ တွဲရင်ထောင်စော်နံတယ် ကြီးပွားမယ့်ပုံမမြင်ဘူး" ဟုအဆူခံထိဘူးသည် ။
၁၉၆၂ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးအခင်းအပြီး ထုတ်ပြန်သော သမဂ္ဂ၏ကြေငြာချက်များ လေးဦးကော်မတီ မှ ဝေါ ကိုစိုးသိန်း  (မောင်ဝံသ ) ၊ပခုက္ကူ ကိုကြည်ဝင်း  (ယူနီယံပျက်ဟောင်း တနေရာသီ
ချင်းရေးသူ )၊ မြင်းခြံကိုတင်အေး၊ ကျောက်တံခါး ကိုတင်ထွန်း တို့ထုတ်ဝေသော လက်ကမ်းစာစောင်များနှင့်ရင်ပြင်နီခွပ်ဒေါင်းနီ စသောကဗျာစာ အုပ်များကိုမကြာမကြာ အိမ်ယူလာသည့်အခါတိုင်း မမက ကြိတ်ပြီးဆူ
သည်။ အသက်ငယ်သေးသည် ပညာရေးမပြည့်မစုံ တစ်ပိုင်းတစ်စနှင့် နိုင်ငံရေးထဲပါခြင်းကို လုံးဝမနှစ်မြို့။ နောက် ဆုံးတော့ လက်ထိပ်နှင့် ထောင်သာ ဆုလာဒ်အဖြစ် ရရှိခံစားရမယ် ပာုဆိုသည် ။
ကျွန်တော်တို့နှစ်ယောက် ကာလပတ် လမ်းမကြီး(မြန်မာ့ဂုဏ်ရည်လမ်း) အတိုင်းလျှောက်လာစဉ် မိုးဖွဲလေးများတဖျောက်ဖျောက်ကျေနသည။် နှစ်ယောက်စလုံးအဆောင်းမပါ ထိုမှ မန္တလေးလမ်းအတိုင်းချိုး၍ ဘူတာကြီးကုန်းကျော် အရောက်တွင် နေအနည်းငယ်ပွင့်နေပြီသို့နှင့် စပါခ်လမ်း (ဗိုလ်အောင်ကျော်လမ်း)သို့ဦးတည်လျှောက်ရင်း အရှေ့တိုင်း ပရိဘောဂဆိုင်ကြီးသို့ဝင်လိုက်ကြသည် ။ အဆိုပါပရိ ဘောဂဆိုင်ကြီးတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦသစ် တဲနန်းရှည်ကြီးတွင် အသုံးပြုရန် ခုံတန်းလျားများနှင့် စားပွဲကုလားထိုင်များ အော်ဒါ အပ်နှံထားခြင်းကြောင့် ကိုမျိုးဝင်း ဆိုင်ရှင်နှင့် စကါးပြောရန်ရှိသဖြင့် ခဏဝင်ရ ခြင်းဖြစ်သည်။
ကိုမျိုးဝင်းသည် စာရေဆရာမောင်စည်သူ ဖွင့်လှစ်ထားသော ၄၉လမ်းရရှိ စည်သူပညာရိပ်သာ၌ ကျောင်းတက်နေသူဖြစ်၍ ၎င်း ဗိုလ်တထောင် သတင်းထောက်ဖြစ်သည်ပြင် ဦးစိန်လှဦး၊ ဦးကိုလေး(မောင်ဒေါန)စသည့်သတင်းစာအယ်ဒီတာကြီးများနှင့် တရင်းတနှီးနေသူ ဖြစ်ခြင်းကြောင့် ဤအနီးတဝိုက်သူ့ကိုခင်မင်သူများပါသည်။
သမဂ္ဂအဆောက်အဦးသစ်မှ ပရိဘောဂများအတွက်သူကတာဝန် ယူအလှူခံပေးရပြီး ဖြည့်ဆည်းပေးရာ ကျောင်းသားခေါင်းဆောင်များကသူ့ရဲ့တက်ကြွစွာပါဝင်မှု့ကိုအသိ အမှတ်ပြုကြသည် ရင်းနှီးခင်မင်ကြသည်။
သမဂ္ဂဥက္ကဌထိုင်သော ကဒေါင်းအမှီပါထိုင်ခုံ အမြင့်ကြီးကိုပင် စစ်အစိုးရ မှ ဒိုင်းနမိုက်ဖြင့်ဖေါက်ခွဲဖျက်ဆီးရာ၌ပါသွားခဲ့သော မူလထိုင်ခုံကြီးပုံစံကဲ့သို့တူအောင် ထိုပရိဘာဂဆိုင် ကပင် လုပ်ကိုင်ပေးခဲ့သည် ။
ပြောစရာဆိုစရာကိစ္စများ ပြီစီးသွားချိန်မှာ မနက်၈နာရီခန်ြ့ဖစ်သည်။စောနေသြဖင့် စပတ်လမ်းမှ ထွက်ခါ ဗိုလ်ချုပ်လမ်း အတိုင်း ရွိုင်ရယ်ရုပ်ရှင်ရုံအထိ လျှောက်ခဲ့ကြသည် ။ရည်ရွယ်သည်မှာ အမှတ် ၂ လိုင်းကားစီးရန်ဖြစ်ပြီးထိုမှတဆင့် ရန်ကုန် ဆေးတက္ကသိုလ်ကွေ့တွင် နံပတ် ၈ တံဆိပ်ကားပြောင်းစီး၍ ပြည်လမ်းရှိ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဘက်သို့ သွားရန်ဖြစ်သည် ။
လမ်း လျှောက်လာစဉ်မိုးရွာချလိုက်သည့်ြပင် လေပါတိုက်နေသဖြင့် နှစ်ယောက်လုံး အနည်းငယ်မိုးရေစိုလျှက် ချမ်းစိမ်စိမ့်ဖြစ်နေကြသည် ။ ကျွန်တော်တို့နှစ်ယောက် တက္ကသိုလ် သမဂ္ဂ အဆောက်အဦးယာယီတဲနန်းသို့ ရောက်ရှိချိန်တွင် လူ၂၀ခန့် ရောက်နေကြသည်ကိုတွေ့ရသည်။ အများအားဖြင့်တာဝန် ရှိကျောင်းသားခေါင်းဆောင်များြဖစ်ကြသည် ။

ကျွန်တော်တို့အဆောက်အဦးတံစက်မြိတ်အောက် ဝင်မည်အပြု တဲခေါင်မိုးဆီမှ နုတ်ဆက်သံကြောင့်မော့ကြည့်မိရာ ရွှေကျင်သားကိုညိုဝင်း( အင်းစိန်းထောင်တွင်ကျဆုံး ကျွန်းပြန် ) ကို ခါးတောင်းကြိုက် နှီးတုတ်နေသော ကျောင်သားအဖေါ်တယောက်နှင့်အတူူေတွ့ရသည် ။တဲကြီး၏ခေါင်မိုးထိပ်တွင်နီရဲေသာ ခွပ်ဒေါင်းအလံက တလွင့်လွင့် ။
ကျွန်တော်တို့နှစ်ယောက် အဆောက်အဦးအတွင်း ဝင်လိုက်သည်နှှင့် ကိုဗဆွေလေးနှင့်အတူ ထိုင်နေသော ဗကသ ဥက္ကဌ ကိုသက်သည် အကိုကြီးက ညီငယ်ကိုဆက်ဆံသည့် ရင်းနှီးဖေါ်ရွေသော အပြုံးဖြင့် ကျွန်တော် ပုခုံးကို ကိုင်၍ကြိုသည်။ အနားတွင် ဘိုကလေးကိုလှကြည်( ဗ က သ )ရပ်နေသည် ။ကိုမျိုးဝင်းနှင့် စားပွဲခုံ ကိစ္စ တစ်လုံးစ နှစ်လုံးစ ပြောပြီး ခဏနေတော့ ကိုဗဆွေလေး အပြင်ထွက်သွားသည်။ကိုဗဆွေလေးသည် အပြုံးအရယ် နည်းသည်။ စကားနည်းသည်။ အလွန်တည်ကြည်သော ရုပ်သွင်ရှိသူ ဟုကျွန်တော်ထင်မိသည်။ ဘာရယ်မသိ။ စတင်တွေ့ဖူးစဉ်ကထဲက သူ့ကို အလိုလို ကြည်ညိုလေးစားမိသလိုခံစားရပါသည်။

(ကိုဗဆွေလေးမှာ တက္ကသိုလ် သမဂ္ဂရွေးကောက်ပွဲတွင် အမှုဆောင် ဥက္ကဌဖြစ်လာသည် ။ အစဉ်အလာအရ နိုင်ငံတော် ၏ အဓိပတိ သို့မဟုတ် နိုင်ငံတော် ဝန်ကြီးချုပ်က ကျမ်းကျိန် ပေးရစမြဲမို့ ကိုဗဆွေလေး ဥက္ကဌ ဖြစ်လာစဉ် ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်တက်ရောက်ကျမ်းကျိန် ဆိုပေးခဲရသော နောက်ဆုံး တကသ ဥက္ကဋ္ဌ ဖြစ်သည်။)
ကိုဗဆွေလေး ကဲ့သို့ပင် မျက်နှာတည်၍ စကားနည်းသူမှာ ပိန်းဇလုပ် ကိုလှမြင့် (ဇီးကုန်းတွင်ကျဆုံး) ဖြစ်သည်။ သူတိုနှစ်ယောက်လုံးခန္ဓာကိုယ် ပိန်လှီကြသည့်ပြင် နှုတ်ခမ်း စေ့ထားပုံခြင်းလည်း တူသည်ဟုထင်မိသည် ။ ကိုဗဆွေလေးကို ကိုလှမြင့်က ကူညီလုပ်ကိုင် ပေးနေသည်။
နံပတ် ၇ လိုင်းကါးအဝါကြီးများမိန်းတံခါးကြီးရှေ့ တက္ကသိုလ်အဝိုင်းလေးကိုပတ်၍တစ်စီးပြီးတစ်စီးအဓီပတိလမ်းအတိုင်းဝင်လာသညါ။ကားများပေါ်တွင် ကျောင်းသားအချို့ပါလာသည်။ သမဂ္ဂဝင်းအရှေ့ ထိုးဆိုက်လာသောဘတ်စကား၏ဘော်ဒီတစ်ဖက်တစ်ချက်တွင် ကိုဗဆွေလေးကိုယ်တိုင် တပ်ဦးစာလုံး (လက်ဝဲစာလုံးဟုလည်း ခေါ်ကြသည။်)နှင့် ရေးထားသော ကျောင်းသားသမဂ္ဂ ကြွေးကြော်သံ စာများ ကပ်နေသည်ကိုတွေ့ရသည် ။

ယင်းမြင်ကွင်းကိုအာရုံ စိုက်မိရာမှ ကိုမျိုးဝင်းသွားရာဘက်သို့ပြန်ကြည့်မိရာ တဲအတွင်း ဘက်ကျကျတွင် တောင်ငူကိုသက်ဝင်း(ကျွန်းပြန်) နှင့် ဗကသအတွင်းရေးမှုး ကိုတင်ထွန်း ၊ကိုသာဒိုး(ပဲခူးရိုးမတွင်ကျဆုံးကြ ) ၊ကိုကျော်လှိုင် (ဝန်ကြီး ဦးညိုထွန်းသား)တို့စကားဝိုင်းဖွဲရာမှ ကိုမျိုးဝင်းအား ကိုသက်ဝင်း နှင့် ကိုတင်ထွန်း ကစကားလှမ်းပြောလိုက် သည်ကိုတွေ့လိုက်ရသည် ။
တစ်နေရာတွင် အသားမည်းမည်း ကိုမျိုးမြင့်၊ကိုမြင့်ဦးနှင့်( မောင်လင်းယုန် ရှမ်းပြည်)အခြားကျွန်နော်နှင့် မရင်းနှီးသော ကျောင်းသားကြီးလေးငါးယောက်ကိုေတွ့လိုက်သည်။ကိုမြင့်ဦးကိုတော့ ၎င်း၏ညီဖြစ်သူ မြင့်ဆွေ မုန့်ဖိုးလို၍ တစ်ကြိမ် နှစ်ကြိမ်မက တက္ကသိုလ် အဆောင်ထိ အဖေါ်လိုက်သွားဘူးပါသည်။ကိုမျိုးမြင့်ကို စာရေးဆရာသိန်းသန်းထွန်း (မပန်ပါနဲ့ကြွေချင်တယ် ) ကဘူတာလိုက်ပို့သဖြင့်သူကမန္တလေး ကျွန်တော်က ကျောက်တံခါးကို ရထားနှင့်အိမ်အပြန် တစ်ခရီးထဲ အတူတူမို့ လမ်းတွင်စကားပြောရင်းဖြင့်ရင်းနှီးစွာသိနေသည် ။
ထိုစဉ် ကျောင်းသားတစ်စု သမဂ္ဂ အတွင်းသို့ လွယ်အိတ်ကိုယ်စီဖြင့် လွယ်လျှက် ဝင်လာကြသည်။ ရှေ့မှဝင်လာသူမှာ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဘိုးထင် (အလင်းဝင်) အတွင်းရေးမှူး ကိုဉာဏ်ဝင်း(နောင်အခါ ကျွန်တော်နှင့်အတူတောခို၍ ပဲခူးရိုးမ အရှေ့ခြမ်းတွင်ကျဆုံး)နှင့်ကဗျာဆရာ ကိုလေးအောင် သူတို့နောက်က မှ မြတ်လေးအုန်းမောင် (ကျွန်းပြန်)တို့စကးတပြောပြောနှင့်ဝင်လာကြသည် ။(ကိုအုန်းမောင်မှာ မင်းသားမြတ်လေးကို နှစ်ခြိုက်၍ဆံပင်ပုံထားရာမှ မြတ်လေးအုန်းမောင် ဟုတွင်သည်။) သူကိုတွေ့မှတစ်စုံတစ်ယောက်ကို ရှာမိသည်။ သူကား ကျွန်တော်နှင့် United Christian  High Schoolကျောင်းတွင်အတူနေ သူငယ်ချင်း။ကျောင်းအခေါ် ကျီးကန်း။ နာမည် အရင်းက ခင်မောင်ညို ။ကျောင်းသား အရေး တက်ကြွလှုပ်ရှားသူ ဖြစ်ပြီး အများနှင့်မတူ။ သူ့ပုံက အရပ်ကပုပု မျက်နှာဝိုင်းဝိုင်း ပုလင်းဖင် မျက်မှန်ကြီးနှင့် ဆံပင်အရှည်ကုတ်ဝဲ ပုဆိုးကို ခြေသလုံးပေါ် တိုတိုဝတ်လျှက်သွားတတ်၏။ ကျောင်းသားအစည်းအဝေးများရှိလျင် လာလာဆွယ်တတ်သည။ ယနေ့ သူ့ကိုမတွေ့မိ။
(နောက်တစ်ကြိမ် အစည်းအဝေးတခုလာဖိတ်ပြီးနောက်ပိုင်းသူ့ကို ယနေထိမတွေ့တော။့ဘယ်မှလည်စုံစမ်း၍့မရ ထောင်ကျသလား တောခိုသလား။ မည်သူမှမပြောနိုင်။ အညတရ ကျောင်းသားတစ်ယောက် ပျောက်ဆုံးခဲ့ပါပြီ)
သမဂ္ဂတဲနန်းကြီး၏ အပြင်ဘက်တွင် မိုးတဖွဲဖွဲလေးရွာနေသည် ။သမဂ္ဂရှေ့ မျက်ခင်းပြင်မှာစိမ်းမှောင်ေနသည်။ ဗြိတိသျှနယ်ချဲ့သမားများ လက်ချက်ဖြင့်ကျဆုံးခဲ့ရသော ကျာင်းသားခေါင်းဆောင် သံမဏိဗိုလ်အောင်ကျော် ကျောက်တိုင်နှင့် ဗိုလ်ချုပ်နေဝင်း စစ်အစိုးရ လက်ချက်ဖြင့်ကျဆုံးခဲကြသော 7 Julyကျောင်းသားများသွေးမြေကျ အထိမ်းအမှတ်ကျောက်တိုင် နှစ်ခုသည် မျက်ခင်းစိမ်းအလယ်၌ ဂုဏ်သိက္ခာရှိရှိ တင့်တယ်ခန့်ငြားစွာ ရပ်နေသည် နှယ် ။
သမဂ္ဂဝင်းခြံစည်းရိုး သံတိုင်များတွင် ခေတ်အဆက်ဆက် တိုက်ပွဲဝင် ခွပ်ဒေါင်း အလံများ လွှင့်ထူထားသည်မှာ စိတ်ဓါတ်ကို နိုးကြားတက်ကြွအောင် စေ့ဆော် နေသကဲ့သို့ရှိပေသည်။
ကျောင်းသား အတော်များများရောက်နေကြသည်။တချို့ကါးပေါ်တက်နှင့်သည်။တချို့က တဲအတွင်းမှာ။ တိုက်ပုံအနက်နှင့်လွယ်အိပ်ကိုယ်စီလွယ်ထားသောကျောင်းသားသုံးယောက် အဆောက်အဦးရှိရာဘက်သို ့ခပ်သုတ်သုတ်ဝင်လာနေသည်။တစ်ယောက်က ကိုစိုးသိမ်း NLD CEC ဖြစ်လာသူ စာရေးဆရာမောင်ဝံသ)၊နောက်က ပြွန်တန်ဆာ ခင်မောင်မြင့်( ပြိုမှာလေလားမိုးရယ်ဝတ္ထုဖြင့် နာမည်ရ လာသူ စာရေးဆရာ ရုပ်ရှင်သရုပ်ဆောင် အောင်ပြည့် )၊နောက်တစ်ယောက်က ကိုကြင်ဥ ( ကျွန်တော့အား စည်းရုံးသိမ်းသွင်း
ခဲ့သူ နောက်ပိုင်း ဗိုလ်ချုပ်နေဝင်း တည်ထောင်သောလမ်းစဉ်ပါတီသို့ကူးပြောင်းသွားသည်။)နောက်ဆုံး ဝင်လာသူ မျက်မှန်ကြီးတဝင်းဝင်းနှင့် လူထုဒေါ်အမာသား ကိုစိုးဝင်း(ပဲခူးရိုးမတွင် ကျဆုံး) ပင်ဖြစ်သည်။
ထိုအချိန် သုံးဘီးအငှါးကါးပေါ်မှပန်းခွေများကိုင်ပြီး အမျိုးသမီးကျောင်းသူသုံးလေးယောက် ဆင်းလာသည်။ မစိန်စိန် နှင့် မခင်စုလှိုင် (လှိုင်မိသားစု )။ ကျောင်သားများစုမိကြသောအခါ ဟိုမှသည်မှစကားပြောသံများညံလာသည် ။
" ကားးပေါ်တက်ကြ သွားကြမယ် ရဲဘော်တို့ " ဟုကျောင်းသားများကြားမှအောင်ြမင်သောအသံပေါ်ထွက်လာပြီး ကားများဆီ အလျှိ ုလျှိ ုတက်ကုန်ကြသည် ။
ကျွန်တော်နှင့်ကိုမျိုးဝင်းလည်း ကိုသက်နှင့်အတူ သူတက်ရာ ကားတစ်စီးပေါ်လိုက်တက်မိသည် ။ကျွန်တော်တို့ စီးသည်မှာ အစဉ်အတိုင်းဆိုပါက သုံးစီးမြောက်တတိယကား။ ကားများ အားလုံးဆယ်စီးခန့်ရှိမည်ထင်သည် ။ကားများတွင် နီရဲနေသော ခွပ်ဒေါင်းအလံများ တလွင့်လွင့်လှုပ်ခတ်လျက်။ ကားထွက်လာစဉ် ကျောင်းသားများတိတ်ဆိတ်ငြိမ်သက်စွာအတွေးကိုယ်စီဖြင့်လိုက်ပါလာကြသည် ။
ရုတ်တရက်နောက်နားဆီမှအ သံတစ်ခုထွက်လာသည် ။တစ်ဖက်ခုံရှိ ကျောင်းသားအချင်းချင်း ပြောသံ
" ဒို့အခု ကန်တော်ကြီး ဗိုလ်ချုပ် ပန်းခြံသွားကြမှာ "
" ဟင် ဘာလို့လဲ အာဇာနည်ကုန်းသွားမှာ မဟုတ်ဘူးလား "
" မဟုတ်ဘူးကွ "
စသည့် အခြေအနေတို့ကို ကျောင်းသားခေါင်းဆောင်များ အချင်းချင်း ပြောနေ ဆိုနေစဉ်ကပင်ကျွန်တော် သိထားပြီးဖြစ်သည်။
အာဏာသိမ်းစစ်အစိုရက အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ပန်းခွေချရန် နိူင်ငံရေးပါတီများ နှင့် တည်ရှိဆဲအဖွဲ့အစည်းများအားလုံးသို့ဖိတ်ကြားထားခဲ့သော်လည်း ကျောင်းသားများသမဂ္ဂကိုမဖိတ်။ အာဇာနည်နေု့အခမ်းအနားတွင် တက်ရောက်ပန်း ခွေချခွင့်မပြု ဟူ၍သိထားသည် ။
ယင်းကြောင့်ပင် အာဇာနည် နေ့အခမ်းအနားကို ကိုယ့်အစီအစဉ်နှင့်ကိုယ် ကန်တော်ကြီးပန်းခြံ မျက်နှာစာရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ရှေ့တွင်ကျင်းပပြီး လွမ်းသူပန်းခွေချရန် အတွက် ကားများနှင့် ထွက်လာခဲ့ကြခြင်း ဖြစ်သည် ။
ကြေးရုပ်ရှိရာ ပန်းခြံရှေ့ရောက်သောအခါ ကားပေါ်မှဆင်းကြပြီး ဗိုလ်ချုပ်ရုပ်တု ပလ္လင်ခုံ ဝဲယာတွင် ဝိုင်းပတ်၍ ကျောင်းသားများ အသီး သီးနရာယူ လိုက်ကြသည် ။
တချို့က ကြိုရောက်နေကြသည်။သတင်းကြိုတင်ရထားသော သတင်းထောက်များရောက်နှင့်ေနကြသည်။ တချို့က ကျာင်သားများနှင့်အတူ အလေးပြု ပန်းခွေချလို၍ ကြိုစောင့်နေကြသည် ။အခမ်းအနားစရန် အချိန်ကား တဖြေးဖြေးနီးကပ်၍ လာနေပြီဆယ်နာရီခွဲ လုပြီ ။
မိုးမရွာ ရာသီဥတုက သာယာသည်ဟု ဆိုရမည် ။ ပရိသတ်ထဲသို့ ကြည့်မိရာ ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ဟိုမှာဘက်ခြမ်းတွင် ရုပ်ရှင်မင်း သားကိုမြတ်လေး နှင့် အဆိုတော် စန္ဒရားချစ်ဆွေ ထုံးစံအတိုင်း နေကာမျက်မှန် ကိုယ်စီနဲ့။ မြတ်လေးက ကင်မရာတစ်လက်နှင့် ဓါတ်ပုံများတဖြတ်ဖြတ်ရိုက်၍ မှတ်တမ်း တင်နေဟန်တူသည် ။ မျက်နှာချင်းဆိုင်က ရိုက်တာဆိုတော့ ငါပုံပါမှာပဲ ဟုကြံဖန်အတွေးဝင်မိသည် ။

အလေးပြုခြင်း အခမ်းအနားကားစတင်လေပြီ။
ထိုစဉ်မြန်မာ့အသံရေဒီယိုမှ ဥသြ သံရှည်စတင်ဆွဲလိုက်ရာ တစ်ဦးတစ်ယောက်၏ အမိန့်သံပေါ်ထွက်လာသည်။
"အားလုံး သတိ "
" ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်များအား အလေးပြု "
" နေမြဲ "
အလေးပြုခြင်းအခမ်းအနားများပြီးေသာအခါ ကျောင်းသားများသမဂ္ဂ အသီးသီးမှ ဗိုလ်ချုပ်ရုပ်တု ရှေ့တွင်ပန်းခွေချ ဦးညွတ်အလေးပြုကြသည် ။ အခမ်းအနားအစီအစဉ်အရ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသက် မိန့်ခွန်းပြောသည် ။  ထိုနောက် ရန်ကုန်တက္ကသိုလ် ကျောင်သားသမဂ္ဂ ဥက္ကဌ ကိုဗဆွေလေးက အဓိဌာန် စာတမ်းဖတ်ကြားပါသည် ။အလေးပြုခြင်းအခမ်းအနားပြီးဆုံးေသာအခါ ကျောင်းသားများ လူစုခွဲလိုက်ကြသည် ။
အချို့က အလာတွင်စီးလာခဲ့သောဘတ်ကားနှင့်ေကျာင်းကိုပြန်ကြသည် ။အချို့ကမြို့ထဲ သုံးဘီးကါးစီးသွားကြသည် ။ကျောင်းသားခေါင်းဆောင် အချို့ကားဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူ ရို သခင်ချစ်၏ ဇနီး စျာပနသို့သွားကြလေသည်။

( ထိုအချိန်ကား ပြည်တွင်ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲအတွက် တောတွင်းတော်လှန်ရေး အဖွဲ့များ ရန်ကုန်သို့တဖွဲဖွဲဖြင့်ရောက်လာ နေသည်။)
ကျွန်တော်နှင့်ကိုမျိုးဝင်း သူငယ်ချင်းနှစ်ယောက် မြို့ထဲဘက်သို့ရုပ်ရှင်ကြည့်ရန် ထွက်လာခဲ့ပါတော့သည် ။
* * * *
စံဦး (ကျောက်တံခါး)


မှတ်ချက်။ ထိုအချိန်က ကျွန်တော်အသက် ၁၇ နှစ်သာရှိသေးရာ အနှစ်ငါးဆယ်ကျော်ကသမိုင်းကို မှတ်မိသမျှရေးသားခြင်းဖြစ်ပါသည်။ တော်လှန်ရေး ရဲဘော်များအား အလေးပြုရင်း စစ်အာဏာရှင်များ ကျဆုံးပါစေ။