Breaking News

ကိုစိမ်းလန်း(သုံးခွ) ● သွေး

ကိုစိမ်းလန်း(သုံးခွ) ● သွေး 
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၉

တောခြောက်သလိုလို
တောမှောက်သလိုလိုနဲ့
ခြုံကွယ်ကထွက်လာတဲ့ကျားငစဉ်းလဲ
ရဲတင်းဟန်ပြ..။

မြက်ခင်းလောက်တောင်
အသုံးမတည့်တဲ့အစိမ်းတွေက
စေတနာချွတ်ခြုံကျ
ကောင်းကွက်ကမရှိ ။

မျှော်လင့်မိအနီရောင်
ဟာ
ကြာလေဖျော့လာ
ပန်းရောင်သာသာဟန်ရေးပြ
အားကိုးလောက်ပါ့မလား ။

ဘာပဲဖြစ်ဖြစ် ဒီတခေတ်ဟာ
ကိုယ့်ကြမ္မာကိုယ်ဖန်တီး
အပြီးရေးရမယ့်သမိုင်းပေးမို့
ကိုယ့်လက်မောင်းသွေးကိုယ်ဖောက်
ရဲရဲတောက်ကြရဦးမည်။

ကိုစိမ်းလန်း (သုံးခွ)