Breaking News

ကိုသန်းလွင် ● ယီမင်ပြည်တွင်းစစ်

ကိုသန်းလွင် ● ယီမင်ပြည်တွင်းစစ်
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၉

(၁)
လွန်ခဲ့သော လေးနှစ်ကျော်ကာလအတွင်း ယီမင်နိုင်ငံ၏အဆုံးအစမမြင်နိုင်သော ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရပါသည်။ လူတစ်သန်းကျော်မှာ ဆင်းရဲဒုက္ခအပေါင်းနှင့် တွေ့ကြုံရပြီး အစာရေစာ ပြတ်လပ်ရှားပါးခြင်းဒဏ်ကို ခံကြရပါသည်။ တိုင်းပြည်လူဦးရေ ၂၄ သန်းခန့်ရှိရာ ၈၀ရာခိုင်နှုန်းမှာ အကူအညီ လိုအပ်လျက်ရှိပါသည်။

ဤပြဿနာအစမှာ ၂၀၁၁ခုနှစ် အာရပ်နွေဦးလှုတ်ရှားမှုအပေါ်တွင် မြစ်ဖျားခံလာပါသည်။ လူထုအုံကြွမှုက တိုင်းပြည်ကို နှစ်ပေါင်းများစွာ တင်းကြပ်စွာအုပ်ချုပ်ခဲ့ သော အာဏာရှင်အစိုးရသမ္မတ ဆာလာ (Ali Abdullah Saleh) ပြုတ်ကျအပြီး သူ၏လက်ထောက် ဟာဒီ( Abdrabbuh Mansour Hadi) ထံအာဏာလွှဲပြောင်းပေး ရာမှ စတင်ဖြစ်ပွားခဲ့ရပါသည်။

ဤသို့အာဏာလွှဲပြောင်းပေးမှုမှာ အရှေ့အလယ်ပိုင်း၏ အဆင်းရဲဆုံးနိုင်ငံတွင် တည်ငြိမ်မှုကို ပေးလိမ့်မည်ဟု ယုံကြည် ခဲ့ကြပါသည်။ သမ္မတဟာဒီ မှာ ပြဿနာပေါင်းစုံကို ရင်ဆိုင်ခဲ့ရပြီး စစ်လိုလားသူများ၏ တိုက်ခိုက်မှု၊ ခြစားခြင်း ပြဿနာ၊ အစာရေစာ ရလိုမှုများနှင့်ရှုတ်ထွေးနေခဲ့ပါသည်။ ဟိုယခင်က စစ်တပ်အရာရှိများအပေါ် သစ္စာရှိသူတို့ရန်ကလည်း ရှိသေး သည်။

တိုက်ပွဲများကို ၂၀၁၄မှာ စတင်ခဲ့ပြီး ဟူသီ (Houthi Shia Muslin) သူပုန်များကမြောက်ပိုင်းနှင့် အနီးအပါး ဧရိယာများကို အခိုင်အမာတပ်စွဲထားကြပါသည်။ သူပုန်များက မြို့တော် ဆာနာ (Sanaa) ကိုသိမ်းပိုက်ခဲ့ပြီး မစ္စတာဟာဒီကို တိုင်းပြည်မှ ထွက်ပြေးအောင် ဆောင်ရွက်ခဲ့ကြပါသည်။ ယခုမစ္စတာ ဟာဒီမှာ ဆော်ဒီနိုင်ငံ တွင်ခိုလုံလျက်ရှိပါသည်။

၂၀၁၅ ခုနှစ်မတ်လတွင် ဆော်ဒီအာရေးဗီးယားမှ သူပုန်များကို လေကြောင်းမှဝင်ရောက်နှိမ်နှင်းရာမှတိုက်ပွဲများ ပို၍ပြင်းထန်လာခဲ့ပါသည်။ ဆော်ဒီတို့နှင့်အတူ အနီးအပါးမှ ဆူနီမွတ်စလင်နိုင်ငံများ၊ အမေရိကန်၊ အင်္ဂလန် နှင့် ပြင်သစ်တို့က ကူညီခဲ့ကြပါသည်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ မစ္စတာဟာဒီ အစိုးရကိုအာဏာ ပြန်ရစေ ရန်ရည်ရွယ်ခဲ့ကြပါသည်။

ဤပဋိပက္ခကို အီရန်၏ ရှိယား (Shia) မွတ်စလင်များနှင့် ဆူနီ (Suni) မွတ်စလင်များရှိရာ ဆော်ဒီအာရေးဗီယား တို့၏ ပြဿနာဟုလည်းဆိုနိုင်ပါသည်။ ဤပြဿနာမှာ ဒေသဆိုင်ရာပြဿနာများကို ပိုမိုရှုပ်ထွေးစေပါသည်။ အယ်လခိုင်းဒါးနှင့် အိုင်အက်(စ) IS တို့၏ ပါဝင်ပါတ်သတ်မှုများကြောင့် ဖြေရှင်းရန်ပိုခက်ခဲခဲ့ရပါသည်။

ယီမင်နိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲသည်ရပ်ဆိုင်းရပေမည်။ အဖြေမှာ ရိုးရှင်းလွယ်ကူပြီးလူတိုင်းသိ မြင်နိုင်ပါသည်။ လူတိုင်းအမြင်မှာ လွယ်ကူလွန်းသဖြင့် (Plain Sight)့ လွဲချော်နေကြခြင်းဖြစ်ပါသည်။

စက်တင်ဘာ ၁၄ရက်နေ့က အာရမ်မကို (Aramco Facilities) ၏ရေနံချက်လုပ်ရာနေရာတွင် ဒရုန်းနှင့် တိုက် ခိုက်မှုကြောင့် ဆော်ဒီအာရေးဗီးယားမှ ရေနံထုတ်လုပ်မှု၏ တစ်ဝက်နီးပါးမျှပျက်စီးခဲ့ရပါသည်။ ယီမင်တွင်ရှိ သော ဟူသီသူပုန်များ (Houthi Militia) က ဤလုပ်ရပ်ကို သူတို့လုပ်ရပ်ဖြစ်ကြောင်းကြေညာပါသည်။ သို့ပါ သော်လည်း ဆော်ဒီအာရေးဗီးယားနှင့် အမေရိကန်တို့က အီရန်ကို လက်ညိုှးထိုးကြသည်။

ဤအကြမ်းဖက်မှုကဒေသတွင်းတည်ငြိမ်မှုကို ဖျက်ဆီးလိုက်ပြီး တစ်ကမ္ဘာလုံး၏ စီးပွားရေးကိုလည်း ထိခိုက်စေ ပါသည်။ ယီမင်နိုင်ငံအဖို့ တစ်ကယ့်နိုင်ငံကြီးများအချင်းချင်း ဖြစ်ကြသောစစ်ပွဲအတွင်း ဝင်ပြီးပါမိနေပြီဖြစ်သည်။ ယီမင်တွင်နိုင်ငံရေးဆိုင်ရာအဖြေတစ်ခုခုလိုအပ်နေကြောင်းကို ဤတိုက်ပွဲများက သက်သေပြနေပါသည်။

စစ်ပွဲတိုင်းတွင် လောလောဆယ်အဖြေကို ရှာဖွေ၍မရနိုင်ပါ။ သူတို့ကို အပြိုင်အဆိုင်နိုင်ငံနှစ်ခုကကွဲပြားသော အယူအဆနှစ်ခု ကိုတွေ့နိုင်ပါသည်။ တဖက်နှင့်တဖက် အပြစ်တွေဖို့ရင်း အငြင်းအခုန်ဖြစ်ကြရပါသည်။ ဆော်ဒီ အာရေးဗီးယားနှင့် အီရန်တို့ကို ယေဘူယျအားဖြင့် တာဝန်ရှိပါသည်။ နိုင်ငံတွင်းတွင်ရှိသမျှ မိသားစုတိုင်းသည် မိတ်ဆွေ(သို့) မိသားစုဝင်များအသတ်ခံ ကြရသည်။ မိမိတို့ ကလေးငယ်များ၏ ဘဝတစ်လျောက်လုံး ပညာသင် ကြားရေးအခွင့်ကို ဆုံးရှုံးကြရပါသည်။ လူအနည်း ငယ်ကသာ မိမိတို့ခေါင်းဆောင်များ၏ ဆင်နွှဲနေကြသော စစ်ပွဲတွင် အဓိပ္ပါယ်ကို ရှာဖွေတွေ့ကြပြီး အားလုံးသည် စစ်ပွဲအတွက် ဆုံးရှုံးနစ်နာကြရပါသည်။

(၂)
သို့ရာတွင် ဤစစ်ပွဲမှာ အပြည်ပြည်ဆိုင်ရာတို့ပူးပေါင်းပါဝင်ပြီး ဖြေရှင်းပေးနိုင်သော ကိစ္စတစ်ခုဖြစ်ပါသည်။ ၎င်းတို့အတွက် လိုအပ်သော အသေးစိတ်ကိစ္စများကို အလွယ်တကူ မြင်နိုင်ကြပါသည်။ အနည်းဆုံး အချက် (၇) ချက်ရှိရာ ယျေဘူယျအားဖြင့် ပြည်တွင်းစစ်ဖြစ်ပွားနေသည့် နိုင်ငံများအတွက်မှန်ကန်ပါသည်။

ပထမဦးဆုံးအနေဖြင့် စစ်တပ်အင်အားသည် ယီမင်အစိုးရမှာသာရှိပါသည်။ နိုင်ငံပြင်ပမှာရှိသော ယီမင်နိုင်ငံ သားတစ်ယောက်အတွက် သူ့ရည်ရွယ်ချက် ဖြစ်မြောက်စေရန်အတွက် အင်အားသုံးပိုင်ခွင့်မရှိရပါ။ ဤအရာ  သည် အမြင်တွင် လွယ်ကူသော်လည်း တစ်ကယ်ဖြစ်ရန်ခက်ခဲလှပါသည်။ ယီမင်နိုင်ငံအတွင်းတွင်တိုက်ခိုက် နေသော အင်အားမှန်သမျှသည်  နိုင်ငံတော်ကသာ ပိုင်ဆိုင်သင့်ပါသည်။ ဤကိစ္စသည် ကုလသမဂ္ဂပါဝင်သော ကြီးကြပ်ရေးအဖွဲ့မှ စီစစ်ပြီး ရှိသမျှလက်နက်များကို အစိုးရအား လွှဲပြောင်းပေးရေးကိုဆောင်ရွက်ရမည်။

ဒုတိယအချက်အနေဖြင့် အစိုးရသည် ညွှန့်ပေါင်းအစိုးရမဟုတ်၊ စုပေါင်းထားခြင်းထက်ပိုမိုရပါမည်။ အမျိုးမျိုးကွဲ ပြားနေသော နိုင်ငံရေးပါတီများအနေဖြင့် ပါတီရေးထက်နိုင်ငံတော်ကို ပို၍ သစ္စာရှိရပါမည်။ နိုင်ငံတော်အနေဖြင့် သူတို့၏ကွဲပြားသော အယူအဆများကို ပြေလည်စေပြီး နိုင်ငံရေးအမြင်အားဖြင့် ကူညီကာ စုပေါင်းမှ ဖြစ်မည်ဆို သည်ကို သိပြီးဖြစ်သော အင်အားစုများဖြစ်ရပါမည်။

တတိယအချက်အနေဖြင့် နိုင်ငံတော်က အိမ်နီးချင်းနိုင်ငံများကို တိုက်ခိုက်ခြင်း မည်သည့်နိုင်ငံကိုမှ ရန်မစ မကျူးကျော်ရဟူသော စည်းကမ်းကို လိုက်နာရပါမည်။ ယီမင်နိုင်ငံခေါင်းဆောင်အသစ်၏အောက်တွင်တစ်စု တစည်းတည်ရှိရပါမည်။

စတုတ္ထအချက်အနေဖြင့် ဒေသတွင်းကုန်သွယ်မှုအတွက် သမိုင်းပေးတာဝန်အရပင်လယ်ပြင်၏ လုံခြုံမှုကို တာဝန်ယူရပါမည်။ ယီမင်သည် မိမိ၏နယ်နိမိတ်စည်းမျဉ်းတစ်လျှောက်လုံခြုံမှုကို တာဝန်ယူပြီး ဤဘော်ဒါ လုံခြုံမှုအပေါ်မှီခိုနေရသည့် လူထု၏ ထောက်ခံမှုကို ရရှိရပါမည်။

ပဉ္စမအချက်အနေဖြင့်နိုင်ငံအတွင်းမှ ဥပဒေပြင်ပရောက်နေသူများကို ရှင်းလင်းနိုင်ရပါမည်။ ယခု မြင်တွေ့နေရ သော အကြမ်းဖက်သမားများ၏ အန္တရာယ်ကို ဖယ်ရှားရှင်းလင်းနိုင်ရပါမည်။

ဆဌမအချက်အနေဖြင့် ယီမင်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများက ဤနိုင်ငံအတွင်း လူထု၏ အေးချမ်းစွာနေနိုင်မှု၊ ကုန်သွယ်နိုင်မှု ကို သေချာအောင်ပြုလုပ်ပေးပြီး စစ်၏အကြွင်းအကျန် နစ်နာချက်စသည်တို့ကို တတ်နိုင်သမျှ သက်သာစေရပါမည်။

နောက်ဆုံးအနေဖြင့် ယီမင်နိုင်ငံ၏အနာဂတ်ရေးကိုယီမင်နိုင်ငံ၏ခေါင်းဆောင်များကသာ ဆုံးဖြတ်ရပါမည်။ ဘေးကမပါဝင်ရပါ။ ၎င်း၏အနာဂါတ်ကို စစ်၏ဖိအားမပါစေရဘဲ ကောင်းမွန်စေလိုသော စိတ်ထားဖြင့်သာ ဆုံးဖြတ်နိုင်ရပါမည်။

ထိုအချက်များမှာ ယီမင်ပြည်သူများအပါအဝင် ငြိမ်းချမ်းရေးကို မြတ်နိုးသော လူတိုင်းသိကြပါ၏။ ယီမင်ပြည်သူ များအနေဖြင့်သွေးမြေအကျခံကာ ဆင်းရဲဒုက္ခအပေါင်းကို ရင်ဆိုင်ပြီးသည့်နောက် ငြိမ်းချမ်းရေးကို အာမခံနိုင် သောအစိုးရတည်ငြိမ်မှုကိုတည်ဆောက်ပေးနိုင်သူတို့ကိုအလိုရှိကြမှာသေချာလှပါသည်။ အထက်ပါအချက်များ ကယီမင်နိုင်ငံကို တည်ငြိမ်မှုရအောင်၊ အကြမ်းဖက်မှုများပပျောက်အောင်၊ ဆောင်ကျဉ်းပေးနိုင်ပါလိမ့်မည်။
ဘက်အားလုံး၌ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသည်မှန်လျှင်မဖြစ်နိုင်စရာမရှိပါ။ ခေါင်းဆောင်တိုင်းကို သိစေလို သည်မှာ စစ်တပ်အင်အားနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်၍မရနိုင်ဘဲ ဆန့်ကျင်သူတို့နှင့် ပူးပေါင်းအဖြေရှာ ခြင်းဖြင့်သာငြိမ်းချမ်းရေးကိုရနိုင်ပါလိမ့်မည်။

ကိုသန်းလွင်
Ref: The secret of Yemen’s war? We can end it by Martin Griffiths New York Times 16 September 2019.