Breaking News

ဒေါ်ခင်မျိုးချစ် (ဘာသာပြန်) ရှိတ်စပီးယားပုံ၀တ္ထုများ ထွက်ပြီ

ဒေါ်ခင်မျိုးချစ် (ဘာသာပြန်) ရှိတ်စပီးယားပုံ၀တ္ထုများ ထွက်ပြီ

(မိုးမခ၊ ဆိပ်ကမ်းသာ) စက်တင်ဘာ ၂၇၊ ၂၀၁၉

မိုးမခကထုတ်ဝေပြီး ဆိပ်ကမ်းသာကဖြန့်ချိတဲ့ ဒေါ်ခင်မျိုးချစ် ဘာသာပြန် ရှိတ်စပီးယားပုံ၀တ္ထုများ စာအုပ် ထွက်ရှိပါပြီ။ ဗြိတိန်က ဂန္ထဝင်ပြဇာတ်ရေးဆရာကြီး ရှိတ်စပီးယားရေးသားခဲ့တဲ့ ပြဇာတ် ၃၇ ပုဒ်ထဲက လက်ရွေးစင် ၁၂ ပုဒ်ကို ပုံ၀တ္ထုသဖွယ် ပြင်ဆင်ရေးသားထားတာကို ဖတ်ကြရမှာ ဖြစ်ပါတယ်။ အများကြားဖူးတဲ့ ရိုမီယိုနဲ့ ဂျူလီယက်၊ ဗင်းနစ်မြို့ကုန်သည်ကြီး၊ မက်ကဘက်၊ ဂျူးလိယက်ဆီဇာ၊ လီယာမင်းကြီး စတဲ့ ပြဇာတ်တွေ ပါဝင်ပါတယ်။ စာသင်သားများနဲ့ အနောက်တိုင်းစာပေလေ့လာသူများအတွက် သင့်တော်ပါတယ်။

ရှိတ်စပီးယား၏ ပြဇာတ်စကားပြောခန်းများသည် လူတိုင်း၏ စိတ်ထဲစွဲလောက်အောင် ခေတ်ကို ထင်ဟပ်နေသဖြင့် အကြိမ်ကြိမ် ကိုးကားကြသည့် စာများ စကားပြေများဖြစ်သည်။ ဥပမာ တခုပြရသော် - ဗင်းနစ်မြို့ကုန်သည်ကြီးတွင် တရားခွင်မှာ ပြောသည့်စကားမှာ မှတ်သားစရာဖြစ်သည်။

'မိတ်ဆွေ ... တရားဥပဒေဆိုတာဟာ ဖွတ်လျှာလို နှစ်ခွ မဖြစ်သင့်ပေဘူး။ တခါအတည်ပြုပြီးရင် ထပ်မံပြောင်းလဲ ပြင်ဆင်ပါရစေလို့ တောင်းလို့ ဖြစ်တာမျိူးလည်း မဟုတ်ဘူး။ ဒီလိုသာ ကိုယ့်အလိုမကျတိုင်း ပြင်နေမယ်ဆိုရင် တရားဥပဒေမဟုတ်တဲ့ မတရားဥပဒေ ဖြစ်နေတော့မှာပေါ့ ...'

စာမျက်နှာ ၂၅၆ မျက်နှာ၊ တန်ဖိုး ၄၄၀၀ ကျပ်။
ဆိပ်ကမ်းသာစာပေ မှာ အောက်ပါအတိုင်း ဆက်သွယ် မှာယူနိုင်ပါပြီ။
https://www.facebook.com/pg/seikkantha
အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာ​စျေးသစ် ။ ဝ၉ ၇၈၆၈၃၇ ၃၀၅ / ဝ၉ ၉၆၃၆၉၉၈၃၄
တအုပ်ချင်း အွန်လိုင်းအမှာများလည်း လက်ခံပါတယ်။

အခြားအွန်လိုင်းစာအုပ်ဆိုင်များဖြစ်တဲ့ - ဝန်ဇင်း (https://www.facebook.com/wunzinn2home/)၊ ပန်းဆက်လမ်း (https://www.facebook.com/pannsattlannbooks)၊ Book Tree (https://www.facebook.com/pg/BOOK-TREE-Online-Book-Shop-1019242514900507 )တို့ကနေလည်း တဆင့်မှာနိုင်ပါတယ်။

ရန်ကုန်နဲ့ နယ်မြို့များက စာအုပ်ဆိုင်ကြီးများမှာလည်း ဝယ်ယူနိင်ပြီဖြစ်ပါတယ်။
အင်း၀၊ စာပေလောက၊ စိတ်ကူးချိူချိူ၊ ပါရမီ၊ စာပေဗိမာန်၊ စောဦး၊ ကိုလတ်၊ အရုဏ်သစ်၊ ကိုလတ်၊ နေစေး၊ စာပေနန်းတော်၊ ငါတို့စာပေ၊ တက်ဘ် စတဲ့ ဆိုင်ကြီးများမှာ မေးဝယ်ပါ။