Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၄)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၄)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်) အောက်တိုဘာ ၁၁၊ ၂၀၁၉

အပိုင်း (၃) - ထမြောက်အောင်မြင်မှု သရဖူဆောင်းရွှေတြိဂံကူမင်တန် အကြွင်းအကျန် ဘိန်းရာဇာများ


ကူမင်တန် အကြွင်းအကျန် လီမိတပ်နဲ့အတူ မြန်မာပြည်မြောက်ပိုင်း ရွှေတြိဂံဘက်ဆီ ဆုတ်ခွာသွားကြတယ်။ နယ်မြေရပ်ခြား တရပ်တကျေးမှာ အထီးကျန်ဘဝစစ်တပ်အဖြစ် ''နိုင်ငံအထဲက နိုင်ငံ'' အသွင်သဏ္ဍာန်ဖြင့် စီမံ ကွက်ကဲအုပ်ချုပ်ရပါတယ်။ ဒီတပ်ပျက်အင်အားစုကြီး ရွှေတြိဂံဆီ အတင်းထိုး ဖောက်ဝင်ရောက်လာကြပြီး မြန်မာပြည် မြောက်ပိုင်းရဲ့ တမူထူးခြားတဲ့ လူနေမှု အသွင်သဏ္ဍာန်ကို အတင်းပဲ ပြောင်းလဲပစ်လိုက်ကြတယ်။ ဒါ့အပြင် ဘိန်းအဆိပ် ငွေ့ဖြင့် တပ်ရဲ့ အသက်သွေးကြောကို ထောက်ပံ့ရှင်သန်စေခဲ့တယ်။

နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းရဲ့ အသစ်လွင် ဆုံး စာရင်းကောက်ယူချက်အရ ယနေ့မျက်မှောက်ခေတ်ကာလတွေမှာ ရွှေတြိဂံ နယ်မြေကို ဖြတ်သန်းပြီး ရောင်းဝယ်ဖောက်ကားကြတဲ့ ဟီးရိုးအင်း ဘိန်းဖြူ အရေအတွက် အလေးချိန်ပမာဏ ကမ္ဘာ့ကိန်းဂဏန်းရဲ့ (၇၀プ-၈၀プ)ရှိပါ တယ်။ အဲဒီကိန်းဂဏန်းတွေအထဲက မြန်မာနိုင်ငံက မူးယစ်ဆေးဝါးဟာ ရွှေ တြိဂံနယ်မြေဒေသတစ်ခုလုံးရဲ့ ၈၀プ ရှိနေပါတယ်။

၉-၃-၁၉၅၀။ တရုတ်ပြည်မကြီးက ဆုတ်ခွာလာကြတဲ့ ကူမင်တန် တပ်ဖွဲ့အင်အား ၈၀ဝ ရှိတဲ့ နောက်ဆုံးအသုတ် အကြွင်းအကျန် တပ်ဖွဲ့ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က အတင်းလိုက်လံ တိုက်ခိုက်လေ တယ်။ 

စစ်ရှုံး ကူမင်တန်တပ်ဟာ တောင်ပိုင်းနယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းပိုင်းဆီ ထိုးဖောက်ရောက်ရှိလာပါတယ်။ ဒီတပ် ဖွဲ့ရဲ့ ဦးစီးကွပ်ကဲရေးမှူးက အမှတ် ၈ တပ်မဟာ၊ ၂၃၇ တပ်မ၊ တပ်ရင်းတပ်ဖွဲ့ ကြီး ၇၀၉၊ တပ်ရင်းတပ်ဖွဲ့မှူးကြီး မေဂျာဂျင်နရယ် လီကို့ဟွေး ဖြစ်ပါတယ်။ မြန်မာပြည် အရှေ့ဘက် အရေးပါတဲ့ တာချီလိတ်ရဲ့ မိုင်းပန် ရွာကလေးမှာ ဂျင်နရယ်လီကို့ဟွေးနဲ့ အကြွင်းအကျန် အကြပ်တပ်သား ၆၀ဝ ကျော်တို့ တစု တဝေးထဲ တပ်စခန်းချထားကြတယ်။ ဒီတပ်ဖွဲ့ရဲ့ ဦးစီး ကွပ်ကဲရေးအရာရှိက အမှတ် ၂၆ တပ်မဟာ၊ ၉၃ တပ်မ၊ ၂၇၈ တပ်ဖွဲ့ တပ်ရင်းမှူးကြီး ထန်ကျုန်း ဖြစ်ပါတယ်။ တပ်နှစ်တပ် ပေါင်းစည်းလိုက်ပြီး '' ပြန်လည်ဆန်းသစ်စိုးမိုးရေးတပ် ဖွဲ့'' ဆိုပြီး ဖွဲ့လိုက်ကြတယ်။ ဂျင်နရယ်လီကို့ဟွေးက စစ်ဦးစီးချုပ်နှင့် တွဲဖက် ၇၀၉ တပ်ဖွဲ့မှူးကြီးအဖြစ် ထမ်းဆောင်ပါတယ်။ ထန်ကျုန်းက ဒုဦးစီးချုပ် ၂၇၈ တပ်ဖွဲ့တပ်ရင်းမှူးကြီး တာဝန် ထမ်းဆောင်ကြပါတယ်။ လီထန်တို့ရဲ့ ''ပြန်လည်ဆန်းသစ်စိုးမိုးရေး တပ်ဖွဲ့'' ဟာ လူသူလက်နက်စုစည်းပြီး တပ်ကို အလုံးအရင်းတိုးချဲ့လေတယ်။ 

ဝင်ရောက်ကြတဲ့ လူသူတစ်စိတ်တစ်ပိုင်းက မြန်မာ၊ ထိုင်း၊ လောနယ်စပ် တစ်လျှောက်က ကျင်လည်ကျက်စားနေကြတဲ့ ကုန်သည်လုပ်ငန်း လားတပ်အဖွဲ့အစည်းတွေဖြစ်ကြပါတယ်။ နောက်ထပ် တခြားတစ်စိတ်တစ်ပိုင်းက ဒုတိယကမ္ဘာစစ်ကာလတုန်းက မြန်မာနိုင်ငံတွင်း ဝင်ရောက်ပြီး လက်နက်တပ်ဆင်ပြီး ဂျပန်ကို တွန်းလှန်တိုက်ခိုက်မယ့် တရုတ် ပြည်ပခရီးရှည်တပ်ဖွဲ့က ပြန့်ကျဲကျန်ရစ်ခဲ့ကြတဲ့ တပ်သားဟောင်းကြီးတွေဖြစ် ကြပါတယ်။ ''ပြန်လည် ဆန်းသစ် စိုးမိုးရေးတပ်ဖွဲ့'' အင်အားဟာ တပ်သား ၁၄၀ဝ ကနေ ၃၀ဝ၀ အထိ တိုးပွားလာပါတယ်။ ဒါပေမဲ့ ဟိုးတုန်းက ခုခံတွန်း လှန်ရေး တရုတ်ပြည်ပခရီးရှည်ချီတပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဟာ တိုက်ရည်ခိုက်ရည် အတန်အသင့် မြင့်မားတာကြောင့် ရွှေတြိဂံနယ်မြမှာ သူတို့ ကိုယ်သူတို့ ထီမထင်တဲ့ လက်နက်ကိုင်အင်အားစုဆိုပြီး ဝံကြွားကြလေတယ်။

တရုတ်ပြည် ပြည်ပခရီးရှည် ချီတပ်ဖွဲ့ဆိုတာက ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ် နောက်ပိုင်း၊ မြန်မာနိုင်ငံထဲ ဝင်ရောက်ပြီး ဂျပန်ကို တွန်းလှန် တိုက်ခိုက်မယ့် တပ်ဟာ ကြည်းတပ် တပ်မဟာ အမှတ် ၂၆၊ တပ်မ ၉၃ တပ်ဖွဲ့ တရုတ်မြန်မာနယ်စပ်ရဲ့ ချဲဖုနန်ဒေသမှ အခြေစိုက်တပ်စွဲထားတာမှာ ငါးနှစ်ပင် ရှိသွားပါပြီ။ ထိုနယ်မြေဒေသမှာ အတော်လေး လိုက်လျောညီထွေနေတတ်ပြီး ရေပန်းစားတဲ့ တပ်လည်းဖြစ်ပါတယ်။ ပြည်ပခရီးရှည်ချီ တရုတ်တပ် စစ်ရေး ရှုံးနိမ့်ပြီးနောက်မှာ တပ်ဖွဲ့အများအပြားကို ပြန်လည်ပေါင်းစည်းလိုက်ပြီး တပ် မ ၉၃ ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါ့ကြောင့်လည်း တရုတ်၊ မြန်မာ၊ ထိုင်း၊ လောနယ်စပ်က အရပ်သူ အရပ်သားတိုင်းက တပ်မ ၉၃ ကို လူတိုင်းနီးပါး တရင်းတနှီး သိကျွမ်းနှင့်ပြီး ဖြစ်ကြပါတယ်။ ဟိုးယခင် ပြည်ပခရီးရှည်ချီတပ် အကြွင်းအကျန် ပဲဖြစ်ဖြစ်၊ တရုတ်ပြည်လွတ်မြောက်ရေး တိုက်ပွဲပြီးဆုံးပြီးနောက် ရွှေတြိဂံတကြောဆီ ချဉ်းနင်းဝင်ရောက်လာကြတဲ့ ကူမင်တန်အကြွင်းအကျန်  တပ်ဖွဲ့ပဲဖြစ်ဖြစ်၊ သူတို့အားလုံးက ကိုယ့်ဘာသာ တပ်မ ၉၃ တပ်ဖွဲ့ရယ်လို့ ခေါ်တွင်ကြပါတယ်။ ဂျင်နရယ် လီကို့ဟွေးတို့ ''ပြန်လည်ဆန်းသစ်စိုးမိုးရေးတပ်'' ရယ်လို့ အကြိမ်ကြိမ် ကြွေးကြော်နေကြပေမယ့်လည်း ဒေသခံတောင်တန်းသား တွေကတော့ သူတို့တပ်ဖွဲ့ကို ၉၃ တပ်မဟာတပ်ဖွဲ့လို့ပဲ ခေါ်ကြပါတယ်။

၁၉၅၀ ခုနှစ် သြဂုတ်လ။ အမှတ် (၈) တပ်မဟာချုပ်၊ ယူနန်ပြည်နယ် အစိုးရဥက္ကဋ္ဌ၊ ပြည်နယ်ငြိမ်ဝပ်ပိပြားရေးဌာန တာဝန်ခံလီမိကတဆင့် ချန်ကေ ရှိတ်ရဲ့ အမိန့်နဲ့ ထိုင်ဝမ်ကနေ ရွှေတြိဂံဆီ ရောက်လာတာဖြစ်တယ်။ အထူး တာဝန်တစ်ရပ်အနေနဲ့ ဂျင်နရယ်လီကို့ဟွေး မူလက ဖွဲ့စည်းထားတဲ့ ''ပြန်လည် ဆန်းသစ်စိုးမိုးရေးတပ်'' ကို အသစ်ပြောင်းလဲ ဖွဲ့စည်းပေးဖို့ ရောက်လာခြင်း ဖြစ်လေတယ်။ ၇၀၉ တပ်ဖွဲ့တပ်ရင်းကြီးကို ၁၉၃ တပ်မပြောင်းဖွဲ့လိုက်တယ်။ ဂျင်နရယ်လီကို့ဟွေးက တပ်မမှူး။ ၂၇၈ တပ်ဖွဲ့ တပ်ရင်းကြီးက ၉၃ တပ်မအဖြစ် ပြောင်းလဲပစ်တယ်။ ထိုင်ဝမ်ကနေ အသစ်စေလွှတ်တဲ့ ဖုန်ချဲက ဒီတပ်မရဲ့ တပ်မမှူး။ ဒီလိုပဲ ထိုင်ဝမ်ကနေ အသစ်စေလွှတ်လိုက်တဲ့ လွေကို့မိန့်ကို ၂၆ တပ်မဟာရဲ့ တပ်မဟာမှူး။ တပ်မဟာမှူးလွေက အထက်ပါ တပ်မနှစ်ဖွဲဲ့ကို ကိုင်တွယ်ရပါတယ်။ အဲဒီကနေ ''ယူနန်ကွန်မြူနစ် ဆန့်ကျင်ရေးနိုင်ငံတော် ကယ်တင်ရေး တပ်မတော်'' ကို ဖွဲ့စည်းတည်ထောင်လိုက်တယ်။ ၁၉၅၂ ခုနှစ် မှာ ထိုင်ဝမ်ကနေ တပ်ဗိုလ်တပ်သား ၇၀ဝ ကျော် ထပ်မံစေလွှတ်ပြိး မြန်မာပြည် မြောက်ပိုင်းက ကူမန်တန်အကြွင်းအကျန် တပ်ဖွဲ့ကို အင်အားဖြည့်ပေးလိုက်တယ်။ ၁၉၅၃ ခုနှစ် ရောက်လာတော့ တပ်အင်အား ၁၈၅၀ဝ အထိ တောင့်တင့်လာပါ တယ်။

၁၉၅၄ - ၁၉၅၅ ခုနှစ် မြန်မာအစိုးရ စစ်တပ်က နယ်စပ်ရှိ ကူမင်တန် အကြွင်းအကျန် တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လေတယ်။ ချန်ကေရှိတ်က လျို ယွမ်လိန်ကို စေလွှတ်ပြီး ကူမင်တန်အကြွင်းအကျန် တပ်ဖွဲ့ကို ပြန်လည်စုစည်းပြီး တပ်ကို အသစ်တဖန် ဖွဲ့စည်းစေပြန်တယ်။ လျိုယွမ်လိန်ဟာ ချန်ကေရှိတ်အမိန့် နဲ့ ရွှေတြိဂံက ကူမင်တန် အကြွင်းအကျန်  တပ်ဗိုလ် တပ်သား ၄၅၀ဝ ကျော်ကို ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။ ''ယူနန်ပြည်သူ့ကွန်မြူနစ် ဆန့်ကျင်ရေးအပျော် တမ်းတပ်မတော်'' ကို ဖွဲ့လိုက်တယ်။ လျိုယွမ်လိန်ဆိုတာက နာမည်ကျော် ဟွမ်ပူစစ်တက္ကသိုလ် အပတ်စဉ် ၄ ကျောင်းဆင်းဖြစ်တယ်။ မူလက လီမီဖွဲ့စည်း ခဲ့တဲ့ ''ယူနန်ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံတော် ကယ်တင်ရေးတပ်မတော်'' ဌာနချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်ကနေ ခုတစ်ကြိမ်အပြောင်းအလဲမှာ ညွှန်ကြားရေးမှူးချုပ် တက်ဖြစ်သွားတာပါ။ အဲဒီနောက် သူ့လက်အောက်မှာ ဒုတိယညွှန်ကြားရေးမှူးချုပ် နှစ်ယောက်ကို ခန့်ထားပြန်တယ်။ တစ်ဦးက ဖုန် ချဲန်၊ နောက်တစ်ဦးက ရွှေတြိဂံနယ်မြေမှာ တော်တော်လေးအစွမ်းအစရှိတဲ့ တွမ့်ရှီးဝန်ဖြစ်တယ်။ တွမ့်ရှီးဝန်ဆိုတာက ကူမင်တန်အြွကင်းအကျန်တပ်ဖွဲ့ နှောင်းပိုင်းကာလတွေမှာ လီကို့ဟွေးနဲ့ အသွင်တူတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ယူနန်ကျန် ဝူထန်နယ်သားဖြစ်တယ်။ သူ့ဇနီးက ရွှေတြိဂံဒေသ စော်ဘွားကြီးတောင်းတုန့် ချိုင်တူမဖြစ်တယ်။

၁၉၆၁ ခုနှစ် တရုတ်မြန်မာချစ်ကြည်ရေး လမ်းပေါက်သွားပါတယ်။ မြန်မာအစိုးရစစ်တပ်က တရုတ်ပြည်ဘက်က နယ်မြေဖြတ်ကျော်ဝင်ရောက်လာ တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လက်ရွေးစင် တပ်သား ၅၀ဝ၀ နဲ့ အတူပူးတွဲပြီး လျိုယွမ်လိန် ကူမင်တန် အကြွင်းအကျန် တပ်ဖွဲ့ကို ဒလကြမ်း တိုက်စစ်ဆင်လေတယ်။ လျိုယွမ်လိန်တို့ အကြီးအကျယ် ရှုံးနိမ့်သွားပြီး ကျန်ရှိတဲ့ တပ်ကျွင်းတပ်ကျန်ကို ဦးဆောင်ပြီး လောနိုင်ငံနဲ့ နယ်မြေတွင်းက ထူထပ်နက် နဲတဲ့ တောတောင်တွေထဲ ဝင်ရောက်ပုန်းခိုလိုက်ကြတယ်။

ရွှေတြိဂံနယ်မြေနှင့် လေးနိုင်ငံရဲ့ တောတောင်ရေမြေတွေက တဆက် တည်း ဖြစ်နေပါတယ်။ နယ်မြေဖြတ်ကျော်ဝင်ရောက်ပြီး အကြွင်းအကျန်ကူမင်တန်တပ်တွေကို လိုက်တိုက်တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရဲ့ စစ်ဆင်ရေးဟာ တိုင်းနိုင်ငံ နယ်မြေဒေသအပိုင်းအခြား ကန့်သတ်မှုတွေ ကြောင့် ၄င်းတို့ရဲ့ စစ်ဆင်ရေးဟာ ထင်တိုင်းမပေါက်ချေ။ ဒါကြောင့် ကိုယ့်တိုင်း ပြည်နယ်မြေတွင်းဆီ ပြန်လည်ဆုတ်ပေးရလေတယ်။

 ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကကိုယ့်တရုတ်ပြည် နယ်မြေထဲဆီ ပြန်လည်ဆုတ်ခွာပြီးတဲ့နောက် အကြွင်းအကျန်  ကူမင်တန်တပ်ဖွဲ့ စစ်ခေါင်းဆောင်တွေက အသံတွေ ထုတ်လွှင့် ပြီး ပြောပါတယ်။ ''ကျုပ်တို့ စိတ်လိုစိတ်ရရှိရင် ရန်ကုန်ကို အချိန်မရွေး သိမ်းလို့ ရပါတယ်။ မြန်မာနိုင်ငံကို တပ်ရဲ့ မိုးအောက်မြေပြင်ဖြစ်သွားစေရမယ်'' အင် အားချိနဲ့လွန်းလှတဲ့ မြန်မာအစိုးရ အထိတ်တလန့်နဲ့ တုန်လှုပ်ခြောက်ချားနေရှာတယ်။ နိုင်ငံနယ်နိမိတ်ချင်းကပ်လျက် နိုင်ငံကနေ ချဉ်းနင်းဝင်ရောက်လာတဲ့ ခိုင်မာတောင့်တင်းတဲ့ ရန်သူ့တပ်ဖွဲ့ နောက်ထပ်တစ်ကြိမ် အင်အားတိုးချဲ့လာမှာ ကို မြန်မာအစိုးရ အစိုးရိမ်ကြီး စိုးရိမ်နေပါတယ်။ မြန်မာအစိုးရ စစ်မက်ရေးရာနဲ့ ကိုယ့်နိုုင်ငံကိုယ် ဘယ်လိုမှ မကာကွယ်နိုင်တဲ့အတွက် ''အနုနည်း'' ကို ကျင့်သုံး လိုက်တယ်။ ကမ္ဘာ့ကုလသမဂ္ဂကြီးထံ ရင်ဖွင့်တိုင်တန်းလေတယ်။ ထိုစဉ်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဟိုးလေးတကျော် ဂယက်ရိုက်သွားလေတယ်။

ထိုင်ဝမ် ကူမင်တန် အာဏာပိုင်တို့ ထိပ်တိုက်ရင်ဆိုင်လို့ မရတော့ပါ။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အာဘော်တွေက ဝိုင်းဝန်းစောင့်ကြည့်ဖို့ကို တိုက် တွန်းကြလေတယ်။ ၁၉၅၃ ခုနှစ် နိုဝင်ဘာလကနေ ၁၉၅၃ ခုနှစ် မတ်လအတွင်း လူပေါင်း ငါးထောင်ကျော် ခြောက်ထောင် လေကြောင်းခရီးနဲ့ ထိုင်ဝမ်ကို ပြန် ပို့လိုက်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ ကူမင်တန် အကြွင်းအကျန် တစ်သုတ် ထိုင် ဝမ်ကို ပြန်ပို့ပြန်တယ်။ ဒါပေမဲ့ အကြွင်းအကျန် တချို့ ကျန်နေရစ်ခဲ့ပါတယ်။ ကျန်ရစ်ကြတဲ့ တပ်သားတွေက အဓိကကတော့ ၉၃ တပ်မ အစရှိတဲ့ ယူနန် ပြည်နယ်သားတွေဖြစ်ကြပါတယ်။ ဥပမာ - တွမ့်ရှီဝန်နှင့် သူ့ရဲ့အမှတ် ၅ တပ်မဟာ ကျဲန်ခန်းနယ်သားတပ်သားတွေ ဆုတ်ခွာမသွားကြပါ။ သူတို့တတွေ ဟာ သူတို့ရဲ့ ဇာတိနဲ့ အလှမ်းမဝေးလှတဲ့ ရွှေတြိဂံကို ရွေးပြုပြီး အခြေချနေထိုင် လိုက်ကြတယ်။ 

၁၉၆၄ ခုနှစ်မှာ တွမ့်ရှီဝန်ဟာ သူ့တပ်ဖွဲ့ကို ဦးဆောင်ပြီး ထိုင်းအစိုးရထံ လက်နက်ချအလင်းဝင်လိုက်ကြတယ်။ နောက်ပိုင်းတော့''ထိုင်း မြောက်ပိုင်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်'' ရယ်လို့ ပြောင်းလဲခေါ်ဝေါ်လိုက် တယ်။ ထိုင်းနိုင်ငံအစိုးရက အဲဒီတပ်ကျွင်းတပ်ကျန်တွေ ဘိန်းလုပ်ငန်းနဲ့ မပတ် သက်ရလို့ စည်းကမ်း သတ်မှတ်ထားပါတယ်။ တပ်ဖွဲ့တပ်သားမိသားစုတွေ ကောက်ပွဲသီးနှံတွေကိုသာ ထွန်ယက်စိုက်ပျိုးကြရပါတယ်။ နေထိုင်မှုအတော်လေး ကို ပင်ပန်းဆင်းရဲကြပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာကတော့ ကူမင်တန် အြွကင်းအကျန်တပ်ဖွဲ့တွေရဲ့ အမည်နာမတွေ တပ်အမှတ် နံပါတ် တွေ အမျိုးမျိုးအဖုံဖုံ ဘယ်လိုပဲ ပြောင်းပြောင်း ဘယ်သူနဲ့ပဲ ပတ်သက် ပတ် သက်၊ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းကပဲ ချုပ်ကိုင် ချုပ်ကိုင် ဒေသခံ တိုင်းရင်းသားတွေနဲ့ မြန်မာပြည်မြောက်ပိုင်းသားတွေရဲ့ အမြင်ကတော့ ဘယ် တော့မှ ပြောင်းလဲမှုမရှိဘဲ သူတို့ကို ''အမှတ် ၉၃ တပ်မ'' လို့ပဲ ခေါ်ဝေါ်ကြပါ တယ်။ ဒါဟာ ဂျပန်ကို တော်လှန်တိုက်ခိုက်တဲ့ တရုတ်ပြည် ပြည်ပခရီးရှည်ချီတပ်ဖွဲ့ ကြီးရဲ့ ဂုဏ်သိက္ခာတွင်ရစ်တဲ့ အမည်နာမကြီးဖြစ်တယ်။

၁၉၈၀ ခုနှစ်မှာ ကူမင်တန် အကြွင်းအကျန် တပ်ဖွဲ့ ခေါင်းဆောင်ကြီး တွမ်ရှီးဝန် ကွယ်လွန်ပါတယ်။ မူလ အမှတ် ၅ တပ်မဟာ စစ်ဦးစီးမှူး လေယွီး ထျိုင်က ''ထိုင်း မြောက်ပိုင်းတောင်တန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်'' ဦးစီးမှူးချုပ်တာဝန်ကို လွှဲပြောင်းယူလိုက်ပါတယ်။ လီဝန်ဝမ့်က နဂိုမူလအတိုင်း ဒုတိယဦးစီးမှူးအရာရှိဖြစ်ပါတယ်။ ဦးစီးမှူးချုပ် လေယွီးထျိုင်ရဲ့ နာမည်အရင်းက ကျန်းပိန်စုဖြစ်တယ်။ ၁၉၁၈ ခုနှစ်မှာ မွေးဖွားတယ်။ ယူနန်ပြည်နယ် ကျဲန့်စွေ နချီးနယ်သားဖြစ်တယ်။ တွမ့်ရှီဝန်အုပ်ချုပ်စဉ်က သူ့လက်အောက်ခံ အကြပ် တပ်ဗိုလ်တပ်သားတွေ၊ ရွာသူရွာသားတွေက သူ့ကို ''ဗိုလ်ချုပ်လေ'' ၊ ''၉၃ တပ်မမှူး'' ရယ်လို့ တလေးတစား ခေါ်ဝေါ် ဆက်ဆံကြပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်းမှာ ''ကိုယ်ပိုင် ရပ်တည်ရေး ကျေးရွာ'' တည်ထားပါ တယ်။ ရွာထဲမှာ အမြဲတမ်းတပ်အင်အား ၆၀ဝ ရှိပါတယ်။ ဟန်တရုတ်စာ၊ ဟန်တရုတ်စကားကို အခြေခံဘာသာ စကားအဖြစ် အသုံးပြုထားပါတယ်။ လူသူအတော်များများက ထိုင်းနိုင်ငံသားအဖြစ် ခံယူထားကြပါတယ်။ ဒါ့အပြင် ဒေသခံတွေနဲ့ အိမ်ထောင်ရက်သားကျတာတွေလည်း များပြားလာပါတယ်။

၁၉၈၅ ခုနှစ်၊ ဂျပန်နိုင်ငံ ''မျက်မှောက်ခေတ်'' သတင်းဂျာနယ်က အထူးသတင်းထောက် စုန်းပိုင်လိချူးကို ရွှေတြိဂံဆီ အထူးလျှို့ဝှက် စေလွှတ်လိုက် ပါတယ်။ တစ်လကျော်၊ နှစ်လနီးပါး သတင်းရယူစုဆောင်း ခိုင်းလိုက်တယ်။ ဂျပန်သတင်းထောက်ဟာ တပ်မ ၉၃ အခြေစိုက်နယ်မြေ (ထိုင်းနိုင်ငံချင်းမိုင်နဲ့ သိပ်မဝေးတဲ့ မေစလော့မြို့ငယ်လေး) မှာ လေယွီထျိုင်နဲ့ တွေ့ဆုံကြပါတယ်။ ဂျပန်သတင်းထောက် ရေးဖွဲ့ထားတဲ့ သတင်းက ဒီလိုပါ။ ''ဗိုလ်ချုပ်လေရဲ့ နေအိမ်က ကျယ်ဝန်းတယ်လို့ ပြောလို့ မရပါ။ ခံတပ်စခန်းအတိုင်း အင်မတန် ခိုင်ခန့်လှတယ်။ အိမ့်လေးဘက်လေးတန်မှာ ကတုတ်ကျင်းတွေ တူးထားပါတယ်။ ကင်းစောင့်တော့ ချမထားပါ။ ဧည့်ခန်းထဲမှာ ထိုင်ဝမ်ကထုတ်တဲ့ စာအုပ်တွေနဲ့ အပြည့်ပါ။ စစ်ရေးနဲ့ ပတ်သက်တဲ့ စာအုပ်အရေအတွက်က များပါတယ်။ စာ အုပ်စင်မှာ ကူမင်တန်ပါတီရဲ့ အရေးပါပုဂ္ဂိုလ်ကြီးတွေရဲ့ ဓာတ်ပုံကြီးတွေ ချိတ် ဆွဲထားပါတယ်။ ဗိုလ်ချုပ်လေဟာ တိုင်းတပါးသားတွေရဲ့ ရှေ့မှောက်မှာ ပေါ် ပေါ်ထင်ထင် ထွက်ပေါ်လေ့မရှိပါ။ ကြားရတဲ့ စကားအရ ''အနီရောင် အကြမ်း ဖက်သမား'' တွေရဲ့ လုပ်ကြံမှုကို ကာကွယ်ထားခြင်းလို့ ပြောကြပါတယ်။

ဂျပန်သတင်းထောက်ကို လေယွီထျိုင်ပြန်လည်ဖြေကြားတဲ့ စကားက တော့ ''ဘိန်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေလား၊ ဒီအရေးကိစ္စတွေထဲ ကျွန်တော်တို့ နည်းနည်းလေးမှ ဝင်မပါပါဘူးခင်ဗျာ။ မျက်မှောက် ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တာဝန်တွေက ထိုင်းနိုင်ငံရဲ့ သဘောကို လိုက်နာရမယ်။ ကျွန်တော်တို့ လူတွေ ထိုင်းနိုင်ငံသားတွေအဖြစ် ဝင်ကြရမယ်။ ကျွန်တော်တို့ တရုတ်ပြည်မကြီး က ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဇာတိမြေကို အောက်မေ့ သတိရမှုတွေ တကယ့်ကို ပြင်းပြပါတယ်။ ဒါပေမဲ့ ကျွန်တော် ခံစားရတာက အေးအေးချမ်းချမ်းနဲ့ နေထိုင် သွားနိုင်ရေးပဲလေဗျ။ ဒါပေမဲ့ ကျွန်တော် ခံစားရတာက အေးအေးချမ်းချမ်းနဲ့ နေထိုင်သွားနိုင်ရေးပဲလေဗျ။ ဒီတော့ ပိုပြီး လွတ်လပ်တဲ့ ထိုင်းနိုင်ငံမှာပဲ နေလို တဲ့ ဆန္ဒတွေ များနေပါတယ်။ ခုဆို ထိုင်းနိုင်ငံမှာပဲ အခြေတကျ နေထိုင်ကြဖို့ ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက် ချထားပြီးပါပြီခင်ဗျာ''

တပ်မ ၉၃ နဲ့ ရွှေတြိဂံ မူးယစ်ဆေးဝါး တကယ့်ကိုပဲ ပတ်သက်မှု ကြီးကြီးမားမား မရှိဘူးဆိုတာ ဟုတ်မှဟုတ်ပါလေစ။ ကွပ်ကဲရေးဦးစီးချုပ် လေယွီထျိုင် ပြောစကားအတိုင်း ''နည်းနည်းလေးမှ ဝင်မပါပါဘူး'' ဆိုတာရော ဟုတ်မှ ဟုတ်ပါလေစ။ ၅၀ ခုနှစ် အစဦးပိုင်းတုန်းက ကူမင်တန် စစ်ရှုံးတပ်တွေ အနောက်တောင်ဘက်ဆီ ဆင်းချလာပြီး မြန်မာပြန် နယ်နိမိတ်အတွင်းကို ရောက်စဉ်အခါတုန်းက တကယ့်ကိုပဲ မသာအိမ်က အထိတ်တလန့်ဖြစ်နေတဲ့ ခွေးဝဲစားအတိုင်းပါပဲ။ ဒါကြောင့်လည်း ဘိန်းအကြောင်း လုံးဝကို တွေးချိန် စဉ်းစားချိန်မရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အင်မတန်လှပတဲ့ ရောင်မျိုးစုံတဲ့ ဘိန်းပန်းရဲ့ အလှကို မျက်စိလေးတစ်ချက် ဝင့်ကြည့်ချိန်တောင် သူတို့ မကြည့်အားရှာပါ။ ဒါပေမဲ့ ရှိရှိသမျှ အပင်စိုက်လို့ရတဲ့ နေရာတိုင်းလိုလို တောင်တန်းသားအများအပြားဟာ ဘိန်းပင်ကို အဓိကထား တခုတ်တရနဲ့ ဘဝရှင်သန်နေကြရပြီး၊ ခြေအစုံ ခိုင်မြဲမြဲ ရပ်တည်နိုင်ရေး၊ ကျောလည်းပူ၊ ဝမ်းလည်း ပူလောင်နေကြတဲ့ တပ်အြွကင်းအကျန်တွေဟာ ဒီတောကိုမှီ၊ ဒီတောင်ကို အားထား၊ ဒီရေမြေကို သောက်သုံးလုပ်စားနေရတဲ့ သူတွေပါ။ ပေါ်ပီပင် စိုက်၊ ဘိန်းကို ချက်တာ ဘာများထူးဆန်းအံ့သြစရာလို့ ထင်ရမှာလဲ။ ဟိုးတုန်းက လီကို့ဟွေးတပ်ဖွဲ့ ရွှေတြိဂံမှာ ခြေအစုံရပ်တည်နိုင်ရေးအတွက် အရာအရောက်ဆုံးအချက်က ပြန်လည်ဆန်းသစ်စိုးမိုးရေးတပ်ဖွဲ့ဆိုတာမှာ အင်အားသုံးစုခွဲပြီး ဖွဲ့စည်းခဲ့ရပါတယ်။

ပထမအင်အားစုက - မြေလွတ်မြေရိုင်းတွေ ခုတ်ထွင်ရှင်းလင်း သစ် ခုတ် ဝါးခုတ်၊ အိမ်ဆောက်လုပ် စိုက်ပျိုးရေး ဝမ်းစာရှာဖွေပေး။

ဒုတိယအင်အားစုက - တပ်သားသစ်စု၊ တင်းတင်းကြပ်ကြပ် စစ်ရေး လေ့ကျင့်မှုပြု၊ အချိန်အခါမရွေး ရှောင်တခင် ပေါ်ပေါက်လာမယ့် လိုအပ်ချက် များအတွက် ကြိတင်ပြင်ဆင်မှုတွေ ရှိထား။

တတိယအင်အားစုက - ကုန်စည်သယ်ယူပို့ဆောင်ရေး မြင်းတပ်၊ လားတပ်ဖွဲ့ထဲကို ဝင်ကာထား၊ သို့တည်းမဟုတ် ကိုယ့်ဘာသာ မြင်းတပ်၊ လား တပ် ကုန်စည်သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့စည်းထား၊ ဒါမှမဟုတ် လက်နက်ကိုင် တပ်ဖွဲ့စည်းထား။ ဒီအင်အားနဲ့ ထိုင်းနိုင်ငံနယ်စပ်မှာ ဘိန်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကိုလုပ်၊ ဥစ္စာငွေကြေးတွေနဲ့ လဲလှယ်မှုပြု။

ကူမင်တန် အကြွင်းအကျန် တို့ဟာ ဒီအစဉ်အလာ ဓလေ့ထုံးတမ်း အတိုင်း တစ်လျှောက်လုံး ရပ်တည်သွားပါတယ်။ တွမ့်ရှီးဝန်က မေစလော့ကို တပ်မ ၉၃ အခြေစိုက်စခန်းအဖြစ် ရွေးချယ်သမှုပြုတာက ရှေးယခင် လီကို့ဟွေး တာဝန်ယူစဉ်က လုပ်နည်းလုပ်ဟန်ကိုပဲ ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ မေစလော့က လားဟူတိုင်းရင်းသားတို့ စုစည်းနေထိုင်ကြတဲ့ နယ်မြေပါ။ ပေါ် ပီဘိန်းပင် စိုက်ပျိုးခြင်းက ၄င်းတို့ နယ်မြေဒေသရဲ့ အဓိကကျတဲ့ စီးပွားရေး ရင်းမြစ်ဖြစ်ပါတယ်။ သူတို့ မူးယစ်ဆေးဝါးထဲ ခြေချကြရပါတယ်။ ဘဝရှင်သန် ရေးအတွက် ဒါကလွဲပြီး အခြားနည်းလမ်းမရှိချေ။ နောက်ပြီးတော့လည်း တပ် မ ၉၃ တပ်ဖွဲ့သားတွေဟာ ခေတ်ဟောင်း တရုတ်ပြည်ကြီးရဲက ဘိန်းယဉ်ကျေးမှု ကြီးရဲ့ တရင်းတနှီးရှိနှင့်ပြီးသား လူတွေဖြစ်ကြတာကြောင့် ပေါ်ပီဘိန်းပင်နဲ့က သိပ်ပြီး သူစိမ်းဆန်ဆန် မရှိလှပါ။ 

ကူမင်တန် အကြွင်းအကျန် တပ်ထဲ ဒွေးရော ယှက်တင် ဝင်ရောက်လာကြတဲ့ သူတွေထဲမှာ တချို့ဆိုရင် တကယ့်အားကောင်း မောင်းသန် သွက်လက်ဖြတ်လတ်တဲ့ ဒေသခံလူငယ်လူရွယ်လေးတွေလည်း ပါလာကြတယ်။ အဲဒီ အကြမ်းပတမ်း အစမ်းသပ်ခံ လှိမ့်ပိန့်တက်လာကြတဲ့ လူငယ်တွေထဲမှာ နောင်အချိန်ကာလ ရွှေတြိဂံ မူးယစ်ဆေးဝါးလောကမှာ ခေတ်နှစ်ခေတ်ဆက်တိုက် ဘိန်းဘုရင်ရယ်လို့ ကမ္ဘာကျော် '' ဘိန်းဗိုလ်ချုပ် လော်စစ်ဟန်'' ''ဟီးရိုးအင်းဘုရင် ခွန်ဆာ'' တို့ အဲဒီကနေ စတင်သန္ဓေတည်ခဲ့ ပါတယ်။

ကူမင်တန်တပ်ကျွင်းတပ်ကျန် လီမိတပ်ဖွဲ့စစ်ရှုံးပြီး ဆုတ်ခွာလာခဲ့တာ ရွှေတြိဂံဆီ ရောက်လာကြတယ်။ နယ်မြေရပ်ခြား တရပ်တကျေးမှာ အထီးကျန် တပ်အသွင်နဲ့ ''တိုင်းနိုင်ငံထဲက တိုင်းနိုင်ငံ'' တည်ထောင်နေရပါတယ်။ ဒီအင် အားစုကြီး ရွှေတြိဂံထဲ စီးဝင်လာပြီး အတင်းပဲ မြန်မာပြည်မြောက်ပိုင်းမှာ အသွင်အပြင် ထူးထူးခြားခြားနဲ့ ရပ်တည်ရှင်သန်နေကြလေတယ်။ မူးယစ်နဲ့ စစ်တပ်ဖွဲ့ကြီး ရပ်တည်နိုင်ရေးလမ်းကြောင်းကို ဖောက်ထွင်ရလေတယ်။ သံ လွင်မြစ်ကမ်းခြေနှစ်ဖက်မှာ လက်နက်အပြည့်တပ်ဆင်ထားပြီး ကုန်စည်သယ်ယူ ပို့ဆောင်ရေးအဖွဲ့ကို လုံခြုံရေးပေးတဲ့ ဂိတ်စခန်း ၂၀ လောက်ကို ဖွင့်ထားပါတယ်။ ထိုင်း၊ လောနိုင်ငံတွေဆီ ပို့မယ့် ဘိန်းတိုင်း သူတို့ ဂိတ်စခန်းတွေက ဖြတ်သန်း ရတာကြောင့် စောင့်ရှောက်ရေးကြေး ကောက်ခံကြပါတယ်။ ဒါမှမဟုတ်လည်း သူတို့ လက်နက်ကိုင်တပ်ဖွဲ့ကို ငွေကြေးပေးငှားရမ်းရင် လိုက်ပါပို့ဆောင်ပေးပါ တယ်။ သူတို့အင်အားစုဟာ ''ရွှေတြိဂံ'' မှာ ကျင်လည်ကျက်စားကြတာ နှစ် ပေါင်း နှစ်ဆယ်ရှိလုပါပြီ။ ဒါကြောင့်လည်း ဒီနယ်မြေဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ အမြင့်ဆုံး ဒီရေချိန်ကို ဝင်ရောက်လာလေတယ်။ 

နှစ်စဉ် ဘိန်းထုတ်လုပ်မှုက ၅၀ ခုနှစ် ကုန်ဆုံးလုချိန်လောက်က တန် ၁၀ဝ အထက်မှာ ရှိပါတယ်။ ကမ္ဘာ့တရားမဝင် ဘိန်းထွက်ရှိမှုရဲ့ ၅၀ プ ရှိပါတယ်။ ဟော ၆၀ ခုနှစ်ပိုင်းတွေမှာ ဘိန်းဟာ ''ရွှေခေတ်'' ကာလကို ဆိုက်ရောက်သွားပါတယ်။ တန် ၁၀ဝ ကနေ တန် ၂၀ဝ အထက် ခုန်တက်လိုက်တယ်။ ၈၀ ခုနှစ် အစဦး ပိုင်းတွေမှာ တန် ၇၀ဝ ကျော် သွားတယ်။ နှစ်အလိုက်စာရင်းကို ဖော်ပြရရင် ၁၉၈၈ မှာ တန် ၁၂၀ဝ၊ ၁၉၈၉ ခုနှစ် မြန်မာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲသွား တယ်။ ဘိန်းထွက်နှုန်း အံ့သြစရာကောင်းလောက်ပါတယ်။ တန်ချိန် ၂၄၀ဝ မြောက်တက်သွားတယ်။ ၁၉၉၁ ခုနှစ်မှာ စံချိန်သစ် ထပ်တင်ပြန်တယ်။ တန် ချိန် ၃၀ဝ တဲ့ (နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းရဲ့ ခန့် မှန်း တွက်ဆချက်စာရင်းအရ ဖော်ပြထားတာ ဖြစ်ပါတယ်)ဟောဒီ ပုံဝတ္ထုပေါ်ပေါက်လာတာက တောင်စွယ်တောင်တန်းတွေ အထပ်ထပ်ထူထပ်လွန်းလှတဲ့ ကော်လီကုန်းတောင်တန်း၊ မဲနန်ကနေ အလယ် တောင်ပိုင်း ကျွန်းဆွယ်လိုဖြစ်နေတဲ့ ရှမ်းကုန်ပြင်မြင့်နေရာမှာ ဖြစ်ပါတယ်။ ဒါဟာ သမိုင်းအစပ်အဟပ်ကြားလေးထဲမှာ ညှပ်ပြုနေတဲ့ ''ပျံသန်း မြေပြင်'' ဆိုတဲ့ တကယ့်ဖြစ်ရပ်တွေပါပဲ။ ဒီဖြစ်ရပ်က အကြောင်းပြုပြီး ခေတ်သစ် မြန်မာ့သမိုင်းမှာ အရေးပါအရာရောက်တဲ့ ပဋိပက္ခတွေပေါ်ပေါက်လာရလေ တယ်။ ဒီပဋိပက္ခဆိုတာက မြန်မာ့ရှုပ်ထွေးပွေလီတဲ့ ပြည်တွင်းရေးနဲ့ တိုင်းရင်း သား ပဋိပက္ခကြီးပဲ ဖြစ်တယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၀ ကျော် ရှိပါတယ်။ တရုတ်ပြည်ကြီးမှာက် တိုင်းရင်းသားလူမျိုးစုပေါင်း ၅၆ ခုသာ ရှိတာကြောင့် မြန်မာက တစ်ဆကျော်တောင် များနေပါတယ်။ ၂၀ ရာစုခေတ် ၄၀ ခုနှစ်တွေ ရဲ့ နောက်ပိုင်းကာလ။ မြန်မာနိုင်ငံတော်ရဲ့ ဖခင်ကြီးအောင်ဆန်းက တိုင်းရင်း သားလူမျိုးစုတွေထဲ မပြတ်တမ်းသွားလာလှုပ်ရှားပြီး ဟောပြောစည်းရုံးပါတယ်။ မြန်မာနိုင်ငံကို ပြည်ထောင်စုကြီးအသွင်နဲ့ သူတည်ဆောက်လိုပါတယ်။ ထိုတုန်း က တိုင်းရင်းသားလူမျိုးစုချင်း တန်းတူရည်တူ မျှတမှုဆိုတဲ့ စကားကို မြန်မာ့လူ နည်းစု တိုင်းရင်းသားတိုင်းလိုလို ကြားနာခဲ့ရပါတယ်။ အဲဒါကတော့ ''ဗမာ တိုင်းရင်းသားက တစ်ကျပ်ရရင် ခင်ဗျားတို့ကလည်း တစ်ကျပ်ရစေရမယ်'' အောင်ဆန်းရဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉-၁၂ ရက်နေ့တွေမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ပင်လုံမြို့နယ်လေးမှာ မြန်မာနိုင်ငံ တည်ထောင်မှုမှာ သမိုင်းအနှစ်သာရ အပြည့်ရှိတဲ့ ပင်လုံညီလာခံကို ကျင်းပခဲ့ပါ တယ်။ ညီလာခံကြီးမှာ တိုင်းရင်းသားအသီးသီး သင့်မြတ်ရေး။ တိုင်းရင်းသား လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်အစရှိတဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ အနာဂတ် ပေါ်ထွန်းလာတော့မယ့် မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအတွက် စည်း ဘောင်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ ဒီပင်လုံညီလာခံကြီးကနေ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ဆောက်ဖို့ကို အောင်မြင်တဲ့ မျိုးစေ့ချနိုင်ခဲ့တယ်။ ညီလာခံပြီးစီးပြီး နောက်မကြာခင်မှာ မြန်မာနိုင်ငံရဲ့ မျက်မှောက်ခေတ် ပထမ အကြိမ် အခြေခံဥပဒေကြီးက မြန်မာ့မြောက်ပိုင်း တိုင်းရင်းသားများကို ပိုမိုကြီး မားတဲ့ အခွင့်အာဏာတွေကို ပေးအပ်နှင်းလေတယ်။ သူတို့ရဲ့ သားစဉ်မြေးဆက် အရိုက်ရာဆက်ခံခွင့် အခွင့်အာဏာကို ဆက်လက်ထိန်းသိမ်းထားခြင်းဆိုတဲ့ အချက်ပါ ပါဝင်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ပြည်ထောင်စု စနစ်ဖြင့် နိုင်ငံတည်ထောင်သွားမှာဖြစ်တယ်။

ဒါပေမဲ့ ၁၉၅၉ ခုနှစ်ကို ရောက်လာတော့ ပင်လုံညီလာခံက သတ်မှတ် တဲ့ ဆယ်နှစ်ကာလကို ရောက်လာပါပြီ။ တိုင်းရင်းသားလူမျိုးစု အသီးသီးက ပြည်ထောင်စု မြန်မာနိုင်ငံဆိုတာက မြန်မာ (ဗမာ) လူမျိုးကြီးက အုပ်ချုပ်နေတာ ဖြစ်တယ်လို့ ထင်မြင်ယူဆကြပါတယ်။ သူတို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အခွင့်အာဏာဟာ အင်္ဂလိပ်ဘုရင်ခံခေတ်ကာလလောက် အခွင့်အာဏာ မကြီးမားဆိုပြီး ယူဆကြပါတယ်။ ဒါကြောင့် ပင်လုံညီလာခံက သဘောတူညီချက် စိတ်ဓာတ်ရေးရာအတိုင်း ကိုယ်ပိုင်ရပ်တည်မှုကို တဖွဲဖွဲ တောင်းဆိုကြပါတယ်။ ဒီတောင်းဆိုမှုတွေထဲမှာ ရှမ်းတိုင်းရင်းသား၊ ကချင်တိုင်းရင်းသားအပြင် ပင်လုံ ညီလာခံမှာ တက်ရောက်လက်မှတ်ထိုးခဲ့ခြင်းမရှိတဲ့ ကရင်တိုင်းရင်းသားတို့က ဦးဆောင်ဦးရွက် တောင်းဆိုကြပါတယ်။ ဒီတောင်းဆိုမှုတွေရဲ့ နောက်ဆက်တွဲ စနက်မီးအစကတော့ မြန်မာအစိုးရက ရှမ်းအဆင့်မြင့် အလွှာပိုင်းက တရားစီရင် မှုရေးရာ လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းမှုတွေကို အစိုးရထံ ပြန်လည်အပ်နှင်းဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်ဆီ စစ်တပ်စေလွှတ်လေတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ပဋိပက္ခကြီး မကြုံစဖူး ဆိုးရွားသွားပါတယ်။

၁၉၆၁ ခုနှစ်မှာ နေဝင်းစစ်တပ် အစိုးရ စင်ပေးတက်လာပါတယ်။ မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလူမျိုးစုအသီးသီး တောင်းဆိုတဲ့ ကိုယ် ပိုင်ဦးဆောင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရှေ့တစ်လှမ်းတိုး ဖြည့်ဆည်းမှု မပေးနိုင် တာကြောင့်ရယ်၊ တိုင်းရင်းသား ပဋိပက္ခကို ပြေလည်အောင် မဖြေရှင်းပေးနိုင် တာကြောင့် အင်အားစတင်သုံးပြီး ''နှိပ်ကွပ်'' လိုက်လေတယ်။

 နေဝင်းက လက်ဦးဆုံး ပင်လုံသဘောတူညီချက်မှာ အရေးပါအရာရောက်ခဲ့တဲ့ ရှမ်းခေါင်း ဆောင် စဝ်ရွှေသိုက်သေတာကြောင့် ရှမ်းတိုင်းရင်းသားတွေ ပေါက်ကွဲကြလေ တယ်။ တချို့တိုင်းရင်းသားတွေဟာ စတင်ပြီး လက်နက်ဆွဲကိုင်တပ်ဖွဲ့ပြီး မြန်မာအစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းကို လူသိရှင်ကြား ဖွဲ့စည်းလိုက်ပါ တယ်။ မြန်မာစစ်တပ်အစိုးရက မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားနယ်မြေ ဒေသတွေဆီ အဆက်မပြတ် စစ်တပ်ဖွဲ့စေလွှတ်ပြီး နှိမ်နင်းတိုက်ခိုက်လေတယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လက်နက်ချင်း တိုက်ကြခိုက်ကြတဲ့ ပဋိပက္ခကန့် လန့်ကာကြီး ဆွဲဖွင့်လိုက်ပြီး ပြည်တွင်းစစ် ဇာတ်လမ်းရှည်ကြီး ခင်းကျင်းလိုက် လေတယ်။ 

ဒီဖြစ်ပျက်မှုကြီးဟာ မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ ဘယ်လို နည်းနဲ့မှ ထိန်းသိမ်းလို့ မရတဲ့ တိုင်းရင်းသားပဋိပက္ခ အဓိကရေစီးကြောင်းကြီး အဟုန်ပြင်းပြင်းနဲ့ စီးဆင်းချေပြီ။ မြန်မာနိုင်ငံတော်ကြီး တည်ထောင်လာခဲ့ ကတည်းက တိုင်းရင်းသား ပဋိပက္ခကြီး ပြေလည်စေရေးနှင့် နိုင်ငံတော် ပြိုကွဲမှု တားဆီးရေးလုပ်ငန်းကြီးတွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးထက် အဆမတန် အရေးတကြီး ပြဿနာရပ်ကြီးတွေဖြစ်လို့နေပါတယ်။ ပြည်တွင်းစစ် ရှောင်လွှား ရေးကို ဘက်စုံ လုံးပန်းနေရတဲ့အတွက် မူးယစ်ဆေးဝါး စွက်ဖက်မှုကနေ တိုင်း ရင်းသားလူမျိုးစုတွေ မြန်မာနိုင်ငံပြည်ထောင်စုကြီးထဲက အတိအလင်း ခွဲထွက် သွားမှုမျိုး မဖြစ်စေလိုတာကြောင့် မြန်မာစစ်အစိုးရဟာ နှစ်ကာလပေါင်းများစွာ ကတည်းက မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် မူးယစ်ဆေး ဝါး ပြဿနာတွေကို သည်းခံစောင့်ဆိုင်းတဲ့ အသွင်သဏ္ဍာန်ကို မလွှဲမရှောင်သာ ကျင့်သုံးပြီး ကိုင်တွယ်ဖြေရှင်းနေရပါတယ်။ ဒါကြောင့်လည်းပဲ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး ဘီလူးသရဲများက ထိန်းချုပ်မှုကင်းမဲ့နေတဲ့ အနေအထားအောက် မှာ ထင်သလို နိုုင်လိုမင်းထက် လုပ်ချင်တိုင်း လုပ်နေကြလေတယ်။

၂၀ ရာစုခေတ် ၆၀ နှစ်ကာလတွေမှာ ရွှေတြိဂံနယ်မြေဒေသမှာ ဘိန်း၊ ဟီးရိုးအင်းဘိန်းဖြူ၊ မော်ဖီးယားအစရှိတဲ့ ဘိန်းအမျိုးအစား မူးယစ်ဆေးဝါး အများအပြား ထုတ်လုပ်ကုန်ကြပါတယ်။ ဒါ့အပြင် တရားမဝင် ဆေးခြောက်ပင် တွေကိုပါ စတင် စိုက်ပျိုးကြပြီး စိတ်အာရုံပိုင်းဆိုင်ရာ ဆေးဝါးပစ္စည်းတွေ ဥပဒေမဲ့ ထုတ်လုပ်ကုန်ကြပါတယ်။ အထူးသဖြင့် ၉၀ ခုနှစ် နောက်ပိုင်းတွေမှာ အထူးသဖြင့် ရေခဲမူးယစ်ဆေး၊ ခေါင်းခါဆေးလုံးတွေက အမျိုးအစားကိုယ်စား ပြုတဲ့ မူးယစ်ဆေးဝါးတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သုံးစွဲနေကြပါပြီ။ ရွှေတြိဂံနယ်မြေမှာ ရေခဲမူးယစ်၊ ခေါင်းရမ်းဆေး အစရှိတဲ့ မူးယစ်ဆေးဝါးတွေကို စတင်ပြီး အမြောက်အမြား ထုတ်လုပ်နေပြီဖြစ်တယ်။ ကျွန်တော်တို့ တရုတ်ပြည် ကြီးက ကနေ့ ဖမ်းဆီးမိနေတဲ့ မူးယစ်ဆေးဝါး အများစုဟာ ရွှေတြိဂံနယ်မြေဒေသ က နေဝင်လာတာတွေပဲ ဖြစ်ပါတယ်။

၈၀ ခုနှစ် အလယ်ပိုင်းကာလကအစပြုပြီး ရွှေတြိဂံမူးယစ်ဆေးဝါး ထုတ်လုပ်သူတွေ ဘိန်းစိမ်းစိုက်ပျိုးထုတ်လုပ်တဲ့ အခြေခံအချက်အလက်ကနေ အနုစိတ်ချက်လုပ်တဲ့ ဟီးရိုးအင်းဘိန်းဖြူအစပျိုးထုတ်လုပ်ကြလေတယ်။ တစ်စ စနဲ့ ရွှေတြိဂံဟာ ဟီးရိုးအင်းဘိန်းဖြူကို အဓိကထားထုတ်လုပ်တဲ့ ကမ္ဘာ့မူးယစ် ဆေးဝါး ဗဟိုချက်မကြီး ဖြစ်မှန်းမသိ ဖြစ်လို့လာချေလေပြီ။ ''အရှေ့တောင်အာရှ ဟီးရိုးအင်း'' (ှနဗံနျွဥြှု) က အရည်အသွေးအမြင့်မားဆုံး ဟီးရိုးအင်းရဲ့ နာမ်စားဖြစ်လို့သွားပါပြီ။ အကောင်းတကာ့အကောင်းဆုံး အမျိုးအစားက ခွန် ဆာထုတ်လုပ်တဲ့ ''ခြင်္သေ့နှစ်ကောင် ကမ္ဘာခြေချနှင်း'' တံဆိပ်ဟီးရိုးအင်းဖြစ်ပါ တယ်။ အရည်အသွေး သန့်စင်မှုနှုန်းက ၉၉ プ မြင့်မားပါတယ်။ ကမ္ဘာအနှံ့ ဖြန့်ဖြူးရောင်းချပါတယ်။ ဘိန်းသုံးစွဲသူတွေ အလုအယက် ဝယ်ယူသုံးစွဲကြတဲ့ အမျိုးအစားပါ။

၁၉၈၆ ခုနှစ် နောက်ပိုင်းကနေ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ လုံးဝပြိုကွဲသွားချိန်။ မူလကတည်းက လက်နက်ကိုင်အုပ်ချုပ်မှု မြေနေရာလေး ပိုင်း ပိုင်းခြားပြီး စိုးမိုးအုပ်ချုပ်ကြပါတယ်။ အဲဒီပိုင်းခြားမှုအတိုင်းပဲ ကနေ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ (၁) (ကိုးကန့်)၊ ဝပြည်နယ် အထူးဒေသ (၂) ၊ ကချင်အထူးဒေသ (၃)၊ ရှမ်းပြည်နယ်အထူးဒေသ (၄) ဆိုပြီး ဒေသကြီး လေးခု ပိုင်းခြားထားပါတယ်။ တရုတ်ပြည်နယ်စပ်နဲ့ အနီးကပ်ဆုံးက မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကားမှု အဖွဲ့အစည်း၊ အုပ်စုအသီးသီးက နယ်မြေ အရူးအမူး တိုက်ခိုက်လုယူမှုတွေနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဖြန့်ချိရာ လမ်းကြောင်းတွေကို တိုက်ခိုက်လုယူ နေကြပါတယ်။ ဒီနယ်မြေဒေသ ကြီး လေးခုဟာ အလျင်အမြန်ပဲ ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တွေမှာ ဟိုးမူရင်း ''ကျဉ်းမြောင်းရွှေတြိဂံ'' ထက်ပိုပြီး အဆိပ်အတောက်ကြီးမား တဲ့ မူးယစ်ဆေးဝါး ရင်းမြစ်နယ်မြေဒေသကြီး ဖြစ်လို့နေပါပြီ။ ဒီအနေအထားက ရွှေတြိဂံရဲ့ ပေါ်ပီပင် (ဘိန်းပင်) စိုက်ပျိုးထုတ်လုပ်မှုဟာ အရှိန်အဟုန် မြန်ဆန် စွာနဲ့ ပြန်လည်သက်ဝင်လှုပ်ရှားလာပြီး ဖွံ့ဖြိုးကြီးထွားလာမှာ မလွဲဧကန်ပါပဲ။ ယခင်အမြင့်ဆုံး သမိုင်းမှတ်တမ်းမှတ်ရာတွေကို ကြီးကြီးကျယ်ကျယ် တုန်လှုပ် ခြောက်ခြားဖွယ် ဖြတ်သန်းကျော်တက်သွားမှာလည်း ဧကမလွဲချေ။

နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အစည်းတွေရဲ့ ထုတ် ဖော်ကြတဲ့ စုံစမ်းတွေ့ရှိတဲ့ အနေအထားအရ ဗမာပြည်ကွန်မြူနစ်ပါတီ ၁၉၈၉ ခုနှစ်မှာ လုံးဝ မပြိုကွဲခင်တုန်းက ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင် အစရှိတဲ့ ထိပ်တန်းခေါင်းဆောင်ပိုင်းတွေ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရေး နယ် ပယ်ထဲ မဝင်ရောက်သေးခင် အချိန်တုန်းက ထိပ်တန်းခေါင်းဆောင်ပိုင်းက ကေဒါအများစုတို့ဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကနေ အကျိုးအမြတ်တွေ ရရှိနေပြီးဖြစ်တယ်။ ရွှေတြိဂံ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းရေး အရေးပါတဲ့ နှလုံးသည်းပွက်က စတင်ပြီး တရုတ်ပြည် နယ်နိမိတ်မျဉ်းကြောင်းနဲ့ ပိုပြီးနီးကပ် လို့ လာပါတယ်။

 နိုင်ငံတကာမှာ ပွက်လောညံနေတဲ့ အာဘော်က ''ရွှေတြိဂံ မြောက်ဘက် ရွှေ့ပြောင်းခြင်း'' ပါတဲ့။ သဘောကတော့ ကနေ့ ရွှေတြိဂံ အမည် တွင်တဲ့ ''ကျယ်ပြော ရွှေတြိဂံ''ရဲ့ ပြန့်ကားကျယ်ထွက်လာမှုက သူ့ရဲ့ ဧရိယာ အကျယ်အဝန်းက ဟိုးယခင်မူလ ''ကျဉ်းမြောင်းရွှေတြိဂံ'' ထက် ပြန့်ကားကျယ် ထွက်လာမှုက (ဆယ်)ဆ အထက်ကို ရောက်နေပါပြီ။ ရွှေတြိဂံ (ကျဉ်းမြောင်း) မှုက ပုံသဏ္ဍာန် သွင်ပြင်အချိုးအဆ ပြန့်ကားကျယ် ထွက်လာမှု (ဆယ်) ဆ အထက်ရှိတဲ့ ''ကျယ်ပြန့်ရွှေတြိဂံ'' ရဲ့ စေတီပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားချေ လေပြီ။

နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့အစည်းကြီးရဲ့ အသစ် လွင်ဆုံး စစ်တမ်းကောက်ချက်အရ ကနေ့ မျက်မှောက်ကာလ ရွှေတြိဂံနယ်မြေ ဒေသ ဟီးရိုးအင်းဘိန်းဖြူ ဖြန့်ချိရောင်းချမှုက ကမ္ဘာ့နှုန်းထားစာရင်း ပေါင်းချုပ် ရဲ့ ၇၀ プ - ၈၀ プ ရှိပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးက ရွှေတြိဂံတစ်ပြင်လုံးရဲ့ ၈၀ プ ရှိနေပြန်တယ်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်မှုဌာနကြီးရဲ့ စာရင်းအရ ကနေ့မျက်မှောက်ကာလ ကမ္ဘာတဝှမ်း မူးယစ်ဆေးသုံးစွဲသူပေါင်း သန်း ၂၀ဝ ရာကျော်ရှိနေပါတယ်။ ၂၀ဝ၀ ခုနှစ် ကမ္ဘာတဝှမ်း မူးယစ်ဆေးဝါးကုန်သွယ်မှုတန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၄ သိန်းရှိပါတယ်။ ထိုနှစ်ကာလက နိုင်ငံတကာ ကုန်သွယ်ရေး ငွေကြေးနှုန်းထား ၈プ နဲ့ ညီမျှနေပါတယ်။ ကမ္ဘာ့မော်တော်ကား ရောင်းချမှု ကုန်သွယ်ရေးနှုန်းထားကိုတောင် ကျော်လွန်သွားပါတယ်။ ၂၀ဝ၁ ခုနှစ် ကမ္ဘာ တဝှမ်းမူးယစ်ဆေးဝါး ဥပဒေမဲ့ ရောင်းချမှုက ဒေါ်လာသန်းပေါင်း ငါးသိန်း ရှိပါတယ်။ ရေနံသုံးစက်မှုလုပ်ငန်း သုံးစွဲငွေကိုတောင် ကျော်လွန်ပါတယ်။ စစ်လက်နက်ပစ္စည်း ကုန်သွယ်မှုထက်တော့ နည်းနည်းလေး နိမ့်ပါးနေပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ် ကုန်သွယ်မှုဟာ အစဉ်တစိုက် ဥပဒေမဲ့ အသွင်သဏ္ဍာန်မှာ ရှိနေတယ်ဆိုတာပေမယ့်လည်း နည်းနည်းကလေးမှ အထင်မြင်သေးလို့မရတဲ့ စီးပွားရေး အင်အားစုကြီးတစ်ခု ဖြစ်နေပါတယ်။ တဖန် ၄င်းကနေ နောက်ဆက်တွဲ ပေါက်ဖွားလာကြမယ့် လူ့ လောကပြဿနာပေါင်းအမျိုးမျိုး အဖုံဖုံတွေ ထပ်ဆင့်ထပ်ကာ ပေါ်ပေါက်လာ ချေပါလိမ့်ဦးမယ်။ လူတွေက ''အဖြူရောင် စီးပွားရေး'' လို့ ခေါ်တွင်နေကြတဲ့ မူးယစ်ဆေးဝါး ကုန်ပစ္စည်းတွေဟာ လက်တွေ့ကျကျ ဆိုးကျိုးသက်ရောက်မှု တွေဟာ လူတွေ တွေးဆနေတာထက် ပိုလို့ ကြီးကျယ် ပိုလို့များ ပြောင်မြောက် လှပါပေတယ်။