Breaking News

ကိုသန်းလွင် ● ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဘီအာမက်

ကိုသန်းလွင် ● ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဘီအာမက်
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၉

(၁)
အီသီယိုပီးယား ဝန်ကြီးချုပ် အဘီအာမက် (Abiy Ahmed) ကို ၂၀၁၉ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုချီးမြှင့် ကြောင်း နိုဘယ်ကော်မတီမှ ကြေညာပါသည်။ သူ၏ အီရစ်ထရီးယား (Eritera) နှင့် နှစ်ပေါင်း ၂၀ ကြာစစ်ဖြစ် နေခြင်းကို အဆုံးသတ်ခါ ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့သောကြောင့်ဟု ဆုကြေညာစာတမ်းတွင် ဖော်ပြခဲ့ပါ သည်။

အာဖရိကတိုက်၏ အသက်ငယ်ဆုံး ခေါင်းဆောင်သည် ယခုဤရာထူးကို ၄၃ နှစ်တွင် ရရှိခဲ့ပြီး တိုင်းပြည်ကို ဦးဆောင်ခဲ့သည်မှာ နှစ် နှစ်မျှကြာရှိပါ ပြီ။ သူသည် ၁၉၉၈-၂၀၀၀ ခုနှစ်အီရစ်ထရီးယားနှင့် စစ်ဖြစ်ကတည်း ကပိတ်ထားခဲ့သော အော်ဒါကို ပြန်ဖွင့်ပြီး ဆက်သွယ်ရေးလုပ်ငန်းများကို ဖွံ့ဖြိုးစေခဲ့ပါသည်။ နိုင်ငံရေးနှင့် စီးပွား ရေးဆိုင်ရာ ပြုပြင်ရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အီသီယိုပီးယားပြည်သူများအတွက် ဘဝကို တိုးတက်ကောင်းမွန်စေရမည်ဟု ကတိပြုခဲ့ သူ တစ်ဦးဖြစ်ပါသည်။

သူကျမ်းကျိန်ပြီးသည်မှ  ၆လအတွင်းတွင် ရန်သူအီရစ်ထရီးယားနိုင်ငံနှင့် ငြိမ်းချမ်းရေးှရခဲ့သည်။ နိုင်ငံအတွင်း အရေးပေါ် ကြေညာထားခြင်းက်ု ရုတ်သိမ်းပြီး အတင်းအကြပ်ဆုပ်ကိုင်ထားသော စီးပွားရေးကို ဖြေလျှော့ပေးခဲ့ သည်။ ထောင်မှအကျဥ်းကျနေသော အတိုက်အခံ များကို လွှတ်ပေးခဲ့သည်။ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် ကို ကြေညာခဲ့သည်။ နိုင်ငံ၏ရက်စက် ကြမ်းကြုတ်မှုများ အတွက်တောင်းပန်ခဲ့သည်။ မီဒီယာ ဆင်ဆာလုပ်ခြင်း ကို ရပ်တန့်ခဲ့သည်။ ခြစားသော စစ်တပ်နှင့် အစိုးရအရပ်ဖက် အရာရှိများကို ဖြုတ်ပြစ်ခဲ့သည်။ မိန်းခလေးများကို နိုင်ငံရေးနှင့် မြီု့ပြအရေးများတွင်ပါဝင်စေခဲ့သည်။ သောင်းကြမ်းသူဟူ၍ နိုင်ငံ၏ ပြင်ပရောက်ရှိနေကြသော လက်နက်ကိုင်သူတို့ကို ပြန်လာ စေရန်ကြိုးပမ်းခဲ့သည်။

(၂)
အသက် ၇ နှစ် ရှိပြီဖြစ်သော  အဘီ၏နားတွင်ကပ်၍ အမေကမှာလိုက်သည် “ငါ့သား မင်းဟာရိုးရိုးလူမဟုတ် ဘူး၊ မင်းကြီးရင် နန်းတော်ကြီးမှာ နေရလိမ့်မယ်၊ မင်းကျောင်းသွားရင် မင်းစိတ်ထဲမှာ မှတ်ထားရမှာက မင်း ဟာတစ်နေ့မှာ ဒီနိုင်ငံကြီးကို အလုပ်အကြွေးပြုရလိမ့်မယ်” ခေါင်းကိုနမ်းကာ မိခင်ကနှုတ်ဆက်သည်။ နိုင်ငံ အနောက်ပိုင်းမှမြို့ငယ်တစ်မြို့တွင်မွေးဖွားခဲ့ပြီးအိမ်၏ကြမ်းပေါ်တွင်အိပ်ခဲ့ရသည်။ မွတ်စလင်ဖခင်နှင့် ခရစ္စယာန် မိခင်တို့မှ မွေးဖွားလာပြီး ခရစ္စယာန် အယူကို ယူသူဖြစ်သည်။ သူ့အိမ်တွင် လျှပ်စစ်မီးလည်းမရှိ၊ ရေပိုက် မှလာ သောရေလည်း မရှိပေ။ ရေကို မြစ်ကမ်းပါးမှာ သွားပြီးသယ်ရသည်။ ကတ္တရာလမ်းကို အသက် ၇  နှစ်အရွယ် ကျမှ စတင်မြင်ဖူးခဲ့ရသည်။

စက်မှုပစ္စည်းကိရိယာများကို ဝါသနာပါသော မစ္စတာအဘီသည် စစ်တပ်သို့ ရေဒီယိုအော်ပရေတာ အဖြစ်ဝင် ရောက်ခဲ့သည်။ စစ်တပ်တွင်ရာထူးအဆင့်ဆင့်တိုးမြှင့်ခံရပြီး လက်ဖတင်နင်ကာနယ် အဖြစ်သို့ရောက်ရှိလာခဲ့ သည်။ အီသီယိုပီးယားတပ်မတော်၏ အသစ်ဖွင့်သော ဆိုက်ဗာစပိုင် ယူနစ်တွင် သတင်းလုံခြုံရေး အေဂျင်စီ တွင်အုပ်ချုပ်သူ ဖြစ်လာခဲ့သည်။ ထို့နောက် မြို့တော် အဒစ်ဘာဘာတွင် ဝန်ကြီးတစ်ဦးဖြစ်လာခဲ့သည်။ သူ၏နယ်ဖြစ်သည့် အိုရိုမီးယား (Oromia) တွင်မူ ပါတီဆိုင်ရာ အရာရှိဖြစ်သည်။

အဘီ၏ အဆင့်မြင့်ရာထူးများသို့ တိုးမြှင့်ခံရခြင်းမှာ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် စတင်ခဲ့သည်။ အစိုးရ၏ မြို့ကို တိုးချဲ့ရန်လုပ်သော စီမံကိန်းသည် ပတ်ဝန်းကျင် အိုရိုမီးယား (Oromia) တွင်နေထိုင်ကြသူများအဖို့အစိုးရ၏ မြေသိမ်းရန် အကြံပင်ဖြစ်သည်ဟု ယူဆကြသည်။ အီသီယိုပီးယားတွင် အဓိက လူမျိုးနွယ် အုပ်စုလေးစုရှိသည်။ ပြည်သူပြည်သားများကတညီတညွတ်တည်းကန့်ကွက်ကြ သောအခါ တစ်ပြည်လုံးပွက်ပွက်ညံနေတော့သည်။ အိုရိုမီးယား တွင်သာမက နောက်ပိုင်းတွင် အမ်ဟာရာ (Amhara) လူမျိုးတို့ပါ ပါဝင်လာခဲ့သည်။

တိုင်းပြည်ကိုရေးပေါ်အခြေအနေကြေညာပြီးဆန္ဒပြသူများကိုနှိမ်နှင်းသောအခါ ပြေငြိမ်းသွားသော်လည်း အဓိက ဆန္ဒပြရခြင်း၏အကြောင်းအရင်းကို မဖြေရှင်းနိုင်ခဲ့ပေ။ ဝန်ကြီးချုပ် ဒက်စလင်း (Hailemarian Desalegn) က ရုတ်တရက် ရာထူးမှ နှုတ်ထွက်သွား သောအခါ သူ့နေရာကို ဆက်ခံရန် လူရှာရတော့သည်။

သူတို့သည် မစ္စတာအဘီကို တွေ့ရှိကြပြီး အိုရိုမိုထဲမှ လူကိုရွေးချယ်၍ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက် ကြသည်။ တကယ့်ရွေးကောက်ပွဲကိုနောက်နှစ်မေလတွင်ကျင်းပရန်ရည်ရွယ်ထားပြီးမစ္စတာအဘီအနေဖြင့် ဤရာထူးကို ကိုင်တွယ်နိုင်ပါသည်ဟု သက်သေပြရန် ဖြစ်လာသည်။

ပထမဦးစွာအီသီယိုပီးယားတွင်လုံခြုံရေးသည် အဓိကဖြစ်နေသည်။ တိုင်းရင်းသားလူမျိုးစုများအတွင်းအကြမ်း ဖက်မှုများမှာ လွန်ခဲ့သောနှစ်များအတွင်း တဖြည်းဖြည်းတိုးပွား၍ လာနေသည်။ လွန်ခဲ့သော ဇွန်လက သေနပ် သမား တစ်ဦးက ဒေသဆိုင်ရာအုပ်ချုပ်သူတစ်ဦးနှင့် စစ်တပ်မှအုပ်ချုပ်သူတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့သည်။

သူတို့လက်တွေ့ရင်ဆိုင်နေရသော ပြဿနာများမှာ မိမိအသက်အန္တရာယ်အတွက်ပင် စိတ်မချရသော အခြေ အနေဖြစ်သည်။ သူဝန်ကြီးချုပ်ဖြစ်ပြီး ၂ လအကြာတွင် သူ့အသက်ကို လက်ပစ်ဗုံးဖြင့်ပစ်၍ရန်ရှာခဲ့သည်။ အဘီ ကတော့ “သူ့ အသက်ကိုလုပ်ကြံကြတာဘဲ၊ ဒါပေမယ့်ကျွန်တော်ဟာ သေမင်းနဲ့မတွေ့နိုင်သေး ပါဘူး”ဟု ပြော သည်။

တစ်ချို့ကလည်း ဤငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်သည်မှာ စောလွန်းသေးသည် ဟု ယူဆသူများရှိနေသည်။ ဆုပေးသူ ကော်မရှင်ဥက္ကဌက “သူ့စွမ်းဆောင်ချက်တွေကိုအသိအမှတ်ပြုရမယ်။ သူ့လုပ်ရပ်တွေအတွက် ဘေး ကအသိအမှတ်ပြုရန်လိုအပ်ကြောင်း” ပြောပါသည်။

သက္ကရာဇ် ၂၀၀၉ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတဟောင်း အိုဘားမားသို့ ချီးမြှင့်ခဲ့သည်။ သူအလုပ်ဝင်သည်မှာ ၉ လပဲရှိပါသေးသည်။ သူ၏နျူကလီးယား လက်နက်မသုံးရေးနှင့် အပြည်ပြည်ဆိုင်ရာ သူ၏သံတမံရေးရာ နှင့် လူများ၏ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုတို့ကြောင့်ဖြစ်ပါသည်။

အိုဘားမား၏ နျူကလီးယားလက်နက်ပပျောက်ရေးကြိုးပမ်းချက်များ မအောင်မမြင်ဖြစ်သောအခါ နိုဘယ်ကော် မတီမှာအပြင်းအထန်ဝေဖန်ခံရသည်၊ ဆုကိုဖြစ်စေလိုသည့်ဆန္ဒများအပေါ်တွင်အခြေခံပြီးပေး၍မရပေ။ တကယ် အောင်မြင်မှု များကို သာအခြေခံရသည်။

မစ္စတာအဘီ၏ ကြိုးပမ်းမှုများမှာလည်း ရေးနေဆဲအဆင့်မှာသာရှိပါသေးသည်။ သူသည် သူ၏ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ဒေသအတွင်းသို့ ပျံ့နှံ့အောင် ဆောင်ရွက်နေပါသည်။ သူ၏အိမ်နီးချင်း ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အရပ်သားများကို တစ်ဖက်နှင့်တစ်ဖက်ညီညွတ်အောင်ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ပေး လျက်ရှိသည်။ သူ၏ ကြိုးပမ်းချက်များမှာ ယခုအချိန်ထိအောင် အောင်မြင်လျက်ရှိပြီး ရေရှည်တည်တံ့မှုရှိ၊ မရှိကို စောင့်ကြည့်ရ ဦးမည်ဖြစ်သည်။

သူနှင့်အီရစ်ထရီးယားခေါင်းဆောင် သူပုန်အဖြစ်မှ နိုင်ငံခေါင်းဆောင်ဖြစ်လာသော အာဖါဝေကီ (Isaias Afwerk) တို့အကြား ထိုးထားသော ငြိမ်းချမ်းရေးစာ ချုပ်မှာ လည်း အီရစ်ထရီး ယားဘက်တွင် တိုးတက်မှုကို မမြင်ရသေးသော်လည်း တိုင်းပြည်နှစ်ပြည် ပြန်လည် ဆက်ဆံရေးမှာ အောင်မြင်လျက်ရှိသည်။ မစ္စတာ အာဖါ ဝေကီ ၏ သံမဏိအုပ်ချုပ်မှုအောက်တွင် အီရစ်ထရီးယား၏ လုပ်ဆောင်နိုင်စွမ်းမှာ အကန့် အသတ်များရှိနေ သော်လည်း တစ်ဖက်ကတံခါးများကို အစွမ်းကုန်ဖွင့်ထားသည်ကို တွေ့နိုင်သည်။

သို့ပါသော်လည်း ယခင်ကမည်မျှပင် ဆိုးရွားပါစေ၊ သမိုင်းကြောင်းအရ ခါးသည်းသော ဖက်နှစ်ဖက်သည်ပင် ငြိမ်းချမ်းသွားသောအခါ နှစ်ဖက်ကုန်သွယ်မှု၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာလုပ်ငန်းများကို လက်တွေ့လုပ်ကိုင် နိုင်ပုံကို ပြသလျက်ရှိကြသည်။ နှစ်နိုင်ငံဆက်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်သည်။ ကွဲကွာနေ သော မိသားစုများကို ပြန်လည်ပူးပေါင်းစေသည်။

(၃)
ငြီမ်းချမ်းရေးနိုဘယ်ဆုကို နှစ်စဉ်အော်စလိုမြို့၌ ဆွီဒင်နိုင်ငံသား စက်မှုလုပ်ငန်းရှင်ကြီး အဲဖရက်နိုဘယ်၏မွေးနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့တိုင်း ပေးလေ့ရှိသည်။ ဆု ကို ၁၈၉၅ ခုနှစ်တွင်သူ၏သေတမ်းစာတွင်ရေးသား၍ စတင် ပေးခဲ့သည်။ ဆုတန်ဘိုးမှာ ဆွီဒင်ငွေ ခရောင်း ၉ သန်း၊ အမေရိကန်ဒေါ်လာ ဖြင့် ၉ သိန်းခန့်ရှိပါသည်။

၁၉၀၁ ခုနှစ်တွင်စတင်ပေးခဲ့သော ဆုသည် ယခုအကြိမ်သည် အကြိမ် ၁၀၀မြောက်ဖြစ်ပြီး ၁၈၉၁ ခုနှစ်တွင် ကြက်ခြေနီကိုတည်ထောင်သူ့ ဟင်နရီဒူးနန့် နှင့် ပြင်သစ် ပါလီမန်အမတ် ပက်စီ (Frederic Passy) တို့ နှစ်ဦး ကိုပေးအပ်ခဲ့ပါသည်။ ကမ္ဘာစစ်ကြီးနှစ်ခု အတွင်းနှင့် ၁၉ ကြိမ်မျှဆုကိုမပေးနိုင်ခဲ့ပါ။

ကိုသန်းလွင်
Ref: Ethiopian Prime Minister awarded Nobel Peace Prive, The Strait Times.