Breaking News

ကိုသန်းလွင် - အိန္ဒိယနှင့် ဘုရားကျောင်းဆောင်ဆောက်ခွင့်



ကိုသန်းလွင် - အိန္ဒိယနှင့် ဘုရားကျောင်းဆောင်ဆောက်ခွင့်

(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၉

(၁)

နိုဝင်ဘာက ၉ရက်နေ့က အိန္ဒိယတွင် အငြင်းပွားနေသော ဟိန္ဒူတို့၏ အထွဋ္ဋ်အမြတ်ထားရာနေရာတွင် ရာမ ကျောင်းဆောင်တည် ဆောက်ခွင့်ကို အိန္ဒိယအမြင့်ဆုံးတရားလွှတ်တော်ကချပေးလိုက်ပါသည်။ ဤနေရာသည် မွတ်စလင်တို့၏ မားစ်ဂျစ် ဗလီတည်ရှိခဲ့ရာနေရာလည်းဖြစ်ပါသည်။ ၁၉၉၂ ခုနှစ်က ထိုဗလီကို လူအုပ်စုဖြင့် ဝိုင်း ဝန်းဖြိုချခဲ့ပါသည်။ ဟိန္ဒူများက သူတို့အောင်ပွဲအဖြစ်စနေနေ့က မီးရှူးမီးပန်းများ ပြစ်ဖေါက်ကာကြိုဆို လိုက်ကြ ပါသည်။

ရာမယနပုံပြင်များဖြင့် အမြတ်တနိုးဖြစ်ခဲ့ရသော ရာမမင်းသား၏မွေးဖွားရာ နေရာသည် အိန္ဒယမြောက်ပိုင်း အယုဒ္ဓယမြို့တွင် ရှိပါသည်။

(၂)

ရာမကျောင်းဆောင်တည်ဆောက်မည့် မြေနေရာသည် မင်းသားရာမ၏မွေးဖွားရာနေရာအစစ်ဖြစ်သည်ဟု ဟိန္ဒူ တို့က ယုံကြည်ကြပါသည်။ သို့ပါသော်လည်း ထိုမြေနေရာနှင့်ထိုနေရာ၏ပိုင်ဆိုင်မှုမှာအငြင်းပွားလျက် ရှိသည်။ (Babri Masjid) ခေါ်အစ္စလာမ် တို့ ဘုရားဝတ်ပြုကြရာဗလီသည်ထိုနေရာတွင် ၁၅၂၈ ခုနှစ်ကတည်းက တည်ရှိ ခဲ့ရာ ၁၉၉၂ခုနှစ်ဟိန္ဒူလူအုပ်ကဝင်ရောက်ဖျက်စီးမှဗလီပျောက်ကွယ်သွားခဲ့ပါသည်။ ဟိန္ဒူနှင့်မွတ်စလင်တို့သည် ထိုမြေကို သူပိုင်၊ ငါပိုင် အငြင်းပွားနေကြသည်မှာ ဆယ်စုနှစ်ပေါင်းကြာခဲ့ပါသည်။ အိန္ဒိယ တရားရုံးက ဟိန္ဒူတို့ ကို အနိုင်ပေးဆုံးဖြတ်လိုက်သောအခါ ဟိုက်ကုပ် ပြင်ပမှ ရှေ့နေဟိန္ဒူလူမျိုးတို့က တခဲနက် အော်ဟစ်သြဘာ ပေးခဲ့ကြပါသည်။

၁၉၈၀ ခု အလယ်ပိုင်းကစ၍ Vishwa Hindu Parishad ခေါ် အာဏာရ Bharatiya Janata Party ၏ ညီအကို ပါတီမှ ထိုမြေကို ရရှိရေးအတွက် စတင်ဆော်သြခဲ့ကြပါသည်။ ၁၉၉၀ခုနှစ်တွင် ထိုဒေသမှ ဘီဂျေပီပါတီ ခေါင်းဆောင်က ဟိန္ဒူမြေကွက်အဖြစ် ဘုရားကျောင်းဆောင်ဆောက်လုပ်ရန် မော်တော်ယာဖြင့် တစ်နိုင်ငံလုံးလှည့်လည်တောင်းဆိုခဲ့ကြပါသည်။ သူတို့က မွတ်စလင်အုပ်ချုပ်သူဘုရင်များ၏ လွှမ်းမိုးမှုကို အဆုံးသတ် စေရမည်ဟု ကြွေးကျော်ခဲ့ကြပါသည်။

၁၉၉၂ ဒီဇင်ဘာလ ၆ရက်နေ့တွင် ဘီဂျေပီခေါင်းဆောင်များက ဦးစီးလျက် ဗလီကျောင်းကို ဝင်ရောက်ဖျက်ဆီး ကြပါသည်။ ထိုသို့ဖျက်ဆီး အကြမ်းဖက်မှုကြောင့် လူဦးရေ ၂၀ဝ၀ ကျော်မျှသေကြေခဲ့ရပါသည်။

ထိုသို့ရာမကျောင်းဆောင်တည်ဆောက်ရေး၊ မာစဂျစ်ဗလီဖျက်သိမ်းရေးကို လုပ်ဆောင်ရင်း ဘီဂျေပီပါတီသည် ရေပန်းစားခဲ့ပါသည်။ ၁၉၈၄ ခုနှစ်က ပါလီမန်တွင် ၅၈၄ နေရာရှိသည့်အနက် ၂ နေရာသာရှိခဲ့ရာမှ ၁၉၉၈ခုနှစ် တွင် အမျိုးသားအစိုးရအဖွဲ့နိုင်လောက်အောင်အင်အားကြီးမားခဲ့ပါသည်။ ၁၉၉၈ ခုနှစ်ကတည်းက လူတိုင်းသည် မိမိယုံကြည်ရာကို ကိုးကွယ်ပိုင်ခွင့်ရှိသည်ဟု ကြေညာခဲ့သော အိန္ဒိယပြည်တွင် ရာမဘုရားကျောင်းဆောက်လုပ် ရေးမှာလည်း လုပ်ရှားမှုတစ်ခုအဖြစ် တဖြည်းဖြည်းကြီးထွားလာခဲ့ပါသည်။

ထို့ကြောင့်စနေနေ့က တရားရုံး၏ ဆုံးဖြတ်ချက်အရ ဤမြေနှင့် ကျောင်းနေရာကို ဟိန္ဒူပိုင်မြေအဖြစ်သတ်မှတ် လိိုက်ခြင်းကြောင့် လိမ်လည်လှည့်စားမှု၊ ဥပဒေမဲ့မှုများနှင့် ပတ်သက်ပြီးဝေဖန်စရာများ ပေါ်ပေါက်လာပါသည်။

တရားရုံးက အိန္ဒိယပြည် ရှေးဟောင်းသုတေသနက တူးဖေါ်ချက်များအရ ထိုနေရာတွင် ၁၂ ရာစုနှစ်က တည် ဆောက်ခဲ့သော ဟိန္ဒူဘုရားရှိခိုးကျောင်း တစ်ခုရှိသည်ကို တွေ့ခဲ့ရသည်ဟုဆိုပါသည်။ ထို့ပြင် တရားရုံးက သူ အခြေခံချခဲ့သည်အချက် (၆)ချက်ကိုဖေါ်ပြရာတွင် ၁၉၄၉ ခုနှစ်က ဤနေရာတွင် ဟိန္ဒူတို့၏ နတ်ဘုရားရုပ်ရုတ် တရက်ပေါ်ထွက်လာသည်။ ၁၉၉၂ ခုနှစ်တွင် ဖျက်ဆီးခဲ့သော အဖြစ်အပျက်တို့မှာ တရားဥပဒေကို ချိုးဖေါက် သော ဖြစ်ရပ်များပင်ဖြစ်ပါသည်။ ထို့ကြောင့်ဤဆုံးဖြတ်ချက်သည် ထိုတရားဥပဒေချိုးဖေါက်သော လုပ်ရပ်များ ကို အသိအမှတ်ပြုရာရောက်သည်။

တရားရုံးက “ဤနေရာသည် မင်းသားရာမ မွေးဖွားရာ နေရာဖြစ်သည်ဟူသော အချက်ကို အသိအမှတ်ပြုလိုက် သည်” ဟုသမိုင်းဆိုင်ရာ အထောက်အထားတစ်ခုမှမရှိဘဲ ဆုံးဖြတ်လိုက်ခြင်းမှာလည်း မှတ်သားစရာကောင်းသည်။ ဤမြေကို ပိုင်ဆိုင်မှုနှင့် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအားလုံးကို မျက်ကွယ်ပြု၍ ဆုံးဖြတ်ခြင်း ဖြစ်သည်။

တရားရုံးက ဤသို့ဆုံးဖြတ်ချက်မှာ ဘီဂျေပီပါတီ၏ ဒုတိယသက်တမ်းအတွင်း အကြီးအကျယ် အနိုင်ရလိုက် သည့် နီရန်ဒါမိုဒီ၏ ဟိန္ဒူလူမျိုးကြီးဝါဒ ထွန်းကားနေစဉ်တွင် ပေါ်ထွက်ခဲ့ခြင်းဖြစ်ပါသည်။

သြဂုတ်လက မွတ်စလင်အများစုနေထိုင်ရာ ကက်ရှမီးယားနယ်ကို လွတ်လွတ်လပ်လပ်အုပ်ချုပ်ခွင့် ပေးထား ရာမှ ၄င်းကို ပြန်လည်ရုတ်သိမ်းခဲ့ပါသည်။ ဟိန္ဒူအမျိုးသားရေးဝါဒ (RSS- Rashtriya Swayamsevak Sangh) ၏ တောင်းဆိုချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ အာ၊ အက်စ်၊ အက်စ် ၏ လွှမ်းမိုးမှုသည် တရုတ်ပြည်တွင် ကွန်မြူနစ်စနစ် လွှမ်းမိုး၍ ကွန်မြူနစ်တို့လုပ်ချင်ရာကို လုပ်ဆောင်နိုင်သည့် သဘောမျိုးကိုဆောင်ပါသည်။

အာ၊ အက်စ်၊ အက်စ် သည် ၂၀၂၅ ခုနှစ်တွင် နှစ်တစ်ရာပြည့်ပွဲကို ကျင်းပရန် ဆော်သြနေရာ ၄င်းအချိန်မတိုင်မီ ရာမဘုရားရှိခိုး ကျောင်းသည်လည်းဆောက်လုပ် ပြီးစီးမည်ဖြစ်ပါသည်။ အကယ်စင်စစ် ဘာစဂျစ်ဗလီကို ဖျက် ဆီးပြီးကတည်းက ရာမဘုရား ကျောင်းကို တည်ဆောက်ရန် စိုင်းပြင်နေခဲ့ကြပြီဖြစ်ပါသည်။ ဤဆောက်မည့် ဘုရားကျောင်းပုံစံသည် ထိုနေရာ၌ တည်ဆောက်ပြထားပြီးဖြစ်ပါသည်။ တစ်ပြည်လုံးက အုတ်ခဲများကို ဘုရား ကျောင်းတည်ဆောက်ရန်သယ်ဆောင်လာကြရာ (Shri Ram) ဟုရေးသားထားသော အုတ်ခဲချပ်များမှာစုပုံထား ပြီးဖြစ်ပါသည်။

ဗလီကျောင်းတည်ရှိခဲ့ရာနေရာကို လက်နက်ကိုင်ရဲသားများ စောင့်ကြပ်လျက်ရှိပါသည်။ ဘုရားကျောင်းကို လာ ကြသူများကို ရဲကလုံခြုံရေးအတွက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ဗလီတည်ရှိခဲ့သည့်နေရာကို ကြည့်လိုသော်လည်း မကြည့်နိုင်တော့။ ဗလီတည်ရှိခဲ့သည့် လက္ခဏာအားလုံးကို ဖျက်ဆီးပြီးဖြစ်သည်။

ရာမကျောင်းမှာ နှစ်ထပ်ဖြစ်ပြီး ၂၆၈ ပေ နှင့် ဒသမ ၅ ရှည်လျားမည်ဖြစ်ပြီး ၁၄၀’ ကျယ်ကာ အမြင့်ပေ ၁၂၈’ မြင့် ပါလိမ့်မည်။

အိန္ဒိယပြည်၏ လွတ်လပ်ရေးခေါင်းဆောင် နေရူး က လွတ်လပ်ရေးရပြီးချိန်တွင် သံမဏိဖြင့် တည်ဆောက်ထား သော စက်ရုံများ၊ ဆည်မြောင်းကြီးများဖြင့် ဘုရားရှိခိုးကျောင်းများတည်ဆောက်သလို တည်ဆောက်ပြီး ခေတ်မှီ သော အိန္ဒိယနိုင်ငံဖြစ်ပေါ်လိမ့်မည်ဟု နိမိတ်ဖတ်ခဲ့သည်။ မစ္စတာမိုဒီ၏တရားရုံးဆုံးဖြတ်ချက်ချအပြီးပြော သော စကားမှာ အိန္ဒိယသည် “အာရုဏ်ဦး အသစ်” သို့ ရောက်ရှိပြီးဖြစ်သည်။ မျိုးနွယ်သစ်တို့ကအိန္ဒိယပြည်အသစ် တည်ဆောက်ကြလိမ့်မည်ဟု ဆိုသည်။ သို့ပါသော်လည်း ဤရာမဘုရား ကျောင်းသည်ရာဇဝတ်မှု မကင်းသော နည်းများဖြင့် ဟိန္ဒူများက တည်ဆောက်ကြခြင်းဖြစ်ပါသည်။

အိန္ဒိယတွင် ဆစ်ခ် လူမျိုးများလည်းရှိပြီး ၄င်းတို့ကို ဟိန္ဒူပါတီက သူတို့ ညီနောင်ကိုးကွယ်သည့် ဘာသာတူ အဖြစ် ဟိန္ဒူတို့၏ထီးအောက်သို့ ဝင်ရောက်စေလိုသည်။ သို့ပါသော်လည်း ဆစ်ခ် တို့ကသူတို့ကိုးကွယ် သည့် ဘာသာရှိပြီးဖြစ်ရာ ဟိန္ဒူတို့နှင့် ပူးပေါင်းရန်ဝန်လေးကြသည်။ အိန္ဒိယကို ဟိန္ဒူနိုင်ငံတော် အဖြစ်တည် ဆောက်မှာကို မပါတ်သက်လိုကြချေ။

၁၉၈၃ မှ ၁၉၉၃ အထိ လက်နက်ကိုင်၍ ဆစ်ခ် နိုင်ငံကို သီးသန့်တည်ထောင်ရန် ကြိုးစားမှုများမှာ မအောင် မမြင်ဖြစ်ခဲ့ပါသည်။ လက်နက်ကိုင်ဝါဒကို စွန့်လွှတ်ပြီး ဆစ်ခ် တို့က ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန် တို့လို နိုင်ငံနှင့်သာ ပူးပေါင်းနေထိုင်လိုကြသည်။

အာ၊ အက်၊ အက်စ် ရည်မှန်းသလို အိန္ဒိယနိုင်ငံကို ဟိန္ဒူနိုင်ငံ လုံးလုံးဖြစ်ပွားရေးကို ဆန့်ကျင်နေကြသူများမှာ ကက်ရှမီးယားမှ မွတ်စလင်များ အနောက်မြောက်ပိုင်းနှင့်အတူ တစ်နိုင်ငံလုံးမှ ခရစ္စယာန်များတို့ဖြစ်သည်။ တောင်ပိုင်းအိန္ဒိယ နိုင်ငံသားများက သူတို့ဟိန္ဒူ ဝါဒမှာ မြောက်ပိုင်းသားတို့နှင့် မတူ ဟူ၍အယူရှိသည်။

(၃)

အိန္ဒိယကဲ့သို့ သမိုင်းအစဉ်အလာကြီးပြီး ဘာသာကြီးအနည်းဆုံး ၃ခု၏ မြစ်ဖျားခံရာ နိုင်ငံမှ ဗဟိုချမှတ်လိုသော လမ်းစဉ်သည် တိုင်းပြည်အနှံ့ သြဇာအာဏာသက်ရောက်ရန် ခက်ခဲပါသည်။ မစ္စတာမိုဒီက ဟိန္ဒူဝါဒကြီးစိုးသောအိန္ဒိယဖြစ်စေလိုသည်။ အာ၊ အက်စ်၊ အက်စ် ၏ ဟိန္ဒူတို့၏ မိခင်သဖွယ် သားသမီးတို့၏ အယူဝါဒရေးရာများကို ပိုင်ဆိုင်လိုသည့် အိန္ဒိယကို သဘောတူညီမှုများဖြင့်သာ တစုတစည်းတည်းဖြစ်အောင် ထိန်းသိမ်းထားနိုင်ပါသည်။ ဤလိုကိစ္စအတွက် အင်အားသုံး၍ မရနိုင်ပါ။

ကိုသန်းလွင်

Ref: The Transformation of India is nearly complete, by Hartosh Singh Bal, New York Times November 11 2019