Breaking News

သစ််််််််််ကောင်းအိမ် - နာကျဉ်အချိန်ပိုများ



သစ််််််််််ကောင်းအိမ် - နာကျဉ်အချိန်ပိုများ

(မိုုုုုုးမခ) ဧပြီီ၁၁၊ ၂၀၂၀

ကိုယ်မော့ကြည့်မိမှ
ပိုပြီး သည်းသည်းမည်းမည်းပြိုကျလာပုံ
ထင်ရတယ်
ဒဏ်ရာကတော့ အနက်ကြီးပဲ
ဒါပေမယ့် ခုတလော ထုံပေပေဖြစ်နေတယ်
နယူးယောက်မြို့ကြီးကနေ
ယုဇနဥယျာဉ်မြို့တော်အဆုံးလည်း
ကပ်ကြီးဆိုက်နေတယ်
မီးခလုတ်တွေကလည်း လိုက်ဖွင့်တိုင်းကောင်းတာမဟုတ်ဘူး
တကိုယ်တော်
တယောက်ချင်း ထောင်ဖောက်ထွက်ပြေးနေချိန်များ
အခန်းထဲ ဖုန်းမက်ဆေ့ချ်ဝင်သံတွေနဲ့ဆူညံနေတယ်
ငါရှိနေသေးကြောင်းပြောပြဖို့
ကြမ်းတွေကို အထပ်ထပ်တိုက်လို့
လက်တွေကို ခဏခဏရေဆေးလို့
ကိုယ်ကိုယ်တိုင်နဲ့တောင်
ကိုယ်နဲ့မသက်ဆိုင်အောင်နေလို့
ခု သည်းကြီးမည်းကြီးကန်နေတာ
နာကျဉ်အချိန်ပိုများတဲ့
နာကျဉ်အချိန်ပိုများ

တူရိယာပစ္စည်းထုတ်ပိုးရေးစက်ရုံက
အလုပ်သမားတယောက်ကပြောတယ်
ကုန်ထမ်းသမားအတွက်
စန္ဒယားတလုံးလည်း
ထမ်းရရင် အလေးအပင်ပဲ

ကြည့်စမ်း
အကောင်းမြင်မယ်ကြံတော့
ဗျိုင်းမည်းတွေ
ပက်လက်ပျံလာပြန်ပြီ