မောင်လူူူူရေး - ကိုဗစ်ကာလ မြန်မာ့အရုဏ်ဦး
မောင်လူူူူရေး - ကိုဗစ်ကာလ မြန်မာ့အရုဏ်ဦး
(မိုုုုုးမခ) ဧပြီီ၂၇၊ ၂၀၂၀ကိုဗစ်တိုက်ပွဲဝင်ကာလကြီးက ကြာအုံးမယ်။ သူ့ကိုတိုက်တဲ့ကာလတလျှောက်လုံး လူတွေရဲ့ သွားလာလုပ်ကိုင်နေထိုင်ပုံတွေကိုပါ ထိန်းချုပ် ကန့်သတ်ရတာ ဆိုတော့ ကြာတာက ပြဿနာ အများကြီးရှိသွားတယ်လို့ ထင်ရတာဘဲ၊ ဒါပေမယ့် ဒါရိုက်ရှင်ပြောင်းနိုင်ရင် တိုင်းပြည်ကို ကိုယ်မြင်ချင်တဲ့ပုံစံ ချလို့ရမယ့် အခွင့်အရေးပါဘဲ။ နဂိုက စစ်အုပ်စုနှစ် ၅၀ကျော် ချထားတဲ့ အထိုင်ပေါ် တက်နေရတာမဟုတ်လား။ ခုနေခါဝန်ထမ်းအားလုံးလဲ ကိုယ့်အသက်ဘေးနဲ့ တွဲစပ်နေတော့ ရစ်တာ၊ နှေးတာ၊ အချိန်ဆွဲတာ၊ မလိုအပ်ဘဲ ရှုပ်ထွေးကြန့်ကြာနေတာတွေ အလျင်အမြန် ပြင်ရတော့မယ်။ ပြည်သူကလဲ ဝန်ထမ်းတွေအပေါ်ထားတဲ့ ရွံရှာစိတ်တွေ၊ မပူးပေါင်းချင်တဲ့စိတ်တွေ ဖျောက်ရတော့မယ်။ ကံအားလျော်စွာ ဝန်ထမ်းနဲ့ပြည်သူ တသားတည်းကျရတော့မယ့်အချိန်ရောက်လာတယ်။ မဟုတ်ရင် အတူတူ သေရမှာကိုး။ အရင်ကလို ပြည်သူသက်သက် ဒုက္ခရောက်တဲ့ စစ်အာဏာရူးကပ် မဟုတ်တော့ဘူးလေ။ ဒီကတဆင့် ကိုဗစ်အလွန်ထိ ရဲဘော်ရဲဘက်ဖြစ်သွားပြီး ခေတ်ကောင်းဖော်နိုင်တော့မယ်။ မထင်မှတ်ဘဲ ဒီမိုကရေစီသမားတွေရဲ့ အုပ်ချုပ်စီမံမှုနဲ့ စစ်အာဏာရှင်အောက်က ခေါက်ရိုးကျိုးဝန်ထမ်းအဖွဲ့အစည်းတွေကြား နှစ်ပါးဂဟေ ဆက်ကြလေဖြစ်သွားတာလေ။ ဝန်ထမ်းနဲ့ပြည်သူ ကြည်ဖြူတာဟာ တိုင်းပြည်အတွက်တော့ တကယ့်လာဘ်ကြီးပါဘဲလေ။ အဲဒီကတဆင့် တပ်ကပါ ပြည်သူကို တိုက်ရိုက်လုပ်ကျွေးခွင့် ရသွားလို့ အလားအလာကောင်းတွေ အများကြီးမြင်နေရပါပြီ။ ဒါက မျိုးဆက်သစ်စစ်သည်တွေ အတောင့်တဆုံးအရာဖြစ်မှာပါ။
အလုပ်လက်မဲ့ဖြစ်သွားသူတွေ အလုပ်မဖြစ်တော့တဲ့သူတွေ ဒုနဲ့ဒေးပေါ်လာတယ်။ ပေါ်လာမယ်။ ဥပမာ အထည်ချုပ်လုပ်ငန်းမျိုးဆိုရင် တအိအိနဲ့ပြိုမယ့်အခြေအနေပါ။ လူတွေက ဒီဇိုင်းအသစ်ပေါ်တိုင်း ဝယ်ဝတ်နိုင်တဲ့ အခြေအနေ မရှိတော့ဘူးလေ။ ဝယ်ဝတ်ချင်တဲ့စိတ်လဲ မရှိနိုင်တော့ဘူးလေ။ အဲဒီလုပ်ငန်းကနေရယ်၊ အဲလိုမျိုး လူ့အသက်ရှင်မှုနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့လုပ်ငန်းမျိုးတွေရယ်က ပြုတ်ထွက်လာမယ့်လူတွေ အများကြီး ရှိပါလိမ့်မယ်။ အဲဒီလူတွေအတွက်သာမက တတိုင်းပြည်လုံးအတွက်ပါ အခြေခံစားသောက်ကုန်အလုံအလောက်ရှိတဲ့နိုင်ငံဆိုတော့ အစိုးရနဲ့သူဌေးသူကြွယ်တွေက မျှခံပေးပြီး တလ ကိုးသတင်း ကျွေးထားရင်း အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။
လူအားလုံးက ကိုယ့်ရှိတဲ့အရင်းအမြစ်တွေ အကုန်ထုတ်ပြီး ကိုဗစ်ကို တိုက်ရမယ်ဆိုတာ သိကြပြီးသားပါ။ တဦးကောင်း တယောက်ကောင်းကုဖို့ဟာ ဘယ်ကိုမှ ဘယ်သူ့ဆီမှာမှ သွားကုလို့မရတဲ့ ရောဂါလေ။ တဦးတယောက်ထဲ ပိုးမရှိရုံနဲ့လဲ မလုံခြုံတဲ့အခြေအနေလေ။ ဒါကို လူတိုင်းနားလည်တော့ ဖြေရှင်းလို့လွယ်တဲ့ပြဿနာတွေလို့ဘဲ ဆိုပါတယ်။
ငွေတတ်နိုင်သူက ငွေထုတ်၊ ပစ္စည်းတတ်နိုင်သူက ပစ္စည်းထုတ်၊ ကျွမ်းကျင်မှုတတ်နိုင်သူက ကျွမ်းကျင်မှုထုတ်၊လူတတ်နိုင်သူက လူထုတ်၊ ဆုတောင်းမှုစွမ်းနိုင်သူက ဆုတောင်းမှုထုတ် အကုန်ကိုယ်စွမ်းရာ ကိုယ်လုပ်နေကြတဲ့ကိုယ်လုပ်နေကြတော့ စိတ်ညစ်စရာကြားမှာ သိပ်ချစ်စရာတွေကတောင် ပိုများနေပါတယ်။ အများနှစ်သက်တဲ့ခေါင်းဆောင်နဲ့ သူ့ပြည်သူ ဟန်ချက်ညီနေတာကလဲ ဒီကန်တာကို ဖြတ်သန်းရတဲ့ ယဉ်ရှိနေတဲ့သဘောပေါ့။
ခေါင်းဆောင်ကလဲ ဒီတခါ ကိုဗစ်တိုက်ဖော်တိုက်ဖက်တွေကို 'ဒီမိုကရေစီရေး တိုက်ဖော်တိုက်ဖက်တွေတုန်းကလို သစ်ခုတ်သမားဘာညာ၊ ဘယ်တုန်းက ဘာလုပ်ခဲ့တယ်ပြောမှာ ကြောက်တယ်' ဆိုတာမျိုးတွေ မသုံးတော့ သဘော မထားတော့ဘူးလေ။ ကျေးဇူးတရားတွေကို ထုတ်ဖော်ဂုဏ်ပြုနေတာတွေအပြင် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေလုပ်နေတော့ တော်တော်လေးကို ကောင်းနေပါတယ်။ ၏
ကိုဗစ်တိုက်ပွဲကိုအကြောင်းပြုပြီး ဒီမိုကရေစီရေးတိုက်ပွဲဝင်တွေနဲ့လဲ လက်ကြားပြန်စေ့ဖို့အခင်းအကျင်းတွေ ရှိပါတယ်။ သူ့နယ်နဲ့သူရှိတဲ့ သူဌေးသူကြွယ်အများစုကလဲ ရှိတာထုတ်မယ် ချမယ်၊ လူငယ်လူရွယ်တွေကလဲ တတ်နိုင်တာလုပ်မယ်ချမယ်ဆိုတာချည်းဆိုတော့ ကိုဗစ်ကာလဟာ မြန်မာ့အရုဏ်ဦးလို့တောင် ဆိုရပါမယ်။
ခရီးခဲကြီးကို နှစ်ပေါင်းများစွာ ကျော်ဖြတ်ဖူးကြတဲ့သူတွေရဲ့ ထူးခြားတဲ့ဦးဆောင်မှုကတော့တည်ငြိမ်အေးဆေးတာပါဘဲ။ မတုန်မလှုပ်လက်ခံ ကိုင်တွယ်နိုင်တာပါဘဲ။ ဒီမိုကရေစီရေးတုန်းကလိုဘဲ ပြည်သူကို တပါတည်း ချိပ်ဆက်ခေါ်ဆောင်နိုင်တာပါဘဲ။
ပြည်တွင်းမြို့ပြအလုပ်ခွင်က ပြန်လာကြသူတွေသာမက ပြည်ပထွက်အလုပ်လုပ်သူတွေ ပြန်လာကြတော့မယ်။ သူတို့အလုပ်လုပ်နေတဲ့နိုင်ငံတွေမှာလဲ အလုပ်အကိုင်တွေ ပြိုလဲကြမယ်ဆိုတော့ သူတို့နိုင်ငံသားတွေကိုဘဲ ဦးစားပေးအလုပ်ခန့်ဖို့ ပြောဆိုနေကြပါပြီ။ အဲတော့ ဒီတခါ ပြန်လာရင် အတော်နဲ့ ပြန်ထွက်ကြဖို့လဲ မရှိတော့ပါဘူး။ ကိုယ့်ရေ ကိုယ့်မြေအရင်းအမြစ်ရဲ့တန်ဖိုးကို အားကိုး သိမြင်လာတာကြောင့်လဲပြန်မထွက်ချင်သူတွေ များလာမှာဖြစ်သလို ပြန်ထွက်ဖို့ သတ္တိလဲ နည်းသွားမယ်လေ။ ပြီးတော့ သူတို့တွေဟာ အလုပ်လုပ်လိုစိတ်ရယ်၊ ကျွမ်းကျင်မှုရယ် ကိုယ်စီပိုင်ဆိုင်ထားသူတွေ ဖြစ်လာပါပြီ။

အဲဒီတော့ သူတို့အတွက်ရယ်၊ ရန်ကုန်က အလုပ်ပြုတ်လာမယ့်လူတွေရယ်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းခွင်တွေနည်းနာအသစ်နဲ့ ဖော်ဆောင်ပေးလိုက်ရင် တိုင်းပြည်က ပိုတောင် သာယာလှပနိုင်တာမျိုးဘဲလေ။ သဘာဝဝန်းကျင်မပျက် စိုက်ပျိုးနည်းတွေ မွေးမြူရေးတွေ ပြန်စလို့အကောင်းဆုံးအချိန်ပါ။ မြေနေရာချထားပေးမှုတွေပါလုပ်ရမယ့်အချိန်ပါ။ ကုန်ကြမ်းသက်သက်မဟုတ်ဘဲ ကုန်ချောထုတ်နိုင်ဖို့ပါ စီစဉ်ရမယ့်အချိန်ပါ။
သူတို့တွေ အမျိုးသားရေး ကျန်းမာရေး စီးပွါးရေး သတိသံဝေဂတွေ၊ အနအထိုင် အမူအကျင့်တွေ ပြောင်းရမယ်ဆိုတဲ့အသိတွေနဲ့ ရပ်ရွာပြန်ရောက်ချိန် ပျက်စီးမယ့်လမ်းလိုက်မသွားဖို့က အရက်နဲ့ မူးယစ်ဆေးဝါးကို အထူးအစီအစဉ်နဲ့ ထိမ်းချုပ်ဖို့ လိုပါမယ်။ စည်ပင်ဥပဒေနဲ့မညီတဲ့ အရက်ဆိုင်တွေ ပြန်လည်ပိတ်သိမ်းဖို့ပါဘဲ။ တနေရာရာမှာ မလိုအပ်ဘဲ အရေအတွက်အများကြီးဖွင့်ထားတာတွေ၊ မဖွင့်သင့်တဲ့နေရာမှာ ဖွင့်ထားတာတွေ အများကြီးပါ။ အရည်အသွေးမထိမ်းချုပ်တဲ့၊ လာဘ်ပေးလာဘ်ယူမှုနဲ့သာ လိမ်လည်ထိမ်းချုပ်ဟန်ဆောင်ထားတဲ့ အရက်ချက်စက်ရုံတွေလဲ ပိတ်သိမ်းဖို့လိုပါတယ်။ သူတို့ကြောင့် လူငယ်လူရွယ်အများစု အချိန်မတိုင်ဘဲ အိုနာကျပြီး နိုင်ငံပါ အရက်ဖော ဖောပြီး ရုပ်ပျက်နေတာကို ပြုပြင်ရမယ့်အချိန်ပါ။ ကယ်မီကယ်ထက် ရိုးရာနည်းနာထုတ်လုပ်မှုကို အားပေးရမယ့်အချိန်ပါ။ နိုင်ငံခြားငွေကိုဖြုန်းတီးခြင်းနဲ့ ကာယဗလကျန်းမာမှုကို ပြုန်းတီးခြင်းတွေ လျော့ချရမယ့်အချိန်ပါ။
ကိုဗစ်ကာလမှာ ကြွလာနိုင်တဲ့ မြို့ကြောင် တောကြောင်တွေကိစ္စရှိပါတယ်။တိုင်းပြည်မှာက လုပ်ခ မှန်ကန်မျှတတဲ့ အလုပ်အကိုင်မရှိတာနဲ့အတူ ပေါများလှတဲ့အရက် ဆေးပြား ဘိန်းဖြူတွေကြောင့် ဒုစရိုက်သမားလဲ သိသိသာသာပေါများတဲ့တိုင်းပြည်ဖြစ်ပါတယ်။ သူတို့ကို ထိန်းဖို့က ရွာတိုင်း ရပ်တိုင်း ရဲချထားလောက်အောင်လဲ ရဲအရေအတွက်က မရှိပါဘူး။ ရဲ လက်လှမ်းမမှီတဲ့နေရာတွေ ဒုနဲ့ဒေးပါ။ ဒါတွေကတော့ ရွာတိုင်းရပ်တိုင်းက သူ့ရပ်သူ့ရွာကို စောင့်ရှောက်နေတာတွေကိုစနစ်တကျဖြစ်အောင် ကူညီအသိအမှတ်ပြုပေးရပါမယ်။ သူ့နယ်အကြောင်း သူတို့အသိဆုံးပါ။ ဒါဆိုရင် ဘယ်ကြောင်မှ ပေါင်မပုတ်ရဲပါဘူး။ အထူးသဖြင့်က တော်ကြောင်တွေထက် အရက်ကြောင် ဆေးကြောင်က ပိုများပါလိမ့်မယ်။

သူတို့တွေကိုထိမ်းချုပ်ဖို့အတွက် ဝါးတားဂိတ်တွေ လူရိုသေ ရှင်ရိုသေဖြစ်ဖို့ဟာ အရက်နဲ့ဆေးဝါးကို ဟန်မဟုတ်ပဲ အမှန်တကယ်ထိမ်းချုပ်ဖို့ပါ။ လုံခြုံရေးတာဝန်ယူသူတိုင်း မူးနေတာဟာ ဒါတွေကြောင့်ပါ။ အရက်ပေါလွန်းတာရယ်၊ အရည်အသွေးမကောင်းတာရယ်ကြောင့် လူလတ်ပိုင်းတွေရဲ့ ကျန်းမာရေးထိခိုက်မှုဟာ တိုင်းပြည်ကိုဘယ်တော့မှ နလံမထူနိုင်မယ့် ပြုန်းတီးမှုပါ။
ဒီမိုကရေစီရုပ်ပေါက်ဖို့ဟာ စည်ပင်ရဲ့ဥပဒေတွေကို အသေအချာ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့ မြို့ပြကျေးရွာတွေပေါ်ထွန်းအောင် တည်ဆောက်ရပါမယ်။ လမ်းနဲ့ လျှပ်စစ်မီး ရည်တူအောင်လုပ်ရပါမယ်။ ဆေးရုံဆေးခန်းတွေ စနစ်တကျ တည်ဆောက်ရပါမယ်။ ဆေးပညာထွန်းကားမှုနဲ့ ဆေးပညာရှင်ပေါများမှုဟာ အမျိုးသားကာကွယ်ရေးစွမ်းအားစုဖြစ်သွားပါပြီ။ စစ်ဘက်ရေးရာအသုံးတွေအစား စစ်ပွဲသဏ္ဌာန်ဖြစ်လာသော ကျန်းမာရေးရာအသုံးတွေ သုံးရတော့မှာပါ။ ကျန်းမာခြင်းသာ လာဘ်တပါးဖြစ်ပါပြီ။

လက်တွေ့ကျတဲ့ပညာရေးကို ကျေးလက်မြို့ပြ တောင်ပေါ် တောင်အောက် တပြေးညီဖြစ်အောင် တပ်မတော်ရဲ့အရင်းအမြစ်တွေပါထည့်ပြီး တည်ဆောက်ရပါမယ်။ မဟုတ်ရင် တပ်ရဲ့အရင်းအမြစ်တွေ အလဟသဖြစ်ပြီး တပ်ကလဲ ပြည်သူနဲ့ဝေးပြီး စစ်တိုက်မယ့်ဘက်ကို ဦးတည်စေပါလိမ့်မယ်။ တိုင်းပြည်ရဲ့ပညာရေး၊ ကုန်ထုတ်လုပ်မှုနဲ့စိုက်ပျိုးမွေးမြူရေးအရင်းအမြစ်တွေဟာ တပ်ထဲမှာ အတော်လေး မြုတ်နှံထားတာပါ။ တပ်က သဘောထားပြောင်းသွားရင် တိုင်းပြည်အတွက် အလွန်အဖိုးကြီးပါတယ်။ သဘောထားပြောင်းဖို့က တိုင်းပြည်ရဲ့အခြေအနေမှန်ထဲ သူတို့ကိုယ်တိုင်ပါဝင်ခွင့်ပေးဖို့ပါ။
အဲဒီကနေ တဆက်တည်း ငြိမ်းချမ်းရေးခရီးပါဆက်ကြစို့လေ။
မောင်လူရေး
အဲဒီကနေ တဆက်တည်း ငြိမ်းချမ်းရေးခရီးပါဆက်ကြစို့လေ။
မောင်လူရေး