မောင်လူရေး - ပူချင်းဆိုး
Shwebo - Myitkyina - Highway (Wikiwand)
မောင်လူရေး - ပူချင်းဆိုး
(မိုးမခ) မေ ၁၁၊ ၂၀၂၀
ရွှေဘို ဒီလောက်ပူတော့ မြို့အဝင်ကုက္ကိုတန်းကြီးကို ဖြတ်နင်းရတာ လှိုဏ်ခေါင်းထဲ ဝင်ရသလိုဘဲဆိုတဲ့ စက်ဘီးသမားတယောက်ရဲ့စကားကို ကြားယောင်မိတယ်။
ခုတော့ စာဥတောင် သာအေးကို ဘယ်ကုက္ကိုပင်က ကြိုရမှန်းမသိတော့။ လယ်ဆင်းမယ့် လုံမေတသင်းလဲ ခြေဆင်းစရာအရိပ်အာဝါသမရှိတော့။ လမ်းချဲ့တဲ့ထဲ ပါသွားရှာပြီ။
ဘယ်တော့မှ ပြန်မရတော့မယ့် အေးမြခြင်းတွေ။
ရွှေဘိုက ကြွယ်ကြွယ်ဝဝ လှခဲ့တာ။ တောင်ဘက်မြို့ထွက်က ကုက္ကိုတန်း၊ အရှေ့ဘက်မြို့ထွက်က တမာတန်း၊ မြောက်ဘက်မြို့ထွက်က မန်ကျည်းတန်း၊ အနောက်ဘက်မြို့ထွက်က ထနောင်းတန်းနဲ့။ ကဲ မြင်ရောင်ကြည့်ကြဗျာ။ ပြီးတော့ ကုက္ကိုတန်းကြီးလဲ ဖြုတ်ကြည့်၊ တမာပင်လေးတွေလဲ နှုတ်ကြည့်ပေါ့။
စစ်အစိုးရတက်တော့ ရေဆိုးထွက်မြောင်းနဲ့မြေမှန်သမျှ အိမ်ဆောက်လိုက်ကြ၊ ရေက ထွက်စရာမရှိ၊ ကြာတော့ မြို့က ရေဝပ်ကာ အမြစ်ကျဉ်ပြီး အပင်ကြီးတွေ တစတစနဲ့ သေသွားကြပါလေရော။ လူနေအိမ်ခြေထူထပ်လာလို့ သစ်ပင်လှဲတာရောဆိုတော့ မြို့က ပိုပူပူလာ။ ဝန်းကျင်မှာလဲ သစ်ပင်သစ်တောပြုန်းတီးတော့ ပိုပူပူလာ။ မနှစ်က အိမ်က နှစ်၇၀/၈၀ သက်တမ်းလောက်ရှိတဲ့ကုက္ကိုပင်ကြီးတပင်နဲ့ နှစ်၄၀လောက်တပင် လှဲပစ်လိုက်တယ်၊ ကိုယ်တို့သိရင် တားမှာဆိုတော့ အသိမပေးဘဲ လှဲလိုက်တာ။ ဘာမှမဟုတ်ဘူး၊ အရှေ့ဘက်ဝင်းက တိုက်ကလေးဆောက်တော့ သူ့ဟာလေး ထင်ထင်ရှားရှားမြင်စေချင်တော့ အပင် ကိုင်းကျိုးကျမလိုလို ဘာလိုလိုလျှောက်ပြောတော့ ကိုင်းကျိုးကျမှာကြောက်တယ်ဘာညာနဲ့ အပင်ချိုင်တာမျိုးမဟုတ်ဘဲ တခါထဲ လှဲလိုက်ကြတာ။ ခု နှစ်အိမ်လုံး နေစရာမရှိ။ ဒီအပင်ကြီးတွေအောက် ရောက်ရင် အလွန်အေးတာကလား။ ကိုယ်လုပ်ထားတာလေး ကိုယ်ဆောက်ထားတာလေး ကိုယ့်ဟာလေး သူများ မြင်စေချင်တာနဲ့ နှစ်ရာချီသစ်ပင်ကြီးတွေကို ကွယ်တယ်ဆိုပြီး မဆင်မခြင် လှဲကြတာကိုး။ ဘာရယ်မဟုတ်ဖူးရယ်။ တကယ်တော့ ဘယ်သူကမှလဲ ထူးပြီး ကြည့်နေကြတာမဟုတ်ဘူးရယ်။ စိတ်ပြသနာတခုပါဘဲ။ အဲဒီလို စိတ်ချဲ့ဖို့ လှဲကြတာတွေရောဆိုတော့ ပို၍ ပို၍ ပူပူလာပြီပေါ့လေ။
ရွှေဘိုရဲ့ ကြွယ်ဝမှုထဲမှာ ကျုံးတွေက တကယ့်ရတနာတွေလေ။ ကျုံးနဲ့အလျားဆက်ထားတဲ့ပန်းခြံကြီးပါ ရှိသေး။ အဲဒီနေရာတွေမှာ မြို့သားမြို့သူ အပူရှောင်လို့ ရပလား၊ သွားရှောင်ကြပလား။ ဟိုဘက် စစ်ခေတ် ကြံ့ခေတ်ကတော့ ပန်းခြံထဲ စီးပွားရေးလုပ်ငန်းတွေ ဆိုင်တွေရှိတော့ ပါ့ဗလစ်အနေနဲ့ အပူရှောင်လို့ ရှားဖို့မလွယ်ဘူးပလေ။ ဒီဘက်ခေတ်မတော့ အဲဒါတွေ မရှိတော့ဘူး။ ဒါပေလို့ ပန်းခြံထဲမလဲ ဘယ်လိုရယ် မသိ၊ ဝန်ထမ်းအိမ်ယာတွေ ဆောက်တဲ့ခေတ်မှာကို စည်ပင်ဝန်ထမ်းတွေနဲ့ လူနေထူနေတာရယ်ကလဲ ပါ့ဗလစ်သာတောင့်သာယာရှိဖို့ အပြည့်မရပြန်ဘူး။ ဒါထဲက ပန်းခြံထဲ ဗိုလ်ချုပ်ပါ နေအုံးမယ်ဆိုတော့ နှစ်ရာချီ မန်ကျည်းပင်ကြီးနဲ့ ထနောင်းပင်ကြီးတွေ ပိုးစိုးပက်စက် ထင်းဘဝဆင်းသက်လိုက်ရ။ နောက်ကျုံးဘေးဘက်ခြမ်းက အပင်တွေ တဆက်ထဲလှဲကျင်းပြီး ပန်းခင်းဆိုလား၊ မြက်ခင်းဆိုလားလုပ်လိုက်တယ်တဲ့။ သွားမကြည့်ဖြစ်တော့ဘူး။ ခုနေခါ ပန်းခြံထဲ လိပ်ပြာတွေ ဝဲပလား။ ကလေးတွေ ဆော့ကစားနေကြပလားလဲတော့ မသိဘူး။

တလောက အဲဒီရှေ့ကအဖြတ်မှာ ဝင်းဝင်းပြောင်ပြောင် ခမ်းမဆောင်သစ်ကြီးကို မိမွေးတိုင်း ဖမွေးတိုင်းမြင်ရတော့ သူ့ရှေ့က သစ်ပင်တွေ ပင်စင်ရသွားပြန်ပြီလို့ တွေးမိတယ်။ အဲယားကွန်းတွေနဲ့ဆိုရင် ခန်းမကြီးထဲတော့ အေးမှာ။ အဲဒီထဲမယ် ပန်းခြံလာတွေ ဝင်နားလို့၊ ဝင်ကစားလို့ ရမရတော့မသိဘူးပ။ ပန်းခြံထဲ ခန်းမလုပ်တဲ့စိတ်ကူးလဲ ဆန်းတာဘဲ။ ဒီအစိုးရလက်ထက်မှာ ဘာ့ကြောင့်ဘဲခုတ်ခုတ်၊ မြို့တွင်း မြို့ပြင် ခုတ်ခံရတဲ့ သစ်ပင်တွေလဲ စာရင်းလုပ်ထားသင့်တယ်ထင်တာဘဲ။
ရွှေဘိုသားတွေ အပူရှောင်ဖို့ အေးရိပ်ခိုဖို့ မြို့ကြီးကို ပတ်ထားတဲ့ ကျူံးဘေးတွေမှာ သစ်ရိပ်ဝါးရိပ်တွေ ဆင်ကြမလား။ ဒီမိုးဦးကျကစပြီး ဝါးတွေ အရိပ်ရပင်တွေ စိုက်ကြမလား။ ဝါးကတော့ ၅နှစ်ဆို ကြီးပြီ၊ ဝါးပင်က ကာဘွန်လဲ နှစ်ဆစုတ်ယူနိုင်ဆိုဘဲ။ ဝါးရွက်ချူသံ နာခံရင်းကျူံးထဲရော လှေကလေးတွေ လှော်ကြမလား၊ ငါးမြားကြမလား။ ကျုံးဘေးသစ်ပင်ရှိတဲ့နေရာတွေမှာကော လောလောဆယ် အေးအေးလူလူ အပန်းဖြေလို့ ရတဲ့အခြေအနေရှိရဲ့လား။ ငါးညှီနံ့တွေရော ကင်းသွားပလား။
ပြီးတော့ မဟာနန္ဒာ ကန်တော်ပတ်လမ်းတွေမှာ သစ်ပင်တွေ စိုက်ကြမလားပေါ့။ ကန်ထဲမှာ ကြာနီခင်းကြီး ပြန်လုပ်ကြမလားပေါ့။ ကန်ရိပ်မှာ ချွေးသိပ် မှေးမှိတ်ရအောင်လေ။ ကျုံးတွေ ကန်တွေမှာ ထန်းရည်နဲ့ အပန်းဖြေနိုင်၊ လှေလှော်ရွက်တိုက် ငါးမြား ပြေးလွှား ဆော့ကစားနိုင်တယ်ဆိုရင် ရွှေဘိုဟာ ခရီးသွားလုပ်ငန်းတောင် ဖြစ်သွားနိုင်သေးတာဘဲ။
အဲဒီအတွက် ထန်းပင်တွေ ထိန်းနိုင်ဖို့တော့ လိုမယ်။ ရွှေဘိုအနောက် ဒီပဲယင်းတနယ်လုံးတော့ ထန်းသစ်စက်တွေချည်းဘဲ။ ထန်းပင်တွေ ကုန်သလောက်ဖြစ်နေပြီ။ ထန်းတက်သမားတွေ မလေးရောက်ကုန်ဆိုကိုး။
အင်း လက်ကျန်အပင်တွေ မထိမ်းနိုင်၊ အသစ်မစိုက်နိုင်ရင်တော့ ပူချင်းဆိုးနဲ့ သေကြရုံပလေ။
မောင်လူရေး