Breaking News

ဇော်လူစိမ်း - သို့ - ငါချစ်ခဲ့တယ်လို့ နောက်ဆို မလိမ်တော့ဘူး

www.quora.com
သို့ - ငါချစ်ခဲ့တယ်လို့ နောက်ဆို မလိမ်တော့ဘူး
ဇော်လူစိမ်း
(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၀

တိမ်တွေဘက်က ငြီးငွေ့မှုရောက်လာတဲ့ပုံပဲ
လူများ သက္ကရာဇ်များဆီက အသံဘယ်လောက်ကြားလဲ
စာတိုက်အဟောင်းထဲ ရေစစ္စရီထားသလို ငါမိုးခို
စာပို့သမားဝင်နေလို့များလား ဗီရိုအဟောင်းထဲကနေ ကလင်မြည်သံကြားလိုက်တယ်
မလည်တဲ့ပန်ကာအိုကြီးပေါ်ဆီက ရေတွေယိုနေတာ
အတွေးရှိတဲ့အပိုင်းက ပိုလင်းသွားတာ
အရေးမရောက်တဲ့အပိုင်းလည်း မှောင်နေတာ
တံဆိပ်ခေါင်းပေါ် သူစိမ်းဆန်ဆန်တံဆိပ်တုံးထုချလိုက်ပြီ
လက်ရေးလက်သားကလည်း မှတ်မိတယ်ဆိုရုံ ထွက်ခွာသွားခါနီးပြီ
နာဖျားခြင်းကိုလှမ်းဆွဲတာ လက်ကျန်လူပီသမှုပဲလို့ ငါဆိုတယ်
ဒါလောက်မှမလင်းတော့ရင် ကျန်တာတွေမလွယ်တော့ဘူး
ချိတ်လျက်သားမီးလုံးအကျွမ်းလေးအတိုင်းပဲ
ဒါလောက်အကြာကြီး ငါတို့ဖျားခဲ့ကြတာပေါ့ ဟလား
အသက်ရှင်နေပုံကိုက ထင်ယောင်ထင်မှားနဲ့
ကျန်တာတော့ စာအိတ်ထဲမှာဆက်ဖတ်ပါပေါ့။