Breaking News

ကိုသန်းလွင် - ဘရာဇီးသမ္မတ နှင့် ဒီမိုကရေစီ



ကိုသန်းလွင် - ဘရာဇီးသမ္မတ နှင့် ဒီမိုကရေစီ

(မိုးမခ) ဩဂုတ် ၁၈၊ ၂၀၂၀

(၁)

ဇွန်လ ၁၃ ရက်နေ့က ဘရာဇီး ၃၀ဝ ဟု အမည်ပေးထားသောသမ္မတ ဘော့စနာရို (Jair Bolsonaro) ကိုထောက်ခံသောအဖွဲ့ကမီးကျည်တစ်ခုကို နိုင်ငံ၏အမြင့်ဆုံးတရားရုံးဆီသို့ ရည်ရွယ်၍ပစ်ခဲ့ပါသည်။ ဘရာဇီလီ ရာမြို့၏ အမြင့်ဆုံး တရားရုံးအဆောက်အဦးမှာ ဘရာဇီးနိုင်ငံကို နိုင်ငံကို ကွန်မြူနစ်နိုင်ငံဖြစ်အောင်လုပ်နေသော တရားသူကြီးများရုံးထိုင်ရာနေရာ ဟုစွတ်စွဲခံနေရပါသည်။ တစ်ချိန်ထဲမှာပင် နိုင်ငံ၏အမြင့်ဆုံးတရားရုံးမှာ နိုင်ငံ တော် သမ္မတ၏ နောက်လိုက် အဖွဲ့သားများကို မမှန်မကန်သတင်းများ၊ ထုတ်လွှင့်သူများအဖြစ် စစ်ဆေးနေပါ သည်။

(၂)

ဘရာဇီးနိုင်ငံ၏အမြင့်ဆုံးတရားရုံးကို ရည်ရွယ်၍ အမုန်းတရားများသည်ဘယ်မှအခြေခံ၍ဖြစ်လာကြပါ သနည်း။ မီးကျည်ဖြင့် အပစ်မခံရမီအချိန်အထိ ဆိုရှယ်မီဒီယာများမှ သမ္မတဘော့စနာယိုနှင့် ဆက်စပ်နေသူများ ၏ထောင်နှင့်ချီသော အကောင့်တု (Fake Account) များမှ တရားရုံး တရားသူကြီးများကို ပစ်မှတ်ထား၍ တိုက် ခိုက်နေကြပါသည်။ အချို့က တရားရုံးကိုဖျက်သိမ်းပစ်ပြီး စစ်အုပ်ချုပ်ရေး ပြန်လည်အသက်သွင်းရန် တောင်းဆို ကြပါသည်။ သမ္မတ၏နောက်လိုက်တစ်ဦးက ဆိုလျင် တရားသူကြီးများနှင့် သူတို့၏မိသားစုဝင်များကိုသတ်ဖြတ် ကြရန် တောင်းဆိုလိုက်ပါသည်။ အချိန်အနည်းငယ်အတွင်းဤမုန်းတီးမှုများသည် လမ်းပေါ်သို့ရောက်ရှိလာမည် ဖြစ်ပါသည်။


ထိုအမုန်းတရားများကို အမုန်းရုံး (Office Of Hate) ခေါ် အမုန်းစစ်သားများ၏ တရားရုံးမှသမ္မတ၏ အကြံပေးများက ဖွင့်လှစ်ပြီး အမြင့်ဆုံးတရားရုံးကို တိုက်ခိုက်နကြခြင်းဖြစ်ပါသည်။ သူတို့၏ ရန်သူစာရင်းတွင် ဂျာနယ်လစ်များ၊ နိုင်ငံရေးသမားများ၊ အနုပညာရှင်များ သမ္မတကိုဝေဖန်သောသတင်းဌာနများပါဝင်ကြပါသည်။ အမုန်းရုံးမှာ တရားဝင်ရပ်တည်နေခြင်းမဟုတ်သော်လည်း အခွန်ပေးဆောင်သူများ၏ငွေဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ ဘယ်သူဘယ်ဝါဟူ၍ အတိအကျမသိရှိရဘဲ ရုံးလုပ်ငန်းများကို လုပ်ဆောင်နေကြပါသည်။ မစ္စတာ ဘော့စနာရို နှင့် အပေါင်းပါတို့က ဤသို့ရုံးတည်ရှိခြင်းကိုငြင်းဆိုကြပါသည်။ အမုန်းတရားနှင့် အစိပ်စိပ်ကွဲပြား ခြင်းတို့သည် ဒီမိုကရေစီကို ဖျက်ဆီးပြစ်နိုင်ပါသည်။

ဘော့စနာရို ၏ အစိုးရအဖွဲ့သည် ဤအမုန်းတရားနှင့် ပါတ်သတ်၍အမြင့်ဆုံးတရားရုံး၏ (Supreme Court) စုံစမ်းစစ်ဆးမှုရင်ဆိုင်နေရပါသည်။ ပထမအမှုမှာ တရားရုံးဝန်ထမ်းများကို စီးပွားရေးလုပ်ငန်ရှင်များ၏ ထောက်ပံ့ငွေဖြင့် သမ္မတ၏အဖွဲ့သားများကတိုက်ခိုက်နေကြခြင်း။ နောက်တခုမှာကွန်ဂရက်နှင့် တရားရုံးကိုဖျက် သိမ်းရန်ကြံစည်နေကြခြင်း။ နောက်တစ်ခုမှာ ၂၀၁၈ ရွေးကောက်ပွဲတွင် Whatapp ဖြင့်စီးပွားရေးသမားများ၏ ထောက်ပံ့ပေးငွေကိုယူခါမဲဆန္ဒရှင်များကိုမမှန်သတင်းလွှင့်ခြင်း၊ နိုင်ငံရေးသမားများကို သိက္ခာကျစေခြင်းစသော ကိစ္စများကို စုံစမ်းစစ်ဆေးရန်ဖြစ်ပါသည်။

ဖေ့ဘွတ်က ဇူလိုင်လ ၈ ရက်နေ့ တွင် သမ္မတနှင့် သားဖြစ်သူတို့၏ နောက်လိုက်များ၏အကောင့်ဒါဇင် ပေါင်းများစွာကို ပယ်ဖျက်ခဲ့ပါသည်။ ထိုအကောင့်များကို တိုမက် (Tercio Arnaud Tomaz) ကဦးဆောင်ဖွင့် ထားခြင်းဖြစ်ပြီး သူသည် သမ္မတ၏ ထိပ်တန်းအကြံပေးတစ်ယောက်ဖြစ်ပါသည်။ တိုမက်သည် အမုန်းရုံးကိုဦးစီး သူအဖြစ်နာမည်ကြီးသူတဦး လည်းဖြစ်ပါသည်။

စီးပွားရေးသမားများကထိုအကောင့်များနှင့်မမှန်သတင်းလွှင့်ခြင်းကို သတင်းစာ(Folha de Sao Paulo) သို့ သတင်းပေးသူဂျာနယ်လစ်များလည်း ထိုအမုန်းတရားရုံး၏တိုက်ခိုက်ခြင်းကိုခံနေရပါသည်။ သတင်းထောက် အမျိုးသမီးတစ်ယောက်ကသမ္မတနှင့်သူ့သားကိုဤကဲ့သို့ ခြိမ်းခြောက်ခံရခြင်း၊ မတော်မတရား (Rape)လုပ်မည် ဟုပြောဆိုခံရခြင်း၊ မကောင်းသည့်မိန်းမသဖွယ် အပြောခံရခြင်းတို့ကြောင့် တရားစွဲဆိုခဲ့ပါသည်။

သတင်းဌာနများမှာ တရားရုံး၊ ကွန်ဂရက် နှင့်အတူ သမ္မတ နှင့်အဖွဲ့ဝင်များကို ခုခံရာစရာ နောက်ဆုံးဖြစ် ကျန်ပါတော့သည်။ သို့ပါသော်လည်းတာရှည်ခံနိုင်ရည်ရှိပမလားဟုတော့ သံသယဝင်ရပါသည်။ ပို၍ပို၍ဆိုးလာ သောသမ္မတ၊ ၄င်း၏ကလေးများနှင့် အပေါင်းအဖော်များ၏ အပြောအဆိုများနှင့် လုပ်ရပ်များမှာစစ်တပ်အတွက် စော်ကားမော်ကားလုပ်ရန်၊ အန္တရာယ်ပေးရန် အချက်ပေးသလိုဖြစ်ပါတော့သည်။

မေလ ၂၅ ရက်နေ့က ဂျာနယ်လစ်အများအပြားမှာ သမ္မတအိမ်တော်မှ မတော်မတရားပြောဆိုမှုကို ခံကြရ ပါသည်။ ထိုနေ့က ဗွီဒီယိုနှင့် ရီကော့လုပ်ထားသော ဖိုင်များမှ သိရှိရသည်မှာ ဂျာနယ်လစ်များကို ပိုက်ဆံညှစ်သူ များ လူလိမ်လူကောက်များသဖွယ် သုံးနှုန်းထားသည်ကိုတွေ့ရပါသည်။ ဘော့စနာယိုမှာ ၂၀၅၀ အထိ ရှိနေမည် ဖြစ်ပြီး ဂျာနယ်လစ်များမှာကွန်မြူနစ်များဖြစ်သည်ဟုအမျိုးသမီးတစ်ယောက်က ရုန်းရှင်းစွာ အော်ဟစ်ခဲ့ပါသည်။

ဂျာနယ်လစ်များသာ ဤအပြုအမှုနှင့်ဆက်ဆံခံရသည်မဟုတ်ပါ။ ဘရာဇီးအမျိုးသား၊ အမျိုးသမီးများမှာ တစ်ဦးကိုတစ်ဦး ဤအမုန်းရုံး၏ တိုက်ခိုက်စော်ကားထားခြင်းကိုခံကြရပါသည်။ တိုင်းပြည်အတွက် Check and Balance အဖြစ်ခန့်ထားခြင်းခံရသော အဖွဲ့များ ( Institution) မှလူများမှာလည်းဤရုံး၏ တိုက်ခိုက်ခြင်းကို ခံကြ ရပါသည်။ သူတို့ကို ယုံကြည်မှုမရှိလေလေ တိုင်းပြည်၏ ဒီမိုကရေစီရေးမှာ ဝန်လေးစရာဖြစ်ပါသည်။

Operation Car Wash ဖြင့်ယခင် ခြစားသူများကို စစ်ဆေးခဲ့သောတရားသူကြီး မိုရို (Sergio Moro) မှာ သစ္စာဖောက် ကွန်မြူနစ်စသည်ဖြင့်သမုတ်ခံရသူဖြစ်ပါသည်။ မစ္စတာမိုရိုမှာ ဧပြီလကဤစော်ကားမှုများ ကြောင့် အငြိမ်းစားယူသွားခဲ့ပြီး သမ္မတသားနှင့် အနီးအပါးမှပုဂ္ဂိုလ်များကို ပုလိပ်က ဇဝတ်မှုနှင့် စစ်ဆေးသည် ကိုသမ္မတ က ဝင်ရောက်နှောင့်ယှက်ခြင်းအား ရှုံ့ချအပြစ်တင်ခဲ့ပါသည်။ သူအငြိမ်းစား ယူသွားပြီး မကြားမီမှာပင် ဆိုရှယ် မီဒီယာများမှာ အကောင့်တုများဖြင့် သူ့ကိုအပြင်းထန်ရှုတ်ချခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကြောင့် ရောဂါကုသခြင်း၊ ပျောက်ကင်းသည်ဟု ဆေးပေါ်လာခြင်းသတင်းတို့မှာ ဆိုရှယ်မီဒီယာများတွင်များပြားလှပါသည်။ တစ်ခါတရံအစိုးရအရာရှိများပင်များပြားလှသော Followers များနှင့် ပေါ်လာ သောဆေးများအကြောင်းပြောဆိုဆွေးနွေးနေကြပါသည်။ သမ္မတက မြို့နယ်အုပ်ချုပ်ရေးမှုးများ က သတ်မှတ်ထားသော တဦးနှင်တဦး ဝေးဝေးနေရေး (Social Distancing) ကို ရှုံ့ချပြောဆိုပါသည်။ သူ၏အကြံ ပေးပုဂ္ဂိုလ်ဖြစ်သူ တိုမက် တို့က ကိုးဗစ်-၁၉ ရောဂါနှင့်ပါတ်သတ်၍ ပြောဆိုမှုများသည် ချဲ့ထွင်ပြောဆိုမှုများဖြစ် ပြီး ဟိုက်ဒြိုစီကလိုရိုကွင်းသည် ဗိုင်းရပ်ပိုးကို သတ်ဖြတ်နိုင်သည်ဟုဆိုပါသည်။

ဧပြီလက အစိုးရသည် ဖေ့စ်ဘွတ်နှင့် တွစ်တာတွင် (Scoreboard Of Life) ခေါ် ဂရပ်ကို တင်ပြခဲ့ပြီး ၄င်းက ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူများကိုသာမှတ်တမ်းပြုခဲ့ပါသည်။ ဇွန်လတွင် ကျန်းမာရေးဝန်ကြီးဌာန က ဖြစ်ပွားသူများနှင့် သေဆုံးသူများစာရင်းကို ဖော်ပြခြင်းအား ရပ်ဆိုင်းခဲ့ပါသည်။ ထိုဒေတာများအစား လွန်ခဲ့ သော ၂၄ နာရီအတွင်း ဖြစ်ပွားခဲ့သောသူများစာရင်း၊ သေဆုံးသူစာရင်းကိုသာ ဖော်ပြခဲ့ပါသည်။ အမြင့်ဆုံး တရားရုံးက အစိုးရကို သတင်းအချက်အလက်များကို ဖုံးကွယ်ခြင်းမပြုရန်ညွှန်ကြားခဲ့ပါသည်။

သို့သော် ကိုရိုနာဗိုင်းရပ်သည် နိုင်ငံရေးကိုဂရုစိုက်ခြင်းမရှိပါ။ Little Flu ဟု ဘော့စနီရို ၏ နှုတ်မှရည် ညွှန်းခဲ့သော ပိုးသည် သူနှင် ့သူ့ဇနီးအား ဇူလိုင်လတွင် ကူးစက်ခဲ့ပါသည်။ ဤရောဂါကြောင့် ဘရာဇီးလူမျိုး ၆၄,ဝ၀ဝ မျှသေပြီးကြပါပြီ။ ကမ္ဘာတွင်ဒုတိယအမြင့်ဆုံးသေနှုန်းဖြစ်ပါသည်။ သမ္မတ၏သတင်းအမှားများဟုပြော သောရောဂါပိုးက လူမြောက်များစွာကို သေတွင်းသို့ပို့ခဲ့ပါသည်။


(၃)

သမ္မတမှာ ဒီမိုကရေစီနည်းဖြင့် ရွေးကောက်ခံခဲ့ရသော်လည်း သူသည် ဘရာဇီးကို ၁၉၆၄ မှ ၁၉၈၅ အထိ အုပ်ချုပ်သွားသော စစ်အစိုးရကို သဘောကျကြောင်းပြောကြားခဲ့ပါသည်။ သူ့သမ္မတအဖြစ် ရွေးချယ်မခံရမီက တည်းက ပြည်တွင်းစစ်က စစ်အစိုးရများမလုပ်နိုင်သော အလုပ်များကို လုပ်နိုင်ပါသည်ဟု ပြောခဲ့သူဖြစ်ပါသည်။ သူသည် သမ္မတဖြစ်လျင် ကွန်ဂရက်ကိုပိတ်ပစ်မည်ဟုကြုံးစားခဲ့သူဖြစ်ပါသည်။ ၂၀၁ဂ ရွးချယ်ပွဲအတွင်းသားဖြစ်

သူနှင့်အပေါင်းပါများသည်စစ်ဗိုလ်ချုပ်ကြီး အုစထရာ (Brilhante Ustra) ၏ပုံပါသောတီရှပ် များကိုဝတ်ဆင်ကာ ဂုဏ်ပြုခဲ့ကြပါသည်။ စစ်ဗိုလ်ချုပ်ကြီးမှာ အကျဉ်းသားများကို နှိပ်စက်ညှင်းပန်း သူအဖြစ် ထင်ပေါ်ကြော်ကြားသူ ဖြစ်သည်။

သူသည်ဘရာဇီးလူထုကို လက်နက်တပ်ဆင်ပေးချင်သူဖြစ်ပါသည်။ ကက်ဘိနက် အစည်းအဝေးတခု တွင် ဘရာဇီးပြည်သူအားလုံး လက်နက်ကိုင်ဆောင်ခွင့်ရပါက သူတို့သည် ကျွန်အဖြစ်ပြောင်းလဲခံရမည် မဟုတ် ကြောင်းပြောကြားခဲ့သည်။ သူသည်သေနပ်တင်သွင်းခြင်းလွယ်ကူစေရန်(Executive Order) တခုကိုလက်မှတ် ရေးထိုးခဲ့သည်။ ပြည်သူတစ်ဦး၏တစ်နှစ်တွင်ဝယ်နိုင်သောလက်နက်အရေအတွက်ကိုလည်းတိုးမြှင့်ပေးခဲ့သည်။

ဒီမိုကရေစီနိုင်ငံတစ်ခုတွင်တိုင်းပြည်က အမှားကိုရွေးချယ်မိပါက မဲနှင့်ပင်ထိုခေါင်းဆောင်ကို ဖြုတ်ချနိုင် ပါသည်။ အချိန်ကိုတော့စောင်းဆိုင်းရပါလိမ့်မည်။

ကိုသန်းလွင်

Ref: Brazil’s army moves into the street By Patricia Mello , New York Times, August 5 2020